ဘင်္ဂလီလူမျိုးများအား စိစစ်မှုများပြုလုပ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်သင့်မဖြစ်သင့် ဆောင်ရွက်ပေးသွားမည်

ပို့စ်တင်ချိန် - 6/16/2014 11:24:00 AM


စစ်တွေ ဇွန် ၁၅

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများကိုကြည့်ရှုပြီး လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သော သမ္မတရုံးဝန်ကြီးဌာနဝန်ကြီးများဖြစ်သည့် ဦးတင်နိုင်သိန်းနှင့် ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနဝန်ကြီး ဦးအောင်ကြည်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီတို့ပါဝင်သော အဖွဲ့သည် ဇွန် ၁၃ ရက်မှ ၁၅ ရက်ထိ ရခိုင်ပြည်နယ်သို့ရောက်ရှိခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် ပြည်နယ်ဝန်ကြီးများနှင့် အတူရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ သွားရောက်ခဲ့ကြောင်း၊ စစ်တွေမြို့တွင်လည်း မြို့မိမြို့ဖများ၊ ရခိုင်ကွန်ရက်များမှအဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မြေပုံမြို့တွင်လည်း နှစ်ဖက်အဖွဲ့အစည်းများနှင့်ဆွေးနွေးခဲ့ကြောင်း၊ စစ်တွေ မြို့နယ်အတွင်းရှိ ဘင်္ဂလီကယ်ဆယ်ရေးစခန်း ၁၈ ခုမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း၊ ပြည်နယ်အတွင်းလိုအပ်ချက်များအား ဖြည့်ဆည်းပေးခဲ့ကြောင်း၊
မြေပုံမြို့နယ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ဆွေးနွေးစဉ် ဘင်္ဂလီလူမျိုးများက နိုင်ငံသားဖြစ်သင့် မဖြစ်သင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရစိစစ်ပြီးစစ်ဆေးသွားမည်ဆိုခြင်းကို သဘောတူကြောင်း၊ အခြား မြို့နယ်များတွင်လည်း စိစစ်သွားမည်ဖြစ်ကြောင်း၊ ဤသို့ စိစစ်မှုများကို ပြုလုပ်ရာတွင် လ၀က ဝန်ထမ်းများနှင့်အတူ ရခိုင်ကွန်ရက်အဖွဲ့အစည်းများမှလည်း ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ဤသည်ကို ဘင်္ဂလီလူမျိုးများကလည်း သဘောတူကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ “ မြေပုံမှာ ရှေ့ပြေးဆောင်ရွက်နေပါတယ်။ အခုချိန်ထိ ၃၅ ဦး ပြီးစီးပြီလို့ သိရပါတယ်။ အမျိုးသားမှတ်ပုံတင်ဦးစီး ဌာန (နေပြည်တော်) ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်သန်းကိုယ်တိုင်ကြီးကြပ်ပြီး ဆောင်ရွက်နေတာပါ” ဟု ၎င်းက ဆက်၍ ပြောပြသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဇွန် ၁၅ ရက် ညနေ ၃ နာရီက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ သတင်းထုတ်ပြန် ရေးအတွင်းရေးမှူး ပြည်နယ်ပြန်^ဆက်ဦးစီးမှူး ဦးဝင်းမြိုင်၊ ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာ ဦးဒေ၀၊ သတင်းဌာနမှ သတင်းထောက်များတက်ရောက်ကြသည်။ ဦးစွာ သတင်းထုတ်ပြန်ရေးခေါင်းဆောင်မှ ရှင်းလင်းတင်ပြပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားပေး ကြောင်း သိရသည်။

MOI Webportal Myanmar