“Psy Hangover” သီချင်း ဗွီဒီယိုဖိုင်ကို ၇၄နာရီအတွင်း ကြည့်ရှုသူ သန်း ၄ဝ ကျော်ထိ ရောက်ရှိ (ရုပ်သံ)

ပို့စ်တင်ချိန် - 6/16/2014 05:47:00 PM


“Psy Hangover” သီချင်းဗွီဒီယိုဖိုင်ကို ယူကျုတွင် ကြည့်ရှုသူဦးရေမှာ ၇၄နာရီအတွင်း သန်း၎ဝကျော် ထိအောင်ရောက်ရှိခဲ့သည်ဟု ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်က ဇွန်လ၁၃ရက်တွင် ပြောကြားထားသည်။

ကြည့်ရှုချိန် ငါးမိနစ်ကြာသည့် ယင်းဗီဒီယိုဖိုင်ကို ဇွန်လ၉ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး၊ သတင်း ထုတ်ပြန်သည့်နေ့တွင် ကြည့်ရှုသူပေါင်း ၄ဝ၉၅၅၁၅၄ဖြင့် ကမ္ဘာ့တစ်ဝန်း အပတ်စဉ်အောင်မြင်မှု စာရင်းတွင် နံပတ်တစ် နေရာကို ရရှိခဲ့သည်။

၎င်း၏ ဗီဒီယိုဖိုင်သည် ဟာသ ရသမြောက်အောင် ဖန်တီးထားခြင်းဖြစ်သည်ဟု Billboard အဖွဲ့ကပြောကြားထားသလို Time magazine ကလည်း Psy ၏ ဗွီဒီယိုဖိုင်သည် အနုပညာမြောက်ပြီး ငါးမိနစ်အချိန်ကို ကောင်းစွာ အသုံးချသွားသည်ဟု မှတ်ချက်ပြု ပြောကြားထားသည်။

Hangover တေးသွားကို Psyနှင့် Snoop Dogg တို့ကရေးသားခဲ့ပြီး၊ “Gangnam Style” နှင့်“Gentleman” တို့ကို ရိုက်ကူးသူ ချိုဆူးယွန်ကို မရွေးဘဲ ချာယန်တေး ကိုရွေးချယ်ခဲ့ကြောင်း၊ အကြောင်းမှာ ယခုဗွီဒီယိုသည်  Electronic Dance Music ဖြစ်ပြီး 808 Hip Hop မဟုတ်ခြင်းကြောင့် ပရိသတ်ကို ထူးခြားစွာ ခံစားစေချင် သည်ဟု Psy က CNN အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

Psy သည် အရက်အလွန်သောက်သူဖြစ်ပြီး၊တစ်နှစ်တွင် ခြောက်လပတ်လုံး အရက်နာကျနေခြင်းကြောင့် ယခုဗီဒီယိုကို “Hangover” ဟု အမည်ပေး ထားခြင်း ဖြစ်ကြောင်း ၎င်းက ဖွင့်ဟပြောကြားခဲ့သည်။

Mizzima