တရားမဝင် မြန်မာအလုပ်သမားများ ဆက်တိုက်လွှဲပြောင်းမည်ဟု ထိုင်းအစိုးရပြော

ပို့စ်တင်ချိန် - 6/16/2014 11:16:00 AM



တာချီလိတ် ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီ လိတ်ရှိ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတား၌ ဇွန် ၁၃ ရက် မွန်းတည့် ၁၂ နာရီက ခရိုင်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဝင်များဖြစ်သည့် မကဖ (၈)မှ ဦးသိန်းမောင် ဦးစီး၊ ဒုမြို့နယ်အုပ် ချုပ်ရေးမှူး ဦးဝင်းအောင်၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ်မင်းအောင်နှင့် ဌာနဆိုင်ရာ များ ပါဝင်သောအဖွဲ့သည် ထိုင်းနိုင်ငံလ၀က ဦးစီးအရာရှိ Saesiton ၊ မယ်ဆိုင်ခရိုင် လ၀ကမှူး Kanlayar Phommalin ၊ မယ်ဆိုင်ခရိုင် ဒု လ၀ကမှူး Sadar yansukyan တို့က တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၄၂ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ကို လာရောက်လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

လွှဲပြောင်းပေးသည့် မြန်မာ နိုင်ငံသား ၅၂ ဦးတို့ကို မကာဟိုခမ်း ရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်း ဝင်းအတွင်း၌ အခြေပြုပြီး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံ အတွင်း တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁)မှ တံတားကူးလက်မှတ်ဖြင့် ဝင်ရောက်ပြီး တရားမဝင်နေထိုင် အလုပ်လုပ် ကိုင်ခြင်း၊ တရားမဝင် ဝင်ရောက်ခြင်း၊တံတားကူးကတ်(နယ်စပ်ဖြတ်သန်းခွင့်)ခုနစ်ရက် ကျော်လွန်ခြင်းတို့ ကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့မှာ လူကုန်ကူးခံရခြင်းမရှိကြောင်း၊ ၎င်း တို့အား အခကြေးငွေ ရယူကာ စည်းရုံး ပို့ဆောင်ပေးသူများမရှိဘဲ ၎င်းတို့၏ သဘောအလျောက် ကိုယ်တိုင်သွား ရောက် အလုပ်ရှာ ဖွေလုပ်ကိုင်နေကြသူများဖြစ်ကြောင်း စိစစ်သိရှိရ၍ လွှဲပြောင်းအလုပ်သမား ၅၂ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အစီအစဉ်ဖြင့် ၎င်းတို့၏ မိဘဆွေမျိုးများထံ ညနေ ၅ နာရီခွဲက ခံဝန်ဖြင့် အပ်နှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းပေးအပ်သည့် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံမှ သုံးနှစ်ကျော်ကာလအတွင်း ဗုဒ္ဓဟူးနှင့် သောကြာတွင် ပုံမှန် လွှဲပြောင်းပေးအပ်ခဲ့ရာ ဇွန် ၁၅ ရက် နောက်ပိုင်းတွင် စနေ၊ တနင်္ဂနွေနှင့် ထိုင်းနိုင်ငံ၏ ရုံးပိတ်ရက်နေ့ကြီးများမှအပ တနင်္လာမှ သောကြာအထိ ငါးရက်အတွင်း လွှဲပြောင်းမှုများ ဆက်တိုက်ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နယ်စပ်ဒေသ ဝင်ပေါက်ထွက်ပေါက်ရှိ နိုင်ငံခြားသား များ မတရားဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးမှတစ်ဆင့် သိရသည်။


MOI Webportal Myanmar