အာဏာရှင်လှည့်စားခံရသော (ဘာသာရေးနှင့် နိုင်ငံရေး)-သံမဏိ

ပို့စ်တင်ချိန် - 6/16/2014 06:36:00 AM


ကျွန်တော်တို့ပြည်သူအများဟာ ၀ုန်းကနဲဆို စစ်အာဏာကုန်ဆုံးပြီလို့ တံခါးဖွင့်ကြည့်လိုက်တဲ့အခါမှာမုဆိုးအသံမကြားရတော့ပေမယ့် ထောင်ချောက်များပတ်လည်ဝိုင်းနေတဲ့ဂူဝကိုတက်လာရတဲ့ယုန်သူငယ်လေးတွေနဲ့အလားသဏ္ဍာန်တူနေပါတယ်။မုဆိုးမရှိ တော့ဘူးထင်ပြီးဂူဝကိုပြေးတက်လာတဲ့ယုန်သူငယ်များသဖွယ် ပြည်သူအများလက်ရှိ ခံစားနေရဆဲပါ။

ထိုနည်းတူစွာပဲကျွန်တော်တို့ပြည်သူအများဟာအာဏာရှင် မရှိတော့ဘူးလို့ဝမ်းသာနေကြပေမယ့်အာဏာရှင်ဟာ ပြည်သူအများအတွက် နိုင်ငံရေးရေချိန်ကစားနိုင်ဖို့ လှည့်ကွက်ထောင်ချောက်များစွာ ဆင်သွားခဲ့တာ သိရှိနိုင်ဖို့ခက်ခဲ လှပါတယ်။

အဲ့ဒီတော့ ကျွန်တော်တို့ပြည်သူအများဟာ ထောက်ချောက်အတွင်း မသက်ဆင်းမိကြစေဖို့ အလေးထားဂရုစိုက်ရပါတော့မယ်။ ဘယ်လိုထောင်ချောက်များလဲလို့ မေးခွန်း ထုတ်ကြရင်ဖြင့် ပြည်သူအများအတွက်
နိုင်ငံရေးထောင်ချောက်များကို စစ်အာဏာရှင်များထားခဲ့ပါတယ်။

ကျွန်တော်တို့ ပြည်သူအများဟာ နိုင်ငံရေးပါးမ၀ခဲ့ကြပါ။အာဏာရှင်စနစ်ကလွတ်ပြီလို့ ထင်ပြီးကျွန်တော်တို့ပြင်ပလောကနဲ့ အခြားသောနိုင်ငံများနှင့် တန်း
ယှဉ်မိတဲ့အခါမှာ ကျွန်တော်တို့ပြည်သူအများ နိုင်ငံရေးလှည့်ကွက်နောက်
သာ ကောက်ပါလိုက်မိနေတုန်းပါ။

ဘာကြောင့် နိုင်ငံရေးလှည့်ကွက်တွေထဲ ကျွန်တော်တို့ဝင်သွားရ
လဲဆိုတော့ ကျွန်တော်တို့ဟာ အာဏာရှင်စနစ်မှာ ပြည်သူများဟာ နိုင်ငံရေး မျက်စိပိတ် နားပိတ်ခံခဲ့ကြရသူတွေဖြစ်ခဲ့လို့ပါ။ နိုင်ငံရေးပါးဝမနေတဲ့

ပြည်သူကို အာဏာရှင်ဟာ ဘယ်လိုကိုင်တွယ်ရမယ် သိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံး
စမြင်ရမှာက ဘာသာရေးနဲ့ လူမျိုးရေးထောင်ချောက်ပါ။ သေသေချာချာ plan ရေးပြီးစ
နစ်တကျလုပ်ဆောင်သွားနေတဲ့ ဘာသာရေး၊ လူမျိုးရေးထောင်ချောက်ပါ။

ကျွန်တော်တို့ပြည်သူတွေ အစလုပ်ခဲ့တဲ့ ကိစ္စတွေမရှိသလို ဘယ်သူတွေစတင်ပြီး သွေးထိုးမှု၊ လှုံ့ဆော်မှုတွေလုပ်တယ်ဆိုတာ
သိတဲ့သူတွေသိပြီးသားဖြစ်မှာပါ။ ပဋိပက္ခတွေရဲ့နောက်
ကွယ် ဘယ်သူတွေ ကြိုးကိုင်မှုပါလဲ သိတဲ့သူတွေသိမှာပါ။

ဝမ်းနည်းမိတာက ပြည်သူတွေအများဟာ နည်းပညာစနစ်မှာ လေ့လာသူ၊ သုံးသပ်နိုင်သူတွေ ကိုယ်ရှိန်သပ်ခဲ့ပေမယ့် ဘာသာရေးလူမျိုးရေးထောင်ချောက်နောက် ကောက်ကောက်ပါဝင်သွားသူတွေ
က ရိုးသားတဲ့ သိက္ခာသမာဓိရှိတဲ့ ဆရာတော်တွေ၊ ဘုန်းကြီး၊ ဦးဉ္ဇင်း၊ ရဟန်းတွေပါသွားတာစိတ်မကောင်းဖြစ်မိပါတယ်။

သံဃာတော်၊ ဆရာတော်တွေကို ဘုန်းကြီးစာချ မလုပ်ချင်ပါ။ ဒါပေမဲ့ မပြောမပြီးကိစ္စတွေကလည်း ရှိနေပြန်တော့ ပြောတော့ပြောပါရစေ
အရှင်ဘုရားတို့။

စကားငှါးသာပြောရပါမည်။ အရှင်ဘုရားတို့လောက် တပည်တော်တို့ ဗုဒ္ဓစာပေကျမ်းဂန် တွေ မတတ်ကျွမ်းပါ။ နိုင်ငံရေးတော့ အရှင်ဘုရားတို့ထက်
အမြဲတစေ လေ့လာနေသူများဖြစ်တဲ့အတွက်သိပါသည်ဘုရား။

အရှင်ဘုရားတို့သည် လည်းဗုဒ္ဓစာပေကျမ်းဂန်များလေ့လာလိုက်စားနေ
ရသောဘုရားသားတော်များဖြစ်သည့်အတွက် အရှင်ဘုရားတို့ထက် ပါဠိ၊ အဌကထာ၊၀ိနည်း၊အဘိဓမ္မာ၊သုတ်၊ဓမ္မာခန္ဓာပေါင်း
ရှစ်သောင်းလေးထောင်၊အဘိဓမ္မာခုနှစ်ကျမ်းဒါတွေအရှင်ဘုရားတို့ထက်
မသိပါဘုရား။

တိုင်းပြည်တစ်ပြည်မှာဘယ်စနစ်ထူထောင်ပြီးဘယ်လမ်းစဉ်တွေကျင့်သုံးလာမယ်တော့တပည့်တော်တို့အရှင်ဘုရားတို့ထက်သိနိုင်ပါမည်။တပည့်တော်တို့ဟာအရှင်ဘုရားတို့ အားနည်းချက်ကို အခွင့်ကောင်းယူတာကိုသိပေမယ့် မတားနိုင်တာဂါရ၀တရားကြောင့် ပါ။အရှင်ဘုရားတို့တင်လားဆိုတော့
မဟုတ်ပါဘူး။

ပြည်သူအများပါဘာသာရေးလူမျိုး ရေးထောင်ချောက်ထဲရောက်ကြ
ကုန်ပါတယ်။ အလွယ်တွေးနည်းအရတွေးကြည့်ရင်
ငါးမရှိတဲ့ နေရာပိုက်မထောင်ကြပါဘူး။ ငါးရှိတဲ့နေရာသာ ပိုက်ထောင်ကြပါတယ်။

တိုင်းပြည်ရဲ့ ပညာရေး၊ အသိဥာဏ်ပွင့်လင်းမှု၊ တွေးခေါ်ယူဆပုံတွေ ဘယ်လောက်
အဆင့်ရှိနေတယ်သိပြီးမှ ဘာသာရေးလူမျိုးရေး plan တွေချခဲ့တာပါ။ ဘာသာအပေါ်
ဖန်တီးသူလက်သယ်တွေဟာ ချစ်ရင်ဖြင့် အမှန်ကိုဟောပြောတဲ့ ရွှေည၀ါဆရာတော်၊
ဥူးသုမင်္ဂလတို့ ရားဟောခွင့်ပိတ်စရာအကြောင်းကိုမရှိပါ။

အမျိုးဘာသာ၊သာသနာဆို တဲ့စကားတွေ လှိုင်လာချိန်မှာ ဒီဆရာတော်တွေ ပြည်သူကိုတကယ်နက်နက်နဲနဲ ဘာဆို
တာသိအောင်ဟောပြနိုင် အသိဖွင့်ပေးနိုင်တဲ့ ဆရာတော်တွေကို ပိတ်ပင်ပစ်တာ ဘာ့
ကြောင့်ပါလဲ။

အမုန်းတရားတွေနဲ့ တခြားဘာသာဝင်တွေအပေါ် အသေအလဲပုတ်ခတ်စော်ကား
တိုက်ခိုက် ပလ္လင်ပေါ်တက် emotion ထုတ်ဒီဆရာတော်တွေ
တရားတစ်ပုဒ်နဲ့တိုင်းပြည် မငြိမ်မသက်ဖြစ်သွားနိုင်တာတွေ
ကျတော့ ဟောခွင့်ကပါမစ်တောင်တင်စရာမလို။ နိုင်ငံပိုင်ရုပ်သံတွေကပါလွှင့်ပေး။

ဆရာတကာတွေ လက်ဝါးချင်းတော့ ရိုက်ထားပုံရပါ
တယ်။ တရုတ်မကောင်းကြောင်း ဟောမိလို့ကတော့ နောက်နေ့အဲ့ဒီဆရာတော်
ကို အင်းစိန်မှာသွားဖူးရမယ်ထင်ပါတယ်။

ဘာသာရေးလို့ ဆရာတော်တွေ နာမည်တပ်
ဟောပြောကြတော့ အရှင်ဘုရားတို့ ဘာသာကို ဘာသာခြားက လာစော်ကားတာခဏထား။

ကိုယ့်ဘာသာချင်းကအာဏာသုံးပြီးရဟန်းရဟန်းမှန်းမသိ၊သံဃာသံဃာမှန်းမသိ နှိပ်ကွပ်ခံရတာမျိုးမဖြစ်အောင် အရင်ဂရုစိုက်ပါ။ တခြားဘာသာက လာနှိပ်ကွပ်လို့
မရအောင်တော့ တပည့်တော်တို့တွေ အသက်ပေးရဲပါတယ်ဘုရား။ ကိုယ့်ဘာသာအ
ပေါ် ရဟန်းရဟန်းမှန်းမသိ ၀ရမ်းပြေးတပ်ဖမ်း၊ ကျူးကျော်ဆိုပြီးဖယ်ရှား။ မီးလောင်ဗုံးနဲ့
ထုသူကအာဏာပိုင်။

တပည့်တော်တို့လည်း တခြားဘာသာကစော်ကားရင် ဓါးကိုမြနေ
အောင်သွေးထားနိုင်ပေမယ့် အာဏာပိုင်က အရှင်ဘုရားတို့ကို သင်္ဃန်းချွတ် ထောင်ထဲ ထည့်။ ကတုံးကို နံပတ်တုတ်နဲ့ ဂွပ်ကနဲမြည်အောင် ရိုက်နိုင်တယ်ဘုရား။

တပည့်တော် တို့ပါရင် တပည့်တော်တို့ပါ ထောင်ထဲရောက်တယ်ဘုရား။ တပည့်တော်တို့ ဗုဒ္ဓဘာသာ ကို တပည့်တော်တို့ ဘာသာခြားမထိပါးအောင်စောင့်ရှောက်နိုင်ပေမယ့် အာဏာပိုင်က
စော်ကားရင် တပည့်တော်တို့ လက်ပိုက်ကြည့်နေရပါတယ်ဘုရား။

အရှင်ဘုရားတို့ policy အမျိုးစောင့်ဥပဒေထက် ဘာသာစောင့်၊ သာသနာစောင့်၊ ဘုန်းကြီးစောင့်၊ သံဃာစောင့်၊ သိမ်စောင့်၊ ကျောင်းစောင့် ဥပဒေများထုတ်ဖို့အပူတပြင်းလိုအပ်နေပါတယ်
ဘုရား။ ဘာလို့လဲဆိုတော့ ကိုယ့်ဘာသာအပေါ် ဗိုလ်ကျစိုးမိုးခြယ်လှယ်နေတာ
တပည့်တော်တို့ မကာကွယ်နိုင်လို့ပါဘုရား။

အမျိုးစောင့်ထက် အဲ့ဒီဥပဒေမျိုးထုတ်ရင် တပည့်တော်တို့ ကြိုက်သလောက်ဝေးပါစေ လက်မှတ်ထိပ်ဆုံးကပို့ပေးပါ့မယ်ဘုရား။
ကိုယ့်ဘာသာ သာသနာအပေါ် အာဏာနဲ့ လက်နက်ပြခြိမ်းခြောက်ခံနေ
ရပြီး နှိပ်ကွပ်ခံနေရတာ ရင်နာလို့ပါ။

အရှင်ဘုရားတို့အပေါ်မှာ ဒီလိုရက်စက်ရဲပြီး လုပ်ရဲတဲ့သူတွေကို အရင်မမြင်ဘဲ ကုလားကိုရှေ့ပြေးမမြင်ပါနဲ့ဦး။ အရှင်ဘုရားတို့ကို သင်္ဃန်းချွတ်ထောင်ထဲထည့်တာ ကုလားမဟုတ်ဘူး။

မီးလောင်ဗုံးနဲ့ထုတာ ကုလားမဟုတ်ဘူး။ ကျူးကျော်ဆိုပြီး ၀ရမ်းပြေးတပ်ဖမ်း
သံဃာအတုလို့အချိန်မရွေးတံဆိပ်ကပ်ရဲတာကုလားမဟုတ်ဘူး။ ကျောင်းတိုက်ကြီးကို ညအချိန်မတော် သူပုန်စီးသလိုဝင်စီးတာကုလားမဟုတ်ဘူး။ ဘုရားစေတီ ၀င်မဖူး မြော်ရဆိုပြီး ကုလားတွေလာမကန့်သတ်ဘူး။

ကုလားအာဏာရနေတဲ့ အီရတ်တို့ ဘတ်ဂဒတ်တို့ နိုင်ငံမဟုတ်ဘူး။ ဗုဒ္ဓဘာသာအင်အားများတဲ့ နိုင်ငံမှာ ကုလားနိုင်ငံ
ဖြစ်မယ်၊ ကုလားကြီးစိုးလာမယ်ဆိုရင် ကမ္ဘာ့ပညာရှင် နိုင်ငံရေးသုတေသီတွေ ဟော
ကိန်းအချက်အလက် နယ်နမိတ်၊ပထ၀ီအနေအထား၊ သမိုင်းကြောင်း၊
လက်ရှိကျင့်သုံးတဲ့ ဘာသာရေးဦးရေ တွက်ချက်ပုံတွေ ယူလာခဲ့။

ချက်ကျလက်ကျ တွက်ချက်ပြ။ emotion
နဲ့တော့လာချမပြနဲ့။ဗျာဒိတ်ကျမ်းအရ မြန်မာပြည်ဗုဒ္ဓဘာသာကုလားကြောင့်ကွယ်မယ်ဆိုတာဘုရားရှင်ဟောသွားတဲ့ ဗျာဒိတ်နိပတ်တွေမှာလည်း မပါဘူး။ အလဇ္ဇီသံဃာအတု အယောင် ၀ိနည်းမလိုက်နာသော ရဟန်းသံဃာများကြောင့်
သာသနာကွယ်မယ်လို့ပဲ ဘုရားရှင်ဗျာဒိတ်တော်ထားခဲ့တယ်။ ၀ါးကိုဖျက် ၀ါးမျက်စကားပုံစာအတိုင်း မဖြစ်စေချင်ပါ။

အဲ့ဒီနောက် ဘာသာရေးအရတွေးကြည့်လိုက်တဲ့အခါ သံဃာသင်းခွဲမှုတွေ ဖြစ်လာတာ ပဉ္စာနန္ဒိယကံကြီးထိုက်နေပြီ။
သံဃာတွေ၊ ဘုရားသားတော်တွေကို သင်းခွဲမှုတွေဖြစ်
လာတယ်။ ဖြစ်အောင်လည်း တမင်လုပ်ဆောင်ကြတယ်။

သံဃာကြားထဲမှာတင်သံဃာ ကိုဝင်ရောက်သွေးထိုးလာတယ်။ ဘယ်သူတွေလည်း မပြောလိုဘူး။အာဂန္တုတွေရဟန်း
ကြားထဲ၊ သံဃာကြားထဲတွေ ၀င်နှောက်လာတယ်။ ဘွဲ့တံဆိပ်တော်ရတွေပါ ၀င်လာပြီး သံဃာကြားထဲဝင်သွေးထိုး ၀ါဒမှိုင်းတိုက် အစစ်တွေပါအတုနဲ့ရောရင်း အတုယောင် ယောင်တွေအထင်ခံရတယ်။

ဒီလိုသာဆက်ဖြစ်လာရင် သာသနာကော ရဟန်းအစစ်
တွေပါ ကွယ်တော့မယ်။ ပြီးရင်ဘာသာကွယ်တော့မယ်။ မီဒီယာကို မီဒီယာနဲ့တိုက်။
ကျောင်းသားကို ကျောင်းသားနဲ့တိုက်။

သံဃာကို သံဃာနဲ့တိုက်လေသလားမသိ။ သံ ဃာတုတွေက
အစစ်ယောင်ယောင်ဖြစ်လာတော့ သံဃာစစ်စစ်တွေလည်း ထောင်ထဲ
ရောက်ရ သံဃာယောင်ယောင် အလဇ္ဇီတွေ ကြီးစိုးချယ်လှယ်လာတာ ဘာသာအတွက် ရင်လေးမိပါတယ်။

နောင်တရမိပေမဲ့ အာဏာရှင်ဟာ ဘာသာအပေါ် ထိန်ချန်ပြီးဖျက်စီး
မှာတော့မဟုတ်ဘူးလို့ ယူဆမိတာ ကျွန်တော့်ရဲ့လွဲချော်မှုပါ
လားတွေးရင်း နောက်ထပ်ကြိမ်ဖန်များစွာ နောင်တရနေမိပါတယ်။

သံမဏိ
The 88Generations