ဖုန်းဆိုင်အတွင်းမှ ပစ္စည်းများဝင်ရောက်ခိုးယူခဲ့သူများကို စုံစမ်းဖော်ထုတ် အရေးယူ

ပို့စ်တင်ချိန် - 6/16/2014 06:10:00 PM



ရန်ကုန်၊ ဇွန် ၁၆

၁၂.၆.၂၀၁၄ ရက်နေ့ ၀၆၄၅ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ
ကိုရဲဇော်အောင်သည် ကြည့်မြင်တိုင်မြို့နယ်၊ ကရင်အမျိုးသားရပ်ကွက်
တွင်ဖွင့်လှစ်ထားသော ၎င်းပိုင် မိုဘိုင်းဖုန်းဆိုင်၏တံခါးပွင့်နေကြောင်း
ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ မှန်ဗီရိုအတွင်းမှ ဟန်းဆက်မျိုးစုံ
အလုံး(၂၀)၊ တက်ဘလက်(၂)လုံး၊ ငွေဖြည့်ကတ်များနှင့် ဆင်းကတ်(၃)ကတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၇၀၉၅၀၀)မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့မရဲစခန်း
(ပ)၃၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊
အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ ခိုးမှုပြစ်ချက်ဟောင်းရှိသူ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်နေ မောင်ချစ်(ခ)
မောင်မာင်ချစ်၊ (၂၀)နှစ်၊ (ဘ)ဦးလှဝင်းနှင့် ဇင်ကိုဦး၊ (၂၅)နှစ်၊ (ဘ)ဦးမျိုးမြင့်တို့
(၂)ဦးမှာ ဟန်းဆက်များနှင့် ငွေဖြည့်ကတ်များလိုက်လံရောင်းချ နေပြီး ခိုးမှု
ကျူးလွန်ထားကြောင်း မသင်္ကာဖွယ်သတင်းအရစုံစမ်းခဲ့ရာ ၁၃.၆.၂၀၁၄ ရက်နေ့
၁၉၀၀ အချိန်တွင် ၎င်းတို့(၂)ဦးကို အင်းစိန်မြို့နယ်၊ ပိတောက်(၁)လမ်းပေါ်တွင်
တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးရာ ပိုင်ပိုင်၊ အာနိုးဆိုသူတို့နှင့်(၄)ဦးအတူ ၁၂.၆.၂၀၁၄
ရက်နေ့ ၀၂၀၀ အချိန်ခန့်က အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းအတိုင်း
လမ်းလျှောက်လာစဉ် မိုးရွာသဖြင့် အခင်းဖြစ်ဖုန်းဆိုင်ရှေ့၌ မိုးခိုခဲ့ကြပြီး ဆိုင်အတွင်းမှပစ္စည်းများခိုးယူရန်တိုင်ပင်ခဲ့ကြကာ ဆိုင်ရှေ့သစ်သားတံခါးမကြီး
အားဖွင့်၍ အမှုမှပျောက်ဆုံးပစ္စည်းများအား ၀င်ရောက်ခိုးယူခဲ့ကြကြောင်း
ပေါ်ပေါက်ခဲ့ပါသည်။

၎င်းတို့ထံမှ အမှုမှပါဆုံးသွားသော ပစ္စည်းအချို့အားပြန်လည်သိမ်းဆည်းရမိ
ခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်းနှင့် ပြစ်မှုကျူးလွန်ရာတွင်အတူပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသော ပိုင်ပိုင်နှင့် အာနိုးတို့အား ဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police