ကမ္ဘာ့အကြီးဆုံး သားအိမ်ကင်ဆာ အကြိတ် ခွဲထုတ်

ပို့စ်တင်ချိန် - 6/07/2014 07:12:00 PM


အန္ဒိယ နိုင်ငံ Chennai ရဲ့ မြောက်ဘက်ရှိ မြို့ငယ် တစ်ခုမှ Latha လို့ အမည်ရတဲ့ အမျိုးသမီးကြီး ဖြစ်ပါတယ်။ အသက် အားဖြင့် ၅၂ နှစ် ရှိပြီ ဖြစ်ပြီး သားအိမ် ကင်ဆာ ဝေဒနာ ခံစားနေရ ပါတယ်။ ယင်းဝေဒနာ ကြောင့် ဆေးရုံမှာ ခွဲစိတ် ကုသမှ ပြုလုပ် ခဲ့ပြီး ပုံမှာ မြင်တွေ့ ရသလိုပဲ ကမ္ဘာ့ အကြီးဆုံး ကင်ဆာ အကြိမ်ကြီးကို ခွဲထုတ် လိုက်နိုင်ခဲ့ ပါတယ်။


ပေါင်ချိန်အားဖြင့် ပေါင် ၃၀ ရှိပါတယ်။ ခွဲစိတ်မှု ကြာမြင့်ချိန်က ၃ နာရီခွဲ ဖြစ်ပြီး အမျိုးသမီး ကြီး ဟာလည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ ပါတယ်။ အကြိတ်ရဲ့ အလေးချိန်က သာမန် မွေးကင်းစ ကလေးငယ်ထက် ငါးဆ တောင် လေး ပါတယ်။ ယင်း အကြိတ်ကို အနှစ် ၂၀ ကျော်ကြာတောင် မွေးမြူ ခဲ့ခြင်း ဖြစ်ပြီး နှစ်ကြာလာ တဲ့ အလျောက် ကြီးထွား လာခြင်း ဖြစ်ပါတယ်။ အန္ဒိယ တိုင်းမ် သတင်းစာမှာ ဖော်ပြ ခံရပြီး ယင်း အမျိုးသမီး ရဲ့ သတင်းဟာ ကမ္ဘာ အနှံ့ ကူးဆက် ပြန့်နှံ့ သွားပါတယ်။

Latha အမျိုးသမီးကြီး မှာ ယင်းကဲ့သို့ အကြိတ်မျိုး ထပ်မံ မဖြစ်နိုင်တော့ကြောင်း သိရ ပါတယ်။
.
Ref: metro
အောင်ခမ်း (www.innewsmyanmar.com)