တရုတ် စစ်အသုံးစရိတ် တစ်နှစ် ဒေါ်လာ ၁၄၅ ဘီလျံရှိ

ပို့စ်တင်ချိန် - 6/07/2014 07:12:00 PM



ဇွန်၊၇ရက်။

တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ် ကာကွှယ်ရေးအသုံးစရိတ်ဟာ အမေရိကန် ဒေါ်လာ
၁၄၅ ဘီလျံ ရှိတယ်လို့ အမေရိကန် ကာကွှယ်ရေး ၀န်ကြီးဌာနက ပြောပါတယ်။
ဒီငွေပမာဏဟာ တရုတ်နိုင်ငံက တရားဝင်ဖော်ပြတဲ့ ပမာဏထက် အဆ ၂၀ ကျော်
ပိုများနေတာ ဖြစ်ပါတယ်။ ဒါဟာ တရုတ် နိုင်ငံရဲ့ ရေတပ်နဲ့လေတပ်
ခေတ်မီဖို့အပြင် ဆိုင်ဘာစစ်ပွှဲ တိုက်ခိုက်နိုင်စွမ်းအတွက်
ရင်းနှီးမြှုပ်နှံမှုတွေကို ထင်ဟပ်စေတယ်လို့
ပင်တဂွှန်စစ်ဌာနချုပ်ကပြောကြောင်း အမေရိကန် ကွန်ဂရက်က နှစ်စဉ်ထုတ်ပြန်တဲ့
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘေဂျင်းမြို့တော်မှာရှိတဲ့
ကာကွယ်ရေးဌာနကတော့ ဒါတွေဟာ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုကို
ချဲ့ကားထားတဲ့ အဓိပ္ပာယ်မရှိ ပြောဆိုမှုဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့မတ်လမှာ တရုတ်အစိုးရက ကာကွှယ်ရေးအသုံးစရိတ် ၁၂ ရာခိုင်နှုန်း
တိုးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။

source;Straight Time

ဘာသာပြန် David


The Myanma Age