တီကောင်
														ပို့စ်တင်ချိန်
														- 7/17/2013 10:39:00 AM
မြန်မာ့ဒီမိုခရေစီ ငယ်ပါသေးတယ်
ကျေးဇူးပြုပြီး ကလေးကို အနိုင်မကျင့်ကြပါနဲ့ ..
လူတစ်ယောက်ရဲ့နှလုံးသားက ဘာသာတရား
ရန်တိုက်လို့ ကောင်းသလားတော့ မမေးနဲ့
သူတပါးကိုဆွဲချမှ ငါအပေါ်ရောက်မယ်ဆိုရင်
နေပါစေ ငါအပေါ်မရောက်ချင်တော့ပါဘူး ..
ဘုရားရဲ့စကားအရ တစ်ကယ်ဆို
မင်းလည်းတီကောင် ငါလည်းတီကောင်
အဆောင်ယောင်တွေတောင်မပါ
အရင်ကမ္ဘာမှာ လုံးထွေးအတူနေခဲ့ကြဖူးတာပဲ ..
ဒါတွေအားလုံး
တစ်နေ့တော့ အဆင်ပြေသွားမှာပါလို့
ငါတို့ ယုံကြည်နေကြတယ်
ယုံကြည်မှုကို မဖျက်စီးကြေး ..
iBlogger (Myanmar CNN)
(ဤကဗျာကို ကူးယူဖော်ပြလိုပါက ဤစာမျက်နှာ၏ လိပ်စာ(link) ကိုပါ တစ်ပါတည်း ထည့်ပေးပါ။)
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
