အမြန်လမ်းမမှာ တောင်ပေါ်သား အဝေးပြေးကား မြောင်းထဲထိုးကျ

ပို့စ်တင်ချိန် - 8/24/2013 12:24:00 PM


ယနေ့ နေ့ လည် ၂း၁၁ မိနစ်ခန့်က နေပြည်တော် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၅၇/၇ မှာတောင်ပေါ်သား အဝေးပြေးကားက လမ်းပြုပြင်မှုပြုလုပ် နေတဲ့ မော်တော်ယာဉ်ကို ဝင်တိုက်ပြီး ဘေးကမြောင်းထဲကို ထိုးကျခဲ့ ပါတယ်။ တောင်ပေါ်သားကားဟာရန်ကုန်မှနေပြည်တော်သို့ သွားမှာဖြစ်ပြီးခရီးသည် ၂၈ဦးခန့်ပါပါ တယ်။

ယာဉ်တိုက်မှုကြောင့် ခရီးသည် တစ်ဦးတစ်ယောက်မှ ဒဏ်ရာအပြင်းအထန် ရခြင်းမရှိဘဲ ယာဉ်မောင်း နှစ်ဦး အနက် တစ်ဦးမှာ ခြေထောက်နဲ့ လက်များပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်။ "ရှေ့ကကားသေးလေးကို ကျော်တက် ခိုင်းတာအဲဒါကို ကားသေးလေးကမတက်တော့ သူကတက်တော့အရှိန် မထိန်းနိုင်တော့ဘူး လမ်းပြင်နေတဲ့ သူတွေထိမှာစိုးလို့ လမ်းဘေးကို ဆွဲချလိုက်ပြီ ဆိုတာကိုတွေ့ တော့ ခေါင်းငုံ့ချလိုက်တာ၊ ကြောက်တာတော့ တော်တော်ကြောက်သွားတယ်" လို့ ကားပေါ်ပါလာသူ အသက်သုံးဆယ် ဝန်းကျင် အမျိုးသမီး တဦးပြောပါတယ်။ အမြန်လမ်း ရဲဝန်ထမ်းများက စစ်ဆေးလျှက် ရှိပါတယ်။


From:[_ချိုဇင်မာဝင့်/Kumudra _]
(မောင်ကျောက်ခဲ အဖွဲ့)