ဒေါ်အောင်ဆန်းစုကြည် နောက်လအတွင်း စင်္ကာပူ နှင့် ချက်နိုင်ငံ တွင် ကျင်းပမည့် အစည်းအဝေးများတွင် ရိုဟင်ဂျာကို မြန်မာ တိုင်းရင်းသားဖြစ်ရေး ဆွေးနွေးမည့်ကိစ္စ လူထုစိုးရိမ်

ပို့စ်တင်ချိန် - 8/27/2013 09:10:00 AM


နောက်လ စက်တင်ဘာလအတွင်း စင်္ကာပူ နှင့် ချက် တွင် ကျင်းပမည့် Forum များတွင် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း NLD နှင့် နီးစပ်သည့် သတင်းရက်ကွက်မှ သိရသည်။


နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် စက်တင်ဘာလတွင် ဥရောပ နိုင်ငံတနိုင်ငံ ဖြစ်သည့် ချက် သမ္မတ နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းပြီး ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့မှ ၁၇ ရက်အထိ ကျင်းပမည့် Forum အစည်းအဝေးသို့ တက်ရောက်ရန် ပထမဆုံး အကြိမ် သွားရောက်မည် ဖြစ်ကြောင်း ပရက်ဂ် ပို့စ် သတင်းက ဖော်ပြသည်။။။

NLD ဗဟိုမှ ထုတ်ပြန်ချက်တွင် လည်းကောင်း အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခိုးဝင်ဘင်္ဂလီ များကို ရိုဟင်ဂျာ လူမျိုးသတ်မှတ်ပေးရေး နှင့် ဗုဒ္ဓဘာသာ လူများစုမှ အစ္စလမ်ဘာသာဝင် လူနည်းစုအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေသေးကြောင်း ကို ပြောဆို ဆွေးနွေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ထဲမှာ စင်ကာပူနိုင်ငံကို သွား ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင် ကျင်းပမယ့် The Singapore Summit အစည်းအဝေးကို တက်ရောက်ဖို့ ရှိကြောင်း သိသည်။

အဆိုပါ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ အသွင်ကူးပြောင်းရေး (Myanmar in Transition ) ခေါင်း စဉ် နှင့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဆွေးနွေးသွားဖို့ ရှိတယ်လို့ The Singapore Summit ရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားသည်။
 
တစ်ဖက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ထုံးစံအတိုင်း လူ့အခွင့်အရေး နှင့် တရားဥပဒေ စိုးမိုးရေးကို အကြိမ်ကြိမ်သုံးနှုံးကာ ပြောကြား၍ နိုင်ငံတကာ၏  လေးစားအထင်ကြီးမှုကို ခံယူမည်ဖြစ် သဖြင့် အခြားတဖက်တွင် အစ္စလမ်ဘာသာဝင် လူနည်းစုကို လူ့အခွင့်အရေး တန်းတူပေးဖို့ အချက်များကြောင့် ဗုဒ္ဓဘာသာဝင် လူများစုများကို ကမ္ဘာက ထပ်မံအဆိုးမြင် အပြစ်တင်မှာကို လူထုက စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဗြိတိန်ခရီးစဉ်ကလည်း ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဖြစ်ရေး တောင်းဆိုသူ BC UK မှ ဝေနှင်းပွင့်သုန်တို့နှင့် တွေ့ဆုံမှုများ ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင် ပြည်သူများက အမြဲဆန္ဒပြနေသည့် ကင်တားနား နှင့် အခေါက်တိုင်း တွေ့ဆုံလျှက်ရှိပြီး မလေးရှား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ ဗုဒ္ဒ မြန်မာလူနည်းစုကို မွတ်ဆလင်များက အနိုင်ကျင့် သတ်ဖြတ်နေချိန်များ၌ နှုတ်ဆိတ်နေသူဖြစ်သည်။
MyanmarExpress