ပန်းတနော်တွင် ပဋိပက္ခဖြစ် အချိန်မီတားဆီးနိုင်

ပို့စ်တင်ချိန် - 8/27/2013 04:23:00 PM

 ပန်းတ နော်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အသွင်ဆောင်သော ဖြစ်ရပ်တစ်ခုကို သက်ဆိုင်ရာတာဝန်ရှိသူ များက အချိန်မီထိန်းထားနိုင် ပြီဖြစ်ကြောင်း နေပြည်တော်ရဲ တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။  နေပြည်တော်ရဲတပ်ဖွဲ့ဌာ နချုပ်မှ တာဝန်ရှိသူက ''အခု လောလောဆယ်တော့ အခြေအ နေအရပ်ရပ်ကို ထိန်းထားနိုင် ပြီးပါပြီ။ လိုအပ်တဲ့လုံခြုံရေးကို လဲလုပ်ဆောင်နေပါတယ်။ ဒီ ထက်ပိုပြီး ပြောလို့မရဘူး''ဟု ပြောသည်။

ယနေ့တွင်ဖြစ်ပွားခဲ့သော  ပန်းတနော်မြို့နယ် အနောက်ပိုင်း ရပ်ကွက် ဘောလုံးကွင်းအနီး ဖြစ်ပွားခဲ့သော ပဋိပက္ခအသွင် ဆောင်သည့်ဖြစ်ရပ်သည် နိုင်ငံ တော်ဘာသာနေ့တွင် ဗုဒ္ဓဘာ သာလူငယ်များမှ မြို့တွင်းကို နိုင်ငံတော်ဘာသာနေ့အခမ်း အနား လှည့်လည် ကျင်းပနေစဉ် ဘာသာခြား လူငယ်တစ်ဦးနှင့် ပြဿနာဖြစ်ပွားရာမှစတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မအူပင် ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။  ''ကျွန်တော်တို့ကတော့  ပြဿနာထပ်မံမဖြစ်ပွားအောင် ထိန်းထားလိုက်ပါပြီ''ဟု ခရိုင်ရဲ မှူးအေး သောင်းကပြောသည်။  ''ပျက်သွားတဲ့အိမ်က ဗလီ ဆရာဦးဆောင်ပြီး ဖျက်လိုက်တာ ပါ။ ပဋိပက္ခဖြစ်ပြီးအဖျက်ခံရ တာမဟုတ်ပါဘူး''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ရဲမှူး အေးသောင်းက ပြောသည်။

''ဖြစ်တာက မနက်ကတည်း ကပြဿနာဖြစ်တာ။ အဲဒီပြဿ နာဖြစ်တဲ့ဘာသာခြားက နာရီ ရောင်းတဲ့သူ။  ပန်းတနော်မြို့သား မဟုတ်ဘူး။  တခြားကလာတာ လို့ပြောတယ်။ သူနဲ့ဖြစ်တဲ့အတွက် ပန်းတနော်မှာရှိတဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့ အစည်းက ဗလီ ဆရာဦးဆောင်ပြီး မွန်းလွဲ ၁၂ နာရီနဲ့ ၁နာရီကြားလောက်မှာ သူ့အိမ်ကို ဖြိုလိုက်တာဖြစ်တယ်'' ဟု ပန်းတနော်မြို့ခံတစ်ဦးက ပြောသည်။

ကျော်ဇေယျ ၊ ကျော်မြတ်ဇံ
Yangon Time