MRTV-4 နဲ့ ဘယ်တော့မှ ဇာတ်ကားမရိုက်တော့ဘူးဆိုတဲ့ စိုးမိုးကြည်

ပို့စ်တင်ချိန် - 9/26/2013 08:58:00 AM


“ပန်းနုသွေး” ဆိုတဲ့ ဇာတ်လမ်းတွဲကို MRTV-4 နဲ့ လက်တွဲရိုက်ကူးလျှက်ရှိတဲ့ သရုပ်ဆောင် စိုးမိုးကြည်က ဇာတ်ကားရိုက်ကူးနေတဲ့ အချိန်အတွင်းမှာပဲ တစ်ဦးနဲ့တစ်ဦး အပေးအယူမမျှတဲ့အတွက်ကြောင့် ရိုက်ကူးရေး ရပ်ခဲ့ပြီး နောက်ပိုင်းမှာလည်း MRTV-4 နဲ့ ဘယ်တော့မှ ဇာတ်ကား မရိုက်တော့ဘူးရယ်လို့ အတိအလင်း ပြောဆိုခဲ့ပါတယ်။

 စိုးမိုးကြည်က “ သူတို့ ဒီကားရိုက်ဖို့အတွက် အစ်မနဲ့ ရက်ရော၊ ငွေရောညှိတယ်။ ဒီကားကို (၁၅) ရက်နဲ့ ရိုက်ဖို့ သဘောတူခဲ့တယ်။ ရိုက်နေရင်း (၁၅) ရက်နဲ့ မပြီးတော့ (၄) ရက် ထပ်တောင်းတယ်။ အဲဒီ (၄) ရက်နဲ့ မပြီးနိုင်တော့  နောက်ထပ် (၈) ရက် ထပ်တောင်းတယ်။ (၈) ရက်နဲ့ မပြီးနိုင်မှန်းသိလို့ အစ်မက (၁၀) ရက်ယူဖို့ ပြောတယ်။ (၂) ရက်ပိုပေးလိုက်တယ်။ အဲဒီ (၁၀) ရက်အတွက် ဈေးညှိပြီးသွားပြီ။ ဒီ (၁၀) ရက်နဲ့လည်း သူတို့က ရိုက်လို့မပြီးသေးဘူး။ နောက်ထပ် (၄) ရက်၊ (၅) ရက်နဲ့ မပြီးသေးဘူးဆိုတာ အစ်မ သဘောပေါက်ပါတယ်။ အစ်မ ဆက်မရိုက်တော့ဘဲ ပေါက်ကွဲ သွားတဲ့ အချက်က သြဂုတ်လ (၃၁) ရက်ညမှာ နိုက်ဆင်းကို ည (၁၁) နာရီက စရိုက်တယ်။ လူတွေ အစောကြီး ခေါ်ပြီး (၇) နာရီ (၈) နာရီ လောက် ဒီအတိုင်းထိုင်ခိုင်းပြီး ည (၁၁) နာရီမှ စရိုက်တယ်။ ပြီးတော့ နိုက်ဆင်းချည်းပဲ (၄)ရက်၊ (၅) ရက် ဆက်တိုက်ရိုက်တော့ ဘယ်သူမှ မခံနိုင်ကြဘူး။ ကိုယ်တွေလို Actor  ကြီးတွေတောင် မခံနိုင်တာ ကလေးတွေက ပိုဆိုးတာပေါ့။ သူတို့လည်း မပြောရဲလို့သာ မပြောဘဲ ဒီအတိုင်း ရိုက်ကြတာ” ဆိုပြီး ဖြစ်ကြောင်း ကုန်စင်ကို ပြောပြပါတယ်။

Friday(Malay)
 Myanmar Daily News