သန္တိသုခသံဃာငါးပါး မဟနကို တရားပြန်စွဲခြင်း ဗဟန်းတရားရုံးကပယ်ချ

ပို့စ်တင်ချိန် - 7/17/2014 10:02:00 AM



အင်္ဂလန်ဆရာတော် (ဓာတ်ပုံ- ကျော်ဇင်သန်း)
ရန်ကုန်- မဟာသန္တိသုခကျောင်းတိုက်ကိစ္စတွင် အမှုရင်ဆိုင်နေရသော သံဃာတော်ငါးပါးက မဟာသံဃနာယကအဖွဲ့ကို ပြန်လည်တရားစွဲဆိုရန် ဗဟန်းမြို့နယ် တရားရုံးသို့ လာရောက်အမှုဖွင့်တိုင်ကြားခဲ့ရာ မြို့နယ်တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် အမှုရင်ဆိုင်နေရသော အင်္ဂလန်ဆရာတော် အပါအဝင် သံဃာတော်ငါးပါးသည် မဟနက ၎င်းတို့အား မတရားတားဆီးကန့်ကွက်မှုနှင့် မတရားဖမ်းဆီးဖိနှိပ်မှုတို့အတွက် ဗဟန်းမြို့နယ်တရားရုံး၌ အမှုဖွင့်ရာ မြို့နယ်တရားရုံးက ပယ်ချလိုက်ခြင်းဖြစ်သည်။

လာရောက် တရားစွဲဆိုသော အမှုသည် တာမွေမြို့နယ်တရားရုံးတွင် ရင်ဆိုင်နေရသော အမှုနှင့် စပ်လျဉ်းသောကြောင့် ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အင်္ဂလန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

7day daily