Showing posts sorted by relevance for query တောင်ပြာတန်း. Sort by date Show all posts
Showing posts sorted by relevance for query တောင်ပြာတန်း. Sort by date Show all posts

ရန်ကုန်- မန္တလေး အမြန် လမ်းမပေါ်တွင် ယာဉ်နှစ်စီး တိုက်၍ မီးလောင်မှု ဖြစ်ပွား (နောက်ဆက်တွဲ သတင်း)


ဖြူး ဧပြီ ၁၂

ရန်ကုန်- မန္တလေး အမြန်လမ်းမ မိုင်တိုင် ၁၁၆ ၂/၃ တွင် ဖြစ်ပွားခဲ့သော ယာဉ် (၂)စီး မီးလောင်မှု ဖြစ်စဉ်တွင် တောင်ပြာတန်း ယာဉ်မောင်း၏ အမည် ဦးအောင်ဇေယျ ဖြစ်ပြီး ယင်းမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိပြီး မော်တော်ယာဉ်မယ် မသူဇာသိမ့်သည် ယာဉ်တိုက်မှု ဖြစ်စဉ်ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်- မန္တလေး အဝေးပြေး လမ်းမရဲစခန်းသို့ ကိုယ်တိုင် လာရောက် သတင်းပို့ခဲ့ကြောင်း ရဲမှူးကြီး နေဝင်း၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ချီဇာဆလွန်းကား ၉ အေ - ၉၃၀၂ မှ ခရီးသည် (၆) ဦးနှင့် တောင်ပြာတန်း ခရီးသည်တင်ယာဉ် ၅ဃ- ၈၂၅၆ ပေါ်မှ ခရီးသည် (၆) ဦး၊ စုစုပေါင်း ခရီးသည် (၁၂)ဦး သေဆုံးခဲ့ကြောင်း ရဲမှူးကြီး နေဝင်းမှ အတည်ပြု ပြောကြားခဲ့ပါသည်။

တောင်ပြာတန်း ယာဉ်ပေါ်မှ ဦးအောင်မင်းသိန်း (၄၀)နှစ်၊ ဇနီး မသန်းသန်းဝင်း (၃၈)နှစ်၊ (၂-ခ) ရေကျော်လမ်း၊ အင်းစိန်နေသူနှင့် ကိုသက်လှိုင်ထွန်း (၂၄)နှစ်၊ အမတ (၃၅၇) တောင်ကြီး၊ မခင်စန်းဝေ (၃၆)နှစ်၊ (၂၀၈)၊ အာသောကလမ်း၊ (၃)ရပ်ကွက်၊ လှိုင်မြို့နယ် နေသူ ခရီးသည် (၄)ဦး မီးလောင်ကျွမ်း ထိခိုက် ဒဏ်ရာများ ရရှိ၍ ဖြူး ပြည်သူ့ ဆေးရုံသို့ တင်ပို့ ထားရှိကြောင်း၊ စိုးရိမ်ရသော လူနာ (၁)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ကုသလျက် ရှိကြောင်း၊ တောင်ပြာတန်း အမြန်ယာဉ်ပေါ်တွင် ခရီးသည် (၄၄)ဦး လိုက်ပါ စီးနင်းလာကြောင်း၊ ရဟန်း (၁)ပါးနှင့် ခရီးသည် (၈)ဦးခန့်မှာ အခင်း ဖြစ်နေရာမှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ မိမိ အစီအစဉ်ဖြင့် ခရီး ဆက်လက် ထွက်ခွာ သွားသည်ဟု ကျန်ရှိ ခရီးသည်များမှ ဆိုကြောင်း သိရသည်။

MOI Webportal Myanmar
အပြည့်အစုံသို့ »

တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်များအတွက် အာမခံကြေးရရန် ဆောင်ရွက်ပေးမည်ဟုဆို


ခင်မြတ်မြတ်ဝေ | စနေနေ့၊ ဧပြီလ ၁၉ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။ တောင်ပြာတန်းယဉ်လိုင်းမှ ယာဉ်တိုက်မှုတွင်ထိခိုက်ခဲ့သည် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် အသက်အာမခံကြေး ရရှိရန် တောင်ပြာတန်း ယာဉ်လိုင်းက ဆောင်ရွက်ပေးမည်ဟု တောင်ကြီးမြို့ရှိ တောင်ပြာတန်း ကားဂိတ်မှ တာဝန်ခံ ဒေါ်ချိုက မဇ္ဈိမကို ပြောသည်။

"ကားက အစိုးရမှာ အမခံကြေးသွင်းထားပါတယ်။ ခရီးသည်တွေအတွက်ကိုလည်း အသက်အမခံကြေး သွင်းထားတယ် အခုဟာရုံးတွေကပိတ်ထားတယ်။ ရုံးဖွင့်ရက်ကျမှ လိုက်လုပ်ရမယ်"ဟု ဒေါ်ချိုက ပြောသည်။

ကားမီးလောင်ကျွမ်းခဲ့ခြင်းကြောင့် တောင်ပြာတန်းခရီးသည်တင် ယဉ်လိုင်းပေါ်တွင် ခရီးသည် ခြောက်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄ဦးတွင် ပျောက်ဆုံးနေသူ၂ဦးမှာ ဧပြီလ ၁၉ရက်နေ့တွင် အဆက်သွယ်ရရှိသောကြောင့် စုစုပေါင်း ဒဏ်ရာရရှိသူများနှင့် သေးဆံုးသူများ အတွက် အသက်အာမခံများဆောင်ရွက် ပေးနေသည်ဟုဆက်လက်ပြောသည်။

“ကားထဲမှာ လူနှစ်ယောက်က ပျောက်နေတာ ဒီနေ့မှအဆက်သွယ်ရတယ်။ သူတို့က ရန်ကုန်မှာ ဆေးရုံတက်နေတယ်လို့ သိရတယ်။ ကုန်ကျစရိတ်ကတော့ တချို့တ၀က်ကိုတော့ ဖြေရှင်းပေးနေပါတယ်။ ကျွန်မတို့ယဉ်လိုင်းအနေနဲ့ ဖြေရှင်းပေးနေပါတယ်။”ဟု ဒေါ်ချိုက ပြောသည်။

ဧပြီလ ၁၂ရက် နံနက် ၂နာရီခန့်က တောင်ကြီးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် တောင်ပြာတန်းအမြန်ယာဉ်သည် အမြန်လမ်း မိုင်တိုင် ၁၁၆ အရောက်တွင် မတ်တူးယာဉ်တစ်စီးကို ကျော်တက်ရမှ တိုက်မိကာ မတ်တူးယာဉ်သည် အမြန်ယာဉ်၏ အောက်သို့ ရောက်ရှိသွားပြီ ကားနှစ်စီးလုံးမီးလောင်ကျွမ်းခဲ့ရသည်။ ထိုသို့ မီးလောင်ကျွမ်းခြင်းကြောင့် တောင်ပြာတန်းကားပေါ်ပါ ခရီးသည် ခြောက်ဦးနှင့် မတ်တူးကားပေါ်ပါသူ ခြောက်ဦး သေဆုံးခဲ့ရသည်။

တောင်ပြာတန်းအမြန်ယာဉ်ကို မောင်းနှင်လာသည့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု ဖြူးမြို့နယ် အမြန်လမ်း စခန်းမှူး ရဲအုပ် ဝင်းထွဋ်အောင်က မဇ္ဈိမကို ပြောသည်။

"ယဉ်မောင်းကထွက်ပြေးသွားတာ၊ ဖြစ်တဲ့ညပဲ ကျွန်တော်တို့ သူ့လိပ်စာက ရန်ကုန်လိပ်စာနဲ့ဆိုတော့ ညတွင်းချင်း လိုက်ရှာတယ်။ အခုထိရှောင်းနေတုန်း ယဉ်လိုင်းပိုင်ရှင်ကိုလည်း ယာဉ်မောင်းနဲ့ဆက်သွယ် ရရင် အကြောင်းကြားဖို့ ပြောထားတယ်” ဟုဆက်လက်ပြောသည်။

ယင်းကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်စဉ်ကြောင့် တောင်ပြာတန်း ယာဉ်လိုင်းကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၇၊ ၃၃၈၊ ၂၀၄(က)တို့ဖြင့် အရေးယူဆောင်ရွက်ရန် ဧပြီလ ၁၂ရက်က အမှုဖွင့်ထားပြီးဖြစ်သည်ဟု ဖြူးမြို့နယ် အမြန်လမ်းစခန်းမှုးရဲအုပ် ဦးဝင်းထွဋ်အောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းရန် တောင်ပြာတန်း ရန်ကုန်ကားဂိတ်မှ တာဝန်ခံ ဦးသော်မီကို မဇ္ဈိမက ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ယာဉ်ထိန်းရုံး အနေဖြင့်လည်း ယာဉ်တိုက်မှု မဖြစ်ရန်၊ မီတာ ၁၀၀ကျော်ကာ မမောင်းနှင်ရန် စသောအချက်များပါသည့် လက်ကမ်းစာစောင်များဖြင့် သတိပေးမှုများ ဆောင်ရွက်နေသည်ဟု အမြန်လမ်းစခန်းမှုးရဲအုပ် ဦးဝင်းထွဋ်အောင်က ပြောသည်။

တောင်ပြာတန်းယာဉ်တွင် ဒဏ်ရာရရှိသော ခရီးသည်များအတွက်လည်း ရဲတပ်ဖွဲ့ အနေဖြင့် ငွေကျပ်တစ်သိန်းနှင့် ခရီးသည်များအတွက် အ၀တ်အစားများ ထောက်ပံ့ပေးခဲ့သည်။

ဧပြီလ ၁၂ရက်တွင် ဖြစ်ပွားခဲ့သည့် ယဉ်တိုက်မှုဖြစ်စဉ်တွင် ခရီးသည် ၁၂ဦး သေးဆုံးခဲ့ပြီး လူငါးဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ ငါးဦးမှ မီးလောင်ဒဏ်ကြောင့် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံတွင် ဆေးကုသနေသူတစ်ဦးမှာ ဧပြီလ၁၇ရက်တွင် ထပ်မံသေးဆုံးခဲ့သည်ဟု ရဲအုပ် ဝင်းထွဋ်အောင်က ပြောသည်။

တောင်းပြာတန်းယဉ်လိုင်းအနေဖြင့် ဧပြီလ ၁၈ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီး ခရီးသည်များ ပုံမှန်အတိုင်း ရှိနေပြီး၊ ယဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည်မလျှော့သွားဟု တောင်ကြီးမြို့ရှိ တောင်ပြာတန်းကားဂိတ်တာဝန်ခံ မချိုက ပြောသည်။

တောင်ပြာတန်းကားဂိတ် အနေဖြင့် ယဉ်တိုက်မှုနှင့်ပတ်သတ်၍ ဖြေရှင်းပြီးသွားပါက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဟု ၎င်းကပြောသည်။

Mizzima Burmese
အပြည့်အစုံသို့ »

သင်္ကြန်တွင်း အမြန်လမ်း ယာဉ်တိုက်မှု ၂၂ မှု သေဆုံးသူ ၁၆ ဦးရှိ


တောင်ငူ၊ ဧပြီ ၁၈

ယာဉ်မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ၂၀၁၄ ခုနှစ် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သင်္ကြန်ကာလ လေးရက်တာ ကာလအတွင်း ယာဉ်မတော်တဆမှု ၂၂ မှု ရှိခဲ့ပြီး လူ ၁၆ ဦး သေဆုံးခဲ့ကာ ၄၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဖြစ်ပွားတာ အများစုက ကားလေးတွေကြောင့်လည်း ပါသလို လူအမှားကြောင့် များပါတယ်။ ဒီဖြစ်စဉ်တွေကို ကြည့်ရင် ဖြစ်ပွားမှု အများဆုံး နေရာဖြစ်တဲ့ မိုင်တိုင်အမှတ် ၁၁၀ နဲ့ ၁၂၀ ကြား နေရာတွေမှာ လမ်းမကြီးက တစ်ဖြောင့်တည်း ဖြစ်နေတော့ ယာဉ်မောင်းတွေ ဂရုစိုက်ရမယ်ဆိုတာ သတိပေးချင်ပါတယ်” ဟု ၎င်းကဆိုသည်။

၂၀၁၃ ခုနှစ် ပထမလေးလပတ် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများထက် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာခဲ့ရာ ရက်ပေါင်း ၁၀၇ ရက်အတွင်း ယာဉ်မတော်တဆမှု ၁၄၇ မှု ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၅၇ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆၂ ဦးအထိ ရှိခဲ့ကြောင်းနှင့် အများဆုံး လူသေဆုံးမှုမှာ ဧပြီလ ၁၂ ရက် နံနက်က ဖြစ်ပွားခဲ့သည့် တောင်ကြီး-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်တစ်စင်းက အိမ်စီးကား တစ်စီးကို နောက်မှ ဝင်တိုက်၍ လူ ၁၂ ဦး သေဆုံးကာ လူ ၅ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားသည်။

ယင်းသို့ အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းကို ကာကွယ်ရန် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အမြန်လမ်းမကြီးပေါ် ဖြတ်သန်းမောင်းနှင်နေသော အိမ်စီးယာဉ်များ၊ အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်ကြီးများ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းနှင်မှုများကို အရှိန်မြှင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဒီတစ်လ နှစ်လ အတွင်းမှာကို သတ်မှတ်မိုင်နှုန်း ကီလို တစ်ရာ့တစ်ဆယ်ကျော်တဲ့ မော်တော်ကားပေါင်း ၄၅၀ လောက်ကို ဖမ်းဆီး အရေးယူပြီး တရားစွဲဆိုနိုင်ခဲ့တယ်။ ဆိုင်ကယ်ဖမ်းဆီး ရရှိမှုကတော့ လျော့သွားပါပြီ။ အခုဖြစ်နေတာက အိမ်စီးကား မောင်းနှင်သူတွေ အများစုက သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းကြလို့ ယာဉ်တိုက်မှုတွေ ဖြစ်ပွားတာ များနေပါတယ်” ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီလ ၁၂ ရက် နံနက် ၂ နာရီအချိန် မိုင်တိုင် ၁၁၆ အနီးတွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော ခရီးသည် ၄၄ ဦး ပါရှိသည့် တောင်ပြာတန်း ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်ငယ်တို့ တိုက်မှု ဖြစ်ပွားပြီး ကားနှစ်စီးလုံး မီးလောင်ခဲ့ရာ တောင်ပြာတန်း ခရီးသည်တင် ယာဉ်ပေါ်မှ ခရီးသည် ခြောက်ဦးနှင့် ယာဉ်ငယ်ပေါ် လိုက်ပါလာသူ ခြောက်ဦး စုစုပေါင်း ၁၂ ဦး မီးလောင်၍ သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မီးလောင်မှုကြောင့် ဆလွန်းယာဉ်မှာ တန်ဖိုးငွေ ကျပ်သိန်း ၁၁၀ ခန့်၊ တောင်ပြာတန်း ခရီးသည်တင် မှန်လုံယာဉ်မှာ တန်ဖိုးငွေ ကျပ်သိန်း ၇၅၀ ခန့်၊ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းနှင့် အဝတ်အထည် တန်ဖိုးငွေ ကျပ်သိန်း ၄၀ ခန့်၊ စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်း ၉၀၀ ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားသော ခရီးသည်တင် မှန်လုံယာဉ် မောင်းနှင်သူ အောင်ဇေယျကို ဖြူးအမြန်လမ်း ရဲစခန်း ယာဉ် (ပ) ၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly
အပြည့်အစုံသို့ »

Updated: အမြန်လမ်း ၁၁၆မိုင် ယာဉ်မီးလောင်မှုမှာ ခလေးတစ်ဦး အပါအ၀င် လူ (၁၂)ဦး သေဆုံး (မီးလောင်မှု ရုပ်သံပါသည်)


ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ ဧပြီလ ၁၂ ရက် မနက် ၂ နာရီ ၁၀ မိနစ်အချိန်လောက်က ခရီးသည်တင်ယာဉ်တစ်စီးနဲ့ အိမ်စီးကားတစ်စီးတို့ တိုက်မိရာက မော်တော်ယာဉ် ၂ စီးလုံး မီးလောင်ကျွမ်းပြီး လူ ၁၂ ဦး သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ တောင်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ တောင်ပြာတန်းယာဉ်လိုင်းမှ ခရီးသည်တင်ကား ၅ဃ/ ၈၂၅၆ နဲ့ မတ်တူး အိမ်စီးကား 9A-9302 တို့ဟာ ပဲခူးတိုင်းအတွင်း မိုင်တိုင်အမှတ် ၁၁၆/၂ နဲ့ ၁၁၆/၃ တို့အကြားမှာ ချိတ်မိရာက ခရီးသည်တင်ကားကြီးအောက် အိမ်စီးကား ရောက်သွားပြီး ကား ၂ စီးလုံး မီးလောင်ကျွမ်းသွားတာလို့ သိရပါတယ်။

တောင်ပြာတန်း ခရီးသည်တင်ကားပေါ်ပါသူ ၆ ယောက်နဲ့ အိမ်စီးကားပေါ်ပါသူ ကလေးတဦးအပါအ၀င် ၆ ယောက် စုစုပေါင်း ၁၂ ယောက် သေဆုံးသွားကြတာပါ။ တောင်ပြာတန်း ခရီးသည်တင်ကားပေါ်က ထိခိုက်ဒဏ်ရာရသူ ၄ ဦး ဖြစ်တဲ့ မသန်းသန်းဝင်း၊ မခင်စန်းဝေ၊ ကိုအောင်မင်းသိန်းနဲ့ ဦးသက်လှိုင်ထွန်းတို့ကို ဖြူးးပြည်သူ့ဆေးရုံနဲ့ တောင်ငူပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။


DVB TV
အပြည့်အစုံသို့ »

တောင်ပြာတန်းယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံးခဲ့သူများ၏ မိသားစုဝင်များက သမ္မတထံ တိုင်စာပို့


လူ ခုနစ်ဦး မီးလောင် သေဆုံးခဲ့သော တောင်ပြာတန်း ယာဉ်လိုင်းကို အရေးယူပေးရန်
မီးလောင်သေဆုံးခဲ့သည့် မိသားစု ၀င်များကသမ္မတထံ တိုင်စာပို့ ထားကြောင်း သတင်းရရှိသည်။

တောင်ပြာတန်းယာဉ်ပေါ် တွင် မီးလောင်သေဆုံးခဲ့သည့် ခရီးသည် ခုနစ်ဦး၏ မိသားစုကို အဆိုပါယာဉ်လိုင်းက လက်ရှိ အချိန်ထိ လာရောက်တွေ့ဆုံမေး မြန်းမှုမရှိခြင်း၊ ယာဉ်ပေါ်တွင် ပျက်စီးပျောက်ဆုံးသွားသည့် ပိုက်ဆံများ၊ ရွှေထည်နှင့် အခြား ပစ္စည်းတန်ဖိုးများကို ပေးလျော် မှုမရှိခြင်း၊ သေဆုံးသူများအ တွက် အာမခံနစ်နာကြေးစသည့် တို့ တစ်စုံတစ်ရာ ပေးဆောင်မှု မရှိခြင်းတို့ကြောင့် အဆိုပါယာဉ် လိုင်းကို အရေးယူမှုပြုလုပ်ပေး ရန် သမ္မတထံတိုင်စာပို့ရခြင်းဖြစ် ကြောင်း ယာဉ်ပေါ်တွင် မီးလောင် သေဆုံးခဲ့သည့် ကျန်ရစ်သူမိသား စုများကပြောသည်။

မီးလောင်သေဆုံးခဲ့သူများ ၏ ကျန်ရစ်သူမိသားစု ငါး ဦးက လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ မေလ ၁၅ ရက်တွင် တိုင်စာပို့ခဲ့ခြင်းဖြစ်သည်။

‘‘အခုအချိန်ထိ ဘာလုပ်ပေး ရမလဲလို့ လာမေးတာကိုမရှိသေး ပါဘူး။ ကျွန်မတို့မှာ လူတင်ဆုံးရှုံး တာမဟုတ်ပါဘူး။ တခြားပစ္စည်း တွေရော ဆုံးရှုံးတာပါ။ ရာဇာမင်း ကားဖြစ်စဉ်ကျ အရေးယူမှုတွေ အကုန်လုပ်ကြတယ်။ တောင်ပြာ တန်းကျ အရေးမယူတဲ့အပြင် ယာဉ်လိုင်းတွေပါ တိုးချဲ့နေသေး တယ်။ အဲဒါကြောင့် အရေးယူပေး ဖို့ တိုင်စာပို့တာပါ’’ဟု တောင်ပြာ တန်းယာဉ်ပေါ်၌ မီးလောင်သေ ဆုံးသွားသည့် ဦးသောင်းညွန့်၏ သမီး မနီလာတင်ကပြောသည်။

 ဧပြီ ၁၂ ရက် နံနက်က တောင်ကြီးမြို့မှ ထွက်ခွာလာ သော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီး ကို ၀င်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီပေါက်၍ မီး လောင်မှုဖြစ်ပွားပြီး ဆလွန်းကား ငယ်အပေါ် ဖိထားသော တောင် ပြာတန်းကားထံ မီးကူးစက်ခဲ့ သည်။

ထိုသို့မီးကူးစက်မှုကြောင့် တောင်ပြာတန်းယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်ခြောက်ဦးမှာ အပြင်သို့ ထွက်မရ၍  မီးလောင်သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသောသူတစ်ဦးမှာ နေပြည်တော်ဆေးရုံတွင်ထပ်မံသေဆုံးသွားခဲ့၍ စုစုပေါင်း သေဆုံးသူ ခုနစ်ဦးဖြစ်သည်။

‘‘နစ်နာစေချင်လို့ လုပ်တာ မဟုတ်ပါဘူး။ သူတို့ဘက်က ဘာ မှ မလာလို့ လုပ်တာပါ။ ကျွန်တော့်  မှာ သမီးလည်းသေ၊ သားလည်း သေ၊ သားကဆို ဆေးရုံမှာ တက် ကုနေသေးတယ်။ အဲဒီမှာလည်း တော်တော်ကုန်တယ်။ သူတို့ ဘက်က လူနာလာမေးတာကို မရှိဘူး’’ဟု တောင်ပြာတန်းယာဉ် မီးလောင်မှုကြောင့် သေဆုံးခဲ့ သော အသက် (၈) နှစ်အရွယ် သမီးနှင့် (၂၄) နှစ်အရွယ်သား၏ ဖခင်ဒုအရာခံဗိုလ်စိန်လှိုင်ကပြော သည်။

တာဝန်ယူဖြေရှင်းပေးခြင်း မရှိမှုနှင့် ပတ်သက်ပြီး တောင်ပြာ တန်းယာဉ်လိုင်းတောင်ကြီးဂိတ် မှူးမခိုင်ထံ ဆက်သွယ်မေးမြန်းရာ အာမခံနစ်နာကြေးပေးဆောင်ရန် လုပ်ဆောင်နေကြောင်းသာ ပြန် လည်ဖြေကြားပြီး ကျန်မေးခွန်း များကို  ဖြေဆိုရန်  ငြင်းဆန်ခဲ့ သည်။

ပြီးခဲ့သည့် မေလက ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦး သေဆုံးသော ရာဇာမင်းခရီးသည် တင်ယာဉ်လိုင်းဖြစ်စဉ်ကို ဒုသမ္မတကိုယ်တိုင်ကိုင်တွယ်ခဲ့ပြီး သေဆုံးသူများကို အာမခံနစ်နာကြေးများပေးလျော်ကာ ထိုယာဉ်လိုင်းကိုလည်း ပိတ်သိမ်းခဲ့သည်။

 တောင်ပြာတန်းယာဉ်ဖြစ် စဉ်သည် ယာဉ်ပေါ်လိုက်ပါလာ သည့် ခရီးသည်များသာ သေဆုံး ခြင်းမဟုတ်ဘဲ တောင်ပြာတန်း ကား၏ တိုက်မှုကြောင့် ချီဇာ (Chaser) အဖြူရောင်ဆလွန် ကားပေါ်မှ  ခြောက်ဦးလည်း မီးလောင်သေဆုံးခဲ့ သည်။

ထိုဖြစ်စဉ်ဖြစ်ပွားရခြင်း၏ အဓိကတရားခံဖြစ်သော တောင် ပြာတန်းခရီးသည်တင်ယာဉ် မောင်းဦးအောင်ဇေယျကို လက်ရှိအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးပေ။

7 Day News Daily

အပြည့်အစုံသို့ »

၁၁၆မိုင် အမြန်လမ်းပေါ် ယာဉ်၂စီး မီးလောင်၊ လူ ၁၁ ဦးသေဆုံး


တောင်ငူခရိုင် ဖြူးမြို့နယ်အမြန်လမ်းရှိ မိုင်တိုင်အမှတ်၁၁၆/၂ နဲ့ ၁၁၆/၃ကြားမှာ ဧပြီ ၁၁ရက်နေ့ မနက် အစောပိုင်း ၂း၀၀ကျော်ခန့်က တောင်ကြီး-ရန်ကုန် ခရီးသည်တင် (တောင်ပြာတန်း) ကားက မတ်တူးယာဉ်ကို ကျော်တတ်စဉ် မတ်တူးကားမှာ တောင်ပြာတန်းကား အောက်သို့ ရောက်ရှိသွားပြီး
အပြည့်အစုံသို့ »

အမြန်လမ်းတွင် ပြည့်ဖြိုးအောင် ခရီးသည်တင်ကားမီးလောင်မှုဖြစ်





ယနေ့ည ၇း၃၀ အချိန်ခန့်တွင် ရန်ကုန်- မန္တလေး အမြန်လမ်းမတွင် ပြည့်ဖြိုးအောင် ခရီးသည်တင်ကားတစ်စီးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
ရန်ကုန်မှချောက်သို့မောင်းနှင်လာသည့် အဆိုပါကားမှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၇ဖာလုံအရောက်တွင်ကားဘရိတ်ရူးများ ငြိရာမှအပှုလွန်ကဲကာမီးစတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။
အဆိုပါယဉ်ပေါ်တွင် ခရီးသည် သံဃာတော် ၄ ပါး အမျိုးသား ၁၇ ဦး အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၄၂ ဦးလိုပါစီးနှင်းလာပြီး ကားတစ်စီးလုံးမီးလောင်ကျွမ်းခဲ့သော်လည်းခရီးသည်များထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်းလည်းသိရသည်။

မီးလောင်ရာနေရာသို့ ပဲခူးရိုင်မီးသတ်ဦးစီးမှုးဦးအေးမြင့်နှင့်အုပ်ချုပ်မှုယာဉ်တစ်စီး ၊မီးသတ်ယာဉ် လေးစီး၊ အရံမီးသတ် ၅ ဦးနှင့် သန္စေမီးသတ် ၁၇ ဦး နှင့် ဒုရဲမှူး သန်းဦး ဦးစီးကာ ရဲတပ်ဖွဲ့ ၀င်အင်းအား ၁၀ ဦး ခန့် ပါဝင်မီးငြိမ်းသတ်ခဲ့ကြောင်း မီးလောင်ကျွမ်းမှုကို ၈ နာရီ ၃၀ အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး
မီးလောင်ကျွမ်းမှုကြောင့်ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅ သိန်း ဆုံးရှံး ခဲ့ကြောင်းနှင့် ယာဉ်မောင် ဦးဝင်းကို (ဘ) ဦးချန်ငွေ ၄၈ နှစ် ရှားပင်ရွှာ ချောက်မြို့နယ် နေသူအား (ပ) ၇ / ၂၀၁၄ ပုဒ်မ ၂၈၅ ဖြင့် အမြန်လမ်း ဘော နတ် ကြီါ် စခန်းမှ အရေးယူထားကြောင်းသတင်းရှိသည်။

အခြားဆက်စပ်သတင်း



ပဲခူးမြို့ရဲ့ထူးခြားသတင်းများ
အပြည့်အစုံသို့ »

ထွက်ပြေးနေသော တောင်ပြာတန်းယာဉ်လိုင်းမှ ယာဉ်မောင်းဖမ်းမမိသေး


အမြန်လမ်းတွင် ကားနှစ်စီး တိုက်မှုဖြစ်ပွားပြီး လူ ၁၂ ဦး မီးလောင် သေဆုံးသည့် ဖြစ်စဉ်တွင် ခရီးသည်များ အား ကားတံခါး
ပိတ်၍ ထွက်ပြေး တိမ်းရှောင် နေသောတောင်ပြာတန်း ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းကို ဖမ်းဆီး မမိသေးကြောင်း သတင်း ရရှိသည်။
ဧပြီ ၁၂ ရက်နံနက်တွင် တောင်ကြီးမြို့မှ ထွက်ခွာလာသော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီးအား ၀င်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီပေါက်၍ မီး လောင်မှုဖြစ်ပွားပြီး ဆလွန်ကား ငယ်အား ဖိထားသော တောင်ပြာ တန်းကားကြီးပေါ်သို့ မီးကူးစက်ခဲ့သည်။ ထိုသို့ မီးကူးစက်ခဲ့ သော်လည်း တောင်ပြာတန်း ယာဉ်မောင်းအမျိုးသားနှင့် ယာဉ်နောက်လိုက်တို့သည် ကားတံခါး ကို ပိတ်၍ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း အဆိုပါတောင်ပြာတန်းကားပေါ်မှ အသက်ရှင်လွတ်မြောက်ခဲ့သော ခရီးသွား ဒေါ်သန်းသန်းဝင်းကပြောသည်။
အဆိုပါကားမီးလောင်ရာ တွင် ကားပေါ်ပါသူ ခရီးသည် ၄၄ ဦးအနက် ၆ ဦးသေဆုံးခဲ့ခြင်း ဖြစ်ပြီး လွတ်မြောက်သွားသူများ မှာ ကားနောက်ပိုင်းရှိ တစ်ပေခွဲ ခန့်ရှိ မှန်ပေါင်အား ခွဲ၍ လွတ် မြောက်သွားကြခြင်းဖြစ်သည်။
‘‘ထွက်ပြေးတာကို ခုထိဖမ်း မမိသေးပါဘူး။ တကယ်အပြစ် ရှိတာက ယာဉ်မောင်းတစ်ဦးပဲ အပြစ်ရှိတာပါ။ အဲဒီညထဲက ရန်ကုန်မြို့အထိ လိုက်ဖမ်းဆီးပါ တယ်။ ခုထိ ထွက်ပြေးနေတုန်းပဲ’’ ဟု ဖြူးအမြန်လမ်းရဲတပ်ဖွဲ့မှ စခန်းမှူး ၀င်းထွဏ်းအောင်က ပြောသည်။
တောင်ပြာတန်းခရီးသည် တင်ယာဉ်မောင်းဦးအောင်ဇေယျ အား ဖြူးအမြန်လမ်းရဲစခန်းက ယာဉ်(ပ)၅၊ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄ (က)စသည်တို့ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
တောင်ပြာတန်းခရီးသည် တင်ယာဉ်လိုင်းပေါ်တွင် သေဆုံး သွားသည့် ခြောက်ဦး၏ သင်္ဂြီုဟ် မှုကိစ္စများကို လိုက်လံဆောင်ရွက် ပေးခဲ့ကြောင်း၊ အသက်အာမခံ ကြေးများကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တောင်ပြာတန်းခရီးသည်တင်ယာဉ်တောင်ကြီးဂိတ်မှူးဒေါ်ချိုကပြောသည်။
‘‘သေဆုံးသွားတဲ့ သူတွေ လည်း ဂိတ်ကနေ အတတ်နိုင်ဆုံး လုပ်ပေးပါတယ်။ အသက်အာမ ခံကြေးကိုလည်း ရုံးကပိတ်ထား တော့ လုပ်ပေးလို့မရသေးလို့ပါ။ ရုံးဖွင့်တာနဲ့ဆက်သွယ်ပြီး လုပ် ပေးမှာပါ’’ဟု ၎င်းကပြောသည်။
တောင်ပြာတန်းခရီးသည် တင်ယာဉ်၏ ၀င်တိုက်မှုကြောင့် ကားဆီတိုင်ကီပေါက်၍ ဆလွန်းကားငယ်ပေါ်တွင် မီးလောင်သေဆုံးခဲ့သော မိသားစုတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးမြင့်ဦး၊ ၎င်း၏ ဇနီးနှင့် အသက်ခြောက်နှစ်အရွယ်သားငယ်တစ်ဦးအပါအ၀င် လိုက်ပါလာသူ သုံးဦးသေဆုံးသွားခဲ့သည်။
Author: ငြိမ်းချမ်း
7Day Daily
အပြည့်အစုံသို့ »

ခရီးသည်ယာဉ်တစ်စီး မီးလောင်ပြန်၊ ယာဉ်မောင်းနှင့် နောက်လိုက်တို့ တာဝန်သိတတ်မှုကြောင့် ခရီးသည်များ အသက်ချမ်းသာရာရ



ရန်ကုန်မှချောက်မြို့သို့ ထွက်ခွာသွားသောပြည့်ဖြိုးအောင်ခရီးသည်တင်ယာဉ်သည် ဧပြီ ၂၁ ရက်က မိုင်တိုင် ၂၈ တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်းလိုက်ပါလာသည့်ခရီးသည်များ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သတင်းရရှိသည်။

ခရီးသည် ၄၂ ဦးလိုက်ပါလာသော ပြည့်ဖြိုးအောင်ခရီးသည်တင်ယာဉ်သည် ည ၇ နာရီခွဲကဝိုင်ယာရှော့ဖြစ်ရာမှယာဉ်တစ်စီးလုံးမီးလောင်ခဲ့သည်။ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်က ယာဉ်ပေါ်ပါ ခရီးသည်များအားအပြင်သို့ချက်ချင်းထွက်ခိုင်းသောကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း ဘောနတ်ကြီးအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှူး သန်းဦးကပြောသည်။

‘‘ကားက တစ်စီးလုံး မီး လောင်သွားတယ်။ မီးစလောင် တော့ ယာဉ်မောင်းနဲ့ယာဉ်နောက် လိုက်က ခရီးသည်တွေကို ချက် ချင်းအပြင်ကိုထွက်ခိုင်းခဲ့လို့ ဘာမှမဖြစ်တာပါ။ ဝိုင်ယာရှော့ကနေ မီးစလောင်တာလို့ အဖြေရပါ တယ်’’ဟု စခန်းမှူးသန်းဦးက ပြောသည်။

အဆိုပါခရီးသည်တင်ယာဉ်မောင်းအား ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း စခန်းမှူးသန်းဦးကပြောသည်။

အမြန်လမ်းတွင် ဧပြီ ၁၂ ရက်က တောင်ကြီးမြို့မှ ထွက်ခွာလာသော တောင်ပြာတန်း ခရီးသည်တင်ယာဉ်သည် အိမ်စီးကားငယ်တစ်စီးကို ဝင်တိုက်ပြီးမီးလောင်ကာခရီးသည်တင်ယာဉ်မှ ခုနစ်ဦးနှင့် အိမ်စီးကားငယ်ပေါ် လိုက်ပါလာသူခြောက်ဦး စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ရသည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အဝေးပြေးယာဉ်လိုင်းအချို့သည် ယာဉ်မတော်တဆမှု ဖြစ်ပွားလျှင် အရေးပေါ်ဖြေရှင်းရန်ယာဉ် မောင်းနှင့်ယာဉ်နောက်လိုက်များအား သင်တန်းပေးမှု၊ ခရီးသည်များအား အသိပညာပေးမှု တို့ကိုလုပ်ဆောင်လျက်ရှိသည်။

7Day Daily
အပြည့်အစုံသို့ »

အမြန်လမ်းတွင် ရာဇာမင်း ယာဉ်တိမ်းမှောက်မှု လူထိခိုက်သေမှု အမြင့်ဆုံးစံချိန်တင်


ရန်ကုန်၊ မေ ၁၆

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် ငါးနှစ်ကျော် ကာလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ခုနစ်ရာကျော်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း ယာဉ်တိမ်းမှောက်မှုမှာ လူထိခိုက်သေမှု အမြင့်ဆုံး ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ရန်ကုန်-နေပြည်တော်လမ်း စတင်ဖွင့်လှစ်ချိန် ၂၀၀၉ ခုနှစ် မတ်လမှ ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇၃၀ ကျော် ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၆၇ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၁၀၀၀ ကျော် ရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

မေလ ၁၂ ရက်နေ့ ည ၆ နာရီက နေပြည်တော်မှ ရန်ကုန်သို့ လူ ၄၄ ဦး တင်ဆောင်လာသည့် ရာဇာမင်းခရီးသည် တင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၉၇ အရောက်တွင် လမ်းဘေးချော်ထွက်ကာ တံတားပေါ်မှ ပြုတ်ကျခဲ့သဖြင့် လူ ၁၃ ဦး ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ပြီး ကျန် လူ ၃၀ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့သည့် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့သည့် ယာဉ်မောင်း ဦးမင်းခန့် (ခေါ်) ထွန်းခန့်စိုးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့တော် တောင်ဥက္ကလာပ မြို့နယ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းလိုင်စင် သုံးနှစ် ပိတ်သိမ်းခံထားရပြီး လိုင်စင်ပိတ် ခံထားရသည့် ကာလတွင် ရာဇာမင်းယာဉ်ကို မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ယင်းဖြစ်ပွားမှုတွင် မဆင်မခြင် မောင်းနှင်ခြင်းနှင့် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရာတွင် စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲခွင့်ကို မေလ ၁၅ ရက်နေ့မှ ရပ်ဆိုင်းခဲ့ကြောင်း နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ ဆောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

နေပြည်တော်အထွက် စစ်ဆေးရေးဂိတ်မှအထွက် အမြန်လမ်းပေါ် ရောက်ချိန်တွင် ယာဉ်ယိမ်းယိုင်နေမှုကို သတိထားမိခဲ့ကြောင်း ယင်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် အစိုးရဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“မြန်လည်း မြန်တယ်။ ထိန်းမရဘူး ဆိုတာကို သိသာတယ်” ဟု ၎င်းးကဆိုသည်။

သေဆုံးသွားသည့် ခရီးသည်များသည် အထူးခရီးသွား အာမခံ ဝယ်ယူထားသူများ ဖြစ်သဖြင့် အာမခံလျော်ကြေး ကျပ်သိန်း ၃၀၊ အလုံးစုံ မော်တော်ယာဉ် အာမခံကြေး ၁၀ သိန်း၊ သူတစ်ပါးထိခိုက်မှု အာမခံ ကျပ်ငါးသိန်းစုစုပေါင်း တစ်ဦးစီအတွက် ကျပ် ၄၅ သိန်းစီကို မိသားစုများအား ဘဏ္ဍာရေး ဝန်ကြီးဌာနက မေလ ၁၄ ရက်နေ့တွင် ပေးအပ်ခဲ့သည်။

ရာဇာမင်းယာဉ် တိမ်းမှောက်မှုသည် ယာဉ်မတော်ဆမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် အမြန်လမ်းတွင် အကျွတ်အလွတ်ပွဲ ကျင်းပပြီး တစ်ရက်ခန့် အကြာတွင် ဖြစ်ပွားခဲ့ပြီး ယင်းမတိုင်မီ အမြန်လမ်း ၁၁၆ မိုင်တွင် ဧပြီလ ၁၂ ရက်နေ့ ည ၂ နာရီကျော်က တောင်ပြာတန်း အဝေးပြေးယာဉ်နှင့် မတ်တူးယာဉ် တိုက်မိပြီး မီးလောင်ကျွမ်းကာ လူ ၁၃ ဦး သေဆုံးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေမှုကြောင့် အမြန်သေ လမ်းမကြီးဟု ဝေဖန်မှုများ ဟိုးလေးတကျော် ထွက်ပေါ်နေချိန် နေပြည်တော်၌ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၌ မေလ ၁၅ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်တို့က ၃၃၆ မိုင် သုံးဖာလုံ ရှည်လားသည့် ယင်းအမြန်လမ်းသည် တစ်မိုင်လျှင် ကျပ် သန်း ၂၅၀၀ အကုန်အကျခံ၍ ဖောက်လုပ် ထားသော်လည်း အမြန်လမ်း၏ စံချိန်စံနှုန်း မမီသော ကွန်ကရစ်လမ်းသာ ဖြစ်နေသေးကြောင်း ဝန်ခံပြောဆိုကြသည်။

အမြန်လမ်း လေးလမ်းသွားကို စံချိန်စံညွှန်းမီ ရှစ်လမ်းသွားအဖြစ် ပြုလုပ်ပါက ကျပ် ဘီလီယံ ၅၅၀ ခန့် ထပ်မံကုန်ကျမည် ဖြစ်ပြီး အမေရိကန် အစိုးရ၏ နည်းပညာ အကူအညီဖြင့် ပြုပြင်ရန် စီစဉ်လျက်ရှိသော အမြန်လမ်းကို လမ်းတစ်ခြမ်းလျှင် ယာဉ်လေးစီး မောင်းနှင်နိုင်သည့် ရှစ်လမ်းသွားအဖြစ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးစိုးတင့်က ပြောကြားသည်။

“ရှစ်လမ်းသွားချဲ့ဖို့ထက် ရှိပြီးသားလမ်းကို နိုင်ငံတကာ စံနှုန်းအတိုင်း အရည်အသွေးမီ လုပ်ဖို့လိုပါတယ်။ နိုင်ငံတကာက ဟိုင်းဝေးလမ်းတွေလည်း ရှစ်လမ်းသွား မဟုတ်ပါဘူး။ လေးလမ်းကိုပဲ အန္တရာယ်ကင်းကင်းနဲ့ မြန်အောင် မောင်းနိုင်အောင် ဖောက်ထားတယ်။ တရုတ်နဲ့ ယိုးဒယားက လမ်းတွေမှာ တောင်အကွေ့တွေကို အရှိန်ချပြီး ကွေ့စရာ မလိုအောင် ဖောက်ထားတယ်၊ တံတား အတက်အဆင်းတွေမှာ ကားမခုန်ဘူး” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် တစ်ဦးက ဝေဖန်ပြောကြားသည်။

သို့သော်လည်း အမြန်လမ်း ဖွင့်လှစ်လိုက်သည့် ငါးနှစ်ကျော် ကာလအတွင်း ယာဉ်မတော်တဆမှု များတွင် ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၆၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ယာဉ်ကြောင့် ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရာသီဥတုကြောင့် ၀ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပြီး လမ်းအရည်အသွေးကြောင့် ၁ ဒသမ ၁၆ ရာခိုင်နှုန်းသာ မတော်တဆမှုများ ဖြစ်ပွားခဲ့ကြောင်း အစိုးရအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်သည့် အခြေအနေများ လျော့ကျရန် အချက်ပြမီး ပြုလုပ်ခြင်း၊ ရောင်ပြန်များ တပ်ဆင်ခြင်း၊ လမ်းအချက်ပြ သင်္ကေတနှင့် မိုင်နှုန်းတိုင်း ကိရိယာ တပ်ဆင်ခြင်း လုပ်ငန်းများ၏ လုပ်ဆောင်ပြီးစီးမှု အခြေအနေမှာ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Voice Weekly
အပြည့်အစုံသို့ »

အမြန်လမ်း ယာဉ်နှစ်စီးမီးလောင်မှု မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်


ယာဉ်တိုက်မိရာမှမီးလောင်၍ ၁၂ ဦးသေ၊ အမြန်လမ်းရဲတပ်ဖွဲ့က
ကူညီဆောင်ရွက်

နေပြည်တော်၊ ဧပြီ ၁၂

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ နံနက် ၂ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၆/၂-၃)ကြားတွင် ယာဉ်တိုက်မှုဖြစ်
ပွားခဲ့ကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ နေပြည်တော်မှရန်ကုန်ဘက်သို့ လမ်းယာဉ်ကြောညာအစွန်၌ လမ်းမှန်အတိုင်း မောင်းနှင်လာသော ၉က/xxxx ချီစာဆလွန်းအဖြူရောင်ယာဉ်အား ၅ဃ/xxxx တောင်ပြာတန်းခရီးသည်တင် မှန်လုံယာဉ်ကကျော်တက်စဉ် နောက်ဘက်မှ ၀င်ရောက်တိုက်မိသဖြင့်

ချီစာဆလွန်းယာဉ်မှာ ခရီးသည်တင်ယာဉ်ရှေ့မှချိတ်
လျက်ရှေ့ကိုက်(၁၀၀)ခန့်ထိ ဒရွတ်တိုက်ပါသွားပြီး ယာဉ်(၂)စီးလုံး လမ်းလယ်ကျွန်းပေါ်ရောက်ရှိကာ ချီစာယာဉ်ပေါ်သို့ခရီးသည်တင်ယာဉ်က တစ်ဝက်ခန့်အထိပိကျသွားခဲ့သည်။

ချီစာယာဉ်မှာ ဒရွတ်တိုက်ပါသွားစဉ် ဆီတိုင်ကီနှင့်ကွန်ကရစ်လမ်း ပွတ်တိုက်မိရာမှ ယာဉ်(၂)စီးစလုံး မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရှိရသည်။

ယာဉ်တိုက်မှုသတင်းရလျှင်ရချင်း အခင်းဖြစ်နေရာသို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းနှင့် ဖြူး၊ မြို့ချောင်းနှင့်ဗောဓိကုန်းတို့ရှိ အမြန်လမ်းရဲစခန်းများမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှုယာဉ်များ၊ လူနာတင်ယာဉ်များ၊

အမြန်လမ်းမီးသတ်နှင့်ဖြူးမြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ယာဉ်(၂)စီး ချက်ချင်းရောက်ရှိခဲ့ကြပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ် ၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြရာ ၀၃၀၀ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ထို့နောက် အမြန်လမ်း တပ်ဖွဲ့ဝင်များသည် ယာဉ်ပေါ်တွင်ပါရှိသော ခရီးသည်များအား ကူညီဆောင်ရွက်ပေးခြင်း၊ သေဆုံးသူအလောင်းများအား ယာဉ်(၂)စီးပေါ်မှဆွဲထုတ်ခြင်း၊ ဒဏ်ရာရရှိသူများအား ဖြူးဆေးရုံသို့ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
မီးလောင်မှုကြောင့် ချီစာဆလွန်းယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည်(၆)ဦး (ကျား/မ ခွဲမရသေး) မီးလောင်သေဆုံးခဲ့သည်။ ထို့အတူ ခရီးသည်တင်မှန်လုံယာဉ်ပေါ်တွင် ခရီးသည် (၄၄)ဦးလိုက်ပါလာရာ ယင်းတို့အနက် (၆)ဦး(ကျား/မ ခွဲမရသေး) အခင်းဖြစ်ရာ၌ မီးလောင်သေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့သည်။

အမြန်လမ်းတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ယာဉ်များအား စနစ်တကျရှင်းလင်းခဲ့ပြီး ချီစာဆလွန်းယာဉ်ပေါ်ပါ မီးလောင်သေဆုံးသူများထံမှ ရွှေဆွဲကြိုး(၂)ကုံး၊ ပလက်တီနံဆွဲကြိုး(၁)ကုံး၊ ရွှေဟမ်းချိန်း(၁)ခု၊ ရွှေလက်ကောက်(၃)ကွင်း၊

မီးလောင်ထားသည့် ငွေစက္ကူရောရာ(၁၄)သိန်း (၄)သောင်း ကျပ်နှင့် ၅ဃ/xxxx တောင်ပြာတန်းယာဉ်ပေါ်ပါ သေဆုံးသူများထံမှ ရွှေဆွဲကြိုး(၁)ကုံး၊ မီးလောင်ပြီးနာရီ (၂)လုံးတို့အား သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် စနစ်တကျသိမ်းဆည်းခဲ့ပြီး သက်ဆိုင်သူများကို စုံစမ်းဖော်ထုတ်လျက် ပြန်လည်ပေးအပ်သွားရန် စီစဉ်ထားကြောင်းသိရသည်။

အဆိုပါမီးလောင်ခြင်းခံရသည့်ယာဉ်ပေါ်မှ ကျန်ခရီးသည်များအား ဖြူးအမြန်လမ်းရဲစခန်းတွင် ခေတ္တခေါ်ယူ၍ ယာဉ်ပေါ်ပါရှိသူ (၁၄)ဦးနှင့် ဆေးကုသမှုခံယူနေသူ

ဒဏ်ရာရ(၅)ဦးတို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထောက်ပံ့သည့် ငွေကျပ်(၂၃)သိန်းအား တစ်ဦးလျှင် ငွေ(၁၀၀၀၀၀ိ/-)၊ ပုဆိုး၊ အင်္ကျီ၊ လုံချည်(၁)စုံစီနှုန်းဖြင့် အမြန်လမ်းရဲတပ်ဖွဲ့မှူးက ရဲချုပ်ကိုယ်စား တစ်ဦးချင်းစီသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ(၅)ဦးမှာ ဖြူးဆေးရုံတွင် ဆေးကုသမှုခံယူနေရာမှ ကျား(၁)ဦးမှာ တောင်ငူဆေးရုံ နှင့် ကျား(၁)ဦး၊ မ(၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမှုခံယူခဲ့ရာ အမြန်လမ်းရဲတပ်ဖွဲ့မှူးက ကြပ်မတ်၍ပို့ဆောင်ပေးပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့သည်။

မီးလောင်မှုကြောင့် ချီစာဆလွန်းယာဉ်မှာ တန်ဘိုးငွေကျပ်သိန်း(၁၁၀)ခန့်၊ တောင်ပြာတန်း ခရီးသည်တင်မှန်လုံယာဉ်မှာ တန်ဘိုးငွေကျပ်သိန်း(၇၅၀)ခန့်၊ ယာဉ်ပေါ်ပါကုန်ပစ္စည်းနှင့်အ၀တ်အထည် တန်ဘိုးငွေကျပ်သိန်း(၄၀)ခန့်၊

စုစုပေါင်းတန်ဘိုးငွေကျပ်သိန်း(၉၀၀)ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးသွားသော ခရီးသည်တင်မှန်လုံယာဉ်မောင်းနှင်သူ အောင်ဇေယျ အား ဖြူးအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းနှင့် တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အပြည့်အစုံသို့ »