Showing posts sorted by relevance for query MH 370. Sort by date Show all posts
Showing posts sorted by relevance for query MH 370. Sort by date Show all posts

တရားခံပစ်မှတ်ကို ပြောင်းလိုက်သော MH 370 ရှာပုံတော်


(ဘဲလားလေဘာတီ)

ခရီးသည် ၂၃၉ ဦးပါတဲ့ လေယာဉ် MH 370 အစအန ပျောက်ဆုံးနေခဲ့တာ ဒုတိယပတ်ထဲကို ရောက်နေပါပြီ။ ပျောက်တဲ့နေ့ကစပြီး ယနေ့အထိ နိုင်ငံပေါင်း၂၀ ကျော်တို့က တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာ တစ်ခွင်ကို ပြဲပြဲစင်အောင် ရှာဖွေနေကြဆဲပါ။ ပထမတော့ လေယာဉ်ဟာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာကို အကြမ်းဖက် သမားတွေကို ပစ်မှတ်ထားခဲ့ပြီး လေယာဉ် ပျက်ကျသွားပြီလို့ အတည်ပြုလို့ အထက်ပါတိုင်း တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတစ်ခွင် ပြဲပြဲစင်အောင် ရှာဖွေနေခဲ့ကြရာမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ မလေးစစ်တပ်က စစ်တပ်ရဲ့ Radar မှာ MH 370 ဟာ မလေးကျွန်းဆွယ်အရှေ့ ပင်လယ်ပေါ်ကနေ Black Box ကို တမင်ပိတ်ထားပြီး ပုံမှန် နောက်ပြန်လှည့်လို့ မလေးကျွန်းဆွယ်ပေါ်က ဖြတ်သန်းလို့ အိန္ဒိယ သမုဒ္ဒရာထဲက Andaman Islands အက်ဒမင် ကျွန်းစုဆီကို ဦးတည် ပျံသန်းသွားတယ်လို့ ဆိုလာခဲ့ပါတယ်။ ပြီးတော့ လေယာဉ်ဟာ ခုနစ်နာရီခရီးကို ဆက်လက် ပျံသန်းနေခဲ့တယ်လို့လည်း ဆိုပြန်ပါတယ်။ လေကြောင်း ဌာနကလည်း MH 370 မှာ ခုနစ်နာရီ ပျံသန်းဖို့လောက်ပဲ ဆီတွေ ရှိနေတယ်လို့လည်း ဆိုလာပါတယ်။ မှန်ပါတယ်။ မလေးကနေ တရုတ် Beijing အထိကို Flight Hour က ခြောက်နာရီနီးပါး ရှိနေပါတယ်။ ဒီတော့ Beijing ကိုရောက်ရင် MH 370 က ဆီပြန်ဖြည့်ရမှာပါ။ ဒီတော့ မလေးစစ်တပ်က ပြောသလို လေယာဉ်က သူတို့ Radar ရဲ့ Data အရ ခုနစ်နာရီအထိ ဆက်ပျံသန်းနေခဲ့တယ် ဆိုထားပါတယ်။ တကယ်တော့ လေယာဉ်တစ်စင်းမှာ ဆီခုနစ်နာရီစာရှိလို့ အားလုံးခန်းတဲ့အထိ ပျံသန်းလို့ မရပါဘူး။ ဆီခန်းတာနဲ့ ပေါက်ကွဲ ပျက်ကျ သွားနိုင်ပါတယ်။ ဒီတော့ အမေရိကန် သို့မဟုတ် မလေးစစ်တပ်ရဲ့ ဒီ Information က သဘာဝယုတ္တိ မရှိပါဘူး။ ထားပါတော့ သူတို့ပြောတဲ့အတိုင်း ခုနစ်နာရီ ပျံသန်းခဲ့ရင်လည်း အဲဒီ ခုနစ်နာရီ အကြာမှာ လေယာဉ်က ရပ်သွားပါပြီ။ ဒီတော့ လေယာဉ်တစ်စင်း မိုင် ၄၅၀ ကနေ ၅၀၀ နှုန်းအထိ ပျံသန်းပါတယ်။ ဒီတော့ MH 370 က မူလပြန်ကွေ့သွားတဲ့ နေရာကနေ အနီးဆုံး မိုင် ၂၇၀၀ နဲ့ အဝေးဆုံးမိုင် ၃၁၅၀ မှာ ရှိနေမှာ ဖြစ်ပါတယ်။ မလေးစစ်တပ် Radar မှာ ပေါ်တယ်ဆိုခဲ့ရင် အဲဒီလေယာဉ်က Bearing ဘယ်လောက်မှာ ရှိနေတယ် ဆိုတာကို သိနိုင်ပါတယ်။ ဒီတော့ Distance နဲ့ Bearing ကိုရမှတော့ လေယာဉ်ရဲ့ Position ကို အနီးစပ်ဆုံး ရနိုင်တာမို့ အခုလို စတုရန်းမိုင် တစ်ထောင်အထိ ရှာပုံတော်ဖွင့်နေစရာ လိုမှမလိုတာပဲလေ။ ဒါကြောင့် မလေးစစ်တပ် Radar ရဲ့ Wrong Signal သို့မဟုတ် Radar Observer ရဲ့ Error လို့တောင် ပြောလို့ ရနေပါပြီ။ နောက်တစ်ခုက မလေးစစ်တပ်က ဘာကိုမှ အတိကျ မပြောနိုင်သေးဘဲ စစ်တပ်က Black Box ကို Manually ပိတ်ပြီး Course ပြောင်းခဲ့တယ်လို့ ဆိုရာကနေ ဒီနေ့ Flight Captain ကို သင်္ကာမကင်းဖြစ်လို့ Captain ရဲ့ နေအိမ်ကိုသွားပြီး စစ်ဆေးနေကြလေရဲ့။ တကယ်တော့ ဒီနေ့ MH 370 ပြဿနာကို Logically စဉ်းစားတွေးခေါ် အဖြေရှာသင့်ပါတယ်။

ဒီနေရာမှာ လေယာဉ် ပေါက်ကွဲသွားတာနဲ့ Hijack လုပ်ခံရတယ်ဆိုတဲ့ အချက်နှစ်ချက်မှာ ဘယ်ဟာဖြစ်နိုင်လဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ Black Box ဆိုတာက Flight Data Box ပဲဖြစ်ပါတယ်။ ဒီ Box က Transmit - Receiving နဲ့ Record တွေအားလုံးကို လုပ်ပါတယ်။ Block Box ပျက်သွားရင် ယခုလို လေယာဉ်က ကမ္ဘာနဲ့ လုံးဝအဆက်ပြတ်သွား တတ်ပါတယ်။ သို့သော် Block Box က အလွန်ပျက်ခဲပါတယ်။ သာမန် လေယာဉ် ပျက်ကျတာတောင် Block Box က မပျက်စီးနိုင်သလို လေယာဉ်တစ်စင်း ပျက်ကျရင် သက်ဆိုင်ရာက Block Box ကို အရရှာကြရပါတယ်။ Block Box တွေ့ရင် လေယာဉ်ရဲ့ ဖြစ်ခဲ့တဲ့ ပြဿနာ အားလုံးကို သိနိုင်ပါတယ်။ ဒါကြောင့် Block Box က လေယာဉ် တစ်စင်းလုံးရဲ့အသက်ပါပဲ။ လေယာဉ်တစ်စင်းမှာ Block Box ပျက်စီးဖို့ ဆိုတာက ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်မှသာ ပျက်စီးနိုင်သလို Block Box ကို Flight Captain က တမင်သက်သက် သူ့သဘောနဲ့သူ ပိတ်ပစ်စရာအကြောင်း လုံးဝမရှိပါဘူး။ သင်္ဘော Captain နဲ့ Flight Captainတွေက သူတို့မှာ မိမိ Crew နဲ့ Passenger တွေကို အသက်နဲ့လဲပြီး ကာကွယ်ဖို့ တာဝန်ရှိနေသလို အဲဒီတာဝန်ကိုလည်း လေးစားတတ်ကြပါတယ်။ သင်္ဘောတစ်စင်း နစ်တော့မယ်ဆိုရင် Captain က မိမိ Crew အားလုံး Life Boat ပေါ်စုံမှ နောက်ဆုံးမှ သင်္ဘောက ဆင်းရတာမျိုးပါ။

ဒါပေမဲ့ ဒီနေ့ မလေးဝန်ကြီးက MH 370 Captain က လေယာဉ်ကို ပြန်ပေးဆွဲသွားတယ်လို့ သင်္ကာမကင်း ဖြစ်သွားတယ် ဆိုကတည်းက မလေးစစ်တပ်နဲ့ ဝန်ကြီးတို့က အလွန် Confuse ဖြစ်နေကြပြီး ပြဿနာတစ်ခုကို Logically မစဉ်းစားကြဘဲ ယုန်ထင်ကြောင်ထင်တွေ လျှောက်ပြောနေသလို ဖြစ်လာနေပြီး တဖြည်းဖြည်း ဝန်ကြီးလည်း Color Out လာနိုင်ပါတယ်။ ဒီပြဿနာမှာ ပြန်ပေးဆွဲခံရတာနဲ့ ပေါက်ကွဲ ပျက်ကျသွားတယ် ဆိုတဲ့အချက်မှာ ဘယ်ဟာက ဖြစ်နိုင်ခြေရှိလဲ ဆိုတာကို တွေးခေါ်ယူရပါ့မယ်။ ဒီတော့ လေယာဉ်ကို ပြန်ပေးဆွဲရာမှာ အကြမ်းဖက်သမားတွေသာ ဖြစ်တတ်ကြပြီး အကြမ်းဖက်သမားတွေက Anti American ဖြစ်နေတာများတာမို့ အမေရိကန်နဲ့ အမေရိကန် မဟာမိတ် ဗြိတိသျှ လေယာဉ်မျိုးတွေကိုသာ ဆွဲတတ်ကြတာမျိုး။ အခုလို အစ္စလာမ်နိုင်ငံ မလေးပိုင် လေယာဉ်ကို ပြန်ပေးဆွဲဖို့ အားအလွန်နည်းပါတယ်။ နောက်တစ်ချက် အကြမ်းဖက်သမားတွေမှာ Hijack လုပ်ရတဲ့ အကြောင်းရင်းနှစ်ခုပဲ ရှိပါတယ်။ တစ်အချက်ကတော့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုကြောင့် Hijack လုပ်တဲ့ လေယာဉ်ပျံတွေကို မိမိကိုယ်မိမိပါ စတေးပြီး အားလုံးကို အသားလွတ် ဖောက်ခွဲ ဖျက်ဆီးပစ်တာမျိုးရယ်၊ နှစ်အချက်ကတော့ သူတို့မှာ လေယာဉ်နဲ့ ခရီးသည်တွေကို ဓားစာခံ ခေါ်ထားပြီး တစ်ခုခုကို အစိုးရတွေဆီက တောင်းဆိုဖို့ပဲ ဖြစ်ပါတယ်။ သုံးအချက်ကတော့ အကြမ်းဖက်သမားတွေ ဘယ်တော့မှ Ground Stationတွေနဲ့ အဆက်ပြတ်အောင် Black Box သို့မဟုတ် Communication တွေကို ပြတ်တောက်အောင် မလုပ်တတ်ကြပါဘူး။ ဖောက်ခွဲရင်လည်း လူသိရှင်ကြား လုပ်ပြီးမှ ဖောက်ခွဲပစ်ကြသလို သူတို့မှာ တောင်းဆိုစရာရှိလည်း ခေါင်းဆောင်ကိုယ်တိုင် တာဝန်ရှိသူများနဲ့ တိုက်ရိုက် ဆက်သွယ်လို့ တောင်းဆို တတ်ကြပါတယ်။ ဒီတော့ MH 370 ကို ပြန်ပေးဆွဲ သွားကြတယ်ဆိုရင် ပြန်ပေးက တစ်ခုခုကို တောင်းဆိုရမှာ ဖြစ်သလို တောင်းဆိုမှုအတွက် တစ်ပတ်ကိုးသီတင်း ကြာနေစရာလည်း အကြောင်း မရှိနိုင်ပါဘူး။

နောက်တစ်ချက် ယနေ့ Flight Captain ကို သင်္ကာမကင်းဖြစ်လို့ စစ်ဆေးနေကြရအောင် Captain က မလေးလူမျိုး စစ်စစ်ပါ။ ပြီးတော့ သူ့မှာ မိသားစုတွေနဲ့ နိုင်ငံတိုင်းမှာ Pilot ဆိုတာက အဆင့်အတန်းရှိရှိ နေနိုင်တဲ့ လူတန်းစားထဲ ပါနေသလို ပညာတတ်လည်း ဖြစ်ကြပါတယ်။ မလေးစစ်တပ်က ပြောသလို Captain က Black Box ကိုပိတ်ပြီး လေယာဉ်ကို Andaman Islands အက်ဒမင် ကျွန်းစုဆီကို Cause ပြောင်းသွားတယ်ဆိုတာ ဘာလုပ်ဖို့လဲ။ သူက ပြန်ပေးဆွဲ သွားတယ်ပဲထား။ ဘာကို တောင်းဆိုမှာလဲ။ ယနေ့အထိ ဘာကိုမှ မတောင်းဆိုဘဲ ဘာလို့ငြိမ်နေစရာ ရှိမလဲ။ ပြီးတော့ လေယာဉ်ဆိုတာက Cell Phone လို Sin Card ဖြုတ်လွှတ်ပစ်ပြီး ရောင်းစားလို့ ရတာမျိုးမှ မဟုတ်တာပဲလေ။ နောက်တစ်ချက်က လေယာဉ်တစ်စင်းမှာ ပေါက်ကွဲ ပျက်စီးနိုင်တာက အကြမ်းဖက်သမားတွေ တက်ပြီး ဗုံးဖောက်ခွဲမှ မဟုတ်ပါဘူး။ လေယာဉ်ရဲ့ Fuel System က Leakage or internal crack တစ်ခုခုက လေယာဉ် မတက်ခင်ကတည်းက ရှိနေခဲ့ရင် အဲဒီ လေယာဉ်တက်လို့ တစ်နာရီ နှစ်နာရီအတွင်း Speed တင်လာတာနဲ့ Leakage or Crack တွေကြောင့် လေယာဉ်က ရုတ်တရက် ပေါက်ကွဲ သွားတတ်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ အာကာသယာဉ် ကိုလံဘီယာ ဒီလိုပုံစံအတိုင်းပဲ ပေါက်ကွဲခဲ့ရတာပါပဲ။

ဘာပဲဖြစ်ဖြစ် ယနေ့အထိ မလေးဝန်ကြီးတွေရဲ့ သတင်းထောက်များကို ပြောနေတဲ့ ရှင်းလင်းပွဲတိုင်းမှာ MH 370 က ပြန်ပေးဆွဲ ခံထားရတယ်လို့သာ အတည်ယူ ပြောနေကြတာတော့ အမှန်ဖြစ်နေပေမယ့်ံ Hijack လုပ်ရခြင်းရဲ့အကြောင်းတရား အရင်းခံက ဘာဖြစ်နိုင်လဲ၊ ပြန်ပေးသမားတို့ရဲ့ သဘာဝအတိုင်း ဘာကြောင့် အကြမ်းဖက်သမားတွေက ဘာကိုမှ မတောင်းဆိုဘဲ တစ်ပတ်ကိုးသီတင်း ရေငုံနေကြရတာလဲ ဆိုတာကို ဘာမှ မစဉ်းစားကြသလို Pilot ကကော သူ့မိသားစုတွေ ဒီမှာပစ်ထားပြီး ဘယ်လိုအကြောင်းကြောင့် လေယာဉ်ကို ပြန်ပေးဆွဲစရာ ရှိနိုင်မလဲ ဆိုတာတွေကိုတော့ ဘယ်သူကမှ တွေးခေါ် စဉ်းစားကြတာမျိုး မရှိကြပါဘူး။ ယနေ့ ဝန်ကြီးရဲ့ နောက်ဆုံး သတင်းစာရှင်းလင်းပွဲ ကျတော့လည်း ယနေ့အထိ တောင်လား၊ မြောက်လားတောင် မသိသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးလား ဆိုတာကို သိလိုက်ရပါတယ်။

နောက်ဆုံး အားလုံးက Hijack လုပ်ထားသူတွေက ဘာကိုမှ မတောင်းဆိုဘဲ ဘာကြောင့် တစ်ပတ် ကိုးသီတင်း ရေငုံနေစရာ ရှိနိုင်မလဲ ဆိုတာကို တွေးခေါ်စဉ်းစား ယူတတ်ရင် MH 370 ရဲ့ အဖြေက ထွက်သွားနိုင်ပါတယ်။ ပြန်ပေးဆို တစ်ခုစဉ်းစားစရာ ရှိနေတာက တရုတ်က တစ်လောက တရုတ် အစ္စလာမ် ဘာသာဝင်တွေကို အကြီးအကျယ် နှိပ်ကွပ်ခဲ့တာမို့ တရုတ်လူမျိုး အများဆုံးပါတဲ့ ဒီလေယာဉ်ကို ကလဲ့စားချေချင်လို့ လုပ်သွားတာမျိုးလား ဆိုတာလေး တစ်ခုကိုတော့ စဉ်းစားစရာ ရှိပါတယ်။ နောက်တစ်ခုက Pilot က ပြန်လှည့်ပြီး အိန္ဒိယ Andaman ကျွန်းစုဘက်ကို သွားတယ်ဆိုရင် Communication ပြတ်တောက်သွားလို့ သို့မဟုတ် ပြဿနာ တစ်ခုခုကြောင့် ပြန်လှည့်ပြီး Safety Landing Area တစ်ခုကို ရှာဖို့သွားတာမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင် လေယာဉ် ပြန်ပေးဆွဲဖို့ ပြန်လှည့် သွားတာမျိုး အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် MH 370 နဲ့ ခရီးသည်အားလုံးနဲ့ Ship Crew အားလုံး ဘေးမသီရန်မခဘဲ ဂမ္ဘီရဆန်ဆန် ပြန်ရောက်လာနိုင် ကြပါစေသော်။

The Voice Weekly 
အပြည့်အစုံသို့ »

MH-370 အလိုအလျောက်စနစ်ဖြင့် ပျံသန်းနေစဉ် ပျက်ကျသွားခြင်း ဖြစ်မည်ဟု သြစတြေးလျ ထုတ်ပြန်



ကန်ဘာရာ၊ ဇွန် ၂၆

မလေးရှား လေကြောင်းလိုင်းပိုင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းစဉ် ဆီကုန်ကာ ပျက်ကျသွားခြင်း ဖြစ်ရန် သေချာသလောက်ရှိပြီး ရှာဖွေရေး လုပ်ငန်းများကို အိန္ဒိယသမုဒ္ဒရာ၏ ယခုထက်ပိုမို၍ တောင်ဘက်ပိုင်းကျသော ဧရိယာတွင် ပြောင်းရွှေ့ ပြုလုပ်သွားမည်ဟု သြစတြေးလျ အာဏာပိုင်များက ကြေညာလိုက်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မတ်လ ၈ ရက်နေ့က လူပေါင်း ၂၃၉ ဦးကို တင်ဆောင်ကာ ပျောက်ဆုံးသွားသော MH-370 လေယာဉ်ကို သြစတြေးလျနိုင်ငံ ဦးဆောင်သော နိုင်ငံတကာ ရှာဖွေရေး တပ်ဖွဲ့ဝင်များက အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေနေသည်မှာ လေးလနီးပါး ရှိပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ ခိုင်မာသော အထောက်အထား တစ်ခုမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးချေ။

ရှာဖွေရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ကာလတစ်လျှောက် တွေ့ရှိခဲ့ရသည့် အချက်အလက်များကို ကျွမ်းကျင်သူများက ပြန်လည်သုံးသပ် ပြီးသည့် နောက်တွင် MH-370 လေယာဉ်သည် အလိုအလျောက် မောင်းနှင်စနစ်ဖြင့် ပျံသန်းရင်း ပျက်ကျသွားခြင်းဖြစ်ရန် သေချာသလောက်နီးပါး ရှိသည်ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရင်ထရက်စ်က ကြေညာခဲ့သည်။

ဝါရင်ထရက်စ်၏ ကြေညာချက်ကို သြစတြေးလျ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေး ဗျူရို၏ အကြီးအကဲ မာတင်ဒိုလန်ကလည်း ထောက်ခံခဲ့ပြီး “MH-370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းကို ပျံသန်းခဲ့ပြီး ဆီကုန်တဲ့အထိ အလိုအလျောက် မောင်းနှင်စနစ်နဲ့ မောင်းနှင်ခဲ့တာ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဝါရင်ထရက်စ်က ယခုအခါတွင် ရှာဖွေတွေ့ရှိသည့် အချက်အလက်များကို ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ပိုမိုဝေးလံသော နေရာတွင် ရှာဖွေရေး ဧရိယာအသစ်တစ်ခု သတ်မှတ်ပြီးပြီ ဖြစ်ကြောင်းနှင့် ထိုရှာဖွေရေး ဧရိယာအသစ်သည် စတုရန်း ကီလိုမီတာ ၆၀,၀၀၀ ခန့် ကျယ်ဝန်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“MH-370 လေယာဉ်နဲ့ ဂြိုဟ်တုအကြား နောက်ဆုံးဆက်သွယ်မှု ရရှိခဲ့တဲ့ အချက်အလက်ပေါ် မူတည် ရေးဆွဲထားတဲ့ ပျံသန်းမှု လမ်းကြောင်းအရ ရှာဖွေရေး ဧရိယာအသစ်ကို သတ်မှတ်ထားတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခု အသစ်သတ်မှတ်လိုက်သော ရှာဖွေရေး ဧရိယာသည် သြစတြေးလျနိုင်ငံ ပက်သ်မြို့ အနောက်ဘက် ကမ်းရိုးတန်းနှင့် မိုင် ၁၁၀၀ ခန့် ကွာဝေးပြီး ရှာဖွေရေး ဧရိယာအသစ်သည် MH-370 လေယာဉ်ပျက်ကျခဲ့သည့် နေရာဖြစ်ရန် အလားအလာများစွာ ရှိသည်ဟု မစ္စတာထရက်စ်က ပြောကြားထားသည်။

လက်ရှိအချိန်တွင် တရုတ်သင်္ဘော တစ်စင်းနှင့် သြစတြေးလျ သင်္ဘောတစ်စင်းသည် ရှာဖွေရေး ဧရိယာအသစ်၏ ရေအောက်ကြမ်းပြင်ကို မြေပုံထုတ်ခြင်းလုပ်ငန်း လုပ်ဆောင်နေပြီး လုပ်ငန်းပြီးဆုံးရန် အချိန်သုံးလခန့် ကြာမြင့်မည် ဖြစ်သည်။

ပင်လယ်ကြမ်းပြင် မြေပုံထုတ်ခြင်းလုပ်ငန်း ပြီးဆုံးမှ လေယာဉ်ရှာဖွေခြင်း လုပ်ငန်းကို စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကာ အချိန်အားဖြင့် တစ်နှစ်ခန့် ကြာမြင့်နိုင်သည်ဟု သြစတြေးလျ အာဏာပိုင်များက ခန့်မှန်းထားသည်။

The Voice Weekly
အပြည့်အစုံသို့ »

နာမည်ကျော် အဆိုတော် ရှာကီရာနှင့် ပစ်ဘူးလ် တို့သီဆိုထားသော သီချင်းစာသားများမှာ နားလည် ရခက်အောင် ပျောက်ဆုံးနေသော မလေးရှား လေယာဉ် MH 370 အဖြစ်အပျက်နှင့် ထူးဆန်းအံ့သြဖွယ် တိုက်ဆိုင်နေ


အဆိုတော် ရှာကီရာနှင့် ပီဘူးလ်တို့ သီဆိုထားသော “Get It Started”အမည်ရှိ You Tube ပေါ်ရှိ ဗီဒီယိုပါ စာသားများသည် ပျောက်ဆုံးနေသော MH 370လေယာဉ် အဖြစ်အပျက်နှင့် တူညီနေသည်ဟုဆိုသည်။

“Get It Started”သီချင်းကို ပီဘူးလ်နှင့် ရှာကီရာတို့မှ သီဆိုခဲ့ပြီး ကြည့်ရှုသူများ၏ စိတ်ဝင်စားမှု အများအပြားရရှိခဲ့သည်။နောက်ပိုင်းတွင် သီချင်းစာသားများမှာ ရှာဖွေနေဆဲဖြစ်သည့် မလေးရှားလေယာဉ် MH 370 နှင့် ထူးဆန်းစွာ တူညီနေသည်ဟု ကြည့်ရှုသူများမှ ပြောဆိုခဲ့သည်။
ဤသီချင်းဗီဒီယိုကို ၂၀၁၂ခုနှစ်တွင်တင်ခဲ့ပြီးယင်းအချိန်မှ စ၍ ကြည့်ရှုသူပေါင်း ၇သန်းကျော်ရှိသည်ဟုဆိုသည်။သီချင်းစာသားများတွင်”Now its off to Malaysia”( မလေးရှားမှထွက်ခွာခြင်း)၊”two passports”(ပတ်စ်ပို့ နှစ်ခု)၊”three cities”(မြို့သုံးမြို့)၊”two countries a day”(တစ်နေ့နှစ်နိုင်ငံ)ဆိုသည့် စာသားများပါဝင်သည်။

ကြည့်ရှုသူများက ”two passports”(ပတ်စ်ပို့ နှစ်ခု) ဆိုသည့် သီချင်းစာသားမှာ ပတ်စ်ပို့ အတုကိုင်ဆောင်ထားသော အီရန် နိုင်ငံသားနှစ်ဦး မှ သြစတြီးယားနှင့် အီတလီ ပတ်စ်ပို့များ ကိုင်ဆောင်ထားသည်ကို ရည်ညွှန်းသည် ဟု အဓိပတ်စ်ပို့ အတုကိုင်ဆောင်ထားသော အီရန် နိုင်ငံသားနှစ်ဦး မှ သြစတြီးယားနှင့် အီတလီ ပတ်စ်ပို့များ ကိုင်ဆောင်ထားသည်ကို ရည်ညွှန်းသည် ဟု အဓိပ္ပာယ်ဖော်ခဲ့ကြသည်။

”Three cities” (မြို့သုံးမြို့) ဆိုသည်မှာ မလေးရှား၊ တရုတ်နှင့် ဗီယက်နမ် မြို့တော်များကို ရည်ညွန်းပြီး ၊“Two countries”(နိုင်ငံနှစ်ခု)ဆိုသည်မှာ မလေးရှားနှင့် ဗီယက်နမ်ဖြစ်နိုင်သည်ဟု ကြည့်ရှုသူများမှ ပြောဆိုခဲ့ကြသည်။

ကြည့်ရှုသူများမှ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370နှင့်သီချင်းကြား တူညီမှုများကို မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အခြားဗီဒီယိုများနှင့် မတူသည်မှာ ဤဗီဒီယိုသည် ဖျော်ဖြေသူနှစ်ဦး၏ သီချင်းစာသားများနှင့် အသံများကိုသာ ပြသခြင်းဖြစ်သည်။
ကြည့်ရှုသူတစ်ဦးဖြစ်သည့် Jai Rui က “ဒီသီချင်းက MH 370 အဖြစ်အပျက်နဲ့ ဆက်စပ်နေပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

သီချင်းစာသားများထဲမှ “No Ali,No Freezer,but for now off to Malaysia” ဆိုသည့်စာသားများမှာ ပျောက်ဆုံးနေသည့် မလေးရှား လေယာဉ် MH 370 အားရှာဖွေရန် အတွက် ကြည့်ရှုသူများအား ဆက်နွယ်မှုများ ပေးသကဲ့သို့ဖြစ်နေသည်ဟုလည်း ဆိုသည်။
သီချင်းတွင်ပါရှိသော “Ali”ဆိုသူမှာ ပတ်စ်ပို့ အတုကိုင်ဆောင်ပြီး လေယာဉ်နှင့် လိုက်ပါသွာခဲ့သော မစ္စတာ အာလီအား ရည်ညွန်းခြင်းဖြစ်သည်ဟု လည်းဆိုကြသည်။

ပတ်စ်ပို့ အတုကိုင်ဆောင်ပြီးလေယာဉ်နှင့် လိုက်ပါသွားခဲ့သည့် Ali ဆိုသူမှာ အမှန်စင်စစ်တွင် အသက် ၁၉နှစ် အရွယ်ရှိသော Pouria Nourmohammadi ဖြစ်သည်ဟု မလေးရှားအာဏာပိုင်များမှ နောက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။
Ali သည် သူ့အား စောင်းဆိုင်းနေသော မိခင်ရှိရာ ဂျာမနီနိုင်ငံ Frankfurt သို့သွားရောက်ခြင်းဖြစ်သည်။

သီချင်းစာသားများမှာ လေယာဉ် အဖြစ်အပျက်များနှင့် ထပ်တူကျနေသည်။လူပေါင်း ၂၃၉ဦးနှင့် အတူပျောက်ဆုံးနေသော MH 370အားတွေးတောမည့် အစား ဤသီချင်းအားပို၍ နှစ်သက်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ကြောင်း အချို့သော ကြည့်ရှုသူများ မှပြောဆိုခဲ့သည်။


Credit- သတင်းဘုရင်
အပြည့်အစုံသို့ »

MH370 ပျောက်ဆုံးမှုဟာ ၉/၁၁ လို တိုက်ခိုက်မှု အသစ်ဖြစ်လာစေမှာလား



အမေရိကန်ရဲ့မြို့တွေကို ဗုံးအပြည့်တင်ဆောင်ထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်လိမ့်မယ်

မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ြံ ၃၇ဝ လေ ယာဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တွေကို ဗုံးများတင် ဆောင်ထားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ အကြီးစားအကြမ်းဖက် တိုက် ခိုက်မှုအစီအစဉ်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ယုံကြည်နေကြပါတယ်။

The Enquirer က ရေးသားဖော်ပြရာမှာတော့ ထောက်လှမ်း ရေးထိပ်တန်းအရာရှိတွေက ၉/၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက် ခိုက်မှုမျိုး ထပ်မံလုပ်ဆောင်ဖို့အတွက် MH 370 ကို အယ်လ်ခိုင်ဒါဆက် စပ်အဖွဲ့အစည်းတွေက အစဖျောက်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်နေချိန်မှာ

အခြားတစ်ဖက်မှာလည်း MH 370 ရဲ့ လေယာဉ်မှူးများဖြစ်ကြတဲ့ ဇာ ဟာရီဟာမက်နဲ့ တွဲဖက်လေယာဉ်မှူး ဖာရစ်အဘဒူဟာမစ်တို့ဟာ အဆင့် မြင့်လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်အဖွဲ့ဝင်ရဲ့အကူအညီကို ရယူခဲ့ပြီး ဘိုရင်း ၇၇၇ကို အစဖျောက်ခဲ့ခြင်းဖြစ်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ဖို့ ကြိုးစား နေကြတယ်လို့ ပင်တဂွန်ဌာနချုပ်အရာရှိတစ်ဦးက ပြောပြခဲ့ကြောင်း သိရပါတယ်။

နောက်ပြီး ဝါရှင်တန်က MH 370 ပျောက်ဆုံးမှုဟာ အကြမ်း ဖက်အဖွဲ့အစည်းတွေက အာဏာပိုင်တွေရဲ့ လေကြောင်းထောက်လှမ်း ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်ဖို့ စမ်းသပ်မှုတစ်ခုအဖြစ် လုပ် ဆောင်မှုတစ်ရပ်ဖြစ်မှာကိုလည်း ပူပန်နေကြတယ်လို့ သိရပါတယ်။

မြောက်ကာရိုလိုင်းနား တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ ''Polioing World Society'' နဲ့ ''Terrorism and counter terrorism'' စာအုပ်တွေကိုရေးသားခဲ့တဲ့ ဒေါက်တာမက်သီရန်ဒီဖလမ်က MH 370 လေယာဉ်ဟာ ဗုံးအဖြစ်အသုံးပြုဖို့ ခိုးယူခြင်းခံရခြင်းဖြစ်နိုင်တယ်လို့ The Enquirer ကို ပြောပါတယ်။

အမေရိကန် ထိပ်တန်းထောက်လှမ်းရေး အရာရှိတွေဟာ MH370 ကို အီရတ် ဒါမှမဟုတ် အာဖဂန်နစ္စတန်အခြေ စိုက် အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ဖို့အတွက် အကြမ်းဖက်အဖွဲ့ က အသုံးပြုနိုင်ခြေရှိမရှိကိုလည်း ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

အမေရိကန်ထောက်လှမ်းရေးထိပ်တန်းအရာရှိတွေက MH370 လေယာဉ်ကို အခုချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက ဗုံးများ သို့မဟုတ် နျူကလီးယားလက်နက်များ တပ်ဆင်နေတယ်လို့ မထင်မရှား သက်သေတွေနဲ့ သံသယရှိယုံကြည်နေရခြင်းမှာ အကြောင်းရှိပါတယ်။

၂ဝဝ၆ခုနှစ်မှာ ဗြိတိန်နိုင်ငံက စနမသထငိန အစဖြစ်တဲ့ အရည်ဗုံးများတင် ဆောင်ထားတဲ့ လေယာဉ်တစ်စင်းအပါအဝင် အမေရိကန်နဲ့ ဗြိတိန်ပျံသန်း တဲ့ အခြားလေယာဉ် ၁ဝစင်းခန့်မှာလည်း အစားဖန်တီးဖို့ကြံစည်မှုကို စစ်ဆေးတွေ့ရှိခဲ့ပြီး အကြမ်းဖက်မှုအတွက်ကြံစည်ခဲ့တဲ့ လေယာဉ် ၁ဝ စင်းမှာ နှစ်စင်းက MH370 လိုပဲ ဘိုရင်း ၇၇၇ လေယာဉ်တွေဖြစ်ကြပါတယ်။

MH370 မပျောက်ဆုံးခင် သုံးရက်အလိုမှာလည်း အလားတူဖြစ်ရပ်မျိုး အမေရိကန်အစိုးရအရာရှိတွေက စစ်ဆေးတွေ့ရှိမှုရှိခဲ့တယ်လို့ အတွင်း ပိုင်းသတင်းတွေအရ သိရကြောင်း နညဆကငမနမ က ရေးသားဖော်ပြထား ပါတယ်။

The Enquirer ရဲ့ အခြားသောဖော်ထုတ်မှုတစ်ခုကတော့ အမေရိ ကန်လေကြောင်းလိုင်း လေယာဉ်မှူးများအဖွဲ့ကထွက်ပေါ်လာတဲ့ သတင်း ဖြစ်ပြီး ¤င်းတို့ရဲ့ လေယာဉ်ပျံသန်း မှုအစီအစဉ်တွေနဲ့ အတွင်းပိုင်းလေ ယာဉ်တွေရဲ့တုံ့ပြန်မှုကို စမ်းသပ်ခံ ရတာကို သံသယဖြစ်ဖွယ်ရာတွေ့ ရှိခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မယ့် လေယာဉ်ကို သံသယရှိရင် အမေ ရိကန် စီးပွားရေးလေကြောင်းလိုင်း ကဖြစ်နေမလားလို့ နှစ်ခါမစဉ်းစား ဘဲ ပစ်ချပစ်ဖို့ လမ်းညွှန်ချက်တွေရှိကြောင်း သိရပါတယ်။

Enquirer ရဲ့ ထပ်မံဖော်ထုတ်မှုကတော့ MH 370 ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာ မှာ အယ်လ်ခိုင်ဒါအဖွဲ့ဝင်တစ်ဦး က ၉/၁၁ပုံစံမျိုး အကြမ်းဖက်တိုက် ခိုက်မှုပြုလုပ်နေတဲ့ မလေးရှား အစ္စ လာမ္မစ်အစွန်းရောက်များနဲ့ အဆက် အသွယ်ရှိခဲ့ကြောင်း ဝန်ခံခဲ့တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။

အယ်လ်ခိုင်ဒါအဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ဗြိတိန်ဖွား ဆာဂျစ်ဘာ ဒက်ကိုက နယူးယောက်ခ်တရားရုံးမှာ ထွက်ဆိုရမှာတော့ မလေးရှား နိုင်ငံသားတစ်စုကို ဖိနပ်ဗုံးခွဲနည်းပေးဖို့ သင်ကြားပို့ချမှုခံယူရဖူးပြီး

၎င်း အဖွဲ့ထဲကတစ်ယောက်ဟာ လေယာဉ်ပြန်ပေးဆွဲဖို့ပြင်ဆင်နေတဲ့ လေ ယာဉ်မှူးတစ်ဦးဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်းသိရပါတယ်။ ဘာဒက် က ယင်းအဖွဲ့ဟာ ယခုအခါ ၉/၁၁ လိုလုပ်ရပ်မျိုးလုပ်ဖို့ အဆင်သင့်ဖြစ် နေပြီလို့လည်း ထွက်ဆိုခဲ့ကြောင်း နညဆကငမနမ က ရေးသားဖော်ပြထား ပါတယ်။

အမေရိကန်အစိုးရ ထိပ်တန်းအဖွဲ့အစည်းများရဲ့ ရင်းမြစ် များကရရှိတဲ့ အချက်အလက်တွေနဲ့ MH 370 လေယာဉ်ပျောက်ဆုံးမှု အတွက် အမေရိကန်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို The Enquirer က အမေ ရိကန် နိုင်ငံသားတိုင်းဖတ်ရန်ဟူသော ခေါင်းစီးနဲ့အတူ ရေးသားဖော်ပြခဲ့ ခြင်းဖြစ်ပါတယ်။

Ref: The Enquirer
Flower News Journal အတွဲ (၁၀) အမှတ် (၁၄)
[ The Flower News Journal | The Yangon Times Journal ]
| Yangon Media Group
အပြည့်အစုံသို့ »

MH370 ပျောက်ဆုံးမှုအပေါ် နိုင်ငံတကာလေယာဉ်မှုများရဲ့ အယူအဆ


ဘိုးရင်း ၇၇၇ ကို မောင်းနှင်ပျံသန်းနေကြပြီး သူတို့ အားလုံး
ရဲ့ပျံသန်း ချိန်စုစုပေါင်း နာရီ ၅၀ ၀၀၀ ကျော်ရှိတဲ့ လေယာဉ်မှုး
တစ်ချို့ဟာ ချီကာဂိုမြို့က ဟိုတယ်တစ်ခုမှာတွေ့ကြပါတယ်။

လေကြောင်းလိုင်းပေါင်းစုံက လေယာဉ်မှုးတွေဟာ ခရီးတစ်
ထောက်နားရင်း တွေ့ကြတော့ လတ်တလောပြောစရာဖြစ်
နေတဲ့ MH 370 အကြောင်းဟာ ခေါင်းစဉ်အောက်အလိုလို
ရောက်လာပါလေရော။ MH 370 ခရီးစဉ်မှာသုံးတဲ့လေယာဉ်
အမျိုးအစားဟာ သူတို့ နိုင်နင်းကျွမ်းကျင်စွာပျံသန်းနေတဲ့
လေယာဉ်အမျိုးအစားဖြစ်နေတာကိုး။

ပြောကြဆိုကြတဲ့ အချိန်ကလည်း MH 370 လေယာဉ်ဟာ
ပျက်ကျတာသေချာသလောက်နီးပါးဖြစ်နေချိန်ဆိုတော့
ကင်းလှည့်လေယာဉ်တွေ စစ်သင်္ဘောတွေကလည်း
ဝေးလံတဲ့ရေပြင်ကိုဦးတည်ရှာနေကြပါပြီ။

စားရင်းသောက်ရင်းပြောခဲ့တာတွေထဲက တညီတညွတ်ထဲ
သဘောတူကြတဲ့ အချက် ၁၂ ချက် ကို တင်ပြပါ့မယ်။

၁။ MH-370 ရဲ့ ဆက်သွယ်ရေးစက်တွေ ထားရာခုံမှ မီးလောင်
ခဲ့သည်။ ထိုခုံကို ပဲ့ထိန်းစင်လို့ခေါ်သလို အလယ်ခုံမြင့်လို့လည်း
ခေါ်သည်။ VHF အသံလွှင့်စက် သုံးလုံး၊ HF စက် ၂ လုံး၊ ထရန်
စပွန်ဒါခေါ်တဲ့ရေဒါအခြေခံလေယာဉ်အမှတ်အသားပေးပို့စက်၊ CDUခေါ်တဲ့ဂြိုလ်တုဆက်သွယ်ရေးနဲ့VHFအချက်အလက်ဆက်
သွယ်ချိတ်ဆက်တဲ့မျက်နှာပြင်ယူနစ်တွေရှိတယ်။အဲဒါဟာက
လေယာဉ်မှုးနှစ်ယောက်ရဲ့ထိုင်ခုံတွေကြားမှာပါ။

၂။ မီးဟာလျှပ်စစ် ပတ်လမ်းတွေကို ပူးစေပြီး ချက်ခြင်းဆိုသလို
မြေပြင်နဲ့ဝေဟင် အဆက်အသွယ်ပြတ်စေခဲ့တယ်။

၃။ MH370 ရဲ့ ကွာလာလမ်ပူလေကြောင်းထိန်းမျှော်စင်ကို နောက်
ဆုံး သတင်းပို့တဲ့ အသံဟာ ရေးကြီးသုတ်ပြာနဲ့ပုံမှန်မဟုတ်ဘူး။
လက်ထောက်လေယာဉ်မှုး ဖာရွတ် အဘ်ဒူ ရာမာန်ရဲ့ အသံလို့
ဖော်ထုတ်ထားတဲ့ ဆက်သွယ်မှုအဆုံးသတ်နှုတ်ဆက်သံ
“All right, good night” ဟာ ၀၁း၀၉ နာရီမှာ။ နားထောင်ကြည့်
ရတာ ပုံမှန်မဟုတ်။ အဖြစ်အပျက်တစ်ခုခုဖြစ်နေလို့ သူ့စိတ်ထဲမှာ
အဲဒါကို အာရုံစိုက်နေရင်းပြန်ပြောသလိုထင်ရတယ်။

ပုံမှန်အဆက်အသွယ်ဆိုရင်ပြောရမှာက “Roger. Changing over
to Ho Chi Minh Control on (the next frequency).
Malaysian 370. Good night.”

ကောင်းပြီ။ ဟိုချီမင်းထိန်းချုပ်ရေး(နောက်ပြောင်းမယ့်လေ
လှိုင်းမီတာ) မလေးရှား ၃၇၀။ မင်္ဂလာညပါ လို့ဖြစ်ရမယ်။

၎။မီးစလောင်နေချိန်မှာ လေယာဉ်မှုးနှစ်ယောက်ထဲက တစ်
ယောက် အဝေးရောက်နေလိမ့်မယ်။ အိမ်သာဖြစ်ရင်လည်းဖြစ်မှာ
ပေါ့။ မီးသတ်ဆေးဘူးဟာ ဘယ်ဖက်ထိုင်ခုံ (လေယာဉ်မှုးကြီးခုံ)
အနောက်ဖက်မှာရှိပါတယ်။ ဒါကြောင့် လက်ထောက်လေယာဉ်မှုး
ဟာ သူ့ရဲ့ညာဖက်ခုံမှာ ခါးပါတ်ပါတ်ထိုင်လျှက်သား၊လေယာဉ်ကို
ထိန်းချုပ်နေရင်းနဲ့ လှမ်းယူရန်မလွယ်ပါ။

၅။လေယာဉ်မှုးဟာ ဘေးတစ်ဖက်တစ်ချက်လက်တလှမ်းမှာရှိတဲ့
အောက်ဆီဂျင်မျက်နှာဖုံးကိုလှမ်းဆွဲယူပါလိမ့်မယ်။ ဒီမျက်နှာဖုံး
ဟာအရေးပေါ်အခြေအနေမှာသုံးဖို့ အောက်ဆီဂျင်သန့်သန့်
ထုတ်လွှတ်ပေးတော့ လေယာဉ်မောင်းခန်းထဲ မီးလောင်ချိန်
အောက်စီဂျင်ဟာ မီးပိုလောင်ဖို့ဆွပေးသလိုဖြစ်သွားလိမ့်မယ်။

၆။ သူတို့ဟာ အရေးပေါ်အခြေအနေမှာလုပ်ဆောင်ရမယ့် သတ်
မှတ် နည်းလမ်းအတိုင်း သွားနေတဲ့ သတ်မှတ်လေကြောင်းလမ်းက
ခွာပြီး အနီးဆုံးသင့်တော်မယ့် လေယာဉ်ကွင်းကိုလှည့်ကွေ့မယ်။ ပြီးရင်သံမဏိစည်းကမ်းဖြစ်တဲ့ ပျံသန်း(လေယာဉ်ကိုထိန်းပါ)
လမ်းကြောင်းရှာ(ရည်ရွယ်တဲ့ လမ်းကြောင်းကို ဦးတည်ပျံပါ)
ဆက်သွယ်(ထိန်းသိမ်းရေးမျှော်စင်ကို) ဆိုတာကို လိုက်နာ
ခဲ့ကြပါတယ်။ဒါကြောင့် ညာဘက်ကိုချိုးပြီး အနီးဆုံးလေယာဉ်
ကွင်းကိုရှာတာပါ။ဒီဖြစ်စဉ်မှာလန်ကာဝီ ဒါမှမဟုတ် ကွာလာလမ်ပူ
ကို ပြန်လှည့်မှာပါ။

၇။ ဖြစ်နိုင်တာက သူတို့ မီးမသတ်နိုင်ခဲ့ဘူး။ မီးတောက်ပိုများ
လာနိုင်သလို မီးခိုးဖြစ်စေ မမြင်ရတဲ့အဆိပ်ငွေ့ဖြစ်စေဖုံးလွှမ်း
သွားပြီး လေဆိပ်ကို မဆင်းနိုင်ခင်သတိလစ်သွားနိုင်တယ်။

၈။လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေလည်းဒီအရေးပေါ်
အခြေအနေကို ရိပ်စားမိပုံမရကြဘူး။ ဒါကြောင့် မလေးရှားကို
ပြန်ဖြတ်နေတာတောင်ခရီးသည်တစ်ဦးကမှ သူတို့ဖုန်းကိုထုတ်
မဆက်ကြဘူး။ နောက်ပြီး ညနက်ပိုင်းထွက်တဲ့ လေယာဉ်က
ခရီးသည်တွေဟာ အများဖြင့် ခပ်မြန်မြန် အိပ်ပျော်သွားလေ့ရှိ
ကြတယ်။ လေယာဉ်မောင်းခန်းထဲလည်း ကင်မရာမရှိဘူး။

ဒီတော့လေယာဉ်မောင်းခန်းထဲက လောင်နေတဲ့မီးကို တခြား
လေယာဉ်အမှုထမ်းတွေကလည်း မြင်ရမှာမဟုတ်ဘူး။ နောက်
တစ်ခုက လေယာဉ်မောင်းခန်းရဲ့ အင်တာကွန်းစံနစ်ဟာလည်း
ခုနက ဆက်သွယ်ရေးစက်တွေထားတဲ့ အလယ်စင်မှာပဲရှိတာ။ မီးလောင်နေလောက်ရင် လေယာဉ်မှုးကလည်းသုံးလို့ရမှာ
မဟုတ်။

၉။ လေယာဉ်မှုးမထိန်းချုပ်နိုင်တဲ့လေယာဉ်ဟာ ပုံမှန်ဦးတည်ရာ
တောင်ဖက်ကို အလိုလျောက်ထိန်းတဲ့ အော်တို ပိုင်းလော့ စံနစ်နဲ့
ဆီမကုန်မချင်း နောက် ၆ နာရီလောက်ပျံနေဦးမှာ။လေယာဉ်
အမှုထမ်းတွေ က တခုခုတော့လွဲနေပြီလို့ သဘောပေါက်တဲ့ အချိန်
ကျတော့ လေယာဉ်မောင်းခန်းတံခါးရဲ့ လျှို့ဝှက်ကုဒ်သုံးပြီးဖွင့်ဖို့
ကြိုးစားကြမှာပါ။ အဓိကကျတဲ့အစိတ်အပိုင်းတွေဟာ လေယာဉ်
ရဲ့ ပဲ့ထိန်းစင်ကြားမှာရှိလေတော့ တံခါးသော့စံနစ်လည်း ပျက်နေ
လောက်ဖွယ်ရှိပြီး လေယာဉ်အမှုထမ်းတွေ လက်မှိုင်ချနေတာက
လွဲပြီးဘာမှလုပ်မရတော့။ ကုန်းမြေနဲ့အတော်ဝေးနေပြီဆိုတော့
လည်း ဘယ်ဆဲလ်ဖုန်း ကွန်ယက်မှ အနီးအနားမှာရှိဖို့မမြင်။

၁၀။ ဒီလေယာဉ်ခရီးစဉ်မှာ ၇ နာရီစာလောက် ဆီပါလာလောက်
တယ်။ ဒါဟာ ကွာလာလမ်ပူကနေ ကျေင်းအထိပျံသန်းဖို့ဖြစ်ပြီး
ရာနှုန်းနဲနဲကတော့ လမ်းမှာ အရေးအကြောင်းပေါ်ရင်သုံးဖို့ပါ။
အကြမ်းဖျင်း တနာရီခွဲစာလောက်ပေါ့။ တစ်နာရီစာဆီက တခြား
လမ်းလွှဲလေဆိပ်ကို သွားဖို့ နဲ့ နာရီဝက်စာက လမ်းလွှဲလေဆိပ်
မှာဆင်းဖို့စောင့်ဆိုင်းရင်းပျံဝဲနေဖို့ပါ။

၁၁။ ဆီလည်းကုန်ရော MH370 ရဲ့ကြီးမားလှတဲ့ တာဘို အင်ဂျင်ကြီး
နှစ်လုံး၊တစ်လုံးကို ပေါင် ၁၀၀ ၀၀၀ တွန်းအားပေးတဲ့ အကောင်ကြီး
တွေဟာ တစ်လုံးပြီးတစ်လုံး စက်သေသွားပါမယ်။ သို့ပေမယ့်
လေယာဉ်ယာ ရေပြင်ဆီကို ဝဲ ဆင်းလာမှာပါ။

Thrust Asymmetry Compensator (TAC) Automatic Flight
Director System (AFDS)တို့က လေယာဉ်ကို တန့်နေပြီး
ကောင်းကင်ကနေ ပြုတ်ကျမလာအောင် အနဲဆုံး အရှိန်မှာ တဖြည်းဖြည်းဆင်းသက်လာအောင် ထိန်းပေးနေမှာပါ။

ဒါကြောင့် သတင်းတွေမှာဖတ်ခဲ့ရသလို လေယာဉ်ဟာ အနိမ့်ဆုံး
အမြင့်ပေကနေဝဲဆင်းသွားခဲ့တယ်လို့ဆိုကြတာပါ။

၁၂။ နောက်ဆုံး ပျံသန်းခဲ့တဲ့ အမြင့်ပေပေါ်မူတည်ပြီး အလှုပ်အရှား
မရှိတဲ့လေထဲဝဲနေခြင်းဟာမိုင်အနည်းငယ်အထိဆက်သွားနေပြီး
ရေပြင်နဲ့ထိသွားမှာပါ။ လေယာဉ်နဲ့ ရေပြင်ထိရာမှာလည်း ဆောင့်
ပြီးခပ်ကြမ်းကြမ်း ရိုက်ခတ်မိမှာမဟုတ်ပါဘူး။ အဲဒီတော့ ခပ်ကြမ်းကြမ်း
ဆောင့်မိမှ အသက်ဝင်တဲ့ အရေးပေါ်တည်နေရာထုတ်လွှင့်စက်ဟာ
လည်း အလုပ်လုပ်မှာမဟုတ်ပါဘူး။ ဒါမှမဟုတ် အလုပ်လုပ်တယ်ထားဦး
အဆက်အသွယ်ပြု အချက်ပြသင်္ကေတတွေဟာလည်း ဖမ်းမိဖို့ရာ သိပ်
အားနည်းနေနိုင်ပါတယ်။ ပြောထားကြတဲ့ အတိုင်း လေယာဉ်ပျက်ကျတဲ့
နေရာဟာ သမုဒ္ဒရာချောက်နက်ကြီးထဲ ကျနေရင်ဖြစ်ဖြစ်၊ ရေအောက်မှာ
ရှိတဲ့ အတွန့်အခေါက် တောင်တွေထူထပ်တဲ့ရေအောက်ထဲ ရောက်သွား
ရင်ဖြစ်ဖြစ်ပေါ့လေ။

(ကိုဇော်)
ZawMinnHtun‬
အပြည့်အစုံသို့ »

MH 370 လေယာဉ် ရှာဖွေမှု ကုန်ကျ စရိတ်သည် လေယာဉ်ရှာဖွေမှု သမိုင်းကြောင်းတွင် အကုန်အကျ အများဆုံးဖြစ်


မလေးရှား ပျောက်ဆုံး လေယာဉ်အား ခြေရာခံနိုင်ရန်အတွက် လေယာဉ် ရှာဖွေရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာကို အသုံးပြု ခဲ့ရခြင်း ကြောင့် MH 370လေယာဉ် ရှာဖွေရေး ကုန်ကျစရိတ် သည် လေယာဉ်ပျောက် ရှာဖွေမှု သမိုင်းတစ် လျှောက်တွင် ငွေကုန်ကြေးကျ အများဆုံး ရှာဖွေမှုဖြစ် လာခဲ့သည်ဟု သိရသည်။

MH 370လေယာဉ်ရှာဖွေရေး လုပ်ငန်းတွင် နိုင်ငံပေါင်း ၂၆နိုင်ငံမှ လေယာဉ်များ၊ သင်္ဘောများ၊ ရေငုပ် သင်္ဘောများနှင့် ဂြိုဟ်တုများက ပါဝင် ကူညီကြသည်။

MH 370ပျောက်ဆုံး လေယာဉ်ကို ရှာဖွေခဲ့သည့် တစ်လလုံးတွင် အိန္ဒိယ သမုဒ္ဒရာရှိ စစ်ဘက်သုံး သင်္ဘောများနှင့် လေယာဉ်များ ဖြန့်ချထားမှု အပါအဝင် တောင် တရုတ် ပင်လယ်၌ တပ်ဖြန့် ချထားမှု အားလုံးအတွက် သုံးစွဲခဲ့ရသည့် ငွေပမာဏမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ ၄၄ သန်း ရှိကြောင်း ရိုက်တာ သတင်းဌာနက ထုတ်ပြန် သည်။

အဆိုပါ ကုန်ကျ စရိတ်သည် လေယာဉ် ရှာဖွေမှုအတွက် နာရီတိုင်း လိုလိုတွင် အသုံးပြုခဲ့သည့် ကာကွယ်ရေး တပ်ဖွဲ့များ၏ စာရင်းများပေါ်တွင် အခြေခံ၍ တွက်ချက် ထားခြင်းဖြစ်ပြီး ကုန်ကျစရိတ် အတိအကျမှာမူ ယခု တွက်ချက်ထားသည့် ပမာဏထက် သုံးဆ သို့မဟုတ် လေဆခန့် ပိုမိုများပြား နိုင်ဖွယ် ရှိသည်ဟု ရိုက်တာ သတင်း ဌာန၏ ဖော်ပြချက် အရ သိရသည်။

မြ၀တီ
အပြည့်အစုံသို့ »

မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ



10:45 Pm 24.3.2014

မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။

ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Model ဖြစ်သော Boeing 777-200 သည် သမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်သည် ။ ထို့အတူ အင်ဂျင် ၁ လုံးပျက်စီးပါက ကျန် အင်ဂျင် ၁ လုံးဖြင့် လေပေါ်တွင် ၃ နာရီနေနိုင်သော ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ကြရသည် ။

ပထမဆုံးBoeing 777-200 လေယာဉ် မတော်တဆ မှုဖြစ်ခဲ့သော Asiana လေကြောင်းလိုင်း အပြီး ယခု မလေးရှား အဲလိုင်း ပျက်ကျမှုသည် လေယာဉ်၏ ချွတ်ယွင်းမှုဖြစ်မည်ဆိုပါက MH370 - Boeing 777-200 လေယာဉ်အမျိုးအစားတွင် ဒုတိယ မြောက် ပျက်ကျသည့် လူသေဆုံးမှုအများဆုံးသော လေယာဉ်ဖြစ်ပေလိမ့်မည် ။

လွန်ခဲ့သော မတ်လ ၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ ခန့်တွင်မူ အဆိုပါ မလေးရှား အဲလိုင်း ပိုင် ဘိုးရင်း ၇၇၇-၂၀၀ မော်ဒယ် (ကမ္ဘာ့စိတ် အချရဆုံးလေယာဉ်အမျိုးအစားကြီး) ရုတ်တရက် ပျောက်ဆုံးနေပါသည်ဆိုသော အခါ ကမ္ဘာ့ နိုင်ငံတိုင်းသည် မေးခွန်းများစွာ ၊ အံအားသင့်မှုများစွာ ဖြင့် ကမ္ဘာဂြိုလိ၏ တတိယ အကြီးဆုံးသော သမုဒ္ဒယာ ဖြစ်သည့် အဒ္ဒိယ သမုဒ္ဒယာ အတွင်း ပိုက်စိပ်တိုက် ရှာကြရတော့သည် ။

ထိုသို့ ရှာဖွေမှု ရက်များအတွင်း နိုင်ငံတကာ အကူအညီများ (မြန်မာအပါအဝင်) အပြင် ...

သတင်းပေးမှုများ ၊ နိုင်ငံတကာ မှော်ပညာရှင်များ ၊ နိုင်ငံတကာ ဗေဒင်ပ ညာရှုင်များ ၊ နိုင်ငံတကာ ဘာသာ အလိုက် လူစွမ်းကောင်းများသည် နိုင်ရာ ဆိုင်ရာ ပညာများဖြင့် လေယာဉ်ကြီးအား ရှာဖွေ ကြရာ လေယာဉ် ရှာဖွေသည့် ဂိမ်း ဖြစ်သော Bomoh App အထိ ပင် နာမည်ကြီး ခဲ့ကြလေသည် ။

ယနေ့မူ ထိုသူများ အားလုံး ပညာစွမ်းပြ ရှာဖွေခဲ့ကြသောလေကြောင်း အမှတ် MH 370 လေယာဉ်ဖြစ်သည့် Boeing 777-200 အမျိုးအစားသည် တောင်အိဒ္ဒိယ သမုဒ္ဒယာ တွင် အပိုင်းအစ သေးသေး လေးအဖြစ်ဖြင့် မနည်းရှာဖွေ ခဲ့ရပြီး ထိုလေယာဉ်ပေါ်ပါဝင်သော ခရီသည် ၂၂၇ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၂ လုံး အသက်ရှင်မည် မဟုတ်ကြောင်းကို မလေးရှား ရုပ်သံ ဌာနများတွင် ယခု ကြော်ငြာပြီဖြစ်သည် ။

ထိုသို့ကြော်ငြာခဲ့ပြီးနောက် လေကြောင်း ပညာရှုင်များအားလုံး ထို MH 370 လေကြောင်းသည် အဆိုပါပျက်ကျရာ နေရာသို့ မည်မျှသော လေယာဉ်ဆီဖြင့် ပျံသန်းသည်ဆိုသည်ကို အဖြေအတိအကျရရှိကြတော့မည်ုဖြစ်ကြောင်း လည်း သတင်းဌာနများက ရေးသားသွားခဲ့သည် ။ Ref - http://www.stuff.co.nz/world/asia/9863247/Flight-MH370-crashed-in-Indian-Ocean-no-survivors

MH 370 သယ်ဆောင်သွားခဲ့သော လေယာဉ် ပေါ်တွင်ပါဝင်သည့် ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး ပေါင်း ၂၃၉ ဦးထဲမှ တစ်ဦး (သို့) တစ်ဦး ထက်မက မှ အသက်ပေးအဆုံးစီရင်မှု (သို့) အသေခံ သေကြောင်းကြံမှု ကို ကျူးလွန်ကြောင်း လေယာဉ် ပျက်ကျရာနေရာ က သက်သေခံနေပြီဖြစ်ပေသည် ။

MH370 လေယာဉ် ပျောက်ဆုံးသော ၈.၃.၂၀၁၄ နံနက် ၁ နာရီ ၄၀ မှ ယနေ့တိုင် မီဒီယာများရေးသားခဲ့သော သတင်း အပုဒ်ရေ သောင်းပေါင်းများစွာ ကို အခြေခံသော်ငြား မည်သူ ၊ မည်သည့်အတွက် MH370 အားယခုလို အဆုံးသတ်သည်ကို မူ ယနေ့မည်သူမျှ မသိရှိနိုင်သေးပေ ။

စတင် ပျောက်ဆုံးကာစကတည်းက စိတ်ဝင်စားစရာကောင်းခဲ့သော MH370 သည် .. ယနေ့ည မျက်ရည်များစွာကြား အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း Malaysia's Prime Minister Najib နှင့် ညီဝမ်းကွဲ (ပို့ဆောင်ရးဝန်ကြီးဌာန သရုပ်ဆောင်ဝန်ကြီး) Hishammuddin Hussein တို့မှ တစ်ဦးမှ အသက်မရှင်ကြောင်း ကြော်ငြချာက်တွင် အဆုံးသတ်ပြီဖြစ်လေသည် ။

ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး လေယာဉ် အကြမ်းဖက်မှု အဖြစ် စံချိန်တင်သွားခဲ့သည့် Malaysia Airline MH370 (Boeing 777-200) ကွာလာလမ်ပူ - ပှကျင်းဇတ်လမ်းသည် ယနေ့မှ စတင်ကာ ပိုမိုစိတ်ဝင်စားစရာကောင်းတော့မည်ဟု မှတ်ချက်ချရတော့မည်ဖြစ်သည် ။

ယနေ့တိုင် အဖြေရှာမရသော ဇတ်လမ်းဖြင့် အဆုံးသတ်ခဲ့သည့် MH370 အကြောင်း နိုင်ငံတကာ မီဒီယာများမှ "အဖြေမရှိသေးသော မေးခွန်း ၅ ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆက်လက်ရေးသားနေမည် ကိုလည်း တွေ့ကြ ရမည်ဖြစ်လေသည် ။ ....

မည်သို့ပင်အဆုံးသတ်စေ ...

သားတစ်ယောက်အတွက် ပူဆွေးနေမည့် မိခင် ၊ ဖခင်များ ..
အဖေတစ်ယောက်အတွက် တစ်ကြော်ကြော်မေးနေဦးမည့် သား ၊ သမီးများ ...
ခင်ပွန်းတစ်ဦးအတွက် ကြေကွဲနေမည့် ဇနီးသည်များ ....
ဇနီးသည်တစ်ဦးအတွက် ယူကြုံးမရဖြစ်နေမည့် ခင်ပွန်းများ ....
ညီ တစ်ယောက်အတွက် ရင်ကွဲနေမည့် အကိုများ ...
အကိုတစ်ဦးအတွက် အစားထိုးမရတော့မည့် ညီများ..
ညီမတစ်ယောက်အတွက် မျက်ရည်ကျနေမည့် အမများ ...
အစ်မတစ်ယောက်အတွက် သောကပင်လယ်ဝေနေမည့် ညီမများ ...

ထို့အတူ
အလုပ်ရှင်တစ်ဦး အား ကြိုဆိုနေသော ဝန်ထမ်းများ ...
ခရီးသည်များအတွက် ဝန်ဆော်ငမှုပေးနေမည့် လေယာဉ်ဝန်ထမ်းများ...
ရိုးသားစွာ ဝမ်းရေးအတွက် ရှာဖွေနေသော သူများအားလုံး ..
ထိုသူများ၏ မိသားစုဝင်များအားလုံးသည် ...

ယနေ့ ဆိုးရွားစွာ ပူဆွေးနေမည်ကို နားလည်ကြေကွဲရင်..


Kayan Times
အပြည့်အစုံသို့ »

MH-370 လေ ယာဉ် တည် ရှိ မည့် နေ ရာ ကို CIA နှင့် ဘိုအင်း ကုမ္ပဏီ တို့က ဖုံးကွယ် ထားကြောင်း မလေးရှား ဝန်ကြီးချုပ် ဟောင်း စွပ်စွဲ ပြောကြား


မေလ ၂၁ ရက် ၂၀၁၄ ခုနှစ်

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး သွားသော MH-370 ခရီးသည်တင် လေယာဉ်သည် ပျက်ကျခဲ့ခြင်း မဟုတ်ကြောင်း၊ ယခုလက်ရှိတွင် ယင်းလေယာဉ်သည် တစ်နေရာတွင် ရှိနေနိုင်ဖွယ် ရှိကြောင်း၊ ယင်းလေယာဉ် တည်ရှိမည့်နေရာကို ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA နှင့် ဘိုအင်း လေကြောင်း ကုမ္ပဏီတို့မှ သိရှိ နိုင်ဖွယ် ရှိကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီဟာ မိုဟာမက်ဒ်က အခိုင် အမာ ပြောကြားခဲ့သည်။
အကယ်၍ MH-370 လေယာဉ်အပိုင်စီး ခံရမည်ဆိုပါက ၎င်းလေယာဉ်ကို CIA အဖွဲ့က လေယာဉ် အဝေးထိန်း ကိရိယာဖြင့် အဝေးမှ လှမ်း၍ ထိန်းချုပ်မှုများ လုပ်ဆောင် နိုင်ကြောင်း ဒေါက်တာ မဟာသီဟာက ပြောကြား ခဲ့သည်။

၎င်းပြင် MH-370 လေယာဉ်သည် ဘိုအင်း ကုမ္ပဏီက တည်ဆောက် ခဲ့သော ဘိုအင်း ၇၇၇ လေယာဉ် အမျိုးအစား ဖြစ်သောကြောင့် ၎င်းလေယာဉ်၏ ဆက်သွယ်ရေး စနစ်များ တစ်စုံတစ်ရာ ချွတ်ယွင်းမှုရှိ၊ မရှိနှင့် စပ်လျဉ်း၍ ယင်းကုမ္ပဏီက သိရှိရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခုကဲ့သို့ လေယာဉ်၏ Black Boxမှ Pingsသံကို နားထောင်ခြင်း၊ လေယာဉ် အပျက်အစီး အပိုင်းအစများနှင့် ပင်လယ်အတွင်း ယိုဖိတ်ထားသော လေယာဉ်ဆီများကို ရှာဖွေ နေခြင်းသည် အချိန်နှင့် ငွေများကို ဖြုန်း တီးနေခြင်း သာဖြစ်ကြောင်း မဟာသီက Sydney Morning Herald သတင်းဌာနကို ပြောကြားခဲ့သည်။

မြ၀တီ
အပြည့်အစုံသို့ »

မလေးရှားလေယာဉ်ရှာဖွေနေစဉ် ဖမ်းယူရရှိသည့် အချက်ပြမှု ခရီးစဉ်ပြသေတ္တာ အချက်ပြမှုနှင့်တူညီ



Issue No:
No.348 Monday, April 7, 2014
Location:
ပါ့သ်

ပျောက်ဆုံးမလေးရှားလေယာဉ် MH 370 အား အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း၌ ရှာဖွေရာတွင် ပူးပေါင်းပါဝင်နေသော တရုတ်ကင်းလှည့်ရေယာဉ် Haixun 01 ကို ဧပြီ ၅ ရက်က တွေ့ရစဉ် (CNSphoto/REUTERS)
အိန္ဒိယသမုဒ္ဒရာအတွင်း မလေးရှားလေယာဉ် MH 370 ကို ရှာဖွေနေသည့် တရုတ်သင်္ဘော တစ်စီးက ဖမ်းယူရရှိခဲ့သည့် အ ချက်ပြမှုမှာ ယင်းလေယာဉ်၏ ခရီးစဉ်ပြသေတ္တာ (Black Box) မှ ထုတ်လွှတ်သော အချက်ပြပုံ မျိုးနှင့် တူညီသည်ဟု လေယာဉ် ရှာဖွေမှုလုပ်ငန်းစဉ်ခေါင်းဆောင် သြစတြေးလျစစ်ဘက်ဆိုင်ရာ အကြီးအကဲဟောင်းတစ်ဦးက ပြောသည်။

တရုတ်ရှာဖွေရေးသင်္ဘော ပေါ်တွင် တပ်ဆင်ထားသည့် ခရီး စဉ်ပြ သေတ္တာရှာဖွေရေးကိရိယာ က လှိုင်း ၃၇ ဒသမ ၅ kHz တွင် အချက်ပြမှုတစ်ခု ဖမ်းယူသိရှိခဲ့ သည်ဟု တရုတ်နိုင်ငံပိုင်သတင်း ဌာန ဆင်ဟွာက ဧပြီ ၅ ရက်တွင် ကြေညာသည်။

MH 370 လေယာဉ်ခရီးစဉ် မှတ်တမ်းတင် ကိရိယာနှင့် လေ ယာဉ်မှူးခန်း အသံမှတ်တမ်းတင် ကိရိယာနှစ်ခုလုံးသည် ယင်းလှိုင်း တွင် အလုပ်လုပ်ခြင်းဖြစ်သည်ဟု ပျောက်ဆုံးသွားသော လေယာဉ် တွင် တပ်ဆင်ထားသည့် ခရီးစဉ်ပြသေတ္တာမျိုး ထုတ်လုပ်သော ကုမ္ပဏီ Honeywell Aerospace ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

လေယာဉ်ပျောက်ရှာဖွေရေး ပူးပေါင်းအဖွဲ့ခေါင်းဆောင် လေ တပ်ဦးစီးချုပ်ဟောင်း အန်ဂက်စ် ဟူစတွန်ကလည်း ယင်းအချက်ပြ မှုအမျိုးအစားများမှာ ပျောက်ဆုံး နေသော လေယာဉ်၏ ခရီးစဉ်ပြ သေတ္တာမှ ထုတ်လွှတ်သော အ ချက်ပြမှုပုံစံနှင့် တူညီသည်ဟု ပြောသည်။

ယင်းအချက်ပြမှု ဖမ်းယူရရှိ သောနေရာမှ ကီလိုမီတာ ၉၀ ခန့် အကွာ ပင်လယ်ရေမျက်နှာပြင် တွင် အဖြူရောင်ပစ္စည်းများ တွေ့ရှိထားသည်ဟု ၎င်းကပြောသည်။

သို့သော် ယင်းပစ္စည်းများ နှင့် အချက်ပြမှုများမှာ ပျောက် ဆုံးနေသော လေယာဉ်နှင့် ဆက် စပ်နေသည်ဆိုခြင်းကို ယခု အခြေအနေတွင် အတည်မပြုနိုင်သေး ဟု ၎င်းကပြောသည်။

ဂျပန်နိုင်ငံသို့ သွားရောက် နေသည့် သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ရေအောက်မှ အချက်ပြမှု ဖမ်းယူရရှိသည်ဆို သော သတင်းကို ကြိုဆိုလိုက် သော်လည်း သတိထားဆောင် ရွက်ရန် ပြောကြားသည်။

ခရီးသည်များနှင့် လေယာဉ် အမှုထမ်း ၂၃၉ ဦး တင်ဆောင်လာသည့် MH 370 လေယာဉ် သည် မတ်လ ၈ ရက်က ကွာလာ လမ်ပူမြို့မှ ဘေဂျင်းမြို့သို့ ထွက် ခွာသွားစဉ် ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်လနီးပါးအကြာ ဧပြီ ၆ ရက်တွင် အလှမ်းကွာဝေးသော ရေပြင်ကျယ်၌ ယင်းပျောက်ဆုံးနေသော လေယာဉ်ကို စစ် လေယာဉ် ၁၀ စီး၊ အရပ်ဘက် လေယာဉ်နှစ်စီးနှင့် သင်္ဘော ၁၃ စီးဖြင့် ရှာဖွေလျက်ရှိသည်။

ပါ့သ်မြို့အနောက်မြောက် ဘက် မိုင် ၁,၂၀၀ ခန့်အကွာ အိန္ဒိယသမုဒ္ဒရာ၏ ဧရိယာ ၂၁၆,၀၀၀ စတုရန်းကီလိုမီတာ အကျယ်အ တွင်း ယင်းလေယာဉ်ကို အဓိက ထား၍ ရှာဖွေနေကြသည်။

—Ref: AFP

7day daily
အပြည့်အစုံသို့ »

ဗြိတိန်အမျိုးသမီး၏ MH 370 နှင့်ပတ်သက်သော ပြောကြားချက်ကို သြစတြေးလျအစိုးရ စတင်စုံစမ်း




ကက်သရင်းတီးနှင့် ၎င်း၏ အမျိုးသား (Photo: Jeremie Schatz/Phuket Gazette)
သြစတြေးလျအစိုးရသည် အိန္ဒိယသမုဒ္ဒရာအထက်တွင် မီးလောင်နေသည့် မလေးရှားလေယာဉ် MH 370 ကို တွေ့မြင်ခဲ့သည်ဟုဆိုသော ဗြိတိန်အမျိုးသမီးကက်သရင်းတီး၏ ပြောကြားချက်ကို စတင်စုံစမ်းနေပြီဖြစ်သည်။

မလေးရှားအစိုးရ၏ မေတ္တာရပ်ခံချက်အရ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို ဦးဆောင်နေသော သြစတြေးလျသယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ (ATSB) က ကက်သရင်းတီး၏ ပြောကြားချက်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ဆန်းစစ်သွားမည် ဟု ပြောသည်။

‘‘MH 370 လေယာဉ်ပျောက်သွားတဲ့ ညမှာ အိန္ဒိယသမုဒ္ဒရာအထက်ကောင်းကင်မှာ မီးလောင်နေတဲ့ လေယာဉ်တစ်စီးလို့ ယူဆရတဲ့ အရာကို တွေ့တယ်ဆိုပြီး ပြောတဲ့ သတင်းတစ်ခု ATSB အဖွဲ့က ရထားပါတယ်။ အဲဒီသတင်းကို ပြန်လည်ဆန်းစစ်နိုင်အောင်လို့ ATSB ရဲ့ MH 370 ရှာဖွေရေးမဟာဗျူဟာအဖွဲ့ကို ပေးပို့ထားပါတယ်’’ဟု ATSB ပြောရေးဆိုခွင့်ရသူတစ်ဦးက အေအက်ဖ်ပီသတင်းသို့ အီးမေးလ်တစ်စောင် ပေးပို့၍ပြောကြားခဲ့သည်။

—Ref:AFP
7day daily
အပြည့်အစုံသို့ »

မော်လဒိုက် ကျွန်းပေါ်က ပျံသွားတာ MH 370 မလေးရှား လေယာဉ်ဖြစ်နိုင်

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ် MG 370

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး ဘိုးအင်းလေယာဉ် MH370 ကို ရှာမတွေ့သည်မှာ ၁၀ ရက်
ကျော် ကြာလာဖြစ်သည်။

မတ်လ ၈ ရက်နေ့က အဆိုပါ လေယာဉ်နှင့် အဆက်အသွယ် ပြတ်သွားချိန် မိနစ်အနည်းငယ် အကြာတွင် အမျိုးအမည်မသိ လေယာဉ်တစီး ရေဒါတွင် တွေ့ရှိခဲ့ကြောင်း ထိုင်း တော်ဝင်လေတပ်က မတ်လ ၁၉ ရက်
နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက စောစီးစွာ သတင်းမထုတ်ပြန်ခဲ့ခြင်းမှာ လေကြောင်း ခြိမ်းခြောက်မှု တခုဟု မယူဆခဲ့ကြ၍ ဖြစ်ကြောင်း၊ ယခုကဲ့သို့ သိရှိလာရခြင်းမှာလည်း မလေးရှားအစိုးရ၏ မေတ္တာ ရပ်ခံချက် အရ မတ်လ ၁၇ ရက်နေ့က ရေဒါမှတ်တမ်း များကို ပြန်လည်စစ်ဆေးရင်း တွေ့ရှိရခြင်း
ဖြစ်ကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က AFP သတင်းဌာနသို့ ပြောသည်။

ရေဒါတွင် ပေါ်သည့် အမျိုးအမည်မသိလေယာဉ်ကို MH 370 ပျောက်ဆုံးပြီး ၆ မိနစ်အကြာ ဒေသစံတော် ချိန် မနက် ၁၂ နာရီ ၂၈ မိနစ် (မလေး ရှား စံတော်ချိန် မနက် ၁နာရီ ၂၈ မိနစ်) တွင် တောင်တရုတ် ပင်လယ်ပြင် အထက်၌ တွေ့ရှိခဲ့ရပြီး မလေးရှားနိုင်ငံ၏ မြို့တော် ကွာလာလမ်ပူနှင့် မလက္ကာ
ရေလက်ကြားရှိရာ အနောက်တောင်ဖက်သို့ ဦးတည်နေကြောင်း ထိုင်းလေတပ် ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။ အဆိုပါ အချိန်က MH370 ၏ ဆက်သွယ်ရေးစက်မှ ၎င်း၏ တည်နေရာနှင့် အမြင့်ကို နောက်ဆုံး ထုတ်လွှင့်ပေးချက် နှင့် ကိုက်ညီနေသည်။

မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ MH 370 လေယာဉ် ခရီးစဉ် ပျံသန်းနေရင်း ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၂၇ ဦးနှင့် အမှုထမ်း ၁၂ ဦး ၊ စုစုပေါင်း လူ ၂၃၉ ဦး ပါရှိသည်။

ရေဒါတွင် ဖမ်းယူရရှိမှုက ပြတ်တောင်း ပြတ်တောင်း ဖြစ်နေခဲ့သော်လည်း ထိုင်းရေဒါက နောက်တကြိမ် ဖမ်းမိသည့်အချိန်တွင် လေယာဉ်က မြောက်ဘက်သို့ ရောက်ရှိနေပြီး ကပ္ပလီပင်လယ်ပြင် အထက် တွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည်ဟု ဗိုလ်ချုပ်ကြီး Monthon Suchookorn က ဆိုသည်။

“အဲဒီလေယာဉ်က MH370 လို့တော့ အတည် မပြုနိုင်ပါဘူး” ဟု သူကပြောသည်။

နောက်ပိုင်းတွေ့ရှိရ သည့် အချိန်အတိ အကျကိုမူ သူက ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။

ထိုင်း တော်ဝင်လေတပ်က ရေဒါ မှတ်တမ်းများကို စစ်ဆေးခြင်း မပြုခဲ့ခြင်းမှာ အဆိုပါ လေယာဉ်သည် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်းတွင် မရှိသည့်အပြင် ထိုင်းနိုင်ငံကို အန္တရယ်ပြုခြိမ်းခြောက်ခြင်း မရှိခဲ့
သောကြောင့် ဖြစ်သည်ဟု ထိုင်းလေတပ် ပြောရေးဆိုခွင့် ရှိသူကပြောသည်။

သတင်းထိန်ချန်ခြင်း မဟုတ်ဟုလည်း သူက ငြင်းပယ်သွားခဲ့သည်။ မတ်လ ၁၅ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မလေးရှား ဝန်ကြီးချုပ်ကလည်း မူလ လမ်းကြောင်းမှ ပြောင်းလဲ ပြီး အနောက်ဖက်သို့ ရည်ရွယ်ချက်ရှိရှိ ပြန်လှည်သွားခဲ့သည့် အထောက်အထားများတွေ့ရှိရကြောင်း ပြော ကြားခဲ့သည်။

ယခုထွက်ပေါ်လာသည့် ထိုင်းရေဒါ မှတ်တမ်းများ ကလည်း အဆိုပါ အချက်နှင့် ကိုက်ညီနေသည်။

အိန္ဒိယ သမုဒ္ဒရာ၏ အထက် မိုင် ၂၂၂၅၀ အထက်တွင် ကမ္ဘာကို ပတ်နေသော ဂြိုလ်တုတလုံးက MH370 လေယာဉ်၏ နောက်ဆုံး သတင်းပို့ ထုတ်လွှင့်မှုကို ဖမ်းယူရရှိခဲ့ကြောင်း သိရှိရပြီးနောက် ဖမ်းယူနိုင်စွမ်းရှိသည့် ဒီဂရီများကို အခြေခံ၍ တွက်ချက်ကြည့်သည့်အခါ လေယာဉ် အနောက်ဖက် သို့ ပြန်လှည့်လာသည့် ယူဆချက်က ပိုမို အားကောင်းလာပြီး ရှာဖွေရေး ဧရိယာလည်း အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာသည်။

ထိုအချိန်တွင် သြစတေးလျနိုင်ငံက ဦးဆောင်ရှာဖွေနေသည့် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းတွင် ပျောက်ဆုံး
နေ သည့် MH370 ဟု ယူဆရသည့် လေယာဉ် ကို မြင်တွေ့ခဲ့ကြရဟု သတင်းများထွက်ပေါ်လာခဲ့သည်။

ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးသည့် မော်လ်ဒိုက်နိုင်ငံတွင် ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဖက် ကီလိုမီတာ ၇၀၀ အကွာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံ တခုဖြစ်သော မော်လ်ဒိုက် နိုင်ငံတွင် နေထိုင်သူများက MH370 လေယာဉ် အဆက်အသွယ် ပြတ်တောက် ပြီး ပျောက်ဆုံး သွားသည့် နံနက်တွင် ခပ်နိမ့်နိမ့်ပျံလာသည့် ဂျက်လေယာဉ်ကြီးတစီးကို မြင်တွေ့ခဲ့ကြရ သည်ဟု ဆိုသည်။

လေယာဉ်၏ အရောင်မှာ အဖြူရောင်ဖြစ်ပြီး အနီရောင် အစင်းကြောင်းများပါဝင်နေသည်ဟု သိရသည့် အတွက် မလေးရှား လေကြောင်းလိုင်း လေယာဉ်များနှင့် တူညီနေသည်။

မတ်လ ၈ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် Kuda Huvadhoo ကျွန်းပေါ်မှ အသံ ဆူညံကျယ်လောင်စွာဖြင့် ဖြတ်ကျော်ပျံသန်းသွားသည်ဟု မော်လ်ဒိုက် သတင်းစာ Haveeru Daily ၏ အဆိုအရသိရသည်။

“ကျနော်တို့ ကျွန်းပေါ်ကနေဖြတ်ပြီး ဂျက်လေယာဉ် နိမ့်နိမ့်လေး ပျံသန်းသွားတာကို တခါမှ မမြင်ဖူးပါဘူး” ဟု အမည် မဖော်ပြထားသော မျက်မြင်သက်သေတဦးက ပြောသည်။

“ကျနော်တို့ ရေယာဉ်ပျံတွေ မြင်ဖူးပါတယ် ဒါပေမယ့် ဒါက ရေယာဉ်ပျံ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကျနော် လေယာဉ်ရဲ့ ပြတင်းပေါက်တွေကိုတောင် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတယ်။ ကျနော်တယောက် တည်း မဟုတ်ပါဘူး။ တခြား သူတွေလည်း ကျနော့်လိုပဲ တွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ဒီလောက် အသံအကျယ်ကြီး ကြားရသလဲဆိုတာ သိချင်လို့ တချို့လူတွေ အိမ်ထဲကထွက်ကြည့်ကြတယ်” ဟုလည်း သူကဆိုသည်။

Kuda Huvadhoo ကျွန်း၏ အကြီးအကဲတဦး ဖြစ်သော Mohamed Zaheem က တခြား ဒေသခံများက လည်း တွေ့မြင်ခဲ့ရသည်ဟု ပြောကြကြောင်း Haveeru Daily သို့ပြောသည်။

လေယာဉ်က မော်လ်ဒိုက်တောင်ပိုင်းသို့ ဦးတည်ပျံသန်းသွားကြောင်းလည်း ဒေသခံများ က ပြောကြ သည်။

မော်လ်ဒိုက်တွင် တွေ့ရှိခဲ့ရသည်ဆိုသည့် သတင်းသည် ယခုသီတင်းပတ် အစောပိုင်းက အင်တာနက် တွင် ဖော်ပြခဲ့သော ၀ါရင့်လေယာဉ်မှူးတဦးဖြစ်သည့် Chris Goodfellow ၏ ခန့်မှန်းချက်နှင့် ကိုက်ညီနေ သည်။

ကိုယ်ပိုင် ဘလော့ဂ်တွင် ရေးသားခဲ့သော သူ၏ အယူအဆကို အင်တာနက်ပေါ်တွင် ထောက်ခံသူ အမြောက်အများရှိခဲ့ပါသည်။

Chris Goodfellow က လေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး ဆက်သွယ်ရေးစက်များ ပျက်စီး သွားပြီးနောက် လေယာဉ်မှူးက အရေးပေါ် ဆင်းသက်ရန်အတွက် မလေးရှားနိုင်ငံ လန်ကာဝီကျွန်းသို့ ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ယူဆထားသည်။

လေယာဉ်မှူးများ မီးခိုးမွှန်ပြီး မေ့မျောသွားသည့် အချိန်တွင် လေယာဉ်က အလိုအလျှောက် မောင်းနှင် သည့် စနစ်ဖြင့် ဆီကုန်သည်အထိ သို့မဟုတ် ပျက်ကျသည်အထိ ဆက်လက်ပျံသန်းသွားခဲ့သည်ဟု သူက ယူဆထားသည်။

“အချိန်ကို တိုင်းတာကြည့်လိုက်ရင် မော်လ်ဒိုက်မှာ တွေ့ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ကိုက်ညီနေပါတယ်။
လေယာဉ် ပျံဟာ မော်လ်ဒိုက် အနောက်ဖက် မလှမ်းမကမ်းမှာ ရှိနေနိုင်ပါတယ်” ဟု သူက ထပ်မံရေးသားခဲ့သည်။

ပျောက်ဆုံးသွားသည့် အချိန်မှစ၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတကာက ၀ိုင်းဝန်း ကူညီပေးခဲ့ကြသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံထဲတွင် မြန်မာနိုင်ငံလည်း အပါအ၀င် ဖြစ်ပါသည်။

ရှာဖွေရေး ဧရိယာကို တိုးမြှင့်လိုက်ပြီးနောက် မြန်မာလေပိုင်နက် အတွင်းတွင်လည်း မတ်လ ၁၅ ရက်နေ့မှ စတင်၍ အမေရိကန်နှင့် အိန္ဒိယလေယာဉ်များက ပျောက်ဆုံးလေယာဉ်ကို လိုက်လံရှာဖွေနေကြ
ပြီ ဖြစ်သည်။

မလေးရှာ နိုင်ငံက မတ်လ ၁၁ ရက်နေ့မှ စတင်ခွင့်တောင်းခဲ့ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖက်က မတ်လ ၁၈ ရက်နေ့အထိ တပတ်ရှာဖွေခွင့်ပြုခဲ့ပြီး ထပ်မံခွင့်တောင်းလာပါကလည်း ရက်တိုးပေးသွားမည်ဟု
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောသည်။

ထိုသို့ရှာဖွေရာတွင် မြန်မာရေတပ်မှ စစ်ရေယာဉ် ၃ စီးလည်း ၀င်ရောက်ကူညီမည်ဟု သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ ရေဒါ နည်းပညာ အားနည်းမှုကြောင့် ထိရောက်စွာ ကူညီနိုင်ရန် အကန့်အသတ် ရှိနေကြောင်းလည်း မြန်မာ တာဝန်ရှိသူများက ပြောကြသည်။ မလေးရှားနိုင်ငံက လေယာဉ်ဖြတ်သန်း သွားဖွယ်ရှိသော လမ်းကြောင်းပေါ်ရှိ တခြားနိုင်ငံများထံမှ ဂြိုဟ်တု ဓာတ်ပုံများ၊ ရေဒါမှတ်တမ်း အချက် အလက်များပေးရန် တောင်းခံခဲ့သော်လည်း မြန်မာနိုင်ငံထံမှ တောင်းခံလာခြင်း မရှိသေးကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံပိုင်နက်အတွင်းတွင် မတ်လ ၁၅ ရက်နှင့် ၁၆ ရက်များတွင်ရှာဖွေခဲ့ရာ မည်သည့်ထူးခြားမှုမျှ မတွေ့ရှိခဲ့ရကြောင်း ဦးတင်နိုင်ထွန်းကပြောသည်။ မြန်မာနိုင်ငံက ဘင်္ဂလားပင်လယ်အော်၊ မုတ္တမ ပင်လယ်ကွေ့နှင့် ကိုကိုးကျွန်း ပတ် ၀န်းကျင် စသည့်နေရာများတွင် ရှာဖွေခွင့်ပြုထားသည်။

နိုင်မင်းသွင် ~
Irrawaddy
အပြည့်အစုံသို့ »

MH 370 ရဲ့ Black Box ကိုတွေ့မည်ဟု သြစီ ဝန်ကြီးချုပ် အခိုင်အမာပြော


မလေးရှား လေယာဉ်ပျောက် MH 370 ရဲ့ Black Box ဆီက အသံလှိုင်းထုတ်လွှင့်မှုတွေကို အိန္ဒိယ သမုဒ္ဒရာမှာ ရှာဖွေရေး အဖွဲ့တွေက ဖမ်းမိရခဲ့တာကြောင့် Black Box ကို တွေ့ဖို့ အခိုင်အမာ ယုံကြည်မှု ရှိတယ်လို့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်က ပြောကြားလိုက်ပါတယ်။


 သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့တ်၊ ဓာတ်ပုံ- The Mirror.UK

“ကျနော်တို့ရဲ့ ရှာဖွေမှု ဧရိယာဟာ အလွန်ပဲ ကျုံ့သွားပါပြီ။ Black Box က ထုတ်လွှင့်တဲ့ အသံလှိုင်းတွေ
ဖြစ်တယ်လို့ ကျနော်တို့ အလွန်ပဲ ယုံကြည်မှု ရှိတယ်” လို့ သြစီ ဝန်ကြီးချုပ်က တရုတ်နိုင်ငံ ပီကင်းမြို့ကို အလည်အပတ်ခရီး ရောက် စဉ်မှာပဲ သြစီအခြေစိုက် ABC သတင်းဌာနကို ပြောလိုက်ပါတယ်။

အခု ဒီကနေ့ သောကြာနေ့မှာ ရှာဖွေရေး အဖွဲ့တွေက ပဉ္စမမြောက် အချက်ပေးမှုကို Black Box ဆီက က ခြေရာခံ ဖမ်းယူ ရမိခဲ့တာဖြစ်ပါတယ်။ အခု ဖမ်းယူရရှိတဲ့ အချက်ပေး အသံလှိုင်းတွေက ပျောက်ဆုံးနေ တဲ့ မလေးရှားလေယာဉ် ဘိုးရင်း ၇၇၇ ဟာ ပင်လယ်ရေ အောက်တနေရာက ဖြစ်ပြီး ဘယ်နေရာက ထုတ်လွှင့်နေတယ်ဆိုတာ စဉ်းစားသုံးသပ်အဖြေရှာလို့ ရမယ်လို့လည်း သိရပါတယ်။

အိန္ဒိယသမုဒ္ဒရာကြမ်းပြင်တနေရာ ရေနက်ပိုင်းအောက်ကို ရေငုတ်သင်္ဘောတစီးလည်း ဆင်းသက် သွားတော့မှာဖြစ်ပြီး ခေတ်မီ နည်းပညာတွေ ကိရိယာတွေနဲ့ အထူးအရှိန်မြှင့် ရှာဖွေမှုလုပ်နေပါပြီ။

မတ်လ ၈ ရက်နေ့ကတည်းက လေယာဉ်အမှုထမ်း ၁၂ ဦးနဲ့ အတူ ခရီးသည် ၂၂၇ ဦးတင်ဆောင်သွားပြီး တလ ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မလေးရှားလေယာဉ် MH 370 ရဲ့ Black Box ရဲ့ ဘက်ထရီဟာ အားကုန်တော့မှာဖြစ်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီ
အပြည့်အစုံသို့ »

MH 370 လေယာဉ်နှင့် ဖြစ်ရပ်ချင်း ဆင်တူသောကြောင့် လေယာဉ်ပျက် ကျသည့်အကြောင်း ရိုက်ကူး ထားသည့် ရုပ်ရှင် ကားအား ပြသမှု ရပ်ဆိုင်းထား


တရုတ် နိုင်ငံ ပေကျင်းသို့ ဦးတည် ထွက်ခွာ လာသည့် ခရီးသည် တင် လေယာဉ် တစ်စင်း လမ်းခရီး တွင် ပင်လယ်ထဲ သို့ ပျက်ကျခဲ့ သည့်အကြောင်း ကို ရိုက်ကူးထား သည့် ရုပ်ရှင်ကား ကိုပြသမည့် ကိစ္စအား ပျောက်ဆုံး နေသော မလေးရှား လေကြောင်းလိုင်း လေယာဉ် MH 370 နှင့်ဖြစ်ရပ်ချင်း ဆင်တူ နေသော ကြောင့် ခေတ္တ ရပ်ဆိုင်း ထားရကြောင်း သိရသည်။

ရုပ်ရှင် ဖြန့်ချိပြသမှု အား မလေး ရှား လေကြောင်း လိုင်း လေယာဉ် ပျောက်ဆုံး နေမှုကို အလေး အနက် ထားသည့် အနေနှင့် ရပ်ဆိုင်း ထားခဲ့ ကြောင်း ရုပ်ရှင်ကား ကို ထုတ်လုပ်ခဲ့သည့် Arclight Films ကုမ္ပဏီ၏ စီမံ ခန့်ခွဲမှု ဒါရိုက်တာ ဂယ်ရီ ဟယ်လ်မီတန် က ပြောဆိုခဲ့ သည်။ မတ် ၈ရက်နေ့ တွင် မလေးရှား နိုင်ငံ ကွာလာလမ်ပူ မှ တရုတ် နိုင်ငံ ပေကျင်းသို့ ဦးတည် ပျံသန်းပြီး နာရီ အနည်းငယ် အကြာတွင် ပျောက်ဆုံး ခဲ့သည့် မလေးရှား လေကြောင်း လိုင်း လေယာဉ် MH 370 အား နိုင်ငံ တကာ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ အစည်းများ က ရှာဖွေမှုများ ကို အပူတပြင်း လုပ်ဆောင် နေကြသည်။ လေယာဉ် ပင်လယ်ထဲ သို့ ပျက်ကျ ခဲ့ခြင်းဖြစ် ကြောင်း မလေးရှား အာဏာပိုင်များ က ယခုအပတ် တွင် ပြောဆို ခဲ့သည်။

၎င်းတို့ ရုပ်ရှင်ကား နှင့် မလေး ရှား လေကြောင်းလိုင်း လေယာဉ် တို့ ကြား ဖြစ်ပျက် ပုံချင်းများစွာ မတူ ညီသော် လည်း ပျက်ကျပုံချင်း တော့ တူညီ သောကြောင့် ရပ်ဆိုင်း ထားရ ခြင်းဖြစ်ကြောင်း ဟယ်လ်မီတန်က ပြောဆို ခဲ့သည်။

ရုပ်ရှင်ကားမှာ ဆစ်ဒနီမှ ပေကျင်း သို့ ဦးတည် ပျံသန်း လာသော လေယာဉ်သည် လမ်းတွင် ပင် လယ်ထဲသို့ ပျက်ကျခဲ့ပြီး လေတပ် အရာရှိ တစ်ဦး၊ ခရီးသည်တချို့နှင့် လေယာဉ် ၀န်ထမ်း တချို့သာ အသက် ရှင်ကျန် ရစ်ခဲ့ကာ ကျားများ၊ ငါးမန်း များနှင့် အခြား အန္တရာယ်များ ကို ရင်ဆိုင် ကျော်လွှား ခဲ့သည့် အကြောင်း ကို ရိုက်ကူး ထားခြင်းဖြစ်သည်။ ရေထဲသို့ ထိုးကျသွားသည့် လေယာဉ် ထဲသို့ စက်္ကန့်နှင့်အမျှ ရေများဝင် ရောက်နေချိန် တွင် အသက်ရှင် ကျန်ရစ်သော ခရီးသည်များနှင့် လေ ယာဉ်အမှုထမ်းများသည် အကြောက် တရားကို နောက်မဆုတ်သာ ရင်ဆိုင် ခဲ့ရသည်ဟု ကုမ္ပဏီ၏ ၀က်ဘ် ဆိုက်တွင် ရုပ်ရှင်ဇာတ်လမ်း အကျဉ်း ချုပ်ကို ဖော်ပြ ထားသည်။

လေယာဉ် ပျက်ကျသည့် အကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင် ကားသည် ဆူနာမီကြောင့် ရေကြီး ရေလျှံနေသော သြစတြေးလျ စူပါ မားကတ်အတွင်းတွင် ဈေးဝယ်သူ များက ငါးမန်းများ၏ အန်္တရာယ်နှင့် ရင်ဆိုင်ရပုံကို ရိုက်ကူး ထားသည့် ၂၀၁၂ ခုနှစ် တွင် ပြသခဲ့သော Bait (ငါးစာ) ရုပ်ရှင်ကား ၏ နောက်ဆက် တွဲ ရုပ်ရှင်ကားဖြစ်သည်။

Source:AP
The Messenger
အပြည့်အစုံသို့ »

မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသောပစ္စည်းများ ရေမြှုပ်ဟု သြစတြေးလျပြော


ကင်ဘာရာ၊ မတ် ၂၁

မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသော ပစ္စည်းများ ရေနစ်မြုပ် သွားပြီးလောက်ပြီဟု သြစတြေးလျ ဒုတိယဝန်ကြီး ဝါရန်ထရတ်က ပြောကြားလိုက်ပြီး လေယာဉ်အမှတ် MH-370 ကို ရှာဖွေနေသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှာ မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် ထိုင်းနိုင်ငံကြားတွင် တည်ရှိသည့် ကပ္ပလီပင်လယ်ပြင် အတွင်း၌လည်း မလေးရှားလေယာဉ် ရှာဖွေမှုကို ထပ်မံပြုလုပ်လျက်ရှိပြီး ခေတ်သစ်လေကြောင်း လောကသမိုင်းတွင် ဖြစ်ပွားနေသည့် အထူးဆန်းဆုံး လေယာဉ် ပျောက်ဆုံးမှုကို အဖြေထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ လေယာဉ်မှ အစိတ်အပိုင်းများဟု အတည်မပြုနိုင်သော်လည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် တွေ့ရှိခဲ့သည့် ပေါလော မျောပါနေသည့် ပစ္စည်းနှစ်ခုမှာ လေယာဉ်မှ ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြပြီး ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်း အကြီးအကျယ် လိုက်လံရှာဖွေခဲ့သည်။

သို့သော်လည်း ပါ့သ်မြို့မှ ကီလိုမီတာ ၂၅၀၀ အကွာနေရာသို့ သွားရောက်ပြီး သံသယရှိသည့် အစိတ်အပိုင်းများကို သွားရောက် ရှာဖွေသည့် ပထမဆုံးသော သြစတြေးလျ လေယာဉ်မှာ မည်သည့် အရာဝတ္ထုမျှ မတွေ့ရှိဘဲ ပြန်လှည့်လာရကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားသည်။
“ပင်လယ်ထဲမှာ ပေါလောမျောနေတဲ့အရာက ရေပေါ်ဆက်ပေါ် မနေနိုင်လောက်တော့ပါဘူး” ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရတ်က သတင်းထောက်များကို ပြောကြားသည်။

သို့သော်လည်း ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်နေပြီး သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ တရုတ်နှင့် ဂျပန်လေယာဉ်များ ပူးပေါင်းရှာဖွေနေသည်။
“သင်္ဘောပေါ်ကနေ လိမ့်ကျခဲ့တဲ့ ကုန်သတ္တာ တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း သေချာမသိပါဘူး” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က ပြောကြားသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ ပျောက်ဆုံးနေသော လေယာဉ် ပြန်လည်ရှာဖွေရေး အားဖြည့်နိုင်ရန် အိန္ဒိယနိုင်ငံက P-8I ပိုဆီဒန် ရေကြောင်း ထောက်လှမ်းရေး လေယာဉ်တစ်စင်းနှင့် C_130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းတို့ကို ပေးပို့ပေးမည် ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အခြားနိုင်ငံများနှင့် ပူးပေါင်း ရှာဖွေသွားမည် ဖြစ်သည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည် ပျံသန်းခဲ့သော မလေးရှား လေယာဉ် MH 370 မှာ မတ်လ ၈ ရက်နေ့တွင် စတင်ပျောက်ဆုံးသွားခဲ့ပြီး သတ်မှတ်ထားသော လမ်းကြောင်းမှ မိုင်ထောင်ပေါင်းများစွာ လမ်းလွဲ ပျံသန်းခဲ့ကြောင်း တွေ့ရှိထားပြီး ပြန်ပေးဆွဲမှု၊ အဖျက်လုပ်ငန်း လုပ်ဆောင်မှု ဟုတ် မဟုတ်ကို အဓိက အာရုံစိုက် စုံစမ်းလျက် ရှိသည်။

အဆိုပါ လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ အတွင်း၌သာမက လာအိုနိုင်ငံ မြောက်ပိုင်းမှ ကာဇတ်စတန်နိုင်ငံအထိ ဒေသတွင်း၌လည်း စုံစမ်းရှာဖွေလျက်ရှိပြီး မလေးရှားလေယာဉ် ပျောက်ဆုံး ပြီးနောက် အတည်မပြုနိုင်သော အပျက်အစီး အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

လေယာဉ်ပေါ်တွင် ပါသွားသည့် ဆက်သွယ်ရေး စက်များကို ပိတ်လိုက်ပြီးနောက် ထိုင်းပင်လယ်ကွေ့ကို ဖြတ်သန်း ပျံသန်းခဲ့ကာ အနောက်ဘက်သို့ သိသိသာသာ လမ်းကြောင်းပြောင်းပြီး မလေးရှား ကျွန်းဆွယ်ကို ထပ်မံဖြတ်သန်းကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည် ပျံသန်းခဲ့ကြောင်း စစ်ဘက်ရေဒါများနှင့် ဂြိုဟ်တု ဆက်သွယ်မှုများအရ စုံစမ်းစစ်ဆေးရေးမှူးများက သိရှိထားသည်။

ထို့နောက် မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို ရှင်းလင်းစွာ မသိရှိရသေးဘဲ ခပ်မှိန်မှိန် အီလက်ထရွန်နစ် အချက်ပြမှု တစ်ရပ်ကို စီးပွားရေး လုပ်ငန်းသုံး ဂြိုဟ်တုတစ်လုံးက ဖမ်းယူရရှိခဲ့ပြီး မလေးရှား လေယာဉ်မှာ အနည်းဆုံး ခြောက်နာရီ ကြာသည်အထိ ဆက်လက် ပျံသန်းခဲ့ကြောင်း ခန့်မှန်းထားကြသည်။

အဆိုပါ အချက်ပြမှုမှ ရရှိသော အချက်အလက်များကို မလေးရှား အာဏာပိုင်များသို့ ပြီးခဲ့သည့် ရက်များအတွင်း လွှဲပြောင်း ပေးအပ်ခဲ့သော်လည်း ရှာဖွေရေးဧရိယာ လျှော့ချရေးအတွက် ရက်သတ္တတစ်ပတ်ကျော် အချိန်ယူခဲ့ရပြီး တောင်ဘက်ဧရိယာတွင် သံသယ ရှိဖွယ် အပျက်အစီးများ တွေ့ရှိခဲ့ရပြီး တရုတ်မှ ဗဟိုအာရှထိ ကျယ်ဝန်းသော မြောက်ဘက် ဧရိယာတွင် မည်သည့်အရာမျှ တွေ့ရှိရခြင်း မရှိသေးပေ။

လက်ရှိ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ပေါ်တွင် လူပေါင်း ၂၃၉ ဦး လိုက်ပါသွားပြီး ခရီးသည် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကာ ထူးဆန်းသည့် လေယာဉ် ပျောက်ဆုံးမှုကြောင့် လွန်စွာဝမ်းနည်းရကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော် ပြောကြားထားသည်။

The Voice Weekly
အပြည့်အစုံသို့ »

ပျောက်ဆုံး မလေးရှား လေယာဉ် မြန်မာ ရေပိုင်နက်တွင် ရှာဖွေရန် မဆက်သွယ်သေး


ပျောက်ဆုံး မလေးရှား လေယာဉ် MH 370 ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ပျံသန်း လမ်းကြောင်းပြ မြေပုံ (ဓာတ်ပုံ – http://mothership.sg)
မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလျက်ရှိသော MH 370 လေယာဉ်ကို မြန်မာ့ ရေပိုင်နက်တွင်လည်း ရှာဖွေရန် မလေးရှားအာဏာပိုင်များ၏ ခွင့်တောင်းခြင်းကို ခွင့်ပြုကြောင်း အကြောင်းကြားထားသော်လည်း ယနေ့အထိ ပြန်လည် ဆက်သွယ်ခြင်း မပြုသေးကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။

မလေးရှား အာဏာပိုင်များက မြန်မာ့ရေပိုင်နက်တွင် ၇ ရက်ကြာ ရှာဖွေခွင့်ပြုရန် ခွင့်တောင်းသည့် အတွက် မတ်လ ၁၁ ရက်နေ့က လေကြောင်းလိုင်း တာဝန်ရှိသူများသို့ အကြောင်းကြားခြင်း ဖြစ်ကြောင်း၊ ထပ်မံရှာဖွေလို ပါက နောက်ထပ် ၇ ရက် တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဧရာဝတီ ကို ပြောပြသည်။

“မြန်မာ့ ရေပိုင်နက်မှာလည်း ဖြစ်နိုင်တယ်လို့ မှန်းခြေ တွက်ထားသလို၊ မဖြစ်နိုင်ဘူးလို့လည်း တွက်ထားပြီးသားပါ၊ မလေးရှားဘက် က ရှာဖွေမယ်လို့ အကြောင်းပြန်လာရင်တော့ မြန်မာနိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကလည်း ပူးပေါင်း ပါဝင်မှာပါ”ဟုလည်း ၎င်းက ရှင်းပြသည်။

လေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံစုံက ကူညီ ရှာဖွေပေးနေရာတွင် မြန်မာ့ ရေပိုင်နက်အတွင်း ရှာဖွေမည်ဆိုပါက ဘင်္ဂလား ပင်လယ်အော် အတွင်း အဓိကထား ရှာဖွေရန် စီစဉ်ထားကြောင်း၊ အိန္ဒိယ နိုင်ငံကလည်း ဂြိုဟ်တု ဓာတ်ပုံများ၊ ရေဒါ ရလဒ်များ အပြင် ရေယာဉ်များ၊ ရေကြောင်း ကင်းထောက် လေယာဉ်များဖြင့် ကူညီရှာဖွေပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မလေးရှား လေယာဉ် ပြန်လည်တွေ့ရှိရေး အတွက် နိုင်ငံ ၁၀ ခုမှ အဖွဲ့အစည်းများ ပူးပေါင်းကာ ရေယာဉ်၊ လေယာဉ် ဒါဇင်နှင့် ချီအသုံးပြုလျက်ရှိကြောင်း၊ ယခုအပတ် အစောပိုင်းတွင် မလေးရှား နိုင်ငံနှင့် ဗီယက်နမ် တောင်ပိုင်း ဒေသများကို အဓိကထား၍ ရှာဖွေခဲ့ရာ သံသယဖြစ်ဖွယ် အပျက်အစီးတချို့ကို တရုတ်ဂြိုဟ်တု ဓာတ်ပုံများတွင် တွေ့ရှိရသော်လည်း ပျောက်ဆုံးလေယာဉ် နှင့် သက်ဆိုင်သော သဲလွန်စ ဟူ၍ မတွေ့ရချေ။

မလေးရှား လေကြောင်းလိုင်း၏ ယနေ့ မွန်းတည့် ၁၂ နာရီ အချိန် ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် စနေနေ့ မနက်ပိုင်းက ပျောက်ဆုံး သွားခဲ့သည့် လေယာဉ်ကို ယနေ့ ၇ ရက်မြောက် သောကြာနေ့ အထိ ဆက်လက်ရှာဖွေနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး သယ်ဆောင်လာသော မလေးရှား လေကြောင်းလိုင်းမှ MH 370 လေယာဉ်သည် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကွာလာလမ်ပူ လေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့သို့ ပျံသန်းစဉ် လေဆိပ်မှ ထွက်ခွာပြီး ၁ နာရီ ခန့် အကြာ၌ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ဧရာဝတီ
အပြည့်အစုံသို့ »

အသစ်ထပ်မံရရှိသည့် အချက်ပြသံသည် ပျောက်ဆုံးသွားသော မလေးရှားလေယာဉ် MH 370 သေတ္တာနက်ကို ရှာဖွေတွေ့ရှိစေရန် ပိုမို အားကောင်းစေ


(၅)ကြိမ်မြောက် ကြားရပြီဖြစ်သည့် အချက်ပြသံသည် ပျောက်ဆုံးသွားသည့် MH 370 သေတ္တာနက် ပြန်လည် ရှာဖွေတွေ့ရှိနိုင်ရေးကို ပိုမိုအားကောင်းစေကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

သြစတြေးလျနိုင်ငံ၊ perth လေတပ်အခြေစိုက်စခန်းမှ ဦးဆောင်ပြုလုပ်နေသည့် MH 370 သေတ္တာနက် ရှာဖွေရေး အဖွဲ့သည် ရေအောက်နေရာကို ရေငုပ်သင်္ဘောအား မစေလွှတ်မီ ဘိုရင်း 777 အတွက် တိကျသည့်ဆုံမှတ်နေရာကို ဆုံးဖြတ်ရန် အချက်ပြုသံ များကိုစုစည်းနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။

ခရီးသည် ၃၂၉ ဦး လိုက်ပါသွားသော မလေးရှားလေယာဉ်သည် ပျက်ကျသွား သည်မှာ တစ်လကျော် ကြာခဲ့ပြီဖြစ်သည့်အတွက် ၄င်း၏သေတ္တာနက်နှင့် လေယာဉ်မှူးအခန်း အသံဖမ်းစက်မှ ထုတ်လွှင့် သည်ဟုယူဆရသည့် အချက်ပြသံတို့သည် တဖြည်းဖြည်း အားနည်း လာနေသည်ဟု မျှော်လင့်ရသည်။

ယခုအခါ ရှာဖွေရေးနေရာကို မိုင်(၁၈၀၆၀)အထိ လျော့ချနိုင်ခဲ့ပြီ ဖြစ်ကြောင်း Perth-based Joint Agency Coordination Center (JACC) က သောကြာနေ့ တွင် သတင်းထုတ်ပြန်ထားသည်။ အဓိက ရှာဖွေရမည့်နေရာ သည့် Perth မြို့ အနောက်မြောက်ဖက် ၁၄၃၆ မိုင် အကွာတွင်ရှိသည်။
ယခုသီတင်းပတ်ကုန်က အချက်ပေးသံနှစ်ကြိမ် ကြားခဲ့ရပြီး အင်္ဂါနေ့ က နှစ်ကြိမ်ထပ်မံကြားခဲ့ရသည်။ အချက်ပေးသံများသည် ရှာဖွေတွေ့ရှိရန် နီးစပ်လာနေပြီး အကောင်းမြင်မိကြောင်းလည်း အမေရိကန် ရေတပ်ပြောရေးဆိုခွင့်ရှိသူ William Marks ကပြောဆိုခဲ့သည်။

ယခုကြားနေရ သည့် အချက်ပေးသံ များသည် သာမန်ကုန်တင်သင်္ဘောက ထုတ်လွှင့်သည့် အချက်ပေးသံ မဟုတ်နိုင်သကဲ့သို့ သဘာဝ အလျောက်ကြားနေ ရသည့် အချက်ပေးသံလည်း မဟုတ်နိုင်ကြောင်းနှင့် လူသားတို့ပြုလုပ်ထားသည့် အချက်ပေးသံသာ ဖြစ်နိုင်ကြောင်း အမေရိကန်ရေတပ် ပြောရေးဆိုခွင့် ရှိသူ William Marks က CNN သတင်း ဌာနကို ပြောဆိုခဲ့သည်။ သာမန်အားဖြင့် ဘက်ထရီသည် ရက်ပေါင်း (၃၀)သာ လျင် ခံနိုင်ရည် ရှိသည့်အတွက် တစ်ရက် နှစ်ရက်အတွင်း ဘက်ထရီ အားကုန် သွားနိုင်သည်ဟုလည်း William Marks က ပြောဆိုခဲ့သည်။

လေကြောင်းနှင့်ရေကြောင်းရှာဖွေမှုများအရ သမုဒ္ဒရာအတွင်း မျှောပါနေသည့် မည်သည့်လေယာဉ် အစိတ်အပိုင်းကိုမျှ မတွေ့ရှိရသေးကြောင်း (JACC) အဖွဲ့ ကပြောဆိုသည်။

အဆင့်မြင့်ရေအောက်ရှာဖွေရေးကရိယာဖြင့် (၂.၅)မိုင်ပတ်လည် ရှိ ရေအောက်အနက်တွင် စနစ်တကျ ပိုမိုရှာဖွေရန် ရည်ရွယ် ထားကြောင်းလည်း အဆိုပါအဖွဲ့က ပြောဆိုသည်။

ပတ်ဝန်းကျင်သည် ဖြစ်နိုင်သမျှ ဆူညံသံတိတ်ဆိတ်နေ ရမည့် ဖြစ်သည့် အတွက် ရှာဖွေမည့် နယ်ပယ် အတွင်း အခြားမည်သည့်သင်္ဘောကိုမျှ ဝင်ထွက်သွားလာခွင့်ပြုမည် မဟုတ်ကြောင်း၊ အခုအခါ စစ်လေယာဉ် (၁၂)စင်း၊ အရပ်ဖက်လေယာဉ် (၃)စင်းနှင့် အခြားသင်္ဘော (၁၃)စင်းတို့ဖြင့် ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း (JACC) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စုံစမ်းရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသော်လည်း ယခုအချိန်ထိ မည်သို့သောခိုင်လုံသည့် အထောက်အထားကိုမျှ မရရှိသေးကြောင်း မလေးရှားပြည်ထဲရေး ဝန်ကြီး ဇာဟစ်ဟာမစ်ဒီက ပြောဆိုခဲ့ သည်။ လေကြောင်းလိုင်း၊ အင်ဂျင်နီယာများနှင့် လေယာဉ်ခရီးသည်များ၏ဆွေမျိုးများ အပါအဝင် လူပေါင်း (၁၈၀)ကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီ ဖြစ်သည်။

လေယာဉ်ပျောက်ဆုံးသွားရသည့်အကြောင်းအရင်းကို အမျိုးမျိုးပြော ဆိုနေကြရာ၊ ပြန်ပေးဆွဲခံရသည်၊ အကြမ်းဖက် တိုက်ခိုက်ခံရ သည်၊ လေယာဉ်မှူးက ကောက်ကျစ်သွားသည်၊ ရုတ်တရက် ကတ်ဘေး ဆိုက်မှုနှင့်ကြုံရသည် စသည့်ပြောဆိုမှုများ ပါဝင်နေသည်။

အချို့ကလည်း လောင်စာဆီပြတ်လတ် သည်အထိ နာရီပေါင်းများစွာ ပျံသန်းနေသည်ဟု ပြောဆိုကြသည်။


MOI Webportal Myanmar
အပြည့်အစုံသို့ »

MH 370 လေယာဉ် အပျက်အစီးများ ရှာဖွေနေစဉ် အတွင်း လေယာဉ် အချက်ပြမီး တစ်ခုကို တရုတ်သင်္ဘောနှစ်စင်း ဆယ်ယူနိုင်ခဲ့


ကျင်းကန်းရှန် ၊ ၃-၄-၂၀၁၄

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အတွင်း မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ် ၏ အပျက်အစီး များကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ် ရှာဖွေရေး သင်္ဘော နှစ်စင်းက ဧပြီ ၁ ရက်တွင် အဆိုပါ လေယာဉ်၏ အန္တရာယ် အချက်ပြမီး တစ်ခုကို ဆယ်ယူနိုင် ခဲ့ကြောင်း Xinhua သတင်းဌာန က ဖော်ပြခဲ့သည်။

အဆိုပါ အချက်ပြမီး သည် MH 370 လေယာဉ်မှ အပျက်အစီး ဖြစ်နိုင်ကြောင်း ၊ သို့သော် အတည်ပြုချက် ရယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း Jinggangshan သင်္ဘော နှင့် Donghaijiu 101 သင်္ဘောတွင် လိုက်ပါ ခဲ့သည့် သင်္ဘောအမှုထမ်း များက Xinhua သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ယင်း သင်္ဘော နှစ်စင်းသည် သြစတြေးလျ နိုင်ငံ၏ ဆိပ်ကမ်းမြို့ ၊ ပါ့သ်မြို့ အနောက်ဘက် ကီလိုမီတာ ၂၀၀၀ အကွာရှိ ရေပိုင်နက် အတွင်း အပျက်အစီး ရှာဖွေမှုများကို လုပ်ဆောင် လျက် ရှိကြောင်း သိရှိရသည်။ (Xinhua)

မြ၀တီ
အပြည့်အစုံသို့ »

မလေးရှားလေယာဉ် MH 370 ရှာဖွေရေး လုပ်ငန်းတွင် အလိုအလျှောက် ရေအောက်သွား ယာဉ်တစ်စင်းကို အသုံးပြုသွားမည်


ပျောက်ဆုံးလျက် ရှိသည့် မလေးရှား ခရီးသည်တင် လေယာဉ် MH 370 နှင့် စပ်လျဉ်း၍ ယခု အချိန်အထိ အတိအကျ ရှာဖွေ ထောက်လှမ်း နိုင်ခြင်း မရှိသေး သောကြောင့် အဆိုပါ ရှာဖွေရေး လုပ်ငန်းတွင် အလိုအလျှောက် ရေအောက်သွား ယာဉ်တစ်စင်းကို အသုံးပြု သွားမည် ဖြစ်ကြောင်း ရှာဖွေရေး အဖွဲ့မှ ခေါင်းဆောင် တစ်ဦးက ယမန်နေ့ တွင် ပြောကြား ခဲ့သည်။

ပျောက်ဆုံး နေသည့် အဆိုပါ လေယာဉ်ကို နိုင်ငံပေါင်း များစွာက ပူးပေါင်း ရှာဖွေလျက် ရှိသည်မှာ တစ်လပင် ရှိခဲ့သော်လည်း ခိုင်မာသည့် သဲလွန်စ တစ်စုံတစ်ရာ ကို ရှာဖွေ နိုင်ခြင်း မရှိသောကြောင့် အဆိုပါ လေယာဉ် ရှာဖွေမှု အတွက် အသုံးပြုရသည့် ကုန်ကျစရိတ် မှာ ကမ္ဘာပေါ်ရှိ အခြား လေယာဉ် ရှာဖွေမှုများ ကို ကျော်လွန်၍ အကုန်အကျ အများဆုံးသော ရှာဖွေမှု တစ်ရပ် ဖြစ်လာခဲ့ကြောင်း သြစတြေးလျ ရှာဖွေရေး အဖွဲ့ခေါင်းဆောင် အငြိမ်းစား လေတပ် ဗိုလ်ချုပ်ကြီး အန်းဂက်စ်ဟျူစတန် က ပြောကြား ခဲ့သည်။

အစောပိုင်းတွင် သြစတြေးလျ သင်္ဘောတစ်စင်း က ရှာဖွေ တွေ့ရှိခဲ့သည့် ပျောက်ဆုံး လေယာဉ်၏ ပျံသန်းရေး ဆိုင်ရာ အချက်အလက် စုဆောင်းရေး နှင့် အချက်ပြ ကိရိယာ အတွင်းမှ အသံများကို ယခု သီတင်းပတ် အတွင်းက ဖမ်းယူ ရရှိခဲ့ သော်လည်း ၄င်း ကိရိယာ အတွင်းရှိ ဓာတ်ခဲများမှာ အားကုန် သွားဖွယ် ရှိသောကြောင့် သဲလွန်စ ထပ်မံ ရရှိရန် ခက်ခဲကြောင်း နှင့် အဆိုပါ ကိရိယာ အတွင်းမှ အသံများကို ဖမ်းယူနိုင်ခြင်း မရှိပါက မိမိတို့ အနေဖြင့် သမုဒ္ဒရာ ကြမ်းပြင်အောက် တွင် ရှာဖွေမှု များကို ဆက်လက် ပြုလုပ် ရဖွယ် ရှိကြောင်း ၊ ယင်းသို့ လုပ်ဆောင် ရမည် ဆိုပါက အချိန်ကာလ အလွန်ကြာမြင့် မည်ဖြစ်ကြောင်း ဟျူစတန် က ထပ်လောင်း ပြောကြား ခဲ့သည်။

သြစတြေးလျ သင်္ဘောက ဖမ်းယူ နိုင်ခဲ့သည့် အချက်ပေးသံ များသည် လေယာဉ်၏ ပျံသန်းရေး ဆိုင်ရာ အချက်အလက် စုဆောင်းရေး နှင့် အချက်ပြ ကိရိယာ ( Black Box ) မှ ထက်ပေါ်လာသည့် အသံများနှင့် ဆင်တူပြီး ယင်းအချက်သည် လေယာဉ် ရှာဖွေရေး အတွက် အရေးပါသည့် သဲလွန်စ တစ်ရပ် ဖြစ်ကြောင်း ၄င်းက ပြောကြား ခဲ့သည်။ သို့ရာတွင် တာဝန်ရှိ သူများက အချက်ပြမှု များကို ထပ်မံ ဖမ်းယူနိုင်ရန် ကြိုးပမ်း ခဲ့သော်လည်း အောင်မြင်မှု မရရှိ ခဲ့ပေ။
အဆိုပါ ပျံသန်းရေး ဆိုင်ရာ ကိရိယာ သည် လေယာဉ် ပျံသန်းမှု အစီအစဉ် များကို မှတ်တမ်း ပြုထားနိုင်ပြီး ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် အမှုထမ်း ၁၂ ဦး ကို တင်ဆောင် သွားသည့် MH 370 လေယာဉ် သည် မည်သို့ မည်ပုံ ပျောက်ဆုံး သွားခဲ့သည်ကို ဖော်ထုတ်နိုင်ဖွယ် ရှိသည်။
ယခုအခါ ရှာဖွေရေး အဖွဲ့များသည် Bluefin – 21 အမည်ရှိ အလိုအလျှောက် ရေအောက်သွား ယာဉ်တစ်စင်း ကို အပျက်အစီးများ ရှာဖွေရန် သမုဒ္ဒရာ ကြမ်းပြင် အောက်သို့ စေလွှတ်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

MWD

အပြည့်အစုံသို့ »

MH 370 လေယာဉ် အပိုင်းအစများကို ရှာဖွေရာတွင် အခက်အခဲတွေ့


◄ကင်ဘာရာ၊ မတ် ၂၀►

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် MH 370 လေယာဉ် အပိုင်းအစများကို
ရှာဖွေနေသောသြဇီတော်ဝင်လေတပ်မှ P3လေယာဉ်သည် မိုးသည်းထန်
စွာရွာခြင်းနှင့် တိမ်ထူထပ်ခြင်းတို့ကြောင့် ဂြိုဟ်တုမှ ဖော်ပြသော အပျက်
အစီးများကို ရှာဖွေရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

ရှာဖွေမှုများကိုမူ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။

လွန်ခဲ့သော မိနစ် ၂ဝခန့်တွင် မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးက
လည်းဂြိုဟ်တုမှတဆင့် တွေ့ရှိရသော အပျက် အစီးများမှာ MH 370 မှ
ဟု ယုံကြည်ရကြောင်း ပြောကြားလိုက်သည်။

လေယာဉ်ပျက်ရှာဖွေရေးလုပ်ငန်းကို ယခုအခါ သြစတြေးလျ၊ နယူဇီလန်နှင့်
အမေရိကန်ရေတပ်များမှ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း မလေးရှား
အာဏာပိုင်များက ပြောကြားသည်။

LYT


Popular Myanmar News Journal
အပြည့်အစုံသို့ »

MH 370 အိန္ဒိယသမုဒ္ဒရာမှာ ပျက်ကျခဲ့ကြောင်း မလေးဝန်ကြီးချုပ် ကြေညာ



MONDAY, MARCH 24, 2014
ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားတာကို ဒီ ကနေ့ လုပ်တဲ့ မလေးရှား ဝန်ကြီးချုပ် Datuk Seri Najib Tun Razak ရဲ့ သတင်းစာရှင်း လင်းပွဲမှာ အတည်ပြု ပြောကြား လိုက်ပါတယ်။


 ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မလေးရှား ဝန်ကြီးချုပ်

Air Accidents Investigation Branch (AAIB) ဆိုတဲ့ ဗြိတိန် စုံစမ်းရေးသမားတွေရဲ့ အတည်ပြုချက် အပေါ် အခြေခံပြီး အခုလို မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောသွားတာဖြစ် ပါ တယ်။




မလေးရှား ဝန်ကြီးချုပ်က ပြောသွားရာမှာ Immarsat ကုမ္ပဏီက ညွှန်ပြချက်တွေအရ လေယာဉ်ပျံသန်း သွားတဲ့ နောက်ဆုံး လမ်းကြောင်းကို အိန္ဒိယသမုဒ္ဒရာ တောင်ဘက် အခြမ်းမှာဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ပြီး မလေးရှား လေကြောင်းလိုင်းနဲ့ AAIB တို့ ပူးပေါင်းကာ လေယာဉ်ဟာ အဲဒီလမ်းကြောင်းမှာ ပျံသန်းသွားခဲ့တယ်လို့ ကောက်ချက်ချခဲ့ကြတာပါ။

လေယာဉ်ရဲ့ နောက်ဆုံး အနေအထားဟာ သြစတြေးလျ နိုင်ငံ ပတ် ( Perth ) မြို့ရဲ့ အနောက်တောင် ဘက်၊ အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ဒီအချက်အလက်အသစ်တွေအရ အထူးကြေကွဲဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင် MH 370 လေယာဉ် ဟာ အိန္ဒိယ သမုဒ္ဒရာတောင်းပိုင်းမှာ အဆုံးသတ်သွားခဲ့ပါပြီ” လို့ မလေးရှား ဝန်ကြီးချုပ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

သူက ဆက်ပြောတာမှာ နောက်ဆုံး တွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ အသေးစိပ်အချက်အလက်တွေကို မနက်ဖြန် အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောသွားမှာဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်။

ဝန်ကြီးချုပ် နာဂျစ်က ပြောတာမှာတော့ အစောဆုံး အခွင့်အလမ်းမှာ ရရှိတဲ့ သတင်းအချက်အလက် အသစ်တွေကို လေယာဉ်မိသားစုတွေနဲ့ ဒီစုံစမ်းရေးကို ဦးဆောင်တာဝန်ယူတဲ့ တာဝန်ခံ ၂ ဦးတို့ ကို လေးစားတဲ့ အနေနဲ့ ပွင့်လင်း မြင် သာစွာနဲ့ လေးလေးစားစား အခုလို သတင်းထုတ်ပြန်လိုက်တာဖြစ်တ ယ်လို့ ဆိုပါတယ်။

မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့ကို အသွား လူပေါင်း ၂၃၉ ဦး တင်ဆောင်ထားတဲ့ မလေးရှားလေယာဉ် ပျောက်ဆုံးပြီး ၁၇ ရက်ကျော်ကြာပြီးတဲ့အခါမှာ မလေးရှား ဝန်ကြီးချုပ်က အခုလို လေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ပြီး ခရီးသည်အားလုံး အသက်ရှင် မယ်လို့ မမျှော်လင့်တဲ့အကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို သတင်းထုတ်ပြန်လိုက်မှုကြောင့် MH 370 လေယာဉ် အမှုထမ်းတွေနဲ့ ခရီးသည် မိသားစုတွေက
တော့ မျှော်လင့်ချက်တွေ အကုန်ပျက်သုံးသွားပြီး ငိုကြွေး ကုန်ကြပါပြီ။

မလေးရှားလေကြောင်းလိုင်းကလည်း ခရီးသည် မိသားစုတွေကိုလည်း ဝမ်းနည်းကြောင်းပြောကြားပြီး အတည်ပြုချက်ကို အကြောင်းကြားလိုက်ပြီလို့ သိရပါတယ်။





အိမ့်သံစဉ် ~
irrawaddy blog
အပြည့်အစုံသို့ »