MH-370 လေ ယာဉ် တည် ရှိ မည့် နေ ရာ ကို CIA နှင့် ဘိုအင်း ကုမ္ပဏီ တို့က ဖုံးကွယ် ထားကြောင်း မလေးရှား ဝန်ကြီးချုပ် ဟောင်း စွပ်စွဲ ပြောကြား

ပို့စ်တင်ချိန် - 5/21/2014 02:36:00 PM


မေလ ၂၁ ရက် ၂၀၁၄ ခုနှစ်

မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး သွားသော MH-370 ခရီးသည်တင် လေယာဉ်သည် ပျက်ကျခဲ့ခြင်း မဟုတ်ကြောင်း၊ ယခုလက်ရှိတွင် ယင်းလေယာဉ်သည် တစ်နေရာတွင် ရှိနေနိုင်ဖွယ် ရှိကြောင်း၊ ယင်းလေယာဉ် တည်ရှိမည့်နေရာကို ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA နှင့် ဘိုအင်း လေကြောင်း ကုမ္ပဏီတို့မှ သိရှိ နိုင်ဖွယ် ရှိကြောင်း မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီဟာ မိုဟာမက်ဒ်က အခိုင် အမာ ပြောကြားခဲ့သည်။
အကယ်၍ MH-370 လေယာဉ်အပိုင်စီး ခံရမည်ဆိုပါက ၎င်းလေယာဉ်ကို CIA အဖွဲ့က လေယာဉ် အဝေးထိန်း ကိရိယာဖြင့် အဝေးမှ လှမ်း၍ ထိန်းချုပ်မှုများ လုပ်ဆောင် နိုင်ကြောင်း ဒေါက်တာ မဟာသီဟာက ပြောကြား ခဲ့သည်။

၎င်းပြင် MH-370 လေယာဉ်သည် ဘိုအင်း ကုမ္ပဏီက တည်ဆောက် ခဲ့သော ဘိုအင်း ၇၇၇ လေယာဉ် အမျိုးအစား ဖြစ်သောကြောင့် ၎င်းလေယာဉ်၏ ဆက်သွယ်ရေး စနစ်များ တစ်စုံတစ်ရာ ချွတ်ယွင်းမှုရှိ၊ မရှိနှင့် စပ်လျဉ်း၍ ယင်းကုမ္ပဏီက သိရှိရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယခုကဲ့သို့ လေယာဉ်၏ Black Boxမှ Pingsသံကို နားထောင်ခြင်း၊ လေယာဉ် အပျက်အစီး အပိုင်းအစများနှင့် ပင်လယ်အတွင်း ယိုဖိတ်ထားသော လေယာဉ်ဆီများကို ရှာဖွေ နေခြင်းသည် အချိန်နှင့် ငွေများကို ဖြုန်း တီးနေခြင်း သာဖြစ်ကြောင်း မဟာသီက Sydney Morning Herald သတင်းဌာနကို ပြောကြားခဲ့သည်။

မြ၀တီ