ဆားဝက်ခြံများကို သဘာဝပစ္စည်းလေးတွေနဲ့ ရှင်းမယ်

ပို့စ်တင်ချိန် - 6/07/2014 11:25:00 AM


ဆားဝက်ခြံဟာ ၀က်ခြံအမျိုးအစားတစ်မျိုးဖြစ်တယ်.နဖူး၊နှာခေါင်းနဲ့ မေးစေ့ တစ်ဝိုက်မှာ အများဆုံးတွေ့ရတတ်တယ်. မျက်နှာမှာရှိတဲ့ အဆီထုတ်တဲ့ gland တွေက အဆီတွေကို ပုံမှန်ထက်ပိုထုတ်တဲ့အခါ အရေပြားအောက်မှာ သွားပြီးစုကြတယ်.အဲဒီအဆီစုလေးတွေက ပြင်ပကလေနဲ့ထိတွေ့တဲ့အခါ မဲသွားကြတယ်.(ဒါကြောင့် ဆားဝက်ခြံဆိုမညှစ်နဲ့လို့ပြောကြတယ်)

ကဲ.အဲဒီလိုဆားဝက်ခြံလေးတွေကို ရှင်းပစ်လိုက်ရအောင်

- သစ်ခြပိုးခေါက်အမှုန့်တစ်ဇွန်းနှင့် ရှောက်ရည်တစ်ဇွန်းကို သမအောင်မွှေပါ။
မျက်နှာပေါ်တွင် ၁၅-၂၀မိနစ်ခန့်ထားပြီး ရေဖြင့်ဆေးပါ။ တစ်နေ့ကို ၂-၃ကြိမ်ပြုလုပ်ပေးပါ။

- ရှောက်ရည်တစ်ဇွန်း နှင့် မြေပဲဆီတစ်ဇွန်းကို သမအောင်မွှေပါ။
ဆားဝက်ခြံနေရာတွင် ၁၅-၂၀မိနစ်ခန့်ထားပြီး ရေဖြင့်ဆေးပါ။

- လတ်ဆက်သောနံနံပင်အား လက်တစ်ဆုပ်ဆာယူပြီး အရည်ထွက်တဲ့ထိခြေပေးပါ။ နနွင်းအနည်းငယ်ရောပြီးသမအောင်မွှေပါ။ ပြီးလျှင်မျက်နှာအားသေချာစွာဆေးကြောပါ။ သက်သာသည်ထိ ညအိပ်ရာမ၀င်ခင်တိုင်းပြုလုပ်ပေးပါ။

(ဆားဝက်ခြံများထွက်တတ်သော အမျိုးသမီးများသည် oil (အဆီ)များကိုအခြေခံပြီးထုတ်ထားသော အလှကုန်များရှောက်ကြဉ်ရမည်။)

အလှအပရေးရာမှဘာသာပြန်သည်။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

Credit to အလှအပရေးရာ