ကေပေါ့ပ်ငွေကြယ်ပွင့်တွေနဲ့အတူတွဲ မြင်ရနိုင်ဖွယ်ရှိတဲ့ မေမြတ်နိုး

ပို့စ်တင်ချိန် - 6/07/2014 10:50:00 AM

ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် မေမြတ်နိုး ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


တောင်ကိုရီးယားနိုင်ငံမှ ကေပေါ့ပ်ကြယ်ပွင့်များနှင့် ဂီတ လုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင် ရန် အခွင့်အရေးများရခဲ့ကြောင်း နိုင်ငံတကာ အလှမယ်ပွဲတွင် မြန် မာနိုင်ငံအတွက် ပထမဆုံးသရဖူ ကို ဆွတ်ခူးနိုင်ခဲ့သူ မေမြတ်နိုးက ပြောသည်။

‘‘Kpop Starတွေနဲ့ တွဲလုပ်ဖို့ အခွင့်အရေးတွေလည်း ရခဲ့ပါ တယ်။ ကိုရီးယားနိုင်ငံ Miss Asia Pacific World နဲ့ စာချုပ်သုံးနှစ် ချုပ်ထားပါတယ်။ ကိုရီးယားနိုင်ငံ နဲ့ မြန်မာနိုင်ငံတို့ အလုပ်တွဲလုပ်ဖို့ လုပ်ထားပါတယ်ရှင်။ ကိုရီးယား နိုင်ငံက ဘယ်တော့လာရမလဲဆို တာ အကြောင်းပြန်ရင် အနုပညာ အလုပ်တွေလုပ်ဖို့ မြတ်နိုးသွားပါ မယ်။ ဘာတွေလုပ်မယ်ဆိုတာ နောက်သိရရင် မီဒီယာကို ပြောပြ ပါမယ်ရှင့်’’ ဟု မေမြတ်နိုးက ပြောသည်။

 ထို့အပြင် မေမြတ်နိုးသည် The Korea Film Actor's Asso-ciation (KAA) ၏  ကိုရီးယားတွင်သရုပ်ဆောင်လုပ်ခွင့် လိုင်စင်ကိုရရှိခဲ့သည်။ ထို့ကြောင့် ၎င်းသည်ဂီတနှင့် ရုပ်ရှင်ကို ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံမှ ဇွန် လ ၅ ရက် ည ၁၀ နာရီက မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး လတ်တလောတွင် ကြော်ငြာ၊ မဂ္ဂ ဇင်း၊ ဂျာနယ်များအတွက် အင် တာဗျူးနှင့် ဓာတ်ပုံများ ရိုက်ကူး ပေးနေကြောင်း သိရသည်။ မေ မြတ်နိုး၏ ပထမဆုံးသော အနု ပညာအလုပ်သည် အိပ်မက်ဆုံရာ အစီအစဉ် ၆ ၏ အဆိုရှင်တစ်ဦး ဖြစ်သည်။

 Miss Asia Pacific World 2014 ပြိုင်ပွဲသို့ သွားရောက်မပြိုင်မီကတည်းက စီစဉ်ထားသော ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနှင့် ရိုက်ကူးမည့်ဇာတ်ကားတွင် လည်းမေမြတ်နိုးသည် စာတော်ပြီး ထက်မြက်သော အထက်တန်းကျောင်းသူကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်မည်ဖြစ်ကြောင်း ဆာတိုရီထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ပြောကြားသည်။

ကြူကြူဟန်
7day daily