အူရီးဒူးထုတ်ကုန်များ မသုံးစွဲရေးဟောပြောပွဲများ နိုင်ငံတစ်ဝန်း ပြုလုပ်လှုံ့ဆော်မည်ဟုဆို

ပို့စ်တင်ချိန် - 6/07/2014 10:48:00 AM

ဘင်္ဂလားသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်နေသည့် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)



အူရီးဒူး (Ooredoo) မြန်မာမှ ဖြန့်ဖြူးမည့် ဆင်းမ်ကတ်၊ဟန်းဆက် ၊ ဖုန်းနှင့် ပတ်သက်သည့် ပစ္စည်းများ မသုံးစွဲရေး၊ ထို ကုမ္ပဏီတွင် အလုပ်မလုပ်ရေးအ တွက် နိုင်ငံတစ်ဝန်း ဟောပြော သွားမည်ဖြစ်ပြီး လိုအပ်ပါက ဆန္ဒ ပြလှုံ့ဆော်သွားမည်ဖြစ်ကြောင်း မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

မကွေးကျောင်းတိုက်ဆရာ တော် ဦးပါမောက္ခဦးဆောင်သော သံဃာတော်များနှင့် လူ ပုဂ္ဂိုလ် ၃၀ ခန့်သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အနေဖြင့် အူရီးဒူး(မြန်မာ)မှ ဖြန့်ဖြူးမည့် ဆင်းမ် ကတ်၊ ဟန်းဆက်၊ ဖုန်းနှင့်ပတ် သက်သည့် ပစ္စည်းများ မသုံးစွဲ ရေး၊ ထိုကုမ္ပဏီတွင် အလုပ်မလုပ်ရေးအတွက် ဇွန်လ ၇ ရက်(ယနေ့)တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ မကွေးပရိယတ္တိ စာသင် တိုက်၌ ပြည်သူများအား ပထမ ဆုံးအကြိမ် အသိပညာပေးဟော ပြောမည် ဖြစ်သည်။

အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းရန်အတွက် ကာတာ နိုင်ငံအခြေစိုက် အူရီးဒူး(မြန်မာ) မှ ဖြန့်ဖြူးမည့် မိုဘိုင်းဖုန်းနှင့် ပတ် သက်သည့် ပစ္စည်းများ မသုံးစွဲ ရေး၊ ထိုကုမ္ပဏီတွင် အလုပ်မလုပ်ရေးစသည်တို့ကို နိုင်ငံတစ် ၀န်း ဟောပြောသွားမည်ဖြစ်ပြီး ဆင်းမ်ကတ်များ ဖြန့်ဖြူးချိန်တွင် ဗုဒ္ဓဘာသာဝင်များ မသုံးစွဲရန် ဆန္ဒပြလှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု ဆရာတော်ဦးပါမောက္ခ က မိန့်သည်။

‘‘အူရီးဒူးနံပါတ်နဲ့ ဖုန်းလာ ရင် မကိုင်ဖို့ထိ ဟောပြောသွား မယ်။ ဒါဟာ သူ့စီးပွားရေးဖျက် ဆီးတာ မဟုတ်ပါဘူး။ အမျိုးဘာ သာ၊ သာသနာအတွက် လုပ်တာ ပါ။ အူရီးဒူးက ပစ္စည်းတွေ ၀ယ် ယူသုံးစွဲနေမယ်ဆိုရင် အမျိုးဘာ သာ၊ သာသနာကို ၀ါးမျိုသွား လိမ့်မယ်။ အဲဒီမှာလည်း အလုပ် မလုပ်ဖို့ရာ ပြောချင်တယ်’’ ဟု ဆရာတော်က မိန့်သည်။

ပြည်သူများအား ဈေးနှုန်းချိုသာသော ဆင်းမ်ကတ်နှင့် အင်တာနက်လိုင်းများ ကောင်းမွန်စွာ ပြု လုပ်ပေးမည်ဟု ပြောထားသည့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်ရထားသော အူရီးဒူး (Ooredoo) မြန်မာ ကုမ္ပဏီနှင့် တယ်လီနော(Telenor) မြန်မာ ကုမ္ပဏီတို့က မိုဘိုင်းဖုန်း နှင့် ပတ်သက်သည့် ပစ္စည်းများ ဖြန့်ဖြူးရောင်းချမည့် အချိန်ကို  ပြည်သူများက စောင့်မျှော်နေကြ သည်။

‘‘မြန်မာ့ ဆက်သွယ်ရေးနဲ့ လုပ်စားလို့ မရဘူး။ အင်တာနက် ကလည်း မကောင်းဘူး။ နယ်မြို့ တွေမှာ ပိုဆိုးတယ်။ အူရီးဒူးတို့၊ တယ်လီနောတို့ကို အားပေးရမှာ ပဲ။ အဲဒီနှစ်ခုထဲက ကောင်းတဲ့ ဟာကို အားပေးရမှာပဲ။ ဘုန်းကြီး တွေ စိုးရိမ်နေတဲ့ဟာတွေ ဖြစ် မလာနိုင်ပါဘူး’’ ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ အသက်(၂၀)အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

မြန်မာပြည်သူများ  အနေဖြင့် အူရီးဒူးမြန်မာမှ ဖြန့်ဖြူးမည့် ပစ္စည်းများကို မသုံးစွဲဘဲ နော်ဝေး အခြေစိုက် တယ်လီနော မြန်မာမှ ဖြန့်ဖြူးမည့်ပစ္စည်းများကို သုံးစွဲ ရန် ဆရာတော်ဦးပါမောက္ခက အကြံပြုသည်။

‘‘ကျွန်မတို့က  နိုင်ငံတကာ တယ်လီကွန်း  ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ ကိုယ့်သုံးစွဲ သူပရိသတ်ကို အကောင်းတကာ့ အကောင်းဆုံး မိုဘိုင်းပစ္စည်းတွေ နဲ့ ၀န်ဆောင်မှုတွေပေးဖို့ကိုပဲ အာ ရုံစိုက်နေပါတယ်။ ပြီးတော့ လူ တိုင်းမှာ  မွေးရာပါသာတူညီမျှ အခွင့်အရေးတွေ ရှိသင့်ပြီး လူ တိုင်းလေးစားသမှုနဲ့ ထိုက်တန်ပါတယ်။ ဒီတော့ ကျွန်မတို့ကုန် ပစ္စည်း အမှတ်တံဆိပ်တွေ မိဘ ပြည်သူတွေဆီကို ပျံ့နှံ့လာပြီး ကျွန်မတို့က ပြည်သူလူထုအတွက် ကောင်းကျိုးတွေဆောင်ရွက်နေတာတွေ တွေ့လာတဲ့အ ခါမှာ ကျွန်မတို့အပေါ်မှာရှိနေတဲ့ သံသယတွေ အလိုလို ပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်’’ ဟု အူရီးဒူးမြန်မာကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာဒေါ်သီရိကြာညိုက ပြောသည်။

  အူရီးဒူးမြန်မာ  ကုမ္ပဏီ တွင်မြန်မာဝန်ထမ်း ၇၀၀ ကျော်ရှိပြီး ကုမ္ပဏီ၏ ၇၆ ရာခိုင်နှုန်းသည် မြန်မာ အလုပ်သမား ၀န်ထမ်းများဖြစ်ကြောင်း၊ ကုမ္ပဏီတွင် ငါးနှစ်အတွင်း မြန်မာဝန်ထမ်းဦးရေ ၉၉ ရာခိုင်နှုန်းထိ ခန့်အပ်မည်ဖြစ်ကြောင်း ဆိုသည်။

အူရီးဒူးမြန်မာ ကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များ သြဂုတ်လ တွင် ရောင်းချပေးမည့် အစီအစဉ် များကို အတိအကျ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် မိုဘိုင်းကွန်ရက်အတွက် အဓိက ကျသည့် Data Center နှစ်ခုကို တည်ဆောက်ပြီးဖြစ်ရာ စမ်းသပ် ခေါ်ဆိုမှုများလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်း၊ ဆွေမွန်
7day daily