မလေးရှားနိုင်ငံ ကပုန်းဘုန်းကြီးကျောင်း တွင်ခိုလှုံနေရသူ၂၅ ဦး ရန်ကုန်သို့ ပြန်လည်ရောက်ရှိ

ပို့စ်တင်ချိန် - 6/18/2013 09:15:00 AM



မလေးရှားနိုင်ငံ ကပုန်း ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသူများအနက် ၂၅ ဦးသည် ဧရာဝတီဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ယနေ့ နေ့လည်ပိုင်း တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အဆိုပါ ၂၅ ဦးအနက် နိုင်ငံကူးလတ်မှတ်ပါရှိသူ ၈ ဦးသာ ရှိပြီး ဓားဒဏ်ရာ ၆ ချက်ဖြင့် ဗိုက်ခွဲစိတ်ခံထားရသူ ၁ ဦး ပါရှိသည် ။ ပြန်လည် ရောက် ရှိလာသူ ၂၅ ဦးကို ဧရာဝတီဖောင်ဒေးရှင်းမှ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ပြီး ဓားဒဏ်ရာ ရရှိထားသူ ကိုထွန်းမော် သိန်းအား ဒဏ်ရာပျောက် ကင်းသည် အထိ ၀ိတိုရိယ ဆေးရုံတွင် ဆေးကုသပေးသွားမည်ဟု သိရသည်။

ပေါ်ပြူလာ