ရေအောက်ကေဘယ်ဆက်ကြောင်း ချိုတ်ယွင်း၊ စင်ကာပူအခြေစိုက်အဖွဲ့နဲ့ ညှိနှိုင်းပြီး အမြန်ပြင်မယ်

ပို့စ်တင်ချိန် - 7/24/2013 06:20:00 PM


အင်မတန်ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမပြောနဲ့၊ အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေလောက်ကို မမြန်ပဲ အလွန်နှေးတဲ့ မြန်မာ့အင်တာနက်ဟာ လူတွေအပြောမှာ လိပ်ကို ကြိုးတုတ်လွှတ်လိုက် သလိုပဲ လို့ ပြောစမှတ် ပြုကြပါတယ်။


ရေအောက် ဖိုက်ဘာ ဆက်ကြောင်းပြင်ဆင်နေပုံ၊ ဓာတ်ပုံ- thetechjournal.com

အခု မြန်မာ့ဆက်သွယ်ရေးက ပြည်သူတွေကို အသိပေးလိုက်တာကြောင့် ကြိုးတုတ်လွှတ်လိုက်တဲ့ လိပ် အပြေးနှုန်း ထက် ပိုနှေးရပါတော့မယ်။

ပင်လယ်ရေအောက် ဖိုက်ဘာ ဆက်ကြောင်းမှာ ချို့ယွင်းမှု ဖြစ်ပွားခဲ့ လို့ နိုင်ငံတကာ တယ်လီဖုန်း ခေါ်ဆို မှုနဲ့ အင်တာနက် တွေကို မပြတ်တောက်ရုံသက်သက်ပဲ ထိမ်းပြီးချိတ်ဆက်ပေးထားတယ်တဲ့။

ဒီလိုမျိုး အင်တာနက် ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းမှုကို ပြင်ဆင်ဖို့အတွက် ၁ လ
လောက် ကြာမယ်လို့ ခန့်မှန်းထားတယ်လို့လည်း မြန်မာ့ဆက်သွယ်ရေး ရဲ့ အသိပေးချက်မှာ ပြောထား တယ်။

ဒီတလတော့ နှေးသည်ထက် နှေးတဲ့ မြန်မာအင်တာနက် အမြန်နှုန်းကို မြန်မာပြည်က အင်တာနက် သုံးစွဲသူတွေ ထုံးစံ အတိုင်း စိတ်ရှည်သည်းခံတော်မူကြပါကုန်လေ။


ယနေ့ထုတ် ကြေးမုံသတင်းစာဖြတ်ပိုင်း

The Irrawaddy (Burmese Version)