မြန်မာဝန်ထမ်းများ မကြာမီခန့်အပ်ပြီး သင်တန်းပေးမည်ဟု Telenor ဆို

ပို့စ်တင်ချိန် - 7/24/2013 06:31:00 PM


Telenor မှ လာမည့်သြဂုတ်မှ စတင်ပြီး မြန်မာများအားအလုပ်ခန့်ကာ သင်တန်းပို့ချပေးမည်ဟု Telenor-Myanmar မှ အမှုဆောင် အရာရှိချုပ် Mr. PetterFurberg က ပြောသည်။

''ကုမ္ပဏီရဲ့ ဝန်ထမ်းလိုအပ်ချက် အပေါ်မူတည်ပြီး ဝန်ထမ်းတွေ ခန့် အပ်သွားမှာပါ။ ဝန်ထမ်းခန့်တဲ့အပိုင်း မှာလည်း လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာတွေအပြင် နိုင်ငံခြားမှာရှိနေတဲ့
မြန်မာနိုင်ငံသား နည်းပညာရှင်တွေကိုပါ ခန့်အပ်ဖို့ အဆင်သင့်ရှိပါတယ်'' ဟု ၎င်းကပြောသည်။

သင်တန်းများပို့ချခြင်းကို လက်ရှိ Telenor ကုမ္ပဏီမှ ကျွမ်းကျင်နည်းပညာရှင်များက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ယင်းသို့ ပြုလုပ်ခြင်းမှာ နောက်ပိုင်းကာလတွင် Telenor-Myanmar အား မြန်မာနိုင်ငံသားများ အများစုပါဝင်ရန် ဆောင်ရွက်ခြင်း ဖြစ်
ကြောင်း ၎င်းကဆက်လက် ပြောသည်။

''ဖုန်းရောင်းချမှုကိုတော့ လိုင်စင်ရပြီးမှ ဆောင်ရွက်ရမှာပါ။ လက်ရှိတော့ လုပ်သားခေါ်ယူမှုနဲ့ နက်ဝပ်တည်ဆောက်မှုတွေကို လုပ်ကိုင်ဖို့ စီစဉ်နေပါတယ်'' ဟု ၎င်းက ဆက်ပြောသည်။

ဖုန်းရောင်းမှုကို လိုင်စင်ရရှိပြီး ရှစ်လအတွင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း မြန်မာနိုင်ငံ၌ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး ဖုန်းအသုံးပြုခွင့်ရရှိမည်
ဖြစ်ကြောင်း၊ ဖုန်းပြောဆိုခအား ၁ မိနစ် ၂၅ ကျပ်နှုန်းအောက်ထားရှိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အင်တာနက်စနစ်ကို 2G, 3G စနစ် နှစ်မျိုးဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆင်းကတ်ရောင်းချရာတွင် အင်တာနက် စနစ်တစ်ပါတည်း ပါဝင်မည်ဖြစ်ကြောင်း
အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောသည်။

တစ်နိုင်ငံလုံးတွင် ဆင်းကတ် ရောင်းချသည့် ဆိုင်ပေါင်း ခုနစ်သောင်း ဝန်းကျင်ထားရှိမည်ဖြစ်ပြီး ကိုယ်စား လှယ်ဆိုင်ပေါင်း ၁ဝ သိန်းဝန်းကျင် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal