မိဘရွှေခိုးမှုဖြင့် သမီးအား အမှုဖွင့်

ပို့စ်တင်ချိန် - 8/31/2013 09:59:00 AM

ရွှေထည်ပစ္စည်း ၂ မျိုးအား ခိုးယူ ခဲ့သူသမီးအား မိဘများက အမှုဖွင့်တိုင် ကြားခဲ့ကြောင်း မှုခင်းရုံးမှသိရသည်။
ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာ၊ (၂) ရပ်ကွက်တွင် နေထိုင်သူ ဦးဘငြိမ်း မှာ ဇနီးဖြစ်သူနှင့်ဆရာကန်တော့ပွဲသို့ ကန်တော့ခံသွားစဉ် ခုတင်အောက်တွင် ရှုံ့အိတ်ဖြင့် ထည့်၍ ဝှက်ထားသော ရွှေ ထည်ပစ္စည်း တန်ဖိုး ၃၇၆ သိန်းခန့် ပျောက်ဆုံးနေသဖြင့် စုံစမ်းရာ ၄င်းတို့ အိမ်တွင်တစ်လခန့် လာရောက်နေထိုင် ခဲ့သော သမီးအရင်းဖြစ် သူက ခိုးယူခဲ့ သည်ဟုဆိုကာ ရဲစခန်းသို့တိုင်ကြားခဲ့ ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန် ကင်းမြို့မရဲစခန်းမှ (ပ) ၁၈၅/၁၃၊ ပြစ်မှု ပုဒ်မ-၃၈၁ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
Popular