သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ် ဒီဇိုင်းအတွက် နယူးဇီလန် ၀န်ကြီးချုပ် ဂုဏ်ယူ

ပို့စ်တင်ချိန် - 8/29/2013 09:26:00 AM


နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးက သူ့သမီးဖြစ်သူ စတက်ဖ်နီရဲ့ အ၀တ်ဗ လာ ဖက်ရှင်ပုံစံတွေအတွက် အရမ်း ဂုဏ်ယူ တယ်လို့ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ကေးရဲ့ သမီးဖြစ်သူ စတက်ဖ်နီ ကေးဟာ ပဲရစ်ကောလိပ်မှာ အနုပညာ သင်ကြားနေသူပါ။

လာမယ့် လ မှာ ပဲရစ် ဒီဇိုင်းသတင်းပတ်အတွက် ကိုယ့်ကိုယ်ကို ပုံဖော်တဲ့ အနုပညာ ပြပွဲတခုလည်း ရှိနေတာပါ။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း အသက် ၂၀ အရွယ် မစ္စကေးဟာ ကိုယ့်ကိုယ်ကိုယ် အ၀တ် ဗလာနဲ့ အနုပညာမြောက် အောင် ပုံဖော်ထားပါတယ်။ “ဓာတ်ပုံတွေကတော့ သူ့ သင်ခန်းစာတွေရဲ့ အစိပ်အပိုင်းဖြစ်ခဲ့ပါတယ်။

ကျနော်တို့ကတော့ သူ အခု လုပ်နေတဲ့ အလုပ် အ ပေါ် အရမ်း ဂုဏ်ယူတယ်” လို့ နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ကေး က ပြောတာကို ဗြိတိန် အခြေစိုက် Sunday Times က ဖော်ပြထားပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း မစ္စတာ ကေးရဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မက်စ် ဟာ မိသားစုတွေရဲ့ အာရုံစိုက်မှု ရခဲ့ပါသေးတယ်။ ဒါကတော့ ၀န်ကြီးချုပ် အိမ်ရာမှာ ဆိုဖာတခုပေါ်မှာ ကန့်လန့်ဖြတ် အိပ်စက်
နေ တဲ့ ဓာတ်ပုံတပုံကြောင့် ပါ။

အိမ့်သံစဉ်~~
ဧရာဝတီ