အရက်ဖိုးတောင်းမရသဖြင့် ဇနီးဖြစ်သူအား ဓါတ်ဆီနှင့်ပက်၍မီးရှို့

ပို့စ်တင်ချိန် - 8/29/2013 02:28:00 PM

၂၇-၈-၂၀၁၃ ရက်နေ့ ၀၈၀၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ်္မလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး မီးလောင်ဒဏ်ရာများဖြင့်ရောက်ရှိနေကြောင်း သတင်းအရ ဟုမ္မလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဟုမ္မလင်းမြို့နယ်၊ မန်မော် ကျေးရွာနေ မနှင်းသဇင်(၃၁)နှစ်နှင့် ခင်ပွန်းဖြစ်သူ စိုင်းခမ်း(၃၁)နှစ်တို့ဖြစ်ကြောင်း၊ မနှင်းသဇင်တွင် ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာ၊ စိုင်းခမ်းတွင် ၀ဲ/ယာလက်ဖမိုးနှင့်လက်ချောင်းများ မီးလောင် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်။

စစ်ဆေးချက်အရ ၂၆-၈-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် မနှင်းသဇင်အား ခင်ပွန်းဖြစ်သူ စိုင်းခမ်းမှ အရက်မူးပြီးပြဿနာရှာကာ အရက်ဖိုးတောင်းသဖြင့် မနှင်းသဇင်မှာ မိဘအိမ်သို့ပြန်ရန် အ၀တ်အစားများထုပ်ပိုးနေစဉ် စိုင်းခမ်းက ရေသန့်ဗူးနှင့်အပြည့် ထည့်ထားသောဓါတ်ဆီဖြင့်ပက်ဖျန်းပြီးမီးရှို့ခဲ့၍ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဖြစ်စဉ်အမှန်အား ပြောပြခြင်းမရှိဘဲ ထမင်းချက်ရန်မီးမွှေးရာမှမီးလောင်၍ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း လိမ်လည်ပြောဆိုပြီး ဆေးရုံတက်ရောက်ကုသနေခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းခမ်းအား ဟုမ္မလင်းမြို့မရဲစခန်း (ပ)၁၀၉/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်