အသုံးမဝင်ပါက လွှင့်ပစ်နိုင်ပါသည်….. သို့သော် အမှိုက်ပုံးထဲ ဘဝများပါမသွားစေရ

ပို့စ်တင်ချိန် - 9/06/2013 12:56:00 PM


အကယ်၍ သင်သည် သင့်အပူနှင့်သင် သို့မဟုတ် သင့်ချိန်းဆိုမှုနှင့်သင် သို့မဟုတ် သင့်အဆင်မပြေမှုနှင့်သင် စိတ်စော၍ဖြစ်စေ၊ အပျော်နှင့်ဖြစ်စေ၊ စိတ်မရွှင်လန်း ညစ် ထေး မှုနှင့်ဖြစ်စေ အရေးတကြီးလျှောက်နေစဉ် တစ်စုံ တစ်ယောက်က သင်ရှေ့မှနေ၍ စာရွက်တစ်ခုခုကို ကမ်းပေးသည်ဆိုပါစို့။ ထိုအရာအတွက် သင့်ဆီကလည်း တစ်ပြား တစ်ချပ်မှ မတောင်းသလို သင်ကလည်း ပေးစရာမလိုပါ။ သင်ဘာလုပ်မည်နည်း။ နှောင့်ယှက်သည်ဟုထင်ပါသလား။ ရှုပ်သည်ဟုထင်ပါသလား။ စိတ်ညစ်စရာ ဟုထင် ပါသလား။ အသုံးဝင်သည်ဟုရော ထင်ပါသလား။
 တကယ်တော့ အထက်ကမေးခွန်းတွေကို စစ်တမ်းတစ်ခုလို ဒါမှမဟုတ် ဥာဏ်စမ်း တစ်ခုလို အဖြေများကို အေဘီစီဒီတပ်၍ နှစ်သက်ရာတစ်ခု ရွေးဖြေပါဟု တစ်ဦးချင်း မေးချင်မိပါသည်။ အထူးသဖြင့် ရန်ကုန်တွင်နေထိုင်၍ ရန်ကုန်မြို့၏ လူစည်ကားရာ နေရာများတွင် ခြေတစ်လှမ်းစာပင် မလွတ်လပ်ချင်သော ကျပ်ကျပ်သပ် သပ်ပလက် ဖောင်းပေါ်တွင်လျှောက်ဖူးသူများကို မေးလိုခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အစတွင်ရေးခဲ့သည့်အခြေအနေမျိုးကို လူတိုင်းကြုံဖူးကြ မည်ဖြစ်ေ သာကြောင့်ပင်။ မထူးဆန်းဟု ထင်မိသောအခါ မထူးဆန်းတော့ပါ။ အနည်း ငယ် အာရုံစိုက်မိမည်ဆိုပါက မထူးဆန်းသည့်တိုင် ယခင်က မမြင်ခဲ့ဖူးသည့် မရခဲ့ဖူး သည့်အေ တွး တစ်စတလေရနိုင်ခြေလည်းရှိပါသည်။ ရရမည်ဟု ယတိပြတ်မဆိုဝံ့ပါ။ အဘယ်ကြောင့်ဆိုသော် လောကတွင် ကြည့်သောမျက်စိတို့ မတူကြသလို မြင်သော အမြင်နှင့် ရသောအတွေးများလည်း ကွဲပြားနေကြသည်က သဘာဝပင်ဖြစ်သည်မဟုတ် လော။
ကျွန်တော် သူ့ကို ငေးနေမိသည်။ သူဝတ်စားထားသည်က သပ်ရပ်သည်။ ရော် ဘာဖိနပ်၊ ကချင်ပုဆိုးအနီနှင့် ရှပ်အကျီ အဖြူလက်တိုပေါ်တွင် လွယ်အိတ်ကို စလွယ် သိုင်းထားသည်။ ဦးခေါင်းတွင်တော့ အဖြူအနက် ကျားကွက်ဒီဇိုင်းနှင့် ဦးထုပ်။ သူ့အလုပ်က မထမ်းပိုးရပါ။ သက်စွန့်ဆံဖျားမဟုတ်ပါ။ ထို့အတူ ဈေးရောင်းသကဲ့သို့လည်း မဟုတ်ပါ။ ဟုတ်သည်။ သူ့အလုပ်က ဖြတ်သွားဖြတ်လာလူတွေကို သူ့လက်ထဲမှ စာရွက် လေးကမ်းရုံသာဖြစ်သည်။ ထို့အတွက်သူကမ်းသည်။ ပေးသည်။ သူ့ရှေ့မှ ဖြတ် သွား သူတိုင်းကို သူကမ်းသည်။ ကလေးလူကြီး ကျားမ မရွေးပါ။ လူမျိုးရေးမခွဲခြားပါ။ ထိုသူ ရ၍ ဤလူ မရ မရှိပါ။ သူ့ရှေ့ဖြတ်သွားလျှင်တော့ အကုန်ရကြရမည်ဖြစ်သည်။ သို့သော် ယူပါ ယူပါဟု သူမအော်။ မယူမနေရဟုလည်း စည်းကမ်းချက်မရှိ၊ မယူသူများကိုလည်း သူအပြစ်မဆို။ ငြူစူခြင်းလည်း မရှိ။ သေချာသည်က သူ့မျက်နှာပေါ်တွင် ယူခြင်း မယူ ခြင်းအတွက် ခံစားချက်မရှိသည်က သေချာပါသည်။ ထို့ထက်ပို၍မူ သူ့မျက်နှာက ခံစားချက်မဲ့၍ ခပ်တည်တည်ပင်ဖြစ်နေပါသေးသည်။
 ”ဒီအလုပ်က ရယ်စရာလည်း မလိုဘူးလေ။ ဒီလိုပဲဝေပေးလိုက်တာပဲ။ ဘာမှတော့ မဟုတ်ဘူး။ သြော် သူတို့ လက်မအားလို့ မယူတာလို့ပဲ သဘောထားပါတယ်။ ဘယ် လိုမှ တော့မခံစားရပါဘူး” ဟု လှည်းတန်းမှ တိုးတိုးဝှေ့ဝှေ့လူများကြား ကြော်ငြာစာရွက်ဝေ နေသူ အသက် ၁၇ နှစ်အရွယ်ရှိ မောင်မင်းမင်းဦးက ပြောသည်။ ပြီးတော့ သူက ဆက်ပြောလိုက်သေးသည်။
   ”ဒီအလုပ်က ရေရှည်လုပ်မှာမဟုတ်ဘူးလေ။ တခြားအလုပ်လည်းလုပ်တယ်”တဲ့။
 ရန်ကုန်မြို့၏ စည်ကားရာနေရာများတွင် ထိုသို့ကြော်ငြာစာရွက်ဝေသူများကို တွေ့ရတတ်စမြဲပင်။ အားလုံး၏ အပြုအမူက တစ်ပုံစံတည်းဟု ဆိုရလောက်အောင် လူစည် ရာနေရာတွင်ရပ်မည်။ ဖြတ်သွားဖြတ်လာများကို စာရွက်ကမ်းပေးမည်။ ယူယူ မယူယူ ကမ်းထားသောလက်ကိုတော့ မရုပ်။ ထို့ကြောင့် တစ်ခါတစ်ရံ သူတို့လက်က ကိုယ့်ကိုဟန့်တားထားသလိုလို တမင်လုပ်သလိုလိုဖြစ်တတ်သည်။ ထိုအတွက်လည်း သူတို့ဆီက အားနာပြုံးသို့မဟုတ် ”ဆောရီး”ဆိုသည့်စကားကို ကြားရဖို့ မမျှော် လင့် ကောင်းပါ။အဘယ့်ကြောင့်ဆိုသော် ဒါက သူတို့စတိုင်။ ထို အချက်ကို လက်မခံပါက သေချာပါသည်။ သင်သည် ရန်ကုန်ပါး မဝသေးသော သူသာ ဖြစ်ပေ မည်။ မောင် မင်းမင်းဦးက
လှိုင်သာယာတွင် နေသည်။ ပညာအရည်အချင်းက လေးတန်း။ စာသင်ခုံများနှင့် ကျောင်းခန်းအကြောင်းလည်း မမေးလိုတော့။ မြန်မာ့ လူမှုဘဝ၏ ထူးမခြားနားဇာတ် လမ်းများထဲတွင် သူ သည်လည်း ဇာတ်ကောင်တစ်ကောင် ဖြစ်မည်။ နှစ် သက်စရာတစ်ခု ကတော့ သူက သပ်သပ်ရပ်ရပ်ဆင်ယင် ကာ အလုပ်လုပ်တတ် သည်ကို ဖြစ် သည်။
”ကျွန်တော်က ဒါလုပ်တဲ့အခါ ဒီလိုပဲ ဝတ်တတ် တယ်” ဟု အင်္ကျီအဖြူကို အမှတ်တမဲ့ငုံ့ကြည့်ပြီး သူက ပြောလိုက်သည်။
ဤလိုလုပ်ငန်းမျိုးတွင် လုပ်ကိုင်တတ်ကြသူအများစု က လူငယ်များသာ။ တချို့နေရာများတွင်တွေ့ရသည်က ကလေးများ။ ကျောင်းဝင်း ၏ ပြင်ပ တွင် ရောက်ေ နကြ သော်လည်း ပျက်စီးလေလွင့်မနေဘဲ ဤသို့ သမ္မာအာဇီဝ ကျကျ လုပ်နေကြသည်က မဆိုးဟုသတ်မှတ်ရမည်။ တကယ်တော့ သူတို့အလုပ် လုပ်နေကြခြင်းဖြစ် ပါသည်။ ပညာအရည်အချင်းမလိုသော၊ ငွေကြေးအရင်းအနှီး မလိုသော၊ ကျောထောက်နောက်ခံနှင့် အကပ်မလိုသော အလုပ်မျိုးက ရှားသည်။ ဒီလိုအလုပ်မျိုးကတော့ လုပ် လိုစိတ်နှင့် ရိုးသားမှုပဲ လိုသည်။
ရန်ကုန်တွင် ကြော်ငြာယဉ်ကျေးမှု ထွန်းကားလာပြီး နောက် တချို့က ငွေကုန်ကြေးကျခံကာ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် နေရာ အနှံ့တွင် ကြော်ငြာ ဆိုင်းဘုတ် များ ထောင်ကြသည်။ မိမိကုန်ပစ္စည်းပေါက်အောင် ကြံဆ လုပ်ကိုင်ကြသည်။ သို့သော် ထိုသို့လုပ်နိုင်စွမ်းမရှိသူများ ကတော့ ဒီလိုလက် ကမ်း ကြော်ငြာစာ ရွက်လေး များဖြင့် လူထုကြားပျံ့နှံ့အောင်လုပ်သည်။ သူတို့အတွက်လည်း အရင်းအနှီးကုန်ကျ စရိတ်နည်းသလို အခွန်အခလည်း ထပ်မကုန်သည့် နည်းလမ်းတစ်ခုမို့ တွင်တွင် ကျယ် ကျယ် သုံးကြခြင်းဟု ထင်ရသည်။
”ရွက်ရေ ၅ဝဝ ကုန်ရင် သုံးထောင်ရတယ်။ ကိုယ် နိုင်သလောက် ယူပေါ့။ အရွက်တစ်ထောင်လောက်ယူပြီး ကျန်ရင်လည်း ပြန်သွင်းလို့ရတယ်။ ကုန်သလောက်တော့ ပိုက်ဆံရမှာပေါ့” ဟု မောင်မင်းမင်းဦးက အလုပ်သဘောကို တစ်ခွန်းမေး တစ်ခွန်းဖြေသည်။ သူက သိပ်စကားမပြောချင်။ သူ့အလုပ်ကို နှောင့် ယှက်နေသည်ဟုပင် ထင်နေလားမသိ။ တကယ်တော့ ကျွန်တော်က နှောင့်ယှက်ခြင်းမဟုတ်ပါ။ နေ့စဉ်နီးပါး မြင်တွေ့ ကြုံရတတ်သည့် သူတို့ရပ် တည်မှုကို စိတ်ဝင်စားခြင်းသာဖြစ် သည်။ သူက လက်ဖက်ရည်ဆိုင်စားပွဲထိုးလည်း လုပ်ခဲ့သည်။ ဆံပင်ညှပ်ဆိုင်တွင်လည်း လုပ်ခဲ့သည်။ နောက်တော့ ဒီ အလုပ်ခွင်ထဲရောက်လာခြင်း။
 ”စရိတ်ငြိမ်းကတော့ အဆင်မပြေဘူး။ အိမ်ကို ပိုက်ဆံပြန်ပေးရတော့ ပုတ်ပြတ်ပဲလုပ်တယ်” ဟု မောင်မင်းမင်းဦးက တုံးတိတိ ပြော သည်။  ဒီအလုပ်တွင် အချိန်သတ် မှတ်ချက်က အလုပ်အပ်နှံသူပေါ် မူတည်သည်။ သူတို့လာခိုင်းချိန်တွင်သွား၍ ကိုယ်နိုင်သလောက် ကြော်ငြာစာရွက်ယူရုံပင်။ ပြီးလျှင် တော့ ကိုယ်ရွေးထားေ သာ နေရာသို့ သွား အလုပ်စ။ စာရွက်ကုန်လျှင် အလုပ်ချိန်ပြီးပြီ။ ပိုက်ဆံသွားထုတ်၍ ပြန်။ လွယ်လိုက်တာကွာဟု ဆိုလိုက ဆိုနိုင်ပါသည်။ သို့သော် အလုပ်ဟူသည်က ချွေးထွက် သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဖိအား အမျိုးမျိုးရှိတတ်ပါသည်။ တစ်နေကုန် လူတွေကြားတွင် မတ်တတ်ရပ်၍ တောက်လျောက် ကမ်းနေရခြင်းတွင်လည်း ဖိအားက အမှန်ရှိသည်။ ရွက်ရေ ၅ဝဝ ကုန်မှသာ သုံးထောင် ရမည်ဖြစ်ရာ ဖြတ်သွားဖြတ်လာများထဲမှ လူ ၅ဝဝ လုံးသာ မယူဘဲ ငြင်းဆန်ခဲ့ပါ     လျှင် ———-။
သူနှင့် စကားပြောကြည့်ရင်း ကျွန်တော် သိလိုက်ရတာတစ်ခုရှိသည်။ အဖြေဟု လည်း ဆိုနိုင်ပါသည်။ တကယ်တော့ ကိုယ်လိုချင်သည်ဖြစ်ဖြစ်၊ မလိုချင်သည်ဖြစ်ဖြစ် သူတို့ကတော့ ကမ်းမည်သာ။ သူ့ဆီက ချက်ချင်းယူပြီး သူ့ရှေ့မှာတင် ပြန်လွှတ်ပစ်လိုက်ပါ စေဦး၊ သူကတော့ မည်သို့မှခံစားရမည်မဟုတ်။ သူ့အတွက် အရေးကြီးသည်က လက်ထဲ မှ စာရွက်များ တဖြည်းဖြည်းနည်းသွားဖို့။ မြန်မြန်ကုန်လျှင်သူတို့မြန်မြန်ပိုက်ဆံရ၍ ပြန်ရမည် မဟုတ်လား။ ထိုသို့ ပြန်သည်ကလည်းအခြားကလေး များလို ဆော့ ကစား ပျော် ပါးရန် မဟုတ်။ မောင်မင်းမင်းဦးက ဒီအလုပ်သိမ်းပြီး ညနေတွင် ကုန်ထမ်းရသေးသည်။
 ”ကုန်ထမ်းရင်တော့ စွပ်ကျယ်နဲ့ ဘောင်းဘီတိုနဲ့ပေါ့” ဟု အလုပ်နှင့်ကိုက်ညီ အောင်ရွေးချယ်ဝတ်ဆင်သော သူ့လုပ်ငန်းခွင်စတိုင်ကို ပြောပြသေးသည်။ လှည်းတန်း ကတော့ ထုံးစံအတိုင်း လူကမပြတ်။မောင်မင်းမင်းဦး ခဏနားစဉ်မှာ တော့ သူ့တာဝန်ကို တစ်လှည့်ယူ ထမ်းပေးသူလည်း ရှိပါသည်။ တကယ်တော့ ဒီအလုပ် အတွက် လှိုင်သာယာမှနေ၍ မောင်နှမနှစ်ယောက် လာကြခြင်းဖြစ်သည်။ အသက် ၁၅ နှစ်သာရှိသေးသော သူ့ညီမလေးသက်ထားခင်ကတော့ သူ့အစ်ကိုလိုမဟုတ်။ ကလေး သာသာမို့လည်း ဟန်မဆောင်တတ်သည်က ပေါ်လွင်သည်။ သူကလည်း ဒူးအထိရောက် နေသည့်လွယ်အိတ်ပွပွကြီးကို စလွယ်သိုင်းထားသည်။ ဆံပင်များကို ကြက်ေ တာင် နှစ်ဖက်ခွစီးထားပြီး ဖြတ်သွား ဖြတ်လာလူများကို သူက သေချာကြည့်သည်။ စတိုင်ကျ ကျလှလှပပ ဝတ်စားထားသော မိန်းကလေးများကိုတွေ့တော့ သူ့အငေး၏ အဓိပ္ပာယ်ကို ကျွန်တော်နား လည်လိုက်သလိုပင်။ သူက သူ့အစ်ကိုလို မဟုတ်ပါ။ မယူဘဲထွက်သွားသော လူ များကို သူကြည့်ပုံက ဆူဆူပွပွ။ ”ဟွန်း အလ ကားလည်းပေးရသေးတယ်။ ဒါလေး ယူသွားတော့ဘာဖြစ်မှာလဲ”ဟု သူထုတ်မပြောသော်လည်း သူ၏ခပ်စူစူနှုတ်ခမ်းက ထို သို့ပြောနေသကဲ့သို့ပင်။ သူက သူ့အစ်ကို ထက်တော့ ပညာအရည်အချင်းက တစ်တန်း ပိုပါသည်။
သူက ၅ တန်းမှကျောင်းထွက်ခဲ့သူ။ မိုးမရွာ၍ သူတို့ အလုပ်မပျက်သော် လည်းကျဲကျဲ ပူသောနေရောင်အောက်တွင်လည်း သူ့အတိုင်းအတာနှင့် သူပင်ပန်းမည်ကို သံသယဖြစ်စရာမလိုပါ။ ကျွန်တော်စိတ်ဝင်စားသည်က သူတို့အလုပ်တွင် တကယ်ဝေ မဝေ စောင့်ကြည့်သူ မရှိသလောက်ဖြစ်ရာ ဤသို့မဝေဘဲ မလုပ်ဘဲ အစဖျောက်၍ ပိုက်ဆံထုတ်လျှင်ရော ဆိုသည့်မေးခွန်းဖြစ်သည်။
 ”အဲလိုမလုပ်ပါဘူး။ ဝေစရာရှိဝေတာပဲ”ဟု မောင်မင်းမင်းဦးက ခပ်တည်တည်ပင် ပြောသည်။ ထိုအရာက ရိုးသားမှုဖြစ်သည်။ ယူခြင်းမယူခြင်းက သူ့အတွက် ပြဿနာ မဟုတ်။ သူ့တာဝန်က ယူထားသည့် ကြော်ငြာစာရွက်များကုန်အောင်ကမ်းမည်။ သူ့ရှေ့ တွင်ပင် လွှတ်ပစ်ပစ်၊ ဆုတ်ပဲဖြဲဖြဲ။ အလကားဝေခြင်းဖြစ်၍ သူမပိုင်။ လမ်းသွားလမ်းလာ များကို အခန့်မသင့်ပါက နှောင့်ယှက် နေသလိုဖြစ်နိုင်သော်လည်း နှောင့်ယှက်နေခြင်း မဟုတ်။ သူတို့အလုပ်လုပ်နေခြင်းဖြစ်သည်။
”အရင်ကတော့ နည်းနည်းပါးပါး စောင့်ကြည့်ပါတယ်။ နောက်တော့ မကြည့်တော့ ဘူး။ တကူးတကတော့ လုပ်မယ့်သူကို လိုက်ချိတ်စရာမလိုပါဘူး။ ဒီနားမှာဆို အဲလိုလုပ်
ချင်သူတွေ ပိုပေါပါတယ်” ဟု လှည်းတန်း ဦးထွန်းလင်းခြံလမ်းအတွင်းမှကွန်ပြူတာ နှင့် ဘာသာရပ်သင်တန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလကားဝေ သည့် သူတို့ကြော်ငြာကတော့ အလကားမဖြစ်ကြောင်းကို ”လူနှစ် ဆယ်သုံးဆယ်လောက်တော့ ရတတ်ပါတယ်။ အလိုဝေပြီးတဲ့အခါတွေမှာ ဖတ်မိပြီး သိပြီး လာစုံစမ်း တတ်ကြတာ ရှိပါတယ်”ဟု ၄င်းက ဆိုသည်။ တကယ်တော့ အလကားရသော အရာဆိုပါက လူများက တန်ဖိုးထားမှုနည်းသော် လည်း အချည်းနှီးတော့လည်း မဖြစ်ကြောင်းကို ထိုစကားကသက်သေခံနေခြင်းမဟုတ်လော။ အကယ်၍ သင်သည် သင့်အပူနှင့်သင် သို့မဟုတ် သင့်ချိန်းဆိုမှုနှင့်သင် သို့မဟုတ် သင့် အဆင် မပြေမှုနှင့် သင် စိတ်စော၍ဖြစ်စေ၊ အပျော်နှင့် ဖြစ်စေ၊ စိတ်မရွှင်လန်းညစ်ထေးမှုနှင့်ဖြစ် စေ အရေးတကြီးလျှောက်နေစဉ် တစ်စုံတစ်ယောက်က သင်ရှေ့မှနေ၍ စာရွက် တစ်ခုခု ကို ကမ်းပေးသည် ဆိုပါစို့။ ထိုအရာအတွက် သင့်ဆီကလည်း တစ်ပြားတစ်ချပ်မှ မ တောင်းသလိုသင်ကလည်းပေးစရာမလိုပါ။ သင်ဘာလုပ် မည် နည်း။ နှောင့် ယှက်သည် ဟုထင်ပါသလား။ ရှုပ်သည်ဟု ထင်ပါသလား။
စိတ်ညစ်စရာဟု ထင်ပါသလား။ အသုံး ဝင်သည်ဟုရော ထင်ပါသလား။ တကယ်တော့ အထက်ကမေးခွန်းတွေကို စစ်တမ်း တစ်ခုလို ဒါမှမဟုတ် ဥာဏ်စမ်းတစ်ခုလို အဖြေများကိုအေဘီစီဒီတပ်၍နှစ်သက်ရာ တစ်ခုရွေးဖြေပါဟု တစ်ဦးချင်း မေးချင်မိပါသည်။ တစ်ခါတစ်ရံတွင် ဘာမဟုတ်သည့် အပြုအမူတစ်ခုခု သည် လူတစ်ယောက်ကို ကူညီလိုက်နိုင်သည့်အကျိုးတရားဖြစ်စေသည် ဆိုပါက ထိုအပြုအမူကို ကျွန်တော်တို့ လုပ်သင့်သည် မဟုတ်လော။ ကျွန်တော်က တော့ ထိုသို့ပင်ထင်မိပါသည်။ အက ယ်၍ သင်သည် ရန်ကုန်မြို့၏ လူစည်ကားရာနေရာ တစ်ခုခုတွင် သင်နှစ် သက်ချင်မှ နှစ်သက်မည်ဖြစ်သော်လည်း ထိုကဲ့သို့လက်ကမ်းကြော်ငြာတစ်ခုခုဝေသော လူငယ် တစ်ဦးဦး သို့မဟုတ် ကလေးတစ်ဦးဦးနှင့်ကြုံသည့်အခါ မငြင်းဆန်ဘဲယူလိုက် စေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအပြုအမူသည် စွမ်းသလောက် တတ်နိုင် သ လောက် ရိုးရိုးသားသားအလုပ်လုပ်နေသော ကလေးများကို ကူညီလိုက်ခြင်း ဖြစ်သကဲ့သို့ သူတို့၏အလုပ် လုပ်ချင်စိတ်ကိုလည်း အားပေးရာေ ရာက်ေ သာကြောင့် ပင် ဖြစ်သည်။ ထိုအချက်ကို မဖြစ်မနေ လက်ခံရမည်ဟု ကျွန်တော်မဆိုပါ။
သို့သော်သင်ထိုအချက်ကို အနည်းငယ်တွေးလိုက်မိပြီဟုဆိုပါလျှင် အထက်တွင်မေး ခဲ့သည့်မေးခွန်းများကို ဖြေရန် အဖြေအသင့်ရှိနေပြီဟု ကျွန်တော်ယူဆပါသည်။ တကယ် တော့ နောက်ထပ်အဖြေတစ်ခုလည်း ရှိပါသေးသည်။ လက်ထဲရောက်လာသော ကြော်ငြာစာရွက်လေးကို ကျွန်တော်ဘာရယ်မဟုတ် ဖတ်ကြည့်မိသည်။ ထိုစာရွက်၏ အပေါ်ဆုံးတွင် ရေးထားသော ဝါကျကိုမြင်သောအခါ ကျွန်တော် သဘောတကျပြုံးမိ ပါသည်။ ထိုစာကြောင်းလေးမှာ ဤသို့ဖြစ်သည်။
 ”ဤ လက်ကမ်းကြော်ငြာသည် လူကြီးမင်းတို့အတွက် အသုံးမဝင်ပါက ကျေးဇူးပြု ၍ အမှိုက်တောင်းထဲသို့ စွန့်ပစ်ပေးပါရန်”
အောင်ခွန်းဆက်
popularmyanmar