နိုင်ငံရေးနှင့်ပတ်သက်၍ စကားလက်ဂျိုဟန်ဆန် ဖွင့်ဟ

ပို့စ်တင်ချိန် - 9/06/2013 09:04:00 AM


 သူမအနေဖြင့် နိုင်ငံရေး နယ်ပယ်နှင့် ဆက်နွယ်မှုမျိုး ဆက်ရှိမည် မရှိမည် တိတိကျကျ မပြောလိုကြောင်း စကားလက် ဂျိုဟန်ဆန်က ပြောကြားလိုက်သည်။ အသက်(၂၈)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ မဲဆွယ်စည်းရုံးရေး စေတနာ့ဝန်ထမ်း တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့သလို နိုင်ငံရေး ကဏ္ဍတွင် စိတ်ဝင်စားကြောင်း ဝန်ခံခဲ့ဖူးသည်။ သူမအနေဖြင့် ရုပ်ရှင်နယ်ပယ်တွင် အာရုံစိုက် လှုပ်ရှားနေသော်လည်း နိုင်ငံရေး ကိစ္စများတွင်ပါ ရှေ့ဆက် ပါဝင်ကောင်း ပါဝင်နေမည်ဖြစ်ကြောင်း စကားလက်က ဆိုသည်။ Hawkins Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမက မတူညီသော နယ်ပယ်နှစ်ခုကြားတွင် မည်သို့မည်ပုံ ရပ်တည်မည်ကို စဉ်းစားမထားကြောင်းလည်း ဖွင့်ဟသွားသည်။
"ကျွန်မကိုယ်ကိုယ် နိုင်ငံရေး နယ်ပယ်မှာ အပြည့်အဝ ဇောက်ချလိုက်မယ်လို့ စိတ်ကူးဖူးသလား ဆိုတော့ ကျွန်မသေချာ မတွေးတတ်ဘူး။ ဒါဟာ တော်တော်လေးတော့ အားစိုက်ရမယ့် ကိစ္စပါ။ ဒါပေမဲ့ ဖြစ်မလာဘူးလို့လည်း ဘယ်သူက ပြောနိုင်မှာတဲ့လဲ"ဟု စကားလက်က မေးခွန်းထုတ်ခဲ့သည်။ သူမက "ဖြစ်နိုင်ခြေတွေကို ကျွန်မ ကန့်သတ်မထားချင်ဘူး။ တကယ်လို့ အချိန်ပိုရရင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပိုဆက်နွယ်နိုင်ပါတယ်။ ကျွန်မ ပြောနိုင်တာကတော့ ဘယ်အရာအတွက်မဆို တံခါးဖွင့်ထားတယ် ဆိုတာပါပဲ"ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။
စကားလက်က "ကျွန်မဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တက်ကြွနီးစပ်တဲ့ မိသားစုက ပေါက်ဖွားလာတာပါ။ နိုင်ငံရေး အသိုက်အဝန်းက တက်ကြွသူ တစ်ယောက် ဖြစ်လာဖို့အတွက် နိုင်ငံရေးကို တာဝန်ယူရဲတဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ဖို့၊ မူဝါဒရေးရာ အမြင်တွေ နီးစပ်ဖို့ လိုပါတယ်။ ကျွန်မရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီကဏ္ဍကို တတ်နိုင်သလောက် မျက်ခြေပြတ် မခံခဲ့ပါဘူး"ဟုလည်း ပြောဆိုသွားသည်။
planet