ဦးသန်းရွှေသား ထွန်းနိုင်ရွှေအကြောင်း တစေ့တစောင်း

ပို့စ်တင်ချိန် - 9/19/2013 08:40:00 AM

သံတော်ဆင့်ဂျာနယ်တို့လုပ်ချလိုက်ပုံကတော့ လွန်တယ်။ မယားကြီးနဲ့မကွာ ရသေးတဲ့ ယခင်တပ်ချုပ်ကြီး (ငြိမ်း) ရဲ့သား ထွန်းနိုင်ရွှေနဲ့ ဇနီးဆိုပြီး သံတော်ဆင့် (စက်တင်ဘာ (၁၄ - ၂၀ -၂ဝ၁၃) မှာ မျက်နှာဖုံး ထိပ်ဆုံးမှာ ဖေါ်ပြထားတာ ကျန်လူကြီးတွေကို စော်ကားလိုက်တာဘဲ။ မယားကြီးနဲ့ ကွာရှင်းထားတာ မလုပ်ရသေးတဲ့ မယားငယ် ပုံကို အောက်က ရဲမေ ဒေါ်ကြည်ညွှန့်ရဲ့အထက်မှာ။ နောက် ဒေါ်အောင်ဆန်းစုကြည် နာမည်ရဲ့အထက်မှာ။ အလိုတော်ပြည့်ဆရာတော်ရဲ့ဘွဲ့အထက်မှာတင်ပြီး ယတြာချေထားတယ်လို့ ယူဆရပါတယ်..။

မယားကြီးက ဒေါ်ခင်သန္တာ (ခ) မတူးမာနဲ့က မကွာရှင်းရသေးဘူး။ မတူးမာရဲ့ပထမ အိမ်ထောင်က လားရှိုးစော်ဘွားကြီး စဝ်ခွန်မိန်းရဲ့သားအငယ်ဆုံး စဝ်ခွန်မိန်းနွှုက် (ခ) JERRY ဖြစ်ပါတယ်။ ထွန်းနိုင်ရွှေ မှ လင်ကြီးငုတ်တုတ်ရှိလျက် အတင်းအဓမ္မလိုက် ကြိုက်နစ်သက်ပြီး ပတ်သက်နေလို့ လင်မယား ကတောက်ကဆဖြစ်ပြီး ၁၉၉၁ မှာ ကွာရှင်းလိုက် ကြရပါတယ်။ ကွာရှင်းပြီး ထွန်းနိုင်ရွှေ နဲ့ ယူလိုက်ကြတာပေါ့။

ပထမအိမ်ထောင်ဖြင့် သမီးတယောက်နဲ့ သားတယောက် ထွန်းကားခဲ့ပါတယ်။ (နာမည်တွေ မဖေါ်ပြတော့ပါ)။

ထွန်းနိုင်ရွှေနဲ့ သားတယောက် ကျော်ကျော်နိုင်ရွှေ (ခုစင်ကာပူတွင်ကျောင်းတက် - အသက် ၁၉ နှစ်) နှင့် သမီးတယောက် (ခင်ခင်ဝတီနိုင်ရွှေ - ယခု အသက် ၁၄ နှစ်တို့ ထွန်းကားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် မယားပြိုင် စံနစ်ကို ၁၉၇၆ မှာ ဆြာနေဝင်း စကျင့်သုံးခဲ့တာပဲ။ ၁၉၇၄ ခုနှစ် မှာ အခြေခံဥပဒေ အသစ်ရေးဆွဲ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကြီးကျယ်စွာကျင်းပပြီး အတည်ပြုခဲ့တာပေါ့။ အတည်ပြုအပြီး တစ်နှစ်ခွဲအကြာမှာ အဲဒီ လမ်းလျှောက်သင်ခါစ အရွယ်ဥပဒေလေးကို မောင်နေဝင်း ရာဂစိတ် ထကြွသောင်းကျန်းလို့ ဥပဒေနှစ်ခု ပြင်လိုက်ပါတယ်။

ပထမ ပြင်တာက အီတလီနိုင်ငံသူ ခံယူထားတဲ့ ရတနာနတ်မယ် (ခ) John Rose ကို ဦးနေဝင်း ဘောတ်ာခွေ့ နေလို့ ပြင်တဲ့ဥပဒေ။

မူလဥပဒေက မြန်မာနိုင်ငံကနေ အပြီးအပိုင် ပြည်ပထွက်ခွာသွားသူတွေ မြန်မာနိုင်ငံကို အလည်အပတ်ပင် ပြန်လာခွင့် မပြုရ ။ အလွတ် တင်းကြပ်လှသည့် ဥပဒေကို (နောင်တရပြီး အမိနိုင်ငံတော်သို့ အပြီးအပိုင်ပြန်လာလိုပီး အသနားခံ လျှောက်ထားလာပါက လူပုဂ္ဂိုလ် တစ်ဦးခြင်းအလိုက် နိုင်ငံတော်မှ သီးသန့် လက်ခံစဉ်းစားပေးမည်) လူတိုင်းအတွက်မဟုတ်။ ဦးနေဝင်း သဘောတ်ာခွေ့ သူများသာ လို့မရေးထားရုံတမယ်ပါ။

ဒုတိယ ပြင်လိုက်တာက ဆြာနေဝင်းရဲ့ စတုတ္ထ မယား ဒေါ်နီနီမြင့်က ကွာရှင်းစာ လက်မှတ်ထိုး မပေးတဲ့အတွက် အရေးအခင်းကာလက သမ္မတ တစ်လ လုပ်ခွင့်ရခဲ့သည့် ဥပဒေပညာရှင် ဆြာဒေါက်တာမောင်မောင် ကနေပြီး မယားပြိုင် ဆိုတဲ့ဝေါဟာရကို တီထွင်ပေးလိုက်ရပါတယ်။

အဲဒီလိုလဲ ဥပဒေကိုပြင်လို်က်တော့ FAR EASTERN ECONOMIC REVIEW ဂျာနယ်က ကာတွန်းလေးနဲ့ဖဲ့ပါလေရော။ ပုခက်ပေါ်က ဆံပင်ကောက်ကောက် ၁၅ -လ သမိးအရွယ် ဗိုလ်မလေး က မျက်လုံးလေး ပြူးပြီး ပုခက်ပေါ်က ဆင်းပြေးဖို့ ဟန်ပြင်နေပြီး ဆြာနေဝင်းက ဗိုက်ပူပူ ဖွားဖက်တော်က ပျော့ပျော့နဲ့ ပါးစပ်က ပြုံးဖြဲပြပြီး တဏှာရာဂ ဝေနေတဲ့ မျက်နာနဲ့ပုံပေါ့။

ရေးထားတာက နာတတ်ရင် လဲသေလောက်အောင်ရေးထားတာ။ Ne Win plot to rape it's own infant law. နေဝင်း သူကိုယ်တိုင်ရေးဆွဲထားတဲ့ မွေးကင်းစ ဥပဒေလေးကို မုဒိန်းကျင့်ရန် ကြံစည်နေပုံတဲ့။

တကယ်က ရတနာနတ်မယ်က နိုင်ငံတော်ကို ပြန်သာလာတယ်။ နိုင်ငံခြားသားပတ်စပို့ ကိုင်ထားလျှက်ဘဲ။ အဲဒီတုန်းက လူဝင်မှုဥပဒေက ဘယ်နိုင်ငံခြားသားမဆို ဗွီဇာကို (၇ ) ရက်ဘဲပေးပါတယ်။ ဘယ်လိုအကြောင်းနဲ့မှ သက်တမ်းတိုးခွင့် မပေးပါဘူး။ ခြွှင်းချက် နိုင်ငံတော်စီမံကိန်းများမှာ တာဝန်ထမ်းဆောင်နေသူကိုတော့ ချွင်းချက်ပေးထားပါတယ်။
ထိုစဉ်က လူတွေက ပြောကြတယ်။ နိုင်ငံတော်တာဝန် ထမ်းဆောင်နေသူကြီးအတွက်ဆိုတော့ ဗွီဇာ မဟုတ် ဆာဗွီတို တဲ့။

ရတနာနတ်မယ်နဲ့ ပေါင်းနေစဉ်က ဒေါ်နီနီမြင့်ကို မြစ်ကြီးနားကောလိပ် မဲဇာ ပို့ထားပြီး ဒေါ်နီနီမြင့်ရဲ့ မောင်နဲ့ ညီမတို့ကို နိုင်ငံတော်ပိုင်ပစ္စည်းအလွှဲ သုံးစားမှုတွေနဲ့ မဟုတ်တမ်းတရားစွဲ။ သတင်းစာ မျက်နာဖုံးတွေပေါ်မှာ အမြဲဖေါ်ပြ။ ရတနာနတ်မယ်နဲ့က ရက်တရာမပြည့်ခင် ကွဲကြပါတယ်။

အဲဒီတော့ ဒေါ်နီနီမြင့်ကို ပြန်ပေါင်းဖို့ သံတော်ဆင့်တွေလွှတ် အခေါ်တော်ပင့်စေပါတယ်။ ဒေါ်နီနီမြင့်က အမှုတွေ မေးတော့ သတင်းစာတွေထဲ အမြဲထည့်ဖေါ်ပြနေတဲ့ အမှုတွေကို ဗိုလ်နေဝင်း တန်ခိုးနဲ့ ပျောက်စေ ဖြစ်သွားပါလေရော။ scrap with the balls ကောင်းတွေမှာ ပြောသလိုပေါ့။ ဘောဖျက် ဘောဖျက် ဆရာမက ခိုင်းလိုက်လျှင်ပေါ့။

ဆြာနေဝင်းတို့ကတော့ နိုင်ငံတော်အပေါ် အဲဒီလို သစ္စာရှိခဲ့ပြသည်။ အခုလဲ ဉာဏ်တော်မြင့်ပါတဲ့ သံတော်ဆင့်က ယတြာချေလေသလားမသိ။ ဂျာနယ်ထိပ်ဆုံးမှာ ထွန်းနိုင်ရွှေနဲ့ မယားငယ်ပုံကို ဦးစားပေးတင်ထားတယ်။ ဆရာတော်ပုံက ဘေးရောက်နေတယ်။ ဆရာတော်ရဲ့ဘွဲ့တော်ကိုတောင် အောက်မှာ ယောင်လည်လည်။ အဖြစ်သည်းပြနေတယ်။ ခိုးပေါင်းရဲသူက ပေါင်းတာ မပြောလိုပေမည့်။ သံတော်ဆင့်က ဒီဇာတ်လမ်းဘယ်လိုရှိနေတယ် ကောင်းကောင်း သိတာပေါ့။ မယားကြီးရှိနေမှန်းလဲ သိနေတာပဲ။

မယားကြီးက ကွာမပေးတာ မဟုတ်ဘူး။ လင်မယားနှစ်ဦး လုပ်ခဲ့တဲ့ စီးပွားရေးမှာ လက်ရှိ ထွန်းနိုင်ရွှေနဲ့ နှစ်ဦးသားဆိုင်နေတာက ပွားများပိုင်ဆိုင်ထားတဲ့ ဓနအင်အားက အမေရိကန်ဒေါ်လာ -၂ ဘီလျံ ( US$ Two Billion) လောက်ရှိပါတယ်။ ကွာရှင်းမယ်ဆိုလျင် ထက်ဝက်ပေးဖို့ တောင်းဆိုနေတာပါ။ ဒါကို မယားငယ်က တပြားတချပ်မှ မပေးရ အကျပ်ကိုင်နေပါတယ်။ ထွန်းနိုင်ရွှေက ဦးသန်းရွှေတို့အိမ်နဲ့ သိပ်အဆင်ပြေလှတာ မဟုတ်ဘူး၊
ဒါတောင် ဒေါ်လာ၂ ဘီလျံလောက်ရှိတယ်။ သန္တာရွှေတို့ဘာတို့ အမတွေ ညီမတွေက ဘယ်ပြောကောင်းမလဲ
၁-ယောက်စီကကို ၃ - ၅ ဘီလျံလောက် ချမ်းသာနေတာ။

ဒါနဲ့ တဆက်ထဲပေါ့။ ထွန်းနိုင်ရွှေနဲ့ ခင်သန္တာ (မတူးမာ)တို့ ၁၉၉၁ မှာ လက်ထပ်တယ်။ ၁၉၉၂ ..ဧပြီလ ၂၃ -ရက်နေ့ မှာ ဦးသန်းရွှေ အာဏာသိမ်းတယ်။ အာဏာသိမ်းပြီး နှစ်လလောက်အရမှာ မတူးမာရဲ့ ပထမ ခင်ပွန်း ဦးဂျယ်ရီ ဟာ ညဦးပိုင်း အိမ်အပြန် ပြည်လမ်းပေါ်မှာ လိုက်ပို့တဲ့ကားပေါ်က အဆင်းမှာ ပျောက်ခြင်းမလှ ပျောက်သွားပါတယ်။

အဲဒီတော့ သူ့ ညီအကိုမောင်နှမတွေ အခုရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး (ညီအကိုဝမ်းကွဲတော်) တို့တတွေပါ အလောင်းရှာကြတဲ့အထိ အလုပ်ရှုပ်ကုန်ပါတယ်။ ရဲစခန်းလူပျောက်တိုင်ကြ။ ရင်ခွဲရုံကို ရှာကြရ။ နှစ်ပတ်ခန့်နေမှ ပြန်ရောက်လာပါတယ်။ မေးတော့ အဖေါ်နဲ့တွေ့လို့ တာချီလိတ်ဘက်ကနေ ယိုးဒယားဖက်အထိ ရောက်သွားနေလို့ပါပေါ့။ ဟိုတွေကလဲ လူ အ တွေမှတ်လို့။ တာချီလိတ်ဖက်တွေက ဆွေမျိုးတွေကိုမေးတော့။ သူပြောတဲ့ သူ့အဖေါ်ဆိုသူက ဂျပန်ရောက်နေတာ။

အဲဒီတော့မှ ကိုဂျယ်ရီက ဝန်ခံတယ်။ သူ့ ကိုထောက်လှမ်းရေးက ဆွဲသွားတာ။ မတူးမာနဲ့ ကွာရှင်းစာချုပ်မှာပါတဲ့ သူ့ လက်မှတ်က (အင်)- လက်မှတ်ဖြစ်နေလို့ ထပ်အသစ်ထိုးခိုင်းတာ။ ထွန်းနိုင်ရွှေကို မယားခိုးမှုနဲ့ တရားဆွဲမယ် သတင်းရထားလို့ ကာကွယ်တဲ့သဘော။ နဝတ အဖွဲ့ထဲက အရေးပါတဲ့ လူကြီးတယောက်ကိုယ်တိုင် သူ့ကိုတွေ့တယ်။ လိုတာရှိပြော ကူညီမယ်ပေါ့။ လက်မှတ်တေ့ ထိုးပေးပါပေါ့။ တကယ်လို့သာ မထိုးပေးလျင် ဘယ်လိုလုပ်လေမလဲလို့လဲ တွေးကြည့်ပေးကြပါဦး။

လက်မှတ်အစစ်ကို ပြန်ထိုးပေးခဲ့ရပါတယ်။ မယားခိုးမှု မဆွဲပါဘူးပါ ဆိုတဲ့တိခံဝန်ချုပ်ပါ ထိုးခဲ့ရပါတယ်။ အဲဒီတော့ သူများမယားကို ခိုးတယ် မခိုးဘူးဆိုတာကို ဖြစ်စဉ်ကိုသာကြည့် သုံးသပ်ကြပေတော့။

မယုံလျင် ဦးခွန်ထွန်းဦးနဲ့ သူ့ဘော်ဒါအဟောင်းတွေသာ မေးကြည့်ကြလို့ ရပါတယ်။ ဦးခွန်ထွန်းဦးကို ပြဿနာထဲ ဆွဲထဲ့ရတာကို တောင်းပန်ပါရစေ။ တိုင်ကြားစာမဟုတ်တဲ့ ပြည်သူတွေ သိသင့်တဲ့ အမှန်တရားစာ ဖြစ်ပါကြောင်း။

(အခင်းအကျင်းသိတဲ့ အတွင်းသိ)

Credit : ဒီမိုဝေယံ