ပုတဲ့ကလေးတွေရဲ့ ဦးနှောက်ဆဲလ်လေးတွေဟာ သာမန်ကလေးတွေနဲ့ မတူဘူး

ပို့စ်တင်ချိန် - 9/19/2013 06:20:00 PM


UNICEF မှ အာဟာရပညာရှင် ဒေါက်တာကျော်ဝင်းစိန်နှင့်တွေ့ဆုံခြင်း
မြန်မာနိုင်ငံမှာ အရပ်ပုနေတဲ့ ကလေး ဘယ်လောက်ရှိပါသလဲ။
မြန်မာနိုင်ငံမှာ ကလေး ၂ ဒသမ ၅ သန်းက အရပ်ပုနေတယ်။ အဲဒါက အစိုးရနဲ့ UNICEF &JU Multiple Indicator Cluster Survey 2010  အရ ပုတဲ့နှုန်းနဲ့ မြန် မာနိုင်ငံရဲ့လူဦးရေ ၅၉ သန်းအပေါ်မူတည်ပြီး တွက်ထားတာပေါ့။ ကလေး ၂ သန်းကျော်ဟာ ပုနေတယ်။ အဲဒါဟာ အရေးကြီးတယ်။ အဲဒီတော့ တကယ့်လူဦးရေမ ဟုတ်ေ သး တော့ အတိုးအလျော့တော့ ရှိနိုင်တာ ပေါ့။ တကယ့်လူဦးရေစာရင်းကမ ကောက်တာကြာပြီဆိုတော့ နောက်ပိုင်း စာရင်းကောက်ပြီးသွားရင်တော့ တိကျတဲ့ စာရင်း ထွက်လာမှာပေါ့။
မြန်မာမှာက ဘာကြောင့်အရပ် ပုတဲ့သူ များသွားတာလဲ။
မြန်မာနိုင်ငံထက် များတဲ့နိုင်ငံတွေ ရှိတယ်။ တစ်ကမ္ဘာလုံးမှာပုနေတဲ့ ကလေးတွေ ၈ဝရာခိုင်နှုန်းဟာ၂၄နိုင်ငံ မှာပဲရှိတယ်။ အဲဒီထဲကမှ ဆယ်နိုင်ငံက အာရှမှာရှိတယ်။ အဲဒီဆယ်နိုင်ငံမှာ မြန်မာပါတယ်။ နီပေါပါတယ်။ ဗီယက်နမ်ပါတယ်။ အရှေ့တီမောလည်းပါတယ်။
အရပ်ပုတာရဲ့ အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင်ပါသလဲ။
ဒါအရေးကြီးတယ်။ တချို့တွေက တွေးတာက အရပ်ပုတာက အရပ်ပု တာပဲပေါ့။ မဟုတ်ဘူး အရပ်ပုတာ ဆိုးတယ်။ အရပ်ပုတာက ကျန်းမာရေး တစ်ခုတည်း တင်မဟုတ်ဘူး။ အရပ်ပု တာက နံပါတ်တစ် ကျန်းမာရေးထိ တယ်။ တစ်နှစ် တစ်နှစ်မှာငါးနှစ်အောက် ကလေးတွေသေတယ်။ အဲလို သေတာ ရဲ့ ၁၅ ရာခိုင်နှုန်း ဟာ အရပ်ပုတာ ကြောင့် ဖြစ်တယ်။ နောက်တစ်ခုက ကျန်းမာရေး တစ်ခုတည်းပဲမဟုတ်ဘူး။ ပညာရေးမှာလည်း သွားထိသေးတယ်။ ပုတဲ့ကလေးေ တွရဲ့ဦးနှော က်ဆဲလ်ေ လး တွေဟာ သာမန်ကလေးတွေနဲ့ မတူဘူး။ ဦးနှောက်ဆဲလ်လေးတွေက ပုံစံမမှန် ဘူး။ ပုံမှန်မဟုတ်ဘူး။ သာမန်ကလေး တွေရဲ့ ဦးနှောက်ဆဲလ်ေ လးတွေဟာ အခက်အ လက်တွေ အများကြီးဖြာထွက် နေတယ်။ ဒါပေမဲ့ အရပ်ပုတဲ့ ကလေး တွေရဲ့ ဦးနှောက်ဆဲလ်လေးတွေဟာ မဖြာဘူး။ အခက်အလက် မများဘူးပေါ့။ အဲဒါနဲ့တင် တော်ေ တ်ာကွာသွားပြီ။ နောက်ပြီး ကျောင်းတက်တဲ့အခါမှာ လည်း School Performance က ကျသွားပြီ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တွက်ထားပြီးသား။ ဘယ်လိုတွက်ထား လဲဆိုရင် ပုတဲ့နှုန်းက ၁ဝ ရာခိုင်နှုန်း တက်သွားမယ်ဆိုရင် မူလတန်းကို ပြီး အောင် တက်တဲ့နှုန်းက ၈ ရာခိုင်နှုန်း ကျသွားမယ်။ မြန်မာနိုင်ငံမှာ ကြည့် မယ်ဆိုရင် ၅၄ ရာခိုင်နှု န်းဟာ မူလတန်း ကိုပြီးဆုံးသွားတယ်ဆိုရင် တကယ်လို့ သာ ပုတဲ့နှုန်းကို ဆယ်ရာခိုင်နှုန်း ချ လိုက်မယ်ဆိုရင် မူလတန်းပြီးတဲ့နှုန်း ဟာ ၇၅ ရာခိုင်နှုန်းအထိ ပြီးသွားမယ်။
အခုတွက်ထားတာ ၅၄ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းတက်သွားမယ်။ ဒါ Data တွက်ထားတာ။ နောက်ပြီး ကျန်းမာရေး နဲ့ ပညာရေး တင်မဟုတ်ဘူး။ စီးပွားရေး မှာလည်း အရေးကြီးတယ်။ ပုတဲ့ကလေး တွေပဲ များမယ်ဆိုရင် ကုန်ထုတ်လုပ်မှုဟာ လည်းကျသွားတယ်။ လုံးဝကျသွား တယ်။ ပုတဲ့နှုန်းကို ချပေးနိုင်မယ်ဆိုရင် GDP ဟာလည်း သုံးရာခိုင်နှုန်း တက်သွားမယ်။ အဲဒီတစ်ခုတည်းလားဆို တော့လည်း မဟုတ်ဘူး။ အားကစားမှာ လည်း သွားအရေးကြီးတယ်။ အဲဒီ တော့ ဘောလုံးကစားတာပဲဖြစ်ဖြစ်၊ အ လေးမတာပဲဖြစ်ဖြစ် ဘောလီဘောပဲ ဖြစ်ဖြစ်။ ဘောလီဘောဆို ပြောမနေနဲ့ တော့ အရပ်ပုရင်ဘယ်လိုမှ လုပ်လို့မရ ဘူး။ အဲဒီတစ်ခုတင်မဟုတ်ဘူး။ ကျန်တဲ့ အားကစားတွေမှာလည်း အရေးကြီး တယ်။ ခုန ပုတဲ့ကလေးတွေနှုန်းများ လာရင် ရွှေတံဆိပ်ရဖို့ မသေချာတော့ ဘူး။ စိတ်ချ။ အဲဒီတော့ အားကစားတွေ မှာ ဆုတံဆိပ်မရတာ အာဟာရမပြည့်ဝ လို့ဆိုတော့ နင်းကန်ကျွေးကြတယ်။ အဲဒါ ပိုဆိုးသွားတယ်။
ဘယ်အချိန်မှာ စလုပ် ရမှာလဲဆိုတော့ ကိုယ်ဝန်ဆောင် က တည်းက စလုပ်ရမှာ။ အာဟာရက ကိုယ်ဝန်ဆောင်ကတည်းက ပြည့်ဝ အောင်ပေးရမှာ။ ပြီးတဲ့အခါကျရင် သုံး နှစ်အောက် ကလေးတွေကို အပြည့် အဝပေးရမယ်။ ဒါဆိုရင် ဒီကလေးဟာ ကြီးလာတဲ့အခါ ကျရင် ဒီကလေးဟာ အားကစားနဲ့ ပတ်သက်ရင်ထပ် Train  ပေးလိုက်ရင် ဒီကလေးဟာ ရွှေတံဆိပ် ဆုရကိုရမှာ ကျိန်းသေတယ်။ မြန်မာ နိုင်ငံမှာ ပုတဲ့ ကလေးဟာ ဒီလောက် ၃ ပုံ ၁ ပုံများနေတယ်။ ဒီလောက်ဆိုရင် နောင်တစ်ချိန်မှာ ဆုတံဆိပ်ရဖို့ မသေချာတော့ဘူး။အဲဒါဟာ ခုနကပြောတဲ့ အာဟာရ နဲ့အများကြီးဆိုင်တယ်။ အရပ်ပုတာနဲ့ လည်းဆိုင်တယ်။ တခြားအချက်တစ် ချက်နှစ်ချက်လည်း ပါတာပေါ့နော်။ ဒါပေမဲ့ သူတို့က အရေးကြီးဆုံးအချက် တွေ ဖြစ်နေတယ်။ ဒါကြောင့်မို့ အရေး ကြီးတယ်။ ကျန်းမာရေးရော၊ ပညာရေး ရော၊ ကုန်ထုတ်လုပ်မှုရော၊ အားက စား မှာရော အကုန်လုံးအရေးကြီးတယ်။ အဲဒါ သူ့ effect တွေက အရမ်းအရေး ကြီးတယ်။ အဲဒါသာတင်ပေးလိုက် မယ်ဆိုရင် မြန်မာက တက်သွားမှာ။ စဉ်းစားကြည့် မယ်ဆိုရင် အာဟာရချို့ တဲ့တာ ပုတာဟာ အဲဒီကလေးနဲ့တင်ဆိုင် တာ မဟုတ်ဘူး။
အဲဒီမိသားစုနဲ့တင် ဆိုင်တာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံနဲ့ပါ ဆိုင်တာ။ ဒါ နိုင်ငံတော်ရဲ့အရေးကြီးတဲ့ ဦးစားပေးရမယ့် လုပ်ငန်းတစ်ခုပဲ။ ဥပမာ ထားပါတော့ နိုင်ငံတော်က လုပ် နေတာ ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်တာဟာ ဒီအရပ်ပုတာကို ဖြုတ်နိုင် ဖို့က အရမ်းအရေးကြီးတယ်။ အခု အစိုးရက ၂ဝ၁၄-၁၅ မှာငါးနှစ်အောက် ကလေး သေ မယ့်နှုန်းကို ချမယ်ဆိုတာ ဒီ Nutrition  မပါရင် ချလို့မရဘူး။ Nutrition Intervention က အရမ်း အရေးကြီးတယ်။ ကမ္ဘာမှာ ငါးနှစ် အောက်ကလေးေ တွ သေတယ်။ အများ ကြီးသေတယ်။
ဒါတွေကို ဘယ်လို ကာကွယ်နိုင် မလဲ။
ဒီကလေးတွေကို အသက်ကယ်နိုင်မယ့် Intervention တွေရှိတယ်။ အဲဒီထဲကမှ အကောင်းဆုံးက မွေးစမှ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်တာဟာ ငါးနှစ်အောက် ကလေး သေနှုန်းကို ၁၃ ရာခိုင်နှုန်း ချပေးနိုင် တယ်။ ဘာပစ္စည်းမှ ပေးစရာမလိုဘူး ။မိခင်နို့တိုက်တာပဲ။ အရည်အေ သွး ပြည့်ဝတဲ့ ဖြည့်စွက် စာတွေ ကျွေး မယ် ဆိုရင် ငါးနှစ်အောက် ကလေးသေနှုန်း ကို ၉ ရာခိုင်နှုန်း ချပေးနိုင်တယ်။ မြန်မာနိုင်ငံမှာ မိခင်နို့တစ်မျိုး တည်းတိုက်တဲ့နှုန်းဟာ အရင်ကဆိုရင် ၁၄ ဒသမ ၇ ရာခိုင်နှုန်းပဲရှိတာ။ အခု ဆိုရင် တက်လာတယ်လေ။ စီမံကိန်းတွေ ချပြီး လုပ်နေတာပဲ။ တစ်နိုင်ငံလုံး ပြန့်အောင် အခု Infant and Young Child Feeding (IYCF) အသက်သုံးနှစ်အောက် ကလေးတွေကို အစားအစာ ကျွေးမွေးရမယ့် ဗျူဟာကို  ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်တယ်။ ဆရာတို့ UNICEF က နည်းပ ညာပိုင်း၊ ငွေရေး ကြေးရေးပိုင်းကို ပံ့ပိုးတယ်။ အဲဒီမှာ မိခင်နို့ချိုတိုက်ကျွေး ရေးလည်း ပါတယ်။ ခုနကပြောသလို ကွာလတီ ပြည့်တဲ့ ဖြည့်စွက်စာတွေ ကျွေးမယ်။ Intervention  တွေ အများ ကြီးပါတယ်။ ၂ဝ၁၁-၁၂ ကနေ ၂ဝ၁၅-၁၆ အထိ ၅ နှစ်စာစီမံကိန်းချပြီးလုပ် နေပြီ။ အခု ၂ဝ၁၃ ဆိုတော့ လုပ်နေ ရင်းတန်းလန်းပေါ့။ အဲဒီလို လုပ် မယ်ဆို တစ်ချိန်မှာ အရပ်ပုတာကျကျလာမှာ။ အဲဒီတော့ အဲဒီရဲ့ ၅ နှစ်စာ စီမံကိန်းရဲ့ အထဲမှာ ဘာတွေပါလဲဆိုတော့ ခုနက ပြောတဲ့ လူတွေကို အသိပ ညာပေး တာ တွေ၊ မိခင်နို့ဘာကြောင့် တိုက်တာလဲ။ ဖြည့်စွက်စာကျွေးတာသည် ဘာကြောင့် ကျွေးရသလဲဘာတွေပါရမလဲ စသဖြင့် သင်တန်းတွေပေးမယ်။
စာရွက်စာတမ်း TV, DVD တွေထုတ်တာတစ်ခုပေါ့၊ နောက်တော့ ဆေးရုံတွေမှာ မိခင်နို့ချို တိုက်ကျွေးရေးတွေမှာ သင်တန်းပြန် ပေးတယ်။ နောက်ပြီး ဆေးကျောင်းတွေ မှာ သင်ရိုးညွှန်းတမ်းတွေမှာထည့်တယ်။ ဆရာဝန်တော်တော်များများတွေက ဆရာဝန်ဖြစ်လာတဲ့အချိန်မှာ အတော်များများက ဘာမှ မသိကြဘူး။ အခု ဆေးကျောင်းေ တွမှာ ထည့်တယ်။ ပြီးရင် သားဖွားသင်တန်းကျောင်းတွေ၊ အဲဒီမှာ အကုန်ထည့်မယ်။ နောက်တစ် ချက်က ဥပဒေထုတ်မယ်။ ဥပမာနို့မှုန့်။ မွေးစကနေ ၆ လအထိ မိခင်နို့ တစ် မျိုးတည်း တိုက်ရမယ်ဆိုတော့ နို့မှုန် တွေကြော်ငြာရင် ဘယ်လိုကြော်ငြာရ မလဲဆိုတဲ့ ဥပဒေ အခုရေးဆွဲတုန်းပဲ။ အဲဒါအတည်ဖြစ်ရင် လိုက်နာရတော့ မယ်။ ဥပမာမိ ခင်နို့တစ်မျိုးတည်းတိုက် မယ်ဆိုရင် သူ့အတွက်အရေးကြီးတဲ့ Supporting လိုတာပေါ့။ အထောက် အကူလိုတယ်။ ဘာအထောက်အကူတွေလိုလဲဆိုတော့ ခုန ကပြောတဲ့မီးဖွားခွင့်တွေပေါ့။ ၆ လဖြစ်ဖို့ပေါ့။ ငါးနှစ်စာ Plan မှာပါ တယ်။ မိခင်နို့ တိုက်မတိုက် Counselling လုပ်တာ၊ နှစ်သိမ့် ဆွေး နွေး အကြံပေးတာတွေ လုပ်မယ်။
ကလေးတစ်ယောက် အရပ်ပုရတာ ဘာကြောင့်လဲ။ ဘယ်လို အချက်တွေကြောင့် ပုနေရတာပါသလဲ။
အသက် ၃ နှစ်အောက် ကလေး တစ်ယောက်ကို ကြည့်မယ်ဆိုရင် ဒီ ကလေးက ကြီးလာရင် အရပ်ရှည်လား မရှည်ဘူးလားဆိုတာကို တစ်ခါတည်း ခန့်မှန်းနိုင်တယ်။ သုံးနှစ်ကျော်သွားရင် လုပ်လို့မရတော့ဘူး။ ကလေးတွေ အရပ်တက်လာတာ အချိန် ၃ချိန်ရှိတယ်။ ပထမတစ်ချိန်က ကိုယ်ဝန်ဆောင် ပထမ ၃ လက အရမ်းအရေးကြီး တယ်။ ကိုယ်ဝန်ဆောင် ပထမသုံးလက ဘာဖြစ်လို့ အရေးကြီးလဲဆိုတော့ ကိုယ်ဝန်ဆောင်ပထမသုံးလမှာ ကလေး က အရပ်အရမ်းထွက်လာတာ။ အဲဒီ ပထမသုံး လမှာကလေးဖြစ်လာတဲ့ ဆဲလ် လေးတွေ ပွားလာတာ။ ကိုယ်ဝန်ဆောင် ကာလကို သုံးပိုင်းပိုင်းရင် ပထမအပိုင်း က ဆဲလ်လေးတွေ ပွားလာတယ်။ ဒုတိယပိုင်းမှာ ဆဲလ်လေးတွေ ပွား လည်း ပွားလာတယ်။ ပွားထားပြီးသား ဆဲလ်လေးတွေက တဖြည်းဖြည်းကြီးလာ တယ်။ နောက်ဆုံး တတိယသုံးပိုင်းကျ တော့ ဆဲလ်လေးတွေက မပွားတော့ ဘူး။ ကြီးပဲကြီးတော့တယ်။ အဲဒီတော့ စဉ်း စားကြည့်လိုက်ရင် ဆဲလ်တွေပွားလာတဲ့ အချိန် ပထမသုံးလက အရမ်းအရေးကြီး တယ်။ ဥပမာဆဲလ်တွေ ကလိုသေ လာက် မပွားဘူးဆိုရင် ကြိုက်သလောက်ကြီး လေ လိုချင်တဲ့အရွယ် အစားမရတော့ ဘူး။ ဆဲလ်အရေအတွက် ပြည့်အောင် ပွားရမယ်။ ကိုယ်ဝန်ဆောင် ပထမ သုံး လမှာရှိတဲ့ အာဟာရက အရမ်းအရေး ကြီးတယ်။
ကိုယ်ဝန်ပထမသုံးလမှာ ဆဲလ် လေးတွေပွားဖို့အတွက် ဘာလိုအပ်သလဲ ဆိုရင် ဗိုက်တာမင်နဲ့ သတ္တုဓာတ်ပြည့် ပြည့်ဝဝရဖို့လိုအပ်ပါတယ်။ ဗိုက်တာ မင်နဲ့ သတ္တု ဓာတ်ပြည့်ပြည့် ဝဝရရင် ဆဲလ်လေးတွေ ပွားလာပါတယ်။ ကိုယ် ဝန်ဆောင် ဒုတိယသုံးလမှာတော့ ဗိုက် တာမင်သတ္တုဓာတ်အပြင် ကစီဓာတ်၊ အသားဓာတ်တို့၊ အဆီ ဓာတ်တို့လိုတယ်။ တတိယ သုံးလကျတော့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တို့ သိပ်မလိုတော့ဘူး။ ဆဲလ်ကကြီးလာဖို့ကျတော့ အာဟာရက ကြီးထွားစေတဲ့ ကစီဓာတ်တို့၊ အသား ဓာတ်တွေ လိုတယ်။အဲဒီတော့ ပထမသုံးလက အရမ်း အရေးကြီးတယ်။ အဲဒီတော့ မြန်မာနိုင်ငံ မှာ ဘယ်အချိန်မှာ ကိုယ်ဝန်အပ်ကြ လဲ။ ပထမသုံးလဆို မသိကြ ဘူး။ အဲဒီ တော့ ပထမသုံးလက လွတ်ကိုလွတ်သွား တာ။ အဲဒီတော့ ပထမသုံးလမိအောင် ဘယ်လိုလုပ်ရမလဲ။ ပထမသုံးလမိ အောင်ဆိုရင် ဟိုးကိုယ်ဝန် မဆောင် ခင် ကတည်းက လုပ်ရတော့မယ်။ရှင်းရှင်းပြောရရင် အိမ်ထောင်ပြု ပြီးတာနဲ့ တစ်ချိန်ချိန်သူသည် ကလေး ယူတော့မှာပဲ။ ခုနက ပြောတဲ့ ဗိုက်တာ မင်နဲ့ သတ္တုဓာ တ်တွေ ပြည့်ဝအောင် စားရတော့မယ်။
ဆေးဝါးတွေသုံးဆောင် ရတော့မယ်။ အဲဒါက တစ်ပိုင်းပေါ့။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ အပျို အရွယ်ကျောင်းသူ မိန်းကလေးတွေကို စစ်တမ်းကောက်တဲ့နေရာမှာ ၂၆ ရာ နှုန်းက သွေးအားနည်းနေတယ်။ အဲဒီ အရွယ်ဟာ သွေးအားနည်းရမယ့်အရွယ် မဟုတ်ဘူး။ အဲဒီအရွယ်တွေမှာ သွေး အားနည်းရင် ကိုယ်ဝန်ဆောင်ရင် ပိုဆိုး သွားပြီ။ ဘယ်ကတည်းက အာဟာရ ပြည့်ဝရမလဲဆိုရင် ဟိုးအပျိုပေါက် အရွယ်ကတည်းက ပြည့်ဝရမယ်။ ကိုယ် ဝန် မဆောင်ခင်လည်း ပြည့်ဝရမယ်။ အဲဒီတော့မှ ပထမသုံး လမီမှာ။ ချက် ချင်း သိတာ လူနည်းစုပါပဲ။ အဲဒီလူတွေ အတွက်တော့ ဘာပြဿနာမှမရှိဘူး။
အဲဒီမှာ လွတ်သွားပြီဆိုရင်ကလေး က နည်းနည်းသေးသွားပြီ။ အဲဒီအချိန် လွတ်သွားပြီဆိုရင် နောက်တစ်ချိန် မီ နိုင်တဲ့ တစ်ချိန်ရှိသေးတယ်။ အဲဒါက အသက် ၃ နှစ်ေ အာက်အချိန်မှာပေါ့။ အသက် ၃ နှစ်အောက်ကလေးကို အ စာကျွေးတာလည်း အရမ်းအရေးကြီး တယ်။ မြန်မာမှာတင် မကဘူး တစ် ကမ္ဘာလုံးမှာ ကလေးတွေကို အစာ ကျွေးတဲ့ နေရာမှာ ကလေးတွေအစာစား တာပဲ။ ကြိုက်သလောက်စား၊ ကြိုက် တာစား သိပ်အရေးမကြီးဘူး။ သုံးနှစ် အောက် ကလေးတွေ အစာကျွေးတာ ဟာ တော်တော်အရေးကြီးတယ်ဆိုတာ ကို သူတို့ မသိကြဘူး။ အဲဒီတော့ သုံးနှစ်ကျော်သွားရင် အဲဒီကလေးကို ကြိုက်သလောက်ကျွေး မတက်တော့ ဘူး။ တချို့က တတိ ယအချိန်ကျွေးတာ ပေါ့နော်။ လူပျိုပေါက်၊ အပျိုပေါက် အချိန် ဒါပေမဲ့ လူပျိုပေါက်အပျိုပေါက် အချိန်ကျတော့ သိပ်မတက်တော့ဘူး နည်းနည်းလေးပဲ တက် တယ်။ကိုယ် ဝန်ဆောင်အာဟာရနဲ့ သုံး နှစ်အောက်ကလေး အစာကျွေးတာ အဓိကပဲ။ အဲဒီနှစ်ချက်မိလိုက်ရင် ပြီးပြီ ပဲ။ အဲဒီမှာ ပထမသုံးလမှာမိဖို့က အ ရမ်းခက် တယ်လေ။ အဲဒီတော့သုံးနှစ် အောက်ကလေးမိဖို့က အရမ်းအရေးကြီး တယ်လေ။ နံပါတ်တစ်အချက်က မိခင် နို့ တစ်မျိုးတည်းကို မွေးစကနေ ၆ လအထိ တိုက်တာ၊ ရေတောင်မတိုက် ရဘူး။ မွေးစကနေ ၆ လ ကလေးတွေ ကိုရေမတိုက်တဲ့အခါကျတော့ မိခင် တွေက ကလေးတွေရေဆာမှာပဲ ထင် ကြတယ်။ တကယ်တော့ မဟုတ်ဘူး။ မိခင်နို့မှာ ရေက ၈၇ ရာခိုင်နှုန်းပါတယ်။ ကျန်တဲ့ ၁ဝ ရာခိုင်နှုန်းကျော်ကပဲ အာဟာရတွေ သတ္တုဓာတ်တွေ၊ ကိုယ်ခံ စွမ်းအားတွေပါတယ်။ အဲဒါက ကလေး တွေအတွက် လုံလောက်ကို လုံလောက် တယ်။ ဘာမှ မလိုအပ်ဘူး။
နံပါတ် ၂ အချက်က ၆ လပြည့် တာနဲ့ ဖြည့်စွက်စာတွေကျွေးရမယ်။ကလေးနှစ်နှစ်အထိ ကျွေးရမယ်။ ကျွေး တဲ့အခါမှာလည်းမိခင်နို့ကို ကလေး နှစ်နှစ်အထိ ဆက်တိုက်ရ မယ်။ အဲဒီ တော့ မြန်မာနိုင်ငံမှာ ဖြည့်စွက်စာကျွေး တာ မြန်မာနိုင်ငံက ဖြည့်စွက်စာတွေက ကွာလတီမကောင်းဘူး။ ကွာလတီ မ ပြည့်ဝဘူး။ ဖြည့်စွက်စာက အသ က် ခြောက်လကနေ စတင်ကျွေးရမှာ။ အ ကြိမ်အရေအတွက်လည်း မှန်ကန်ရ မယ်။ အသက်ရှစ်လ၊ တစ်နှစ်၊ နှစ်နှစ် အထိ ဘယ်နှကြိမ်ကျွေးရ မယ်ဆိုတာ မျိုး ပေါ့ ။နံပါတ်သုံးအချက်ကတော့ ကလေး တွေကို အစုံကျွေးရမယ်။ ကလေးတွေကို ကျွေးတာ အစာအုပ်စုကို ခွဲထားတာ ၇ ခုရှိတယ်။ အဲဒီ ၇ ခုလုံး ကျွေးရမယ်။ သံဓာတ်ပြည့် ဝတဲ့ အစားအသောက် တွေ ကျွေးရမယ်။ သံဓာတ်အစားအစာ မကျွေးနိုင်ရင် အားဆေးကျွေးရမယ်။ မြန်မာနိုင်ငံမှာက ကလေးတွေကိုဘာ ကျွေးလဲဆိုတော့ ထမင်းနဲ့ ဆီလေးနဲ့ ငါးလေးနဲ့ ကျွေးတယ်။ အဲဒီမှာ ဗိုက်တာ မင်နဲ့ သတ္တုဓာတ်တွေလုံးဝမပါဘူး။ ဗိုက်တာမင်ကအေဒီအီးကေ အများကြီး ပါပဲ။ သတ္တုဓာတ်တွေမှာ အိုင်အိုဒင်း၊ သံ ဓာတ်ပါမယ်၊ ဇင့်ပါမယ် အဲဒါတွေက ခန္ဓာကိုယ်အတွက် အများကြီးလိုတယ်။ ဝမ်းလျှောရင်တိုက်တဲ့ ဓာတ်ဆားရည် တွေကိုကြည့်ရင် ဗိုက်တာမင်နဲ့ သတ္တု ဓာတ်တွေ အများကြီးပါတယ်။ အဲဒါ တွေက အသက်ကယ်တာလေ။ အဲဒါ တွေ ကလေးတွေမှာ နည်းနေပြီဆိုရင် မထွားတော့ဘူး။ကလေးတွေကို အရပ်ပုစေတဲ့ အကြောင်းရင်း နံပါတ်တစ်ကတော့ ခုနက ကိုယ်ဝန်ဆောင်တွေအာဟာရ မပြည့် ဝတာ။ နံပါတ်နှစ်က သုံးနှစ်အောက် ကလေးတွေနဲ့ ပတ်သက်လို့အစာကျွေး တာမှာ လိုအပ်ချက်တွေ ရှိ တာပေါ့။ မြန် မာနိုင်ငံမှာက မွေးစကနေ ၆ လ အထိ မိခင်နို့တစ်မျိုးတည်းတိုက်တဲ့နှုန်းက လည်း အရမ်းနည်းတယ်လေ။ အဓိက က အဲဒီအကြောင်း အရင်း နှစ် ချက် ကြော င့်ပေါ့။ သုံးနှစ်အောက် ကလေး တွေကို အစာကျွေးတာမမှန်တာ အဲဒါ ကြောင့် ပုတာ။
အရပ်ပုတဲ့ကလေးတွေ များလာ မယ်ဆိုရင် ဘာတွေ အကျိုးဆက်ရှိမလဲ။
ခုနက ပြောသလို ၄ ချက်၊ (၁) ငါးနှစ်အောက် ကလေးသေနှုန်းလည်း များလာမယ်။ (၂) မူလတန်းကျောင်းပြီး မြောက်မှု စာတတ်မြောက်မှု နည်းသွား မှာပဲ။ (၃) နောက် အားကစားမှာလည်း ယှဉ်လို့မရဘူး။ (၄)ကုန်ထုတ်လုပ်မှုလည်း ကျသွားမှာပဲ။ ဒီဟာတွေက အကုန် နိုင်ငံအတွက်တော့ အရေးကြီးတယ်။
မြန်မာနိုင်ငံအနေနဲ့ အရပ်ပုတာ ကျသွားအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
မြန်မာနိုင်ငံအတွက်က အာဟာရ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ရတာ။ ဆရာတို့ အစည်းအဝေး အကြီးကြီးတစ် ခုလုပ်ရမယ်။ ဒီအရပ်ပုတဲ့လူတွေကို လျှော့ချဖို့။ ခုနကပြောတဲ့ ၅ နှစ်စာ စီမံ ကိန်းမှာလည်း မိခင်နို့တစ်မျိုးတည်း တိုက်တဲ့နှုန်းတွေ တက်လာအောင်လုပ် မယ်။ ဖြည့်စွက်စာကျွေးတဲ့ ကွာလတီ တွေ ပြည့်ပြည့် ဝဝတစ်နိုင်ငံ လုံး ပြန့် အောင်လုပ်မယ်။ ဒါတွေအားလုံးက ငါး နှစ်အောက်ကလေး အရပ်ပုတာကို လျော့စေတာတွေချည်းပဲ။ နောက်တစ် ခုထပ်ထည့်ရမှာက ကိုယ်ဝန်ေ ဆာင် တွေရဲ့အာဟာရ။ ဆရာတို့အခုက Iron ဖောလစ်အက်ဆစ်တွေ ပေးတယ်။ မလုံလောက်သေးဘူး။ အများကြီးလိုအပ် သေးတယ်။ ပထမသုံးလ လွတ်သွားတယ်။ အဲဒီတော့ ဘယ်ကတည်းက လုပ်ရမလဲဆိုတော့ ကျောင်းနေအရွယ်ကတည်းက သင်ရတော့မယ်လေ။ Education လေ။ ကျောင်းစာတွေမှာ ကတည်းက ပါရတော့မယ်။ အပျိုဖော်ဝင်အရွယ်တွေ ပညာပေးလုပ်ငန်းတွေ လုပ်ရတော့မယ်။ နောက်ပြီး မီဒီယာကလည်း အရေးကြီးတာပဲ။ နောက်ပြီး မီဒီယာကအခုဆို ဂျာနယ်တစ်ခုတည်း မဟုတ်တော့ဘူး။ ရေဒီယိုတွေ၊ FM  တွေ၊ TV တွေကနေ တစ်ဆင့်ထည့်လို့ ရတာပဲ။
အိမ်နီးချင်းနိုင်ငံတွေမှာရော ဘယ် လိုတွေ လုပ်နေကြပါသလဲ။
အိမ်နီးချင်းနိုင်ငံတွေမှာဆိုရင် လည်း ကြီးကြီးကျယ်ကျယ် Plan တွေ ဆွဲပြီးလုပ်ကြတာပဲ။ နီပေါမှာဆိုရင်လည်း အဲဒီလိုပဲ။ နီပေါမှာဆိုရင် ဆရာတို့ထက် စောတယ်။ သူတို့မှာလည်းကျလာ တယ်။ ကိုယ်ဝန်ဆောင် အာဟာရရယ်၊ IYCF ရယ် ဒါက အဓိကလုပ်တာပေါ့။နောက်တစ်ပိုင်းလုပ်တာက ဘာလဲဆို တော့ အစားအသော က်ဖူလုံ ဖို့နဲ့ ရော ဂါ ကာကွယ်ဖို့ကလည်း သူတို့လည်း အား ဖြည့်ကူညီပေးရမယ်လေ။ အရေးပေါ် အစားအသောက်မပြည့်ဝရင် ရောဂါ ဖြစ်ရင် တစ်ချိန်လုံးရေရှည်စွဲ ကုပေး ရ မှာမျိုးပေါ့။ ဗီယက်နမ်မှာလည်း အကြီး အကျယ်လုပ်တယ်။ ထိုင်းမှာလည်း လုပ် တယ်။ ကြာပြီသူတို့လုပ်တာ။
အရပ်ပုတာက အခုမှဖြစ်တာလား။ အရင်ကတည်းက ရှိခဲ့တာလား။
ပုတာကျတော့ ချက်ချင်းမဟုတ် ဘူး။ သူက Generation အလိုက် ပုတာ။ ပိန်တာကျတော့ ရောဂါမဖြစ်အောင် ကာကွယ်ဆေးတွေထိုးပေး လိုက်။ အာဟာရပြည့်ဝေ အာင်စားလိုက်  ရင်မပိန်တော့ဘူးလေ။ ဝလာမှာပဲ။ အရပ်မြင့်ဖို့က သုံးနှစ်ကျော်ရင် လုပ်လို့ မရတော့ဘူး။ အခုလက်ရှိ ရှိနေတဲ့ ၃၅ ရာခိုင်နှုန်းကလည်း ရှည်အောင်လုပ်လို့ မရတော့ဘူး။ နောက်ထပ်တိုးလာမယ့် မျိုးဆက်သစ်တွေအတွက် လုပ်ရမယ်။ အဲဒါကလည်း ချက်ချင်းမသိသာဘူး။ အခုလုပ်မှ နောက်ဆယ်နှစ်လောက်မှ သိသာမှာ။ ဒီကလေးတွေက နောက် ဆယ်နှစ်လောက်မှ ကြီးလာမှာလေ။ အဲဒီတော့မှ ပညာရေးရော၊ ကုန်ထုတ် လုပ်မှုရော၊ အားကစားရော တက်လာ မှာလေ။ ဆယ်စုနှစ်ချီပြီး လုပ်မှအရပ်ပု တာအတွက် effect  ဖြစ်စေမှာ။
အရပ်ပု၊ မပု ဘယ်လို စံချိန်စံညွှန်း တွေနဲ့ တိုင်းတာပါသလဲ။
ပထမဆုံးကလေးတွေကို သတ် မှတ်တဲ့ အရပ်စံချိန်မီမမီဆိုတာကို သတ်မှတ်တဲ့ WHO Standard  ကို သုံးတယ်။ အခုက ဆရာတို့မှာ ငါးနှစ် အောက်ကလေးတွေကို တိုင်းတာတာ ၃ မျိုးရှိတယ်။ တစ်မျိုးက Under Weight ဆိုတာ ကလေးတွေကို ဝိတ် ချိန်တာပေါ့။ သွားဖွား ဆရာမတွေက ဝိတ်ချိန်ရင် Under Weight ဆိုတာ သိတယ်။ Under Weight ဆိုတာ ရှိ သင့်တဲ့အသက်အရွယ်မှာ ကိုယ်အလေး ချိန်မပြည့်ဘူး။ Under Weight လို့ ပြောရင် ဆရာတို့က ၂မျိုးဖြစ်နိုင်တယ်။ တစ်ခုက လတ်တလောအာဟာရ ချို့တဲ့ တာ။ နောက်တစ်ခုက ရေရှည် အာဟာ ရ ချို့တဲ့တာ။ လတ်တလော အာဟာရ ချို့တဲ့တာက ပိန်သွားတာ။ ရေရှည် အာဟာရ ချို့တဲ့တာက ပုသွားတာ။ အဲဒီနှစ်မျိုးရှိတယ်။ အဲဒီနှစ်မျိုးကို ဘာနဲ့ ပြန်တိုင်းလဲဆိုတော့ အရပ်နဲ့ ပြန်တိုင်း တယ်။ ပြန်တိုင်းတဲ့အခါ ရှိသင့်တဲ့ အသက်အရွယ်မှာ ရှိသင့်တဲ့အရပ် မရှိဘူးဆိုရင် အဲဒါဟာ ပုသွားပြီ။  အောက်မှာဖော်ပြထားတဲ့ ဇယား အတိုင်းမရှိရင် အရပ်ပုတယ်လို့  ပြော လို့ရတယ်။
မလုပ်ဘဲ ဒီတိုင်းဆက်ရှိနေမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။
ခုနက ပြောသလို အဓိကမြန်မာ နိုင်ငံမှာ မူလတန်းပညာသင်တဲ့နှုန်းတွေ ကျသွားပြီဆိုရင် သွားပြီလေ။ မူလတန်း မှာ မပြီးရင်တော့သွားပြီပေါ့။ ကလေး သေတာလည်း များလာမယ်လေ။ နောက်တတိယတစ်ခုက ကုန်ထုတ်လုပ် မှုလည်း ကျလာမယ်လေ။ အားကစား မှာလည်း မအောင်မြင်တော့ဘူးလေ။ အဲဒီတော့ နိုင်ငံအတွက် သွားပြီပေါ့။ များလာလေ ပိုဆိုးပြီလေ။



မြ တ် စု ငြိ မ်းေ တွ့ ဆုံေ မး မြ န်း သ ည်
popularmyanmar