ဆေးမင်ကြောင်ကြောင့် L'Orealနှင့် မိတ်မပျက်ဘဲ ဆက်လက် လုပ်ကိုင်သွားမည့် Cheryl Cole

ပို့စ်တင်ချိန် - 9/19/2013 06:11:00 PM




အလှကုန်များ ထုတ်လုပ်သည့် ကမ္ဘာကျော် L'Oreal ကုမ္ပဏီ၏ ကြော်ငြာ မော်ဒယ်လ်လည်းဖြစ် ၊ ဗြိတိသျှ နာမည်ကြီး Pop ဂီတ အဆိုတော် ဖြစ်သည့်
Cheryl Cole သည် သူမ၏ ကျောဘက်တွင် ကြီးမားသော နှင်းဆီပန်း ပွင့်ကြီးများပုံ ဆေးမင်ကြောင်ကို ရေးထိုးခဲ့သည့် အတွက် မိခင်က ကန့်ကွက်မှုနှင့် ၊ ကုမ္ပဏီမှ သဘောမကျမှုများကြောင့် L'Oreal နှင့် လမ်းခွဲရနိုင်သည်အထိ အဆိုးဘက်မှ သက်ရောက်မှုများသာ ရင်ဆိုင်နေရသည်။

သို့သော် ယခုအခါ Cheryl Cole ၏ ဆေးမှင်ကြောင် တက်တူးသည် နောက်ကျောတွင်ဖြစ်ရာ မျက်နှာအလှနှင့် အရေပြား အသားအရေနှင့် ပတ်သက်ပြီး သက်ရောက်မှု နည်းစေသည်ဟု ယူဆသည်က တစ်ကြောင်း ၊ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်စေသည်ဟု ကုမ္ပဏီဘက်မှ စဉ်းစားထားသည်။ Cheryl Cole သည် L'Oreal ၏ အလှကုန်ပစ္စည်းများကို ၂၀၀၉ ခုနှစ် ကတည်းက ကြော်ငြာပေးခဲ့ရသူ ဖြစ်သည်။
MyanmarUpdates