ဗုံးတရားခံတွေ ဖော်ထုတ်ရေး ကေအဲန်ယူ ပူးပေါင်းဆောင်ရွက်မည် - RFA Burmese

ပို့စ်တင်ချိန် - 10/19/2013 11:36:00 AM

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမြို့ကြီးတချို့မှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့တရားခံတွေကိုဖော်ထုတ် ရာမှာ KNU ကရင်အမျိုးသားအစည်းရုံးအနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNU ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဖဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောလိုက်ပါတယ်။

“ အကြမ်းဖက်မှု ကျွန်တော်တို့ KNU အနေနဲ့ လက်မခံဘူးလေ၊ အစိုးရနဲ့ဆက်ပြီးတော့ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မှာပေါ့”

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအတွင်းက မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမူတွေနဲ့ပက်သက်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့တို့ဟာ မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကစတင်ပြီး ဖြူးမြို့နယ်က အဝေးပြေးယာဉ်တစ်စီးပေါ်မှာ လက်လုပ် ဗုံးတစ်လုံးတွေ့ရှိ ခဲ့ပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့က တောင်ငူ၊ အောက်တိုဘာ ၁၃ ရက်နေ့က ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက်နေ့က မန္တလေး၊ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ စစ်ကိုင်းမြို့နဲ့ မနေ့က နမ့်ခမ်းမြို့မှာ ဗုံးပေါက်ကွဲမူတွေ၊ ဗုံးရှာဖွေတွေ့ရှိတာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။