မျိုးစောင့်ဥပဒေကို ပြည်ထောင်စု အဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှသာ စဉ်းစားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ပို့စ်တင်ချိန် - 7/21/2013 11:00:00 AM

မျိုးစောင့်ဥပဒေကို ပြည်ထောင်စုအဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှသာ စဉ်းစားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။မျိုးစောင့်ဥပဒေကို ပြည်ထောင်စုအဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှသာ စဉ်းစားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်က ဥပဒေပြုရေး တာဝန်ပါ။ အမှန်မှာတော့ ဥပဒေပြုဖို့ဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အစိုးရက ဥပဒေကြမ်း ပြုရတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ကို ဥပဒေကြမ်း တင်ပြရတာ ရှိပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကိုဆွေးနွေးရတာ ရှိပါတယ် . . . . .
ဇူလိုင် ၁၈ ရက်က ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သော မြန်မာဂျာနယ်လစ် ကွန်ရက်အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"လွှတ်တော်က ဥပဒေပြုရေး တာဝန်ပါ။ အမှန်မှာတော့ ဥပဒေပြုဖို့ဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အစိုးရက ဥပဒေကြမ်း ပြုရတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ကို ဥပဒေကြမ်း တင်ပြရတာ ရှိပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဒါကိုဆွေးနွေးရတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်မှာရှိတဲ့ လုပ်ထုံးလုပ်နည်းတွေအရ သက်ဆိုင်ရာက တင်ပြလာမယ်လို့ ဆိုရင်တော့ စဉ်းစားဆောင်ရွက် ပေးပါ့မယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်ဖြေကြားသည်။
လက်ရှိအချိန်တွင် အဆိုပါ မျိုးစောင့်ဥပဒေ ဆိုသည်နှင့် ပတ်သက်၍ ထောက်ခံကြောင်း အများပြည်သူ၏ လက်မှတ်များကို စုဆောင်းနေပြီး တစ်နိုင်ငံလုံးတွင် လက်မှတ်ပေါင်းနှစ်သန်းကျော် စုဆောင်းရရှိနေပြီဟု သတင်းများ ထွက်ပေါ်နေကာ အဆိုပါ ဥပဒေကို လွှတ်တော်သို့ပါ တင်ပြမည်ဟု ပြောဆိုနေကြကြောင်းလည်း သိရသည်။

Eleven