ကားနောက်ကြည့်မှန်ခိုးသူညီညီအောင်အား လုံခြုံရေးတပ်ခွဲမှ ဖမ်းဆီးစစ်ဆေးရာ ကားနောက်ကြည့်မှန်ခိုးမှု (၁၂)မှုဖေါ်ထုတ်နိုင်

ပို့စ်တင်ချိန် - 7/21/2013 09:06:00 AM


ရန်ကုန်၊ ဇူလိုင် ၂၀

၎.၆.၂၀၁၃ရက်နေ့ ၂၁၀၀အချိန် အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင် လမ်းနေ ဒေါ်ဌေးဌေကြွယ်မှ ကုမ္ပဏီရှေ့တွင်ရပ်ထားသော ယာဉ်အမှတ် ၄င/----- KLUGER ယာဉ်၏ နောက်ကြည့်မှန် (တန်ဘိုး၅၀၀၀၀ကျပ်) မှာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အလုံမြို့မရဲစခန်းသို့
တိုင်ကြားခဲ့ရာ (ပ)၁၂၇/၂၀၁၃၊ ပုဒ်မ ၃၇၉ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေး ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် မသင်္ကာသတင်းရရှိသူ ညီညီအောင်(ခ)ကျားကြီး၊ (ဘ)ဦးမြဟန်အား ၁၅.၇.၂၀၁၃ရက်နေ့တွင် သီရိမင်္ဂလာဈေးသစ်အနီး၌တွေ့ရှိပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာ အဆိုပါအမှုအား ၄င်းမှခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သိမ်းဆည်းရမိခဲ့ပါသည်။

ညီညီအောင်(ခ)ကျားကြီးအားအခြားခိုးမှုများပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့ရာ ၄င်းသည် ကားနောက်ကြည့်မှန်ခိုးမှုများ
ဖြစ်သော တာမွေမြို့နယ်အတွင်းမှ (၂)မှု၊ မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းမှ(၁)မှု၊ ရန်ကင်းမြို့နယ်အတွင်းမှ(၁)မှု၊ ဗိုလ်တထောင် မြို့နယ်အတွင်းမှ(၁)မှု၊ အလုံမြို့နယ် အတွင်းမှ(၁)မှု၊ ဒဂုံမြို့နယ်အတွင်းမှ(၁)မှု၊ ပန်းဘဲတန်းမြို့နယ်အတွင်းမှ(၁)မှု၊ စမ်းချောင်းမြို့နယ် အတွင်းမှ(၁)မှု၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းမှ
(၁)မှု၊ လှိုင်မြို့နယ်အတွင်းမှ(၁)မှု၊မရမ်းကုန်းမြို့နယ်အတွင်းမှ(၁)မှု၊ စုစုပေါင်းကားနောက်ကြည့်မှန်ခိုးမှု (၁၂)မှုအားထပ်မံ
ဖေါ်ထုတ်နိုင်ခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

့Yangon Police