ဆိုတေးသတိရလာချိန်မှာဇနီးမဟုတ်ကြောင်းငြင်းဆိုရင်မချိုချိုမှတရားစွဲဆိုမည်ဟုဆို

ပို့စ်တင်ချိန် - 7/21/2013 10:59:00 AM

တေးသံရှင်ဆိုတေးရဲ့ဇနီးဖြစ်တယ်လို့ပြောဆိုသူထိုင်းနိုင်ငံမှမချိုချိုကဆိုတေးသတိရလာတဲ့အချိန်မှာသူ့ကိုဇနီးမဟုတ်ဘူးလို့ငြင်းဆိုရင်ဆိုတေးအားတရားစွဲဆိုသွားမယ်လို့သည်နေ့Myanmar Journalist Network မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
မချိုချိုနဲ့ဆိုတေးတို့ကပြီးခဲ့တဲ့ဇွန်လ၂၇ ရက်နေ့မြ၀တီမှာစတိတ်ရှိုးအတွက်သီဆိုဖို့ငှားရမ်းရာကစတင်တွေ့ဆုံပြီးဇူလိုင်လ၄ရက်နေ့
ဘန်ကောက်မှာအတူပေါင်းသင်းနေထိုင်ခဲ့ကြောင်းပြောပါတယ်။
မချိုချိုအနေနဲ့ဆိုတေးကိုဘန်ကောက်မှာဆေးကုသပေးဖို့ဆန္ဒရှိကြောင်းလည်းသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
သည်အကြောင်းအရာနဲ့ပတ်သက်ပြီးဆိုတေးရဲ့အဒေါ်ဖြစ်သူကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ `ဘာမှဖြေရှင်းဖို့မရှိပါဘူး။ဒီအမျိုးသမီး
ဘယ်ကပေါ်လာမှန်းမသိပါဘူး။ဆိုတေးပြန်ကောင်းလာမှပဲဒီကိစ္စသိရမှာပါ'လို့ပြောပါတယ်။

modern news journal