ဗိုလ်ချုပ်ကို ထိုင်ရှိခိုးချင်တဲ့ လူမင်း

ပို့စ်တင်ချိန် - 7/18/2014 02:04:00 PM




”ကျွန်တော် အသက် ၄ဝ ကျော်ပြီ။ ဗိုလ်ချုပ်က ၂ဝ ကျော်မှာ တိုင်းပြည် အတွက် တာဝန် ထမ်းဆောင်နေပြီ။ သူ့ သမိုင်းတွေ ကို ဖတ်ပြီး ဗိုလ်ချုပ်ဟာ အလေးပြုရုံနဲ့ မရ ဘူး။ ထိုင်ပါ ရှိခိုးထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ် ဆိုတာ ခံစား သိမြင်လာ တယ်” ဟု လူမင်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုဇာတ်ကား မှာ စိတ်တိုင်းကျ သရုပ်ဆောင်ခွင့် ရပြီး ဗိုလ်ချုပ် လုပ်ကြံခံလိုက် ရပြီ ဆိုတဲ့ သတင်း ကြားပြီး ကြေကွဲတဲ့ အခန်းကတော့ အပြင် က ခံစားချက် နဲ့ ထပ်တူ ကျပြီး သရုပ် ဆောင်ခဲ့သည်ဟု ၄င်းက ပြောသည်။

လူမင်းက ဒီနှစ် အာဇာနည်နေ့ကို ထပ်မံ တက်ရောက် အလေးပြုမည်ဟု ၄င်းထံမှ သိရသည်။

”သမိုင်း ဆိုတာ ဖျောက်ဖျက်လို့ မရ ပါဘူး။ ဇူလိုင် ၁၉ ရဲ့သမိုင်းတွေ က ပြည်သူ ပြည်သားတွေ ရင်ထဲ မှာ အမြဲ တမ်း ရှိနေ မှာပဲ” ဟု လူမင်းကပြောသည်။

”အခု မြန်မာနိုင်ငံ အနေအထား ဆို ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးက ခြွင်းချက်မရှိ လိုအပ်ပါတယ်။ ရအောင် လည်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေ ကို မြင်သိ ကြားနေ ရပါတယ်။ ဒါပေမဲ့ ပြည် သူတစ်ယောက် အနေနဲ့ ပြောရရင်တော့ ဒီထာဝရ ငြိမ်းချမ်းရေး ဆိုတဲ့ စကားရပ် ကြီးရဖို့ လမ်းကြောင်းဟာ နီးမလိုနဲ့ ဝေး သွားလိုက်၊ ဝေးမလိုနဲ့ နီးလာလိုက် ဖြစ် နေတဲ့အတွက် စိတ်ကျေနပ်မှု မရှိလောက် သေးပါဘူး” ဟု လူမင်းက ပြောသည်။

လူမင်းက ယခင်နှစ်က အာဇာနည်နေ့ကို တက်ရောက် အလေးပြုသလို ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုဇာတ်ကား တွင်လည်း အဓိက ပါဝင် သရုပ်ဆောင် ထားသည်ဟု ဆိုသည်။

ထူးထူး
Popular News