ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ အသစ်လဲ

ပို့စ်တင်ချိန် - 7/18/2014 07:14:00 AM


ရန်ကုန်၊ လတ်တလောဖြစ်ပွားနေ သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်ကြိုး များပြတ်ကျနေခြင်းကြောင့် နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရန်ကုန်တစ်မြို့လုံးရှိ လျှပ်စစ်ဓာတ်ကြိုးများ လဲလှယ်တပ် ဆင်သွားရန်စီစဉ်နေကြောင်း ရန် ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဦးမင်းမင်းက ပြောသည်။

လျှပ်စစ်ဓာတ်ကြိုးများအား ယခု အချိန်တွင် လိုအပ်သည့်မြို့နယ်များ ၌ ဦးစွာတပ်ဆင်သွားမည်ဖြစ်ကာ ဆက်လက်၍ ရန်ကုန်တစ်မြို့လုံးအား လဲလှယ်တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း ၄င်းကဆိုသည်။

လဲလှယ်တပ်ဆင်မည့် လျှပ်စစ် ဓာတ်ကြိုးများမှာ နိုင်ငံတကာ၌ တွင် ကျယ်စွာအသုံးပြုနေသည့် Insulated Wire များဖြစ်ကာ ယခင်ဓာတ်ကြိုး များထက် ပိုမိုစိတ်ချရကြောင်း မြို့ တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ သိရသည်။

လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုမှာ ယခင်လ၌ ကမာရွတ်မြို့နယ် လှည်းတန်းဈေး၌ ဦးစွာဖြစ်ပွားခဲ့ပြီး အမျိုး သမီးနှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ယင်းဖြစ်ရပ်ဖြစ်ပြီး မကြာခင်မှာ မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်အနီးရှိ ကန်စွန်းခင်း၌လည်း ဓာတ်ကြိုးပြတ်ကျကာ အမျိုးသားတစ် ဦး သေဆုံးမှုဖြစ်ခဲ့ပြီး ကျန်ရှိမြို့နယ် များနှင့် စုစုပေါင်းသေဆုံးသူ ခုနစ် ဦးထက်မနည်း ရှိခဲ့သည်။

ဓာတ်ကြိုးများ ဤသို့ပြတ်ကျရ ခြင်းမှာ ဟောင်းနွမ်းနေကာ အပူဒဏ် အား မခံနိုင်တော့ခြင်းကြောင့်ဖြစ်ပြီး သေဆုံးခဲ့သူ၌ကျန်ရစ်ခဲ့သည့် မိသားစု ဝင်များအား နစ်နာကြေးမဟုတ်ဘဲ လူမှုရေးကိစ္စများအားလုံးကို တာဝန် ယူပေးသွားမည်ဟု သိရသည်။

လျှပ်စစ်ဓာတ်ကြိုးလဲလှယ်တပ် ဆင်ခြင်းအား ယခုလဆန်းပိုင်း၌ စတင် တပ်ဆင်ခြင်းဖြစ်ကာ ဇူလိုင်လတတိယ ပတ်အား နောက်ဆုံးထား လဲလှယ် တပ်ဆင်မည်ဖြစ်ပြီး လိုအပ်ချက်ရှိနေ သည့် မြို့နယ်များအား ဦးစားပေးတပ် ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

''ဓာတ်ကြိုးတွေကို အခုမှစပြင် တာတော့ မှားတာပေါ့။ မိုးရာသီတောင် တစ်ဝက်ကျိုးတော့မယ်။ တကယ်ဆို မိုးမကျခင်လောက်ကတည်းက ပြင် ရင် ကောင်းတာပေါ့''ဟု မြောက်ဥက္က လာပတွင်နေထိုင်သူတစ်ဦးက ပြော သည်။
ယခုအချိန်မှပြင်သည့်အတွက် နောက်လူတွေအတွက် စိတ်ချရပြီး သေဆုံးသွားသည့်သူတွေအတွက် ဝမ်း နည်းရကြောင်း လှည်းတန်းမှပြည်သူ တစ်ဦးကပြောသည်။

''ရန်ကုန်မြို့တွင်း လိုက်လံတပ် ဆင်ပေးနေတဲ့ Insulated Wire တွေ က ဗို့အား ၄ဝဝ ခံနိုင်ရည်ရှိပါတယ်။ အခုလို ပြောင်းလဲတပ်ဆင်ပေးတာ ကိုလဲ နိုင်ငံတော်က အကုန်အကျခံပြီး တပ်ဆင်ပေးတာပါ။ ဒီဓာတ်ကြိုးတွေ က အရင်ဓာတ်ကြိုးတွေနဲ့ ဗို့အားချင်း တော့ တူပါတယ်။ ဒါပေမဲ့ ဓာတ်ကြိုး အပြင်ပိုင်းကို ရော်ဘာတွေနဲ့ဖုံးအုပ် ထားလို့ ပြည်သူတွေအတွက် အန္တ ရာယ်ပိုနည်းပါတယ်''ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မှ ဦးမင်းမင်းကပြောသည်။

ယင်းသို့ လဲလှယ်တပ်ဆင်ရာ တွင် ဓာတ်ကြိုးနှင့်မလွတ်သည့် သစ် ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်း လင်းပေးလျက်ရှိပြီး မြောက်ဥက္ကလာ ပ၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ မရမ်း ကုန်းနှင့် မင်္ဂလာဒုံမြို့နယ်များအပြင် အခြား လိုအပ်သည့်မြို့နယ်များ၌ လည်း လဲလှယ်တပ်ဆင်ပေးနေလျက် ရှိကြောင်းသိရသည်။

Yangon Media Group