အတိုအထွာနည်းလမ်းများ

ပို့စ်တင်ချိန် - 7/09/2014 11:55:00 AM


မီးပူတိုက်စရာ မလိုပါ—
မီးပူတိုက်ရတာ ပျင်းရိသူတွေအတွက် နည်းလမ်းကောင်းတခု ပေးချင်ပါတယ်။ လျှော်ပြီးသားအဝတ်ကို
ရေထဲမှာ ၁၀-မိနစ်လောက်ကြာအောင် စိမ်ထားပါ။ ပြီးရင် ရေမညှစ်ဘဲ အင်္ကျီချိတ်မှာ လှမ်းထားလိုက်ပါ။ ဒီနည်းနဲ့ ခြောက်သွားတဲ့အင်္ကျီကို မီးပူတိုက်စရာမလိုဘဲ ဝတ်နိုင်ပါတယ်။

ငရုတ်သီး အမြဲလတ်ဆတ်နေရန်—
ပူပြင်းတဲ့ရာသီမှာ ငရုတ်သီးတွေကို နဂိုအတိုင်း လတ်လတ်ဆတ်ဆတ် ဖြစ်အောင် သိမ်းထားမယ်ဆိုရင်တော့ ဆီအနည်းငယ် အကုန်ခံရပါမယ်။ ငရုတ်သီးတွေကို ဆီထဲ ၅-မိနစ်လောက် စိမ်းထားပြီး ပြန်ဆယ်ယူ၊
နေရောင် အောက်မှာ ၅-မိနစ်လောက် ထားပြီးမှ သိမ်းလိုက်ပါ၊ အမြဲလတ်ဆတ်နေပါလိမ့်မည်။

လက်ဆော့ရာ ပျောက်လိုပါသလား—
ရေခဲသေတ္တာပေါ်မှာ ကျေးဇူးရှင်လေးတွေ လက်ဆော့ပြီး ဆွဲထားတဲ့ ဂန္ထဝင်မြောက် ရုပ်ပုံတွေကို အလွယ်တကူ ပျောက်စေချင်ပါသလား၊ သူတို့ခြစ်ထားတဲ့ ခဲတံ၊ ဘောပင် အရာတွေပေါ်မှာ သွားတိုက်ဆေး နည်းနည်းကို လူးပြီး အဝတ်သန့်သန့်လေးတခုနဲ့ သုတ်ပေးလိုက်ရုံပါပဲ။

ကော်ဇောပေါ်က အဖိရာ—
ကြီးမားလေးလံတဲ့ ပရိဘောဂတခုခု တင်ထားမိလို့ ချိုင့်ဝင်ပြီး အရာထင်နေတာကို နဂိုအတိုင်း ပြန်ဖြစ်ချင်ရင် ရေခဲတုံးလေးသာ တင်ထားလိုက်ပါ။ အဲဒီရေခဲတုံးလေး တဖြည်းဖြည်း အရည်ပျော်ပြီး ခြောက်သွားတဲ့အခါ ထင်နေတဲ့ အချိုင့်ရာလည်း ပျောက်သွားပါလိမ့်မယ်။

အဝတ်မှာ ဆံပင်ဆိုးဆေး စွန်းထင်ရင်—
ဆံပင်ဆိုးရင်း မတော်တဆ ကိုယ်နှစ်သက်တဲ့ အဝတ်အစားလေးပေါ် ဆိုးဆေးတွေစင်ပြီး ကွက်ကုန်ပါသလား၊ ဆံပင်ကိုဖျန်းတဲ့ Hair Spray ကို အဲဒီအစွန်းကွက်ပေါ် ဖျန်းလိုက်ပါ။ အစွန်းကွက်တွေ လျင်မြန်စွာပျောက်သွားပါလိမ့်မယ်။

Credit : သိသူဖော်စား အသုံးဝင်အချက်များ