ဖေ့စ်ဘွတ်ခ်တွင် နာမည်ကြီးနေသည့် မတူကွဲပြားပါတီဥက္ကဋ္ဌကို စုံစမ်းစစ်ဆေးနေ

ပို့စ်တင်ချိန် - 7/09/2014 08:49:00 AM



ဦးနေမျိုးဝေကိုတွေ့ရစဉ်
မတူကွဲပြားခြင်းနှင့် ငြိမ်း ချမ်းရေးပါတီဥက္ကဋ္ဌဦးနေမျိုးဝေ ကို ပြည်သူအချို့၏တိုင်ကြားမှု များရှိလာသဖြင့် စုံစမ်းစစ်ဆေးမှု များပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြား သည်။

 တိုင်ကြားခံရသည့် အ ကြောင်းကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် စီစဉ်နေကြောင်း ဦးကိုကိုက ပြော သည်။

‘‘သူနဲ့ပတ်သက်ပြီး တိုင် ကြားတာရှိတယ်။ ရှိတယ်ဆိုတာ အခု မန္တလေးကိစ္စ မဟုတ်ဘူး။ တခြားကိစ္စရှိတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကို ကိုက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးနေမျိုးဝေထံ ဆက်သွယ်မေး မြန်းရာတွင် ၎င်းလုပ်ဆောင်နေ သည့်အမျိုးသားရေး၊ မွတ်စလင် အစွန်းရောက် တိုက်ဖျက်ရေး စသည်တို့ကို စိတ်ဝင်တစားမေး မြန်းခြင်းမရှိဘဲ တိုင်ကြားခံရသည့် ကိစ္စကိုသာ မေးမြန်းသည့်အ တွက် 7 Day Daily ၏ မေးမြန်းမှု ကို ဖြေကြားမည်မဟုတ်ကြောင်း တယ်လီဖုန်းမှတစ်ဆင့် ပြန်လည် ဖြေကြားခဲ့သည်။

 ဦးနေမျိုးဝေသည် လယ် သိမ်းခံတောင်သူလယ်သမားအရေး လိုက်လံဆောင်ရွက်ရာတွင် လူသိများသူတစ်ဦးဖြစ်သည်။ အထူးသဖြင့် လယ်သမားများနှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးခင်ရွှေတို့အကြား ဖြစ်ပွားခဲ့သည့် လယ်ယာမြေအငြင်းပွားမှု များတွင် လယ်သမားများဘက်မှ ဝင်ရောက်ရပ်တည်ခဲ့သူတစ်ဦး လည်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း သူ၏ အငြင်းပွားဖွယ်ရာ ဘာသာ ရေးဆိုင်ရာ ဟောပြောမှုများ၊ ဝေ ဖန်ချက်များကြောင့် ထောက်ခံမှု ရော၊ ကန့်ကွက်မှုများပါရရှိနေသူ လည်းဖြစ်သည်။

ဦးနေမျိုးဝေသည် အမျိုး ဘာသာ၊ သာသနာစောင့်ရှောက် ရေးဆိုသော ဟောပြောပွဲများကို မြို့အချို့တွင် လိုက်လံဟောပြော နေသူတစ်ဦးလည်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် Nay Wai ဟု အမည်ပေးထားသော အကောင့်တွင် လူမျိုးရေး၊ ဘာသာရေးအတွက် အငြင်းပွား ဖွယ်ကောင်းသည့် အရေးအသား များ မကြာခဏရေးသားနေပြီး ယင်းစာများအောက်တွင် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌနေမျိုးဝေဟု ရေးသားလေ့ရှိ သည်။ Nay Wai အကောင့်သည် ဇူလိုင် ၆ ရက်မှစတင်ပြီး ဖေ့စ် ဘွတ်ခ်တွင် ဝင်ရောက်ကြည့်ရှု၍ မရနိုင်သည့် အကောင့်တစ်ခုဖြစ် ခဲ့သည်။

အဆိုပါ Nay Wai အကောင့် တွင် ‘‘လူမျိုးရေး အဓိကရုဏ်း မဖြစ်စေချင်ရင် ဒေါ်စုကိုသတ်၊ ဘာသာရေးအဓိကရုဏ်း မဖြစ် စေချင်ရင် ကုရ်အာန်နဲ့ ရှရီအတ် ကိုပိတ်’’ဟုလည်း ရေးသားထား သည်။

ဦးနေမျိုးဝေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁ ရက်တွင် ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ ခြင်းဖြစ်သည်။

7day daily