တစ်ခေတ်ဆန်း အလှမယ်နဲ့ သရဖူအရှုပ်တော်ပုံ

ပို့စ်တင်ချိန် - 8/08/2014 09:47:00 AM



၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှစကာ ကင်းကွာခဲ့သော နိုင်ငံတကာ မယ်ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံက ပြန်လည်ထိတွေ့ခွင့်ရခဲ့ သည်က မကြာလှသေး။

နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်စသော အမည် နာမများသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့်အတူ  မြန်မာပြည်သူတို့ကြားတွင် ပြောစရာ အကြောင်း တရားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်သော အချိန်တွင်ပြောစရာအကြောင်းအရာက ပြောင်းသွားသည်။

ယနေ့ နိုင်ငံ့ဂုဏ်ဆောင် အလှမယ်များနှင့် ပတ်သက်ပြီး အများပြည်သူကြား ပြောစရာဖြစ်နေသည်က သရဖူ ရုပ်သိမ်းခံရသည့်ကိစ္စ ဖြစ်နေ သည်။ နိုင်ငံတကာတွင် ကိုယ်စားလှယ်အဖွဲ့ အစည်း၏ စည်းမျဉ်းများကို လိုက်နာမှုမရှိသော အလှမယ်များ ကိုသရဖူရုပ်သိမ်းခြင်းများ ရှိတတ်သည်။ သို့သော် သတ်မှတ် စည်းမျည်းများက ရှင်းလင်းပြတ်သားသည်။

သို့သော် မြန်မာနိုင်ငံတွင်တော့မယ်များကို သရဖူ ရုပ် သိမ်းခြင်း၊ သရဖူလွှဲခွင့်ပိတ်ပင်ခြင်းစသော ကိစ္စများသည် မည် သည့်အချက်များအပေါ်တွင် မူတည်သည်ကို ရှင်း ရှင်းလင်း လင်း မသိရသေးသည့် အခြေအနေတွင် ဖြစ်နေသေးသည်။

Miss Supranational Myanmar    ၂ဝ၁၃ အလှမယ် ခင်ဝင့်ဝါနှင့်Miss Grand International Myanmar ၂ဝ၁၃ အလှမယ်ထားထက်ထက်တို့ကို သရဖူလွှဲပေးခွင့် ပိတ်လိုက် ကြောင်း ၄င်းတို့၏ကိုယ်စားလှယ်အဖွဲ့အစည်းဖြစ်သောMiss Golden Land Myanmar Organization က ပြီးခဲ့သည့်လ အတွင်းကထုတ်ပြန်ကြေညာ ရာတွင်တိကျရေရာသောအကြောင်း ပြချက်မပါရှိသည်ကို တွေ့ရသည်။

”ကျွန်တော်တို့ထားထက်ထက်နဲ့ ခင်ဝင့်ဝါကို သရဖူသိမ်း တာ မဟုတ်ဘူး။ လွှဲပေးခွင့် မပေးတာပါ။ စည်းမျဉ်းစည်း ကမ်းကို ချိုးဖောက်သလို ဖြစ်သွားတဲ့အတွက် နောက် လူတွေ ဒီလိုမဖြစ်အောင် အပြစ်ပေးတဲ့သဘောပါ” ဟူ၍သာ Miss Golden Land Myanmar Organization မှ ဦးဝေယံ အောင်ကပြောခဲ့ပြီး မည်သည့်စည်းမျဉ်းကို ချိုးဖောက်ခဲ့သည် ဆိုသည့်အချက်ကိုမူ ရှင်းရှင်းလင်းလင်းမပြောခဲ့ပေ။

”ဘာပြစ်ချက်ကြောင့် လွှဲခွင့်မပေးတာလဲဆိုတာ မသိပါ ဘူး။ ညီမတို့ဘက်က ပျက်ကွက်တာမျိုးမရှိသလို အကျိုးအမြတ် ခံစားခွင့် ၃ဝ ရာခိုင်နှုန်းကိစ္စကိုလည်း အမြဲတမ်းေ ပးနေတာပဲ လေ”ဟု ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါနှင့် ထားထက်ထက်တို့သည်Miss Golden Land Myanmar Organization နှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ကိုချုပ်ဆိုပြီး ပရဟိတလုပ်ငန်းများကို ပူးတွဲ လုပ်ဆောင် နေသူများလည်း ဖြစ်သည်။ သို့ရာတွင် အဖွဲ့အစည်းကိုယ်တိုင် က ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒါလုပ်မယ်ဆို ပြီး ညီမတို့ကိုမခေါ်ဘူး။ဘာလုပ်မယ် ဆိုတာလည်း မပြောဘူး။ တစ်နှစ်သက်တမ်းအတွင်း နှစ်ကြိမ်မျှသာ ပါဝင်ပူးပေါင်းခွင့်ရခဲ့ သည်ဟု ခင်ဝင့်ဝါက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့သည့်Miss Grand International Myanmar ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့်ထားထက်ထက်က ”ဘာကြောင့် လွှဲပေးခွင့် မပေးတာလဲ မသိဘူး။ ညီမတို့ဘက်က စာချုပ်ပါအတိုင်းပဲ သွားခဲ့တာပါ။ဒီလိုတစ်နှစ်ပြည့်ဖို့အလိုလေးမှာ ဒီလို ကြေညာ ခံရတော့ အရမ်းစိတ်မကောင်းဖြစ် မိတယ်”ဟု ပြောသည်။

ထို့အတူ Miss Globe Myanmar  ၂ဝ၁၄  အလှမယ် ဂျူးစံသာကိုလည်း သူမ၏ National Director  ဖြစ်သူ မလှနု ထွန်းကMiss Globe Myanmar  အဖြစ်မှ ရပ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို  ဇူလိုင်လ ၂၄ ရက်နေ့ညက ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။

အဆိုပါ ကြေညာချက်တွင်ဂျူးစံသာ၏ ကိုယ်စားလှယ် ဖြစ်သူ မလှနုထွန်းက အကြောင်းတရားသုံးခုကို ဖော်ပြခဲ့သော် လည်း အဓိကအချက်မှာ သုံးနှစ်သက်တမ်းရှိ စာချုပ်ကြောင့် ဖြစ်မည်ဟု ယင်းအသိုင်းအဝိုင်းထံမှ သိရသည်။

”အမှန်ဆို နိုင်ငံတကာစည်းမျဉ်းအရMiss တစ်ဦးကို တစ်နှစ်ပဲ စာချုပ်ချုပ်ရမယ်။ တစ်နှစ်ထက်ကျော်ပြီး ချုပ်ရင် ဒီ Miss ကို မွေးထုတ်ပြီးအမြတ်ထုတ်တယ်လို့ မြင်တယ်” ဟု ဦးဝေယံအောင်က ပြောသည်။

သရဖူလွှဲပေးသည့်ကိစ္စ၊ သရဖူပြန်သိမ်းသည့်ကိစ္စက အလှ မယ်တစ်ဦး ထမ်းဆောင်ရမည့်တာဝန်နှင့် ဝတ္တရား ပျက်ကွက် ခြင်းလား၊ နိုင်ငံတကာ ကျင့်ထုံးနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပေ လော။

မော်ဒယ်အေးဂျင့် ကိုနှစ် ၂ဝကြာ ထူထောင်ထားသည့် မတင်မိုးလွင်က ”အခု မြန်မာမှာ ဖြစ်တဲ့ ပြဿနာက နှစ်ဦး နှစ်ဖက် နားလည်မှုအားနည်းလို့ ပဋိပက္ခတွေ ပေါ်လာတာ ပါ။ နှစ်ဦးနှစ်ဖက် ကိုယ့်လိုအပ်ချက်ကို ပြန်ရှာဖို့ အရေးကြီးတယ်” ဟု ပြောသည်။

”နှစ်ဦးနှစ်ဖက်က ညှိလို့မရတော့တဲ့ ကိစ္စဆိုရင် ပြီးခဲ့တာ တွေ မပြောကြတော့ဘဲ နောက်ထပ်အကောင်းဆုံးကိုပဲ ရွေး ချယ်ကြပါ”ဟု တင်မိုးလွင်က ပြောသည်။

မြန်မာနိုင်ငံ၏ သရဖူသိမ်းသည့် ကိစ္စ၊ လွှဲပေးခွင့် မပေး သည့်ကိစ္စမှာ Miss နှင့် Organization ကြားက ပရဟိတစိတ်၊ အတ္တဟိတစိတ်နားလည်မှုတစ်စုံတစ်ရာ လွဲခြင်း လည်းဖြစ်နိုင် သည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး Star and Talent  မော်ဒယ် အေဂျင်စီတည်ထောင်သူ ဂျွန်လွင်က ”မသွားခင်ကတည်းက စာချုပ်ကိုသေသေချာချာချုပ် သင့်တယ်။   အောင်မြင်ပြီး ပြန် လည်းပြန်လာရော စာချုပ်မချုပ်ချင်ကြတော့ဘူး။ အဓိကက ကော်မရှင်မပေးချင်ကြတာပါ” ဟု ပြောသည်။

”အော်ဂနိုင်ဇေးရှင်းဘက်ကလည်း အဲ့ဒီ Miss  တွေ ဆီကရတဲ့ ကော်မရှင်ကိုပရဟိတဒါတွေ လုပ်ပါတယ်ဆိုပြီး ကြေညာခဲ့တာရောရှိလား” ဟု မေးခွန်းထုတ်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ နိုင်ငံတကာသို့ စေလွှတ်ရန် ရွေး ချယ်ထားသည့် အလှမယ်တစ်ဦးကို တာဝန်မှရပ်စဲပြီး သွား ရောက်ယှဉ်ပြိုင်ခွင့်ပိတ်ပစ်သည့်ပထမ ဆုံးဖြစ်ရပ် သည်  မြန်မာ နိုင်ငံတွင် ဖြစ်ပွားခဲ့ပါပြီ။

”မြန်မာနိုင်ငံကMiss  ပြိုင်ပွဲနဲ့ အလှမ်းဝေးသွားတာ နှစ်ပေါင်း ၅ဝ ကျော်ရှိပြီး အခုကျမှ တစ်နှစ် နှစ်နှစ်အတွင်း ပြန်ခေတ်စားလာတဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေ နား လည်မှုပိုင်းမှာ လိုတာဖြစ်မှာပါ” ဟု ဦးဝေယံအောင်က ပြော သည်။

တစ်ခေတ်ဆန်းမြန်မာ့အလှမယ် လောက၏ ပိုင်အိုးနီး ယားဟုဆိုရမည့် အလှမယ်နန်းခင်ဇေယျာက နိုင်ငံတကာ ဆုတံဆိပ်ရ အလှမယ်များအနေနှင့် ပရဟိတအလုပ် များကို အများထက်အာရုံစိုက်ကာ လုပ်ဆောင်သင့်ကြောင်း တိုက် တွန်းသည်။

နှစ် ၅ဝ ကြာမှ ပြန်လည်စေလွှတ်ယှဉ်ပြိုင်ခွင့်ရသည့် နိုင်ငံအလှမယ်ပြိုင်ပွဲကို ရှေ့ဆက်မှာလည်း ပြဿနာပဋိပက္ခ တစ်စုံတစ်ရာမရှိဘဲ နှစ်ဦးနှစ်ဖက်ပြေလည်သည့် သဘော တရားများကို ဆောင်ရွက်နိုင်စေရန်အတွက်  ယခုပဋိပက္ခက စံပြဖြစ်မည်လော။

”တစ်ခဏတာကိုပဲကြည့်ပြီး စာချုပ်ချုပ်မယ်။ ပြန်လာ တော့ မမျှော်လင့်တဲ့ ဆွဲဆောင်မှုတွေကမ်းလှမ်းလာရင် ခံနိုင်ဖို့ ဆိုတာ ခဲယဉ်းတယ်။ ပါးစပ်နဲ့မပြောကြဘဲ စာချုပ် စာတမ်းနဲ့ ဖြစ်သင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာ ဖြစ်လာနိုင်တယ်”ဟု မော်ဒယ်မိခင်ကြီးတင်မိုးလွင်က ပြောသည်။

အမြင်ဆန်းနေသေးသော်လည်း နားလည်လက်ခံထားရ မည်က နိုင်ငံတကာအလှမယ်ပြိုင်ပွဲများသည် လူမှုရေးရော သော စီးပွားရေးပုံစံတစ်မျိုးသာ ဖြစ်သည် ကိုပင်   ဖြစ်သည်။ အောင်မြင်မှုအတွက် လှေကားထစ်များသာ ဖြစ်သည်။ ထို့ ကြောင့်စီးပွားရေးဆိုသည့်အတိုင်း စနစ်တကျ ဖြစ်စေသင့် သည်ဟုဆိုသူများလည်း ရှိသည်။

”စာချုပ်စာတမ်းနဲ့ဆို ပိုပြီးသင့်တော်တယ်။ နှစ်ဖက်စလုံး အတွက် ပိုအဆင်ပြေပါလိမ့်မယ်”ဟု တင်မိုးလွင်က ဆိုသည်။
Popular jopurnal