ကမ္ဘာ့အမြန်ဆုံး ဘောလုံးသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည့် ရော်ဘင်

ပို့စ်တင်ချိန် - 6/18/2014 08:39:00 PM


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က အသိအမှတ်ပြုထားသည့် စံနှုန်းများအရ ကမ္ဘာပေါ်တွင် မြန်နှုန်းအမြင့်ဆုံး ပြေးလွှားနိုင်သည့် ဘောလုံးသမားအဖြစ် အာဂျန်ရော်ဘင်က စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် စပိန်ကို (၅-၁)ဖြင့် အနိုင်ရခဲ့ရာတွင် နယ်သာလန်၏ တောင်ပံတိုက်စစ် ကစားသမားသည် ဘောလုံးဟို တဟုန်ထိုး ဆွဲပြေးသယ်ယူသွားပြီး အသင်းအတွက် ပဉ္စမမြောက်ဂိုးကို သွင်းယူခဲ့သည်။

ရော်ဘင်သည် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို နောက်ချန်ထားနိုင်အောင် အားထုတ်ပြေးလွှားသွားပြီး ထိုအချိန်တွင် ၎င်း၏ ရွေ့လျားနှုန်းသည် တစ်နာရီလျှင် (၃၇)ကီလိုမီတာနှုန်းထိ ရှိသည်။ ယင်းသည် ဘောလုံးသမား တစ်ဦးအတွက် အမြန်ဆုံး စံချိန်လည်း ဖြစ်လာခဲ့သည်။

ယခင်က အာဆင်နယ်နှင့် အင်္ဂလန်လက်ရွေးစင် ကစားသမား သီအိုဝဲလ်ကော့က တစ်နာရီ (၃၅.၇)ကီလိုမီတာ ပြေးနှုန်းဖြင့် FIFA၏ ကမ္ဘာ့အမြန်ဆုံး ဘောလုံးသမား စံချိန်ကို ပိုင်ဆိုင်ထားသော်လည်း အသက်(၃၀)အရွယ် ရော်ဘင်က ဖြတ်ကျော်သွားခြင်း ဖြစ်သည်။ ၎င်း၏ ပြေးနှုန်းသည် လျှပ်စီးလူသားဟု တင်စားခံရလေ့ရှိသည့် ကမ္ဘာ့ချန်ပီယံ တောင်အာဖရိက တာတိုအပြေးသမား အူစိန်ဘော့တ်၏ စံချိန်အောက် တစ်နာရီလျှင် (၇)ကီလိုမီတာမျှသာ လျော့နည်းသည်။

FIFA အသိအမှတ်ပြု စံနှုန်းများအရ ဘောလုံးပွဲတစ်ပွဲတွင် အမြန်ဆုံး ပြေးလွှားနိုင်ခဲ့သည့် ထိပ်တန်းကစားသမားများနှင့် ၎င်းတို့၏ စံချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အာဂျန်ရော်ဘင် … တစ်နာရီ (၃၇)ကီလိုမီတာနှုန်း
၂။ သီအိုဝဲလ်ကော့ … တစ်နာရီ (၃၅.၇)ကီလိုမီတာနှုန်း
၃။ အန်တိုနီယိုဗလန်စီယာ … တစ်နာရီ (၃၅.၂)ကီလိုမီတာနှုန်း
၎။ ဂါရတ်သ်ဘေးလ် … တစ်နာရီ (၃၄.၇)ကီလိုမီတာနှုန်း
၅။ အေရွန်လင်နွန် … တစ်နာရီ (၃၃.၈)ကီလိုမီတာနှုန်း
၆။ ခရစ္စတီယာနိုရော်နယ်လ်ဒို … တစ်နာရီ (၃၃.၆)ကီလိုမီတာနှုန်း
၇။ လီယွန်နယ်မက်ဆီ … တစ်နာရီ (၃၂.၅)ကီလိုမီတာနှုန်း
၈။ ဝိန်းရွန်နေး … တစ်နာရီ (၃၂.၁)ကီလိုမီတာနှုန်း

_Ref; Dailymail
7day daily