ဘီယာနဲ့ ချက်ပြုတ်ထားတဲ့ အသားဟင်းများက ကင်ဆာမှ ကာကွယ်ပေးနိုင်
No. 118
ဘီယာကို အသား၊ ငါးနယ်နှပ်ရာမှာ အသုံးပြုပြီး ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေဟာ ကင်ဆာရောဂါတွေကနေ ကာကွယ်ပေး နိုင်ကြောင်း  သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဘီယာ၊ ၀ိုင်တွေကို အချိန်တစ်ခု ပေးပြီး နယ်နှပ်ထားတဲ့ အသားတွေဟာ အချို့သောကင်ဆာဖြစ်စေတဲ့ carcinogen  တွေကို လျော့နည်းစေကြောင်း ယခုလေ့လာမှုမှာ ဖော်ပြထားပါတယ်။ စပိန်နိုင်ငံရှိ Vigo တက္ကသိုလ်နဲ့ ပေါ် တူဂီနိုင်ငံရှိ Porto တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ထားတဲ့ ဒီသုတေသနမှာ အယ်ကိုဟောမပါတဲ့ Pilsner  ဘီယာ အမျိုးအစားကိုအသုံးပြုပြီး ဟင်းလျာများကို နယ်နှပ်ထားခြင်းဟာ အူမကြီးကင်ဆာလို အစာအိမ်နဲ့  အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေကို ဖြစ်စေနိုင်တဲ့ (PAH,polycyclic arom- atic hydrocarbons) တွေကို ကိုယ်ခန္ဓာကနေ လျော့နည်းသွားစေတယ်လို့ သိရပါတယ်။ Pilsner  ဘီယာနဲ့ နယ်ထားတဲ့ ၀က်ကင်ရယ်၊ ရိုးရိုးဝက်ကင်ရယ်ကို နှိုင်းယှဉ်ခဲ့ရာမှာ ဘီယာနဲ့ နယ်ထားတဲ့ ၀က်ကင်ဟာ PAH  ကို နှစ်ဆလျော့ပါးစေတယ်လို့  တွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာမှုကို  အမေရိကန် ဓာတုဗေဒ အစည်းအရုံးမှထုတ်ဝေတဲ့ Journal of Agricultural and Food Chemistry မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref;PTI
Health Updates Journal
သွားတိုက်ဆေးနှင့်နေရောင်ကာခရင်မ်အချို့က သုက်ပိုးကို ပျက်စီးစေနိုင်
No. 118
ဒိန်းမတ်နှင့် ဂျာမာန်နိုင်ငံမှ သိပံ္ပပညာရှင်များက သုက်ပိုးများအား ပျက်စီးစေပြီး မျိုးပွားမှုအား အနှောင့်အယှက်ဖြစ်စေသည့် ဓာတု ပစ္စည်းများအားတွေ့ရှိခဲ့ကြပြီး ယင်းတို့ထဲမှ အချို့ပစ္စည်းများမှာ တစ်ကိုယ်ရေသုံးပစ္စည်းများ အစားအသောက်များတွင် ပါဝင်နေကြောင်း တွေ့ရသည်။ အထူးသဖြင့်  နေရောင်ခြည်ကာခရင်မ်များတွင် ပါလေ့ရှိသော 4-methyl benzylidene camphor (4-MBL)ာနှင့် သွားတိုက်ဆေးများတွင် ပါလေ့ရှိသော ဘက်တီးရီးယားများကိုသေစေသည့်ပစ္စည်း Triclosan  တို့က သုက်ပိုးများအား ပျက်စီးစေကြောင်း တွေ့ရသည်။ ထို့ပြင် စားသောက်ကုန်များ၊ ဆေးဆိုး ပန်းရိုက်ခြင်းများ၊  ကျန်းမာရေး သန့်စင်ပစ္စည်းများ၊ အရုပ်၊ အလှကုန် နှင့်ကော်ဘူးတို့တွင်ပါဝင်သော ဓာတုပစ္စည်းပေါင်း ၉၆မျိုးခန့် ရှိသေး ကြောင်းပြောကြားခဲ့သည်။ ယင်းဓာတုပစ္စည်းများက သုက်ပိုးတွင် ကယ်လ်ဆီယမ်ပမာဏကို တိုးပွားစေပြီး မမျိုးဥ၏ကာကွယ်ထားသော အလွှာအား ထိုးဖောက်ရာတွင် အခက်အခဲဖြစ်စေကြောင်း  တွေ့ရသည်။ ယခုတွေ့ရှိမှုကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ ပါဝင်ရမည့်ပစ္စည်းများအား နိုင်ငံတကာစည်းကမ်းနှင့် အညီချမှတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ဖိုးသောကြာ
ref:Medindia
Health Updates Journal
အရပ်ပုသောအမျိုးသားများ အသက်ပိုရှည်
No. 118
အရပ်ပုခြင်းသည် အသက်ရှည် စေကြောင်း လေ့လာမှုတစ်ခုကဆိုသည်။
Kuakim Honolulu Heart Program (HHP)     နှင့် Kuakini Honolulu-Asia Aging Study (HAAS)  မှ သုတေသနအဖွဲ့၏လေ့လာမှုအရ ဂျပန်အမျိုးသားများ တွင် အရပ်ပုခြင်းနှင့် အသက်ရှည် ခြင်းတို့ ဆက်စပ်နေကြောင်းသိရ သည်။
““သုတေသနမှာ ပါဝင်တဲ့သူတွေကို ငါးပေနှစ်လက်မနှင့်အောက်၊ ငါး ပေလေးလက်မနှင့်အထက်ဆိုပြီး နှစ်ဖွဲ့ခွဲခဲ့ပါတယ်။ ငါးပေနှစ်အောက် အရပ်ပုသူတွေဟာ အသက်အရှည်ဆုံးဆိုတာ တွေ့ရပါတယ်။ အရပ်ရှည်လေ၊ အသက်တိုလေဆိုတာလည်း တွေ့ရပါတယ်”” ဟု သုတေသီ Bradley Willcox  ကဆိုသည်။
အရပ်ပုသည့် အမျိုးသားများတွင် FOXO3  ဟုအမည်ရသည့် မျိုးဗီဇပစ္စည်းတစ်ခုပါဝင်ပြီး ၎င်း၏အာနိသင်ကြောင့် ဖွံ့ဖြိုးစအရွယ်တွင် လူကောင်သေးကာ အသက်ရှည်စေသည်ဟုသိရသည်။ အရပ်ပုသည့်အမျိုးသားများသည် သွေးတွင်းအင်ဆူလင် ဟော်မုန်းပမာဏ လျော့နည်းလေ့ရှိပြီး ကင်ဆာလည်း အဖြစ်နည်းသည်ဟုသိရသည်။
““ခန္ဓာကိုယ်အရွယ်အစားဟာ ဒီမျိုးဗီဇပစ္စည်းနှင့် ဆက်စပ်နေတယ်ဆိုတာ ယခုလေ့လာမှုအရ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်”” ဟု Dr. Willcox  က ထပ်လောင်းပြောကြားသည်။
အထက်ပါ သုတေသနကို PLOSONE   ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။
သီဟ
Ref:ANI
Health Updates Journal
ပုဒ်မ ၄၃၆ ပြင်ရေး တပ်မတော်သားများကို ဦးတည်ဟောပြောချက်သည် ဘောင်ကျော်နေဟု ရွေးကောက်ပွဲကော်မရှင် သတိပေး
ရန်ကုန်၊ မဇ္ဈိမ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တပ်မတော်သားများနှင့် ပတ်သက်၍
စိန်ခေါ်ဟောပြောခြင်းသည် ဘောင်ကျော်ရာ ရောက်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူ၍ မေလ
၂၂ရက်က သတိပေးစာ ပေးပို့ ထားသည်။
ယင်းစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် ဟောပြောခဲ့သည့် "ကျွနိုပ်တို့တွေဟာ
အာဏာမက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာ မက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာကို သက်သေထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်ဆိုတဲ့စကားဟာ တစ်နည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လဲ ပြောလို့ ရပါတယ်။ ကျွန်မ စိန်ခေါ်တယ်" စသဖြင့် ပြောခဲ့ခြင်းသည် အခြေခံ
ဥပဒေက ခွင့်ပြုထားသည့် ဘောင်ကို ကျော်နေသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယူဆကာ သတိပေးခြင်းလည်း ဖြစ်သည်။
မဇ္ဈိမသတင်းဌာန
Hunger Games ရုပ်ရှင်ကား လက်ထောက်ဒါရိုက်တာရဲ့သားက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို သတ်ဖြတ်
The Hunger Games ဇာတ်ကားတွေရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ Peter Rodger ရဲ့ သား Elliot Rodger ဟာ သောကြာနေ့ ညက ကယ်လီဖိုးနီးယားမှာ လူခြောက်ဦးကို ရက်ရက်စက်စက်ပစ်သတ်ခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် Elliot ဟာ ဒီသတ်ဖြတ်မှုကို မစတင်ခင် နာရီပိုင်းအလိုမှာ သူ့ ရဲ့မိဘနဲ့  စိတ်ကျန်းမာရေးဆရာဝန် အပါအ၀င် လူ အမြောက်အများကို စာမျက်နှာ ၁၄၀ ပါတဲ့ ဖိုင်တစ်ခုကို အီးမေးလ်ကနေ တဆင့်ပေးပို့ ခဲ့ပါတယ်။
အမေဖြစ်သူ Lichin Rodger ဟာ ဒီအီးမေးလ်ကို ရရချင်း သူ့ သားရဲ့ Youtube ချန်နယ်ကို သွားကြည့်တဲ့ အခါမှာတော့ “လက်တုံ့ ပြန်ခြင်း” လို့ နာမည်တပ်ထားတဲ့ ဗီဒီယိုဖိုင်အသစ်တစ်ခုကို တွေ့ ရှိခဲ့ပြီး Santa Barbara မှာ ရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က မိန်းကလေးအဆောင်တစ်ခုမှာ မိန်းကလေးတွေကို သတ်ဖြတ်မယ့် သားရဲ့အကြံအစည်ကို သိရှိခဲ့ရပါတယ်။
CNN သတင်းဌာနအဆိုအရ Mrs.Rodger ဟာ ဒီဗီဒီယိုကို ကြည့်ပြီးပြီးချင်း ကွာထားတဲ့ခင်ပွန်းဖြစ်သူ Peter Rodger ကို သတိပေးပြီး ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ လင်မယားနှစ်ယောက်ဟာ Los Angeles ကနေ Santa Barbara ကို ထွက်လာပြီး သားရှာပုံတော်ဖွင့်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ကျ သွားခဲ့ပါပြီ။ Santa Barbara သွားနေတဲ့ လမ်းမှာတင် ဒီပစ်ခတ်မှုအကြောင်း ကြားလိုက်ရပါတော့တယ်။
ဧပြီလတုန်းကလည်း လူသတ်တရားခံ Elliot ဟာ အခုလိုမျိုးဗီဒီယိုတွေကို Youtube မှာ တင်ခဲ့တဲ့အတွက် Santa Barbara စိတ်ကျန်းမာရေးဖုန်းလိုင်းကနေ အမျိုးသမီးတစ်ယောက်က ရဲတွေကို ဖုန်းဆက် အကြောင်းကြားပြီး ရဲခြောက်ယောက် သူ့ အိမ်ကို ၀င်ရောက် ရှာဖွေခဲ့ပေမယ့် သံသယဖြစ်စရာတစ်ခုမှ မတွေ့  ရှိခဲ့ဘူးလို့ ဆိုပါတယ်။
Elliot Rodger ဟာ ဒီသတ်ဖြတ်မှုမတိုင်ခင် လွန်ခဲ့တဲ့သုံးနှစ်တုန်းက Hunger Games ရုပ်ရှင်မိတ်ဆက်ပြပွဲမှာ ကော်ဇောနီပေါ် သူ့ ဖခင် လက်ထောက်ဒါရိုက်တာ Peter Rodger နဲ့ အတူ ပါလာခဲ့ပါသေးတယ်။ အခုတော့ Elliot ဟာ အမေရိကရဲ့ သွေးအေးလူသတ်သမားတစ်ဦးဖြစ်လာပါပြီ။ Elliot ဟာ တက္ကသိုလ်ကျောင်းဝင်း အတွင်း ညစာစားနေတဲ့ လူအုပ်ဘက်ကို သူ့ ရဲ့ MBW ကားနက်ပေါ်ကနေ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး လူသုံးဦးသေဆုံးကာ လူ ၁၃ ဦးဒဏ်ရာရရှိစေခဲ့ပါတယ်။ Elliot ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရသူတွေဟာ  California ပြည်နယ် Santa Barbara  မြို့ တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေဖြစ်ပြီး သူ့ ရဲ့ အခန်းဖော်နှစ်ဦးကို အတူနေအခန်းတွင်း သတ်ဖြတ်ခဲ့ကာ နောက်သားကောင်တစ်ဥိးဖြစ်သူ George Chen ၁၉ နှစ်ရဲ့ အလောင်းကိုတော့ သူမနေတော့တဲ့ တိုက်ခန်းတစ်ခုမှာ တွေ့ ခဲ့ပါတယ်။  Elliot ဟာ နောက်ဆုံးမှာတော့ သူ့ ရဲ့ BMW ကားထဲမှာပဲ ခေါင်းကို သေနတ်နဲ့ ပစ်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။
Elliot ဟာ အသက် ၂၂ နှစ်အရွယ်ထိ လူပျိုဘ၀မှာပဲ ရှိသေးပြီး မကြာသေးမီက မိန်းမတစ်ယောက်ရဲ့ ငြင်းဆန်ခြင်းကို ခံခဲ့ရတဲ့အပြင် သူ့ ရဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး ညံ့ဖျင်းမှုကြောင့် မိန်းမတွေကို စိတ်အနာကြီးနာနေသူပါ။ သူတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ မိန်းမတွေကို ‘မနှစ်မြို့ စရာ တိရိစ္ဆာန်တွေ’ လို့  သမုတ်ထားပြီး သူ့ လို လူကြီးလူကောင်းဆန်တဲ့လူတစ်ယောက်ကို ငြင်းဆန်တဲ့အတွက် အပြစ်တင်ထား ပါသေးတယ်။
Ref: Dailymail.co.uk ,Telegraph.co.uk
Trend
နေ့စားလပေးအောင်စာရင်း သွားကြည့်သည့် မိန်းကလေး ကားကြိတ်ခံရ၍ သေဆုံး
ရေတာရှည်၊ မေ ၂၆
မေလ(၂၅)ရက်နေ့၊ နံနက်(၇း၄၅)နာရီအချိန်က ရေတာရှည်မြို့ မြောက်ဘက်၊ မယ်ဒက်ကယ် ဘုရားလမ်းနှင့် ရန်ကုန် မန္တလေး ကားလမ်းဆုံသည့် နေရာတွင် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်က ကားလမ်းအတိုင်း မောင်းနှင်နေသော (၁၀)ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်ရာမှ ဆိုင်ကယ်အနောက်တွင် စီးနင်းလိုက်ပါလာသူ ကားကြိတ်ခံရ၍ သေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ် ပညာရေးမှူးရုံးတွင်၊ နေ့စားလပေးစာမေးပွဲ အောင်စာရင်းကြည့်ရန် ဒိုးတန်းကျေးရွာတွင် နေထိုင်သည့် မ(----)(၂၃)နှစ် မောင်းနှင်ပြီး နောက်တွင်တစ်ရွာတည်းနေ မ(----) (၂၆)နှစ်၊ လိုက်ပါလာ သည့် ဆိုင်ကယ်သည် မယ်ဒက်ကယ်ဘုရား - ရေတာရှည် ကားလမ်းအတိုင်းမောင်းနှင်လာစဉ် ရန်ကုန် - မန္တလေးကား လမ်း မိုင်တိုင်အမှတ် (၁၉၂/၇)နှင့် (၁၉၃/၀)အကြား အရောက်တွင် ဝဲဘက်သို့ ချိုးကွေ့ရာ၌ ကားလမ်းအတိုင်း မြောက်မှတောင်သို့ ကျော်လှ(၃၅)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ နေသူမောင်းနှင်လာသည့် အစိမ်းရောင် (၁၀)ဘီး ကုန်တင်ယာဉ်ကို ဝင်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် မ(------)မှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍ ကား၏နောက်ဘီးဖြင့် ကြိတ်မိပြီး ယာခြေထောက်ကျိုး၊ ခါးပွန်းပဲ့ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။ ဆိုင်ကယ်မောင်းနှင်သူ မ(-----)တွင် ယာလက်မောင်းနှင့် တံတောင်ဆစ် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့၍ ရေတာရှည်မြို့မရဲစခန်း ယာဉ်(ပ) ၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
MOI Webportal Myanmar
WHO မှ အရက်ကြောင့် အသက်ဆုံးရှုံးသူ ၁၀ စက္ကန့်တိုင်း တစ်ယောက်ရှိကြောင်း သတိပေး
No. 118
ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း WHO  မှ အရက်ကြောင့် သေဆုံးသည့်နှုန်းမှာ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်လျှင် ၃.၃ သန်း ခန့်ရှိပြီး ယင်းပမာဏမှာ AIDS ၊ တီဘီနှင့် အကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်ပမာဏ အားလုံးပေါင်းသည်ထက်များနေကြောင်း ပြောကြားခဲ့သည်။ ယင်း ၃.၃သန်းအား ပြန်၍ တွက်ကြည့်ပါက ကမ္ဘာပေါ်၌ အရက်ကြောင့် သေဆုံးသူ ဆယ်စက္ကန့်လျှင် တစ်ယောက်နှုန်းရှိကြောင်း သိရသည်။ အရက်ကြောင့် သေဆုံးသူမှာ ၂၀၁၂ တွင် ၃.၃သန်းရှိခဲ့ပြီး  တစ်ကမ္ဘာလုံးသေဆုံးသည့် လူဦးရေ၏ ၅.၉%ရှိ(အမျိုးသား ၇.၆% နှင့် အမျိုးသမီး ၄%)ကြောင်းသိရသည်။ တစ်နှစ်လျှင် HIV  ကြောင့်  သေဆုံးသည့်ပမာဏမှာ ၂.၈% ရှိပြီး တီဘီ နှင့် သေဆုံးသည့်နှုန်းမှာ  ၁.၇%ရှိ၍ အခြားအကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်နှုန်းမှာ ၀.၉% သာရှိ ကြောင်းတွေ့ရသည်။ တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင်
အရက်သောက်မှုပမာဏမှာ နည်းနေသေးသော်လည်း ကြွယ်ဝမှုပမာဏ မြင့်တက်လာသည်နှင့်အမျှ သောက်သုံးသည့်နှုန်းမှာလည်း မြင့်တက် လာကြောင်း တွေ့ရသည်။ အရက်သောက်ခြင်းက အသည်းရောဂါအပါအ၀င် တခြားသော ရောဂါပေါင်း ၂၀၀ ကျော်နှင့်ဆက်စပ်နေပြီး တီဘီ၊ HIV၊ နှင့် အခြားသော ကူးစက်ရောဂါများလည်း ကူးနိုင်ကြောင်း သိရသည်။ ကမ္ဘာတွင် လက်ရှိအရက် သောက်အများဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် အရက်ချည်း သက်သက် (Pure alcohal)  ၃၂ လီတာခန့်ပျှမ်းမျှသောက်ပြီး ယင်းနောက်မှာ ဥရောပ၊ ကနေဒါ၊ အမေရိ ကန်၊ သြစတေးလျနှင့်တောင်အာဖရိ ကတို့ အသီးသီးလိုက်ကြလေသည်။ ပျှမ်းမျှအားဖြင့် ကမ္ဘာ့တစ်ဝန်းတွင် လူတိုင်း ပျှမ်းမျှတစ်နှစ်လျှင် အရက်ချည်းသက်သက် ၁၇ လီတာသောက်ကြောင်း သိရသည်။ သို့သော်လည်း အရွယ်ရောက်ပြီးသော်လည်း အရက်အားလုံးဝမထိတွေ့ဖူးသူမှာ ထက်ဝက်ခန့်ရှိကြောင်း အားတက်ဖွယ် သိရသည်။
အပိန်လေး
ref:Medinidia
Health Updates Journal
မန္တလေးမြို့လယ်ကောင် ပြိုင်ကားပေါ်မှဆင်း၍ ဓားခုတ်မှုတရားခံ ရှစ်လအကြာတွင် ဖမ်းမိ
မန္တလေး၊ မေ ၂၅
မန္တလေးမြို့တော် မဟာအောင်မြေမြို့နယ် မန္တလေး တက္ကသိုလ်အနီး ၇၃ လမ်း၊ ဗန်းမော်တိုက် လမ်းကြားတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခဲရောင် ပြိုင်ကားပေါ်မှဆင်း၍ ဆိုင်ကယ်မောင်းသူကို ဓားဖြင့်ခုတ်သည်ဟု တိုင်ကြားခံရသူကို ရှစ်လအကြာ မေလတတိယ အပတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးခင်မောင်ရီက ပြောကြားသည်။
ကျူးလွန်သည်ဟု တိုင်ကြားခံရသူ နှစ်ဦးသည် အသက် ၃၀ နှစ်ခန့် အမျိုးသားများဖြစ်ပြီး ကားရှေ့တွင် ဆိုင်ကယ်ရပ်သည့် ကိစ္စဖြင့် စကားများကာ ဒေါသအလျောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဓားဖြင့်ခုတ်သူမှာ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့သို့ ထွက်ပြေး တိမ်းရှောင်ရာမှ မန္တလေးသို့ ပြန်ရောက်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲမှူးက ထပ်မံပြောကြားသည်။
“ဆိုင်ကယ်က ကားနဲ့အလွတ်ကြီး ရပ်ထားပေးတာ။ အဲဒါကို မင်းဘာဖြစ်လို့ ငါတို့သွားမယ့်လမ်းကို ပိတ်ရပ်တာလဲဆိုပြီး စဖြစ်ကြတာ” ဟု အဆိုပါအမှုကို မျက်မြင်တွေ့ရှိခဲ့သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါ ကျူးလွန်သူဟု ယူဆရသူများကို ၂၀၁၄ ခုနှစ် မေလတတိယ ပတ်အတွင်းတွင် မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အမှတ် (၉) ရဲစခန်းက ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသော်လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ တရားဝင် အကြောင်းလာခြင်း မရှိသေးကြောင်း မေလ ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က မဟာအောင်မြေမြို့နယ် ဗန်းမော်တိုက် လမ်းကြားတွင် ရပ်ထားသော ပြိုင်ကားခဲရောင်သည် ထွက်မည် ပြုလုပ်စဉ် သမီးရည်းစားစုံတွဲ စီးလာသည့် ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံသဖြင့် ဆိုင်ကယ်က ရပ်ထားပေးရာ ကားပေါ်ရှိ အမျိုးသားတစ်ဦးက ဆိုင်ကယ် မောင်းနှင်သူကို ဓားဖြင့်ခုတ်ရာ ယာလက်ကောက်ဝတ်တွင် ဒဏ်ရာ ရှိသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ဓားဖြင့်ခုတ်သူဟု တိုင်ကြားခံရသူနှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟု တိုင်ကြားခံရသူတို့ကို မဟာအောင်မြေ မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၆၈၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်ပြီး ကျူးလွန်သူများကို တရားရုံး စွဲတင်ရန်အတွက် ဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ ထပ်မံ စုံစမ်းသိရှိရသည်။
The Voice Weekly
ထိုင်းနိုင်ငံ စစ်ခေါင်းဆောင်များ လူမှုကွန်ရက် မီဒီယာကို ပိတ်ပစ်ရန် ခြိမ်းခြောက်
ဘန်ကောက်၊ မေ ၂၅
ထိုင်းနိုင်ငံတွင် မကြာသေးမီက အာဏာသိမ်းထားသော စစ်ခေါင်းဆောင်များသည် နိုင်ငံအတွင်း အကြမ်းဖက်မှုများကို လှုံ့ဆော်သော အရေးအသားများ သို့မဟုတ် စစ်တပ် ခေါင်းဆောင်များအပေါ် ဝေဖန်ရေးသားသည့် မည်သည့် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းကိုမဆို ပိတ်ဆို့ခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံတော်ပိုင် ရုပ်သံလိုင်း တစ်လိုင်းက အာဏာသိမ်း စစ်တပ်အဖွဲ့၏ ကြေညာချက်များကို ထုတ်ပြန်သည့်အထဲတွင် ဆိုရှယ်မီဒီယာ လိုင်းများတွင် ရေးသားကိုင်တွယ် နေကြသူများကို မိမိတို့ စစ်တပ်နှင့် ပူးပေါင်း လက်တွဲ ကူညီပေးကြရန်နှင့် အကယ်၍ အကြမ်းဖက်မှုများကို ပေါ်ပေါက်စေမည့် အရေးအသားများ၊ ဥပဒေကို ချိုးဖောက်ရန် အားပေးအားမြှောက် ပြုသည့် ရေးသားမှုများနှင့် အာဏာသိမ်း စစ်ကောင်စီအပေါ် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျှင် ယင်းမီဒီယာကို ပိတ်ပင်ပစ်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
“အကြမ်းဖက်ရန် လှုံ့ဆော်သည်ကို တွေ့ရှိရလျှင် ထိုမီဒီယာကို ချက်ချင်း ပိတ်သိမ်းမည် ဖြစ်ပြီး ယင်းသို့ လှုံ့ဆော်ရာတွင် တာဝန်ရှိသူကို အရေးယူသွားမည်” ဖြစ်ကြောင်း ယင်းသတင်းကြေညာချက်တွင် ဖော်ပြထားသည်။
ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ ဖြစ်ကြသည့် Twitter နှင့် Facebook တို့ကို ထိုင်းနိုင်ငံတွင် အများဆုံး အသုံးပြုနေကြပြီး Google ကုမ္ပဏီအနေနှင့် ထိုင်းဘာသာစကားဖြင့် YouTube ပေါ်တွင် အသုံးပြုနိုင်ရန် အသုံးပြုခွင့်ပေးပြီး မကြာမီမှာပင် အာဏာသိမ်းခံရမှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ကြောင်း Bangkok Post သတင်းက ဆိုသည်။
ဤထုတ်ပြန်ချက် မတိုင်မီကတည်းက အာဏာသိမ်း စစ်အစိုးရသည် ထိုင်းနိုင်ငံ ရုပ်သံနှင့် ရေဒီယိုလိုင်းများကို လက်ရှိ ထုတ်လွှင့်နေသော အစီအစဉ်များကို ရပ်ဆိုင်းပြီး စစ်တပ်က ထုတ်လွှင့်ခိုင်းသည်များကိုသာ ထုတ်လွှင့်ပေးရန် အမိန့်ပေးထားပြီး ဖြစ်ကြောင်း ယင်းသတင်းတွင် ရေးသားထားသည်။
The Voice Weekly
စိမ့်စမ်းရည် ဘုန်းကြီးကျောင်းကို ဓမ္မစက်နှင့် မရသဖြင့် အာဏာစက်ဖြင့် ဖယ်ရှားဟုဆို
မန္တလေး၊ မေ ၂၅
အင်တာနက် စာမျက်နှာများနှင့် သတင်းစာ မျက်နှာများတွင် ယခုသတင်းပတ်အတွင်း ရေးသားဖော်ပြမှု အများဆုံး ဖြစ်သည့် ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ရဲတပ်ဖွဲ့အင်အား အသုံးပြုပြီး ဖယ်ရှားခဲ့သည် ဆိုခြင်းမှာ မမှန်ကန်ဘဲ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ညွှန်ကြားလွှာများကို အခြေခံပြီး သံဃာ့ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဓမ္မစက်နှင့် မရသဖြင့် အာဏာစက် အကူအညီရယူကာ နှင်ထုတ် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယက ဆရာတော် ဦးဇဋိလက မိန့်ကြားသည်။
မေလ ၂၅ ရက်နေ့တွင် မဟာအောင်မြေ မြို့နယ်ရှိ ၈၈ လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
“ဘုန်းကြီးတို့က သူတစ်ပါး ကျောင်းထဲမှာ ကျူးကျော် ဝင်ရောက်နေတာကို ဖယ်ရှားပေးဖို့ တိုင်းသံဃနာယက၊ မြို့နယ် သံဃနာယက အဖွဲ့တွေက စာထုတ်ပြီး လာရောက် ညှိနှိုင်းဖို့ သုံးကြိမ်တိုင်တိုင် ဖိတ်ခေါ်ပါတယ်။ နောက်ဆုံး မလာတဲ့အတွက် အာဏာပိုင် အဖွဲ့အစည်း အသီးသီးရဲ့ အင်အားကိုရယူပြီး ကျောင်းတိုက်ကနေ ထွက်ခွာဖို့ လုပ်ရတာပါ။ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေသလို ရဲအင်အားသုံးပြီး အဓမ္မနှင်ထုတ်တာ မဟုတ်ပါဘူး” ဟု ဆရာတော်က မိန့်ဆိုသည်။
စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် မူရင်းကျောင်းမှာ နွားလပို့တောင်တွင်ရှိပြီး အဆိုပါကျောင်းမှ မြို့တွင် ကျောင်းတက်နေသည့် ကလေးများ အဆင်ပြေရေးအတွက် နိဂြောဓာရုံ ကျောင်းတိုက် ဆရာတော်က ယင်းကျောင်းအတွင်းရှိ မြေကွက်လပ်တစ်ခုကို ကလေးများ လွယ်ကူစွာ ကျောင်းတက်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ခေတ္တနေထိုင်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ကျောင်းတက် ကလေးငယ်များကို အကြောင်းပြပြီး ကျောင်းဝင်းအတွင်း အဆောင် ၄ ဆောင် တိုးချဲ့ ဆောက်လုပ်ခြင်းအပြင် နိဂြောဓာရုံ ကျောင်းတိုက်၏ အမည်ကို အသုံးပြုပြီး စိမ့်စမ်းရည်ကျောင်းသည် နိဂြောဓာရုံကျောင်း၏ တစ်စိတ်တစ်ပိုင်း အဖြစ်ပါ ကြေညာလာခြင်းများ ရှိသည့်အတွက် နိဂြောဓာရုံ ဆရာတော်က မြို့နယ် သံဃနာယကအဖွဲ့ထံ တင်ပြတိုင်ကြားခဲ့ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။
“အဲဒီနေ့တုန်းက ဘုန်းကြီးတို့လည်း ပါပါတယ်။ ရဲတွေက သူ့ဘာသာ သူရပ်နေတာပါ။ ကလေးတွေကလည်း ၁၀၀ ဝန်းကျင် မရှိပါဘူး။ ကိုရင် ၁၇ ပါး၊ ရဟန်း ၂ ပါး၊ သီလရှင် ၂၃ ပါးသာ ရှိပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးဥတ္တမက မိန့်ဆိုသည်။
ယခုကိစ္စနှင့် ပတ်သက်၍ လူလိမ်များ၏ စကားကို မယုံကြည်ရန်နှင့် ကိုယ်တိုင် လာကြည့်ပါဟု ဖယ်ရှားခံရသော စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဆရာတော် ဦးဥတ္တမက မိန့်ကြားသည်။
မြို့နယ် သံဃနာယကအဖွဲ့ အနေနှင့် ကလေးငယ်များကို သက်ဆိုင်ရာ ဘကကျောင်းများ၌ အပ်နှံပေးမည် ဖြစ်သော်လည်း စိမ့်စမ်းရည် ဆရာတော်က လက်မခံဘဲ ငြင်းဆန်ကြောင်း၊ ယခုကဲ့သို့ လူမြင်ကွင်းတွင် ဘာသာသာသနာ ညှိုးနွမ်းအောင် ပြုမူနေထိုင်နေမှုအတွက် ကလေးများနှင့် စိမ့်စမ်းရည် ဆရာတော်ကို ၎င်းတို့၏ မူရင်းကျောင်းဖြစ်သော နွားလပို့ရွာရှိ စိမ့်စမ်းရည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြန်လည် နေထိုင်ရန်အတွက် သံဃနာယက အစည်းအဝေး တစ်ရပ်ပြုလုပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဦးဝေပုလ္လက The Voice သို့ မိန့်ကြားသည်။
The Voice Weekly
နေပြည်တော် ကြေညာစာတမ်းအောက်က စာပိုဒ်တစ်ခုပဲလား အမျိုးသမီးနှင့် ကလေးသူငယ်အရေး
”၂ဝ၁၅ ခုနှစ်လွန် အာဆီယံမျှော်မှန်းချက်များကို စတင်ရေးဆွဲရာမှာ အမျိုးသမီးများနဲ့ ကလေးသူငယ်များရဲ့အခန်းကဏ္ဍကို ပိုမိုမြင့်မားစေမယ့် စီမံချက်တွေကို အလေး ထားပြီး ထည့်သွင်းဖို့ကိုလည်း တိုက်တွန်းအပ်ပါတယ်” နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန အသစ်ကြီး၏ အစည်းအဝေးခန်း မတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်းစကားကို (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းအဖြစ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အာဆီယံသက်တမ်း နှစ်ပေါင်း ၄ဝ ကြာအပြီး ပထမဆုံးလက်ခံရယူခဲ့ရသည့် အာဆီယံဥက္ကဋ္ဌရာထူးနှင့် ကိုက်ညီမှုရှိစေရန် နေပြည်တော်ကြေညာချက်ကိုလည်း မေလ ၁၁ ရက် နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ သဘောတူညီချက် ၂၈ ချက်ပါ ယင်းကြေညာချက်တွင် အမျိုးသမီး၊ ကလေးသူငယ်၊ လူငယ်နှင့်မသန်စွမ်းသူများ၊ အား နည်း သူများ ၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန်ဟူသည့် အချက်မှာလည်း တရားဝင်ပါဝင်နေပြန်သည်။
အာဆီယံဥက္ကဋ္ဌ မြန်မာအနေနှင့် အာဆီယံခေါင်းဆောင်များအား အထူးတလည်တိုက်တွန်းချက်များ ရှိနေမည် ဖြစ်ကြောင်း၊ ထိပ်သီးအစည်းအဝေးမတိုင်မီ မေလ ၁ဝ ရက်နေ့ကပင် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် က မီဒီယာများနှင့် တွေ့ဆုံစဉ်ကနဦး ပြောကြားထားခဲ့သေးသည်။ သို့သော် အတိအကျကိုမူ ထုတ်ဖော်မပြောသေးချေ။
”သမ္မတအနေနဲ့ ခေါင်းဆောင်တွေကိုပြောပြပြီး သဘော တူညီမှုရှိရင် ကြေညာချက်မှာ ထည့်သွင်းအတည်ပြုမှာပါ”ဟု ၎င်းက အကြိုစကားဆိုခဲ့သည်။ထိပ် သီးအစည်း အဝေးနေ့တွင် သမ္မတအနေနှင့် ဆင်းရဲမှုလျှော့ချရေး၊ လူမှုလုံခြုံရေး ကွန်ရက်ခိုင်မာစေရေး၊ အာဆီယံ သွင်ပြင်လက္ခဏာဖော်ဆောင်ရေး၊ သဟဇာတဖြစ်သည့် လူမှု အသိုက်အဝန်းထူထောင်ရေး၊ ဒေသဖွံ့ဖြိုးမှုရလဒ်တွေ မျှဝေ ရာမှာ အများပါဝင်နိုင်စေရေး စသည့်အချက်များကို နှစ်ဆ တိုးလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
အထက်ပါအချက်များနှင့် ဆက်စပ်၍ အမျိုးသမီးနှင့် ကလေးများ၏ အခန်းကဏ္ဍကိုလည်း အလေးထားပုံဖော်ရန် တိုက်တွန်းခဲ့ပြန်ရာ ထိုသို့တိုက်တွန်းရသည့် ရည်ရွယ် ချက် မှာ ထောင်စုနှစ်ဖွံ့ဖြိုးမှု ဦးတည်ချက်များ ပြည့်မီရာ ရောက်စေရန် ဖြစ်သည်ဟု သမ္မတက အတိအလင်းကြေညာခဲ့သည်။ သမ္မတအနေနှင့် အာဆီယံဒေ သ တွင်း ခေါ င်းဆောင်များ နှင့်တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ကာကွယ်မှု အခွင့်အရေးကိစ္စများ မှာ လက်ရှိပြည် တွင်း၌ ပင် မည်မျှတိုးတက်ပြောင်းလဲမှုရှိနေပြီကို စောင့်ကြည့်လေ့လာသင့်ကြောင်း မြန်မာပြည်အခြေစိုက် NGO အဖွဲ့အစည်းများ၊အရပ် ဘက်လူမှုအဖွဲ့ အစည်းအချို့ က ထော က်ပြကြသည်။
”အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် အကြမ်းဖက်ခံရ တဲ့ ကိစ္စကတစ်ခုလောက်ဖြစ်နေသေးရင်တောင် ဒါကို မတရားဘူးဖြစ်တယ်လို့ပဲ မြင်တယ်”ဟု အမျိုးသမီး အဖွဲ့ အစည်းများ ကွန်ရက်မှ ဒေါ်ရွှေရွေစိန်လတ်က ၎င်း၏အတွေးကို သုံးသပ်ပြောကြားသည်။ ထိုသို့ဆိုလျှင် အာဆီယံဥက္ကဋ္ဌ မြန်မာ၏ပြည်တွင်း၌ပင် အမျိုးသမီးနှင့် ကလေး သူငယ်များအတွက် ဦးစားပေးလုပ် ဆောင်ရန် လိုအပ်နေသေးသည်ဟု ထင်ပါသလား။ အခွင့်အရေးကောင်းမွန်စွာရရှိရန်ထက် အခွင့်အရေးမရ သည့် တိုင်အောင် ပင် အေးချမ်းလုံခြုံစွာ နေထိုင်ခွင့်ရရှိရန် ဦး စွာ လိုအပ်ကြောင်း ဒေါ်ရွှေရွှေစိန်လတ်က သူ့အမြင်ကို ဆို သည်။
”အခွင့်အရေး မပေးနိုင်သေးတဲ့တိုင်အောင် သူတို့အခွင့်အရေးတွေကို ချိုးဖောက်ဖို့ မသင့်တော့ဘူး”
ဒေါ်ရွှေရွှေစိန်လတ်က သူအတွေ့အကြုံနှင့် သူကိုယ်တိုင်လိုက်ပါ ကူညီပေးနေခဲ့ရသည့်အမျိုးသမီးနှင့် ကလေးငယ်များ အပေါ် အကြမ်းဖက်ခံနေရမှု အနေအထားကို ထပ်ေ လာင်း ပြောခြင်း ဖြစ်သည်။ သမ္မတ၏ စကားနှင့် ပြန်လည်နှိုင်းယှဉ်ချိန်ဆကြည့်မည်ဆိုပါက ပိုမိုမြင့်မားစေရေးဟူသည့် တိုက်တွန်းချက် ပါဝင်နေ သော်လည်း အမှန်တ ကယ်ပင်မြင့်မားရေးကိုရှေးရှုနိုင်ပြီလော။
အမျိုးသမီးနှင့် ကလေးကိစ္စဟုဆိုလျှင် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့်ြွဥ များကသာ အကောင်အထည် ဖော်မှု များပြားနေပြီး အစိုးရ၏ပူးပေါင်းမှု နည်းပါးနေခြင်းက မိန့်ခွန်းနှင့် သွေဖည်နေဆဲဖြစ်သည်ဟုလည်း သုံးသပ်သည်။ အရေးတကြီးလိုအပ်သည့် အမျိုးသမီးများအား အကြမ်းဖက် မှုမှ ကာကွယ်စောင့်ရှောက်ရေးဥပဒေသည်ပင် ဘယ်မှာလဲ ဟူ၍ ဒေါ်ခွန်ဂျာက မေးခွန်းထုတ်သည်။
ထိုသို့ ထောက်ပြရခြင်းသည်အစိုးရအနေနှင့် အမျိုးသမီး နှင့်ကလေးငယ်များကို စောင့်ရှောက်ရန်လိုအပ်သည့် မူဝါဒ များချမှတ်ပေးခြင်း အကျုံးမဝင်တော့သည့်မူဝါဒများ ပယ်ဖျက် ပေးခြင်း စသည်တို့ကို မပြုလုပ်ပေးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ”ကြေညာချက်ဟာ လေထဲမှာပဲရှိပါတယ်” ဟုအထက်ပါ စကားများနှင့်ဆက် စပ်၍ ဒေါ်ခွန် ဂျာက ဝေဖန်စကားဆိုလိုက်သည်။ သမ္မတဦးသိန်းစိန်အနေနှင့် အမျိုးသမီးနှင့် ကလေးငယ် များအရေး ပိုမိုမြင့်မားစေရန်၊ အကြမ်းဖက်မှုများ ပပျောက် စေရန် တိုက် တွန်းပြောကြားခဲ့သည်။ အာဆီယံထိပ်သီးအစည်း အဝေးအပြီး ခြောက်ရက်အကြာ မေလ ၁၇ ရပ်နေ့တွင် ကွတ် ခိုင်မြို့ နမ့်ဂွတ်ကျေးရွာ၌ အသက် ၁၄ နှစ်အရွယ်အမျိုးသမီး ငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့သည်။
၎င်းးနေရာသည် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတပ်မတော် (SSPP) တို့ တိုက်ပွဲများဖြစ်ပွားရာ မငြိမ်း ချမ်းနိုင်သေးသည့်ဒေသတစ်ခုလည်း ဖြစ်နေသည်။ ထို့အပြင်ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲများဖြစ်ပွားနေမှု ပဋိပက္ခဖြစ်စဉ်များကြောင့် ကချင်ပြည်နယ်ရှိ အမျိုးသမီးနှင့် ကလေး ငယ် ခြောက်သောင်းေ ကျာ်မှာ နေ့စဉ်နှင့်အမျှ အနေအစားဆင်းရဲစွာဖြင့် လုံခြုံမှုမရှိဘဲ နေထိုင်နေကြရကြောင်း၊ ကချင်ပြည်နယ်အရေး ဆောင်ရွက်နေ သည့် လူမှုအဖွဲ့ အစည်း အချို့က ပြောကြား သည်။
ဒုက္ခသည်စခန်းများနှင့် စစ်ကြောင်းဖြစ်ပွားရာနေရာရှိ ကျေးရွာများမှ အမျိုးသမီးငယ်များနှင့် ကလေးများမှာ အသက် ဖက်နှင့် ထုပ်ပြေးလွှားနေရခြင်းဖြစ်သည်ဟု ကချင်ပြည် နယ် တောင်ပိုင်း မန်ဝိန်းကြီး ဒုက္ခသည်စခန်းမှ တာဝန်ရှိသူက ဆို သည်။ ထို့အပြင် လူပေါင်းနှစ်ထောင့်ခုနစ်ရာကျော်မှာ အိုးပစ် အိမ်ပစ်နှင့် ထွက်ပြေးနေကြရပြီး အိမ်နီးချင်း တိုင်းပြည်ဖြစ်သည့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသည်ဟုလည်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (UNOCHA) ၏ ကြေညာချက်အရ သိရသည်။
အထက်ပါ အခြေအနေများသည် ထိပ်သီးအစည်းအဝေးနှင့် နေပြည်တော်ကြေညာချက်ပါ ခေါင်းဆောင်များ၏ အမျိုးသမီးနှင့် ကလေးငယ်များကဏ္ဍအတွက် သဘောတူ ညီမှု အချက်များကို သွေဖည်နေသည့် မြင်သာထင်သာရှိသော အချက်များပင် ဖြစ်နေသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ မှုခင်းစာရင်းများအရလည်း မုဒိမ်း မှုများ သည် နှစ် အလိုက်တိုးတက်လာသည်ကို ပွင့်လင်းမြင်သာ စွာ တွေ့ရှိနိုင်သည်။ ၂ဝဝ၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မုဒိမ်းမှု ၄၃ဝ မှုရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင် ၆၅၄ မှုအထိ ရှိလာခဲ့သည်။ ၂ဝ၁၃ ခုနှစ် ရန်ကုန်တိုင်းအတွင်း အဖြစ်များဆုံးအမှုမှာ လည်း မုဒိမ်းမှုပင်ဖြစ်နေရာ ၁၃ဝ မှုရှိသည့် လူသတ်မှုထက် မုဒိမ်းမှုက ၂၂ မှု ပိုများခဲ့ပြီး ၁၅၂ မှုနှင့် ဗိုလ်စွဲခဲ့သည်။
ထို့ကြောင့်ပင် အမျိုးသမီးများနှင့် ကလေးများ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ ၎င်းတို့အတွက် မြင့်မားသည့် အခန်းကဏ္ဍ ပေါ်ပေါက်လာစေရေး တိုးမြှင့်လုပ်ဆောင်ရန် ဟူ သည့် မိန့်ခွန်းအားထောက်ပြရန် အချက်များရှိလာသည်ဟု အမျိုးသမီးအရေးဆောင်ရွက်နေသည့် အမျိုးသမီးအများစုကဆိုသည်။
”အမျိုးသမီးတွေတင်မက အသက်မပြည့်သေးတဲ့ကလေးတွေမှာပါ အကြမ်းဖက်ခံရမှုတွေ ကြုံနေရတုန်းပဲ” ဟု ကျားမတန်းတူအခွင့် အရေးဆိုင်ရာကိ စ္စများဆောင် ရွက်နေ သူ ဒေါ်မေ စံပယ်ဖြူက ထောက်ပြသည်။ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအရ အကျင့်သိက္ခာကြီးမားသည့် မြန်မာနိုင်ငံ၏ လူမှုအဖွဲ့အစည်းတွင် မုဒိမ်းမှုများ ဖြစ် လာ ရခြင်း သည် အဘယ့်ကြောင့်နည်း။ အကြမ်းဖက်မှုဟုဆိုလျှင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်စော်ကားမှုများသာ ဖြစ်တတ်ကြ ပြီး စိတ်ပိုင်းဆိုင်ရာနာကျင်စေမှု၊ ခန္ဓာကိုယ် ပိုင်း ဆိုင် ရာ ညှဉ်းပန်းစော်ကားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ ထည့်သွင်းပေးသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ တွင် အရွယ်ရောက်ပြီးသော ကျား၊ မ မည်သူမဆို မိမိဆန္ဒဖြင့် လက်ထပ်ခွင့်၊ အိမ်ထောင် ထူထောင် ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ မူကြမ်းထွက်ပေါ်သည်အထိ ကော်မရှင်ဖွဲ့စည်း ဆောင်ရွက် ပေးခြင်းသည် အမျိုး သမီးများအပေါ် ဥပဒေဘောင်အတွင်းမှ တရားဝင် အကြမ်းဖက်ခြင်းနှင့်တူသည်ဟု ဒေါ်ခွန်ဂျာက ပြောသည်။ သမ္မတအနေနှင့် ထိပ်သီးအစည်းအဝေးတွင် အခြား နိုင်ငံများအား တိုက် တွန်း မှုသည် လက်ရှိပြည်တွင်းအနေနှင့် မူကွဲပြားနေဆဲဖြစ်သည်ဟု လည်းဆိုသည်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်မှဒေါ်ခွန်ဂျာက သမ္မတအ နေနှင့် အမျိုးသမီးနှင့် ကလေးသူငယ်ကိစ္စများတွင် သိရှိနား လည်သည့်ထက် အကောင်အထည်ဖော်ရန် တာဝန်ရှိသ ည်ဟု လည်း ဝေဖန်ထောက်ပြသည်။  ”မိန့်ခွန်းပြောပြီး အမှတ်ယူတဲ့ အဆင့်ကျော်သင့်ပါပြီ” ၎င်းမှာ ဒေါ်ခွန်ဂျာ၏ မှတ်ချက်စကားဖြစ်သည်။အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ဖျက်သိမ်းရေး (စီဒေါ)သဘောတူစာချုပ်နှင့် ကလေးအခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်(CRC) များမှာလည်း လက် တွေ့ အကောင် အ ထည်ေ ဖ်ာဆောင်ရွက်မှု အားနည်းနေဆဲဖြစ်သည်။
ယင်းကိစ္စများကို တိကျသည့် ဘတ်ဂျက်ချထားပေးခြင်း ဖြင့်သာ ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်မည်ဟု ဒေါ်ရွှေရွှေစိန်လတ်က ဆိုသည်။ စွမ်းဆောင် ရည်မြှင့် တင် ရေးနှင့် တိုးတက်ရန်ဟူသည့် အချက်များမှာ အစိုးရအနေနှင့် လူမှုရေးကိစ္စတစ်ခုအ ဖြစ် မမြင်သင့်ဘဲ နိုင်ငံရေးအပြောင်း အလဲတစ်ခုအဖြစ် ဘတ်ဂျက်၌ပင် ထည့် သွင်းရေးဆွဲသင့်ပြီ ဖြစ်သည်ဟု ထောက်ပြသည်။ ”နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှု ဘယ်လောက်ရှိလဲ သိချင် ရင် အဲဒီနိုင်ငံရဲ့ အမျိုးသမီးနဲ့ကလေးတွေ တိုးတက်မှု အခြေ အနေနဲ့ သုံးသပ်နိုင်တယ်”ဟူ၍ ဖြစ်သည်။ အာဆီယံ လူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်းအခြေပြ မြေပုံ၌ပင် လူမှုရေးဆိုင်ရာတရားမျှတရေးနှင့် အခွင့်အရေး များ ခေါင်း စဉ်အောက်၌ ၎င်းကဏ္ဍများကို ဦးစွာထည့်သွင်း ထားခဲ့သည်။
ယင်းခေါင်းစဉ်၏ မဟာဗျူဟာ ရည်မှန်းချက်အောက်တွင် အမျိုးသမီး၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်း သူများအတွက် အကျိုးစီးပွား အခွင့်အရေးများ ကာ ကွယ် စောင့်ရှောက်၍ တူညီသည့် အခွင့်အလမ်းများပေးရန်ဟူ သည့်အချက်များ ပါဝင်သည်။ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပပျောက်ရေးသာမက ကလေးများ၏ အသက် ရှင်နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကာကွယ်ပေးရေး အစီအစဉ်များ အကောင်အထည်ဖော်ရန် စသည်တို့ ဖြစ်သည်။
သို့သော် ၂ဝ၁၃ ခုနှစ် ရန်ကုန်တိုင်းအတွင်း သက်ငယ် မုဒိမ်းမှာ ၈၈ မှုကျော်ဖြစ်ခဲ့ပြန်ရာအာဆီယံဒေသတွင်း နိုင်ငံ များ၏ ပူးပေါင်းလုပ်ကိုင်မည့် မဟာဗျူဟာ များ အပေါ် ခေါင်း ဆောင်ပိုင်းအနေဖြင့် ပြန်လည် သုံးသပ်လေ့လာသင့်ပြီဟု အရပ်ဘက်လူမှုအဖွဲ့အစည်း များက ထောက်ပြ လာကြသည်။ ဘရူနိုင်း နိုင်ငံ သည်ပင် လျှင် မေလ ၁ ရက်နေ့မှစ၍ ဘာရီဟာ ဥပဒေကို ၎င်းနိုင်ငံတွင် အသက်သွင်းခဲ့ပြန်သည်။ ယင်းဥပဒေကို အဆင့် ၃ ဆင့်ဖြင့် ဖော်ဆောင်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လက် ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ဆောင် ခြင်း၊ ဝါဒဖြန့်ချိခြင်း၊ ဘာသာရေးအရ ဝတ်ပြုခြင်းကို ချိုးဖောက်ပါက ထောင်ဒဏ်ကျခံစေရန် ဖြစ်သည်။
ယင်းပထမ အဆင့်အပြီး တစ်နှစ်ကြာပါက ဒုတိယအဆင့်ကို အသက် သွင်းမည် ဖြစ်သည်။ ၎င်းမှာ အရက်သေစာသောက်စားခြင်း၊ ခိုးယူခြင်းများအတွက် အပြစ် ဒဏ်ကြီးလေးစွာ ပေးမည်ဟူ၍ ဖြစ်သည်။ဥပဒေ၏ တတိယအဆင့်ကို နှစ်နှစ်အကြာတွင် ပြုလုပ်မည်ဖြစ်ပြီး ကုရ်အာန်ကျမ်းနှင့် ကိုယ်တော်မိုဟာမက် ကို စော် ကား ပါက သေဒဏ်ပေးခံရမည်ဖြစ်ရာ ကျောက်တုံးဖြင့် ပစ်ပေါက် သေဒဏ်ပေးနည်းဖြင့်ပြစ်ဒဏ်ပေးခံရမည်ဟု ဘရူနိုင်းနိုင်ငံက တရားဝင်ထုတ်ပြန်ကြေ ညာခဲ့ သည်။ ယင်း ဥပဒေသည် အစ္စလာမ် ဘာသာဝင်များသာမက ဘရူနိုင်းနိုင်ငံတွင် နေထိုင်သည့် အခြားဘာသာဝင်များနှင့် အမျိုးသမီးများအတွက်လည်း အကျုံးဝင်မည်ဟု သိရသည်။
ထို့ကြောင့် အာဆီယံဒေသတွင်း အမျိုးသမီးများနှင့်ကလေးများကိစ္စမှာ အရေးကြီးဖြစ်ရပ်ဟု ဆိုနိုင်သော်လည်းမည်ကဲ့သို့ ကိုင်တွယ်သွားမည်ကိုမူ တိကျစွာမ သိရှိနိုင်ေ သးပေ။ ”အာဆီယံလူမှုရေးနဲ့ ယဉ်ကျေးမှုအသိုက်အဝန်း ကိုယ် စားလှယ်တွေ၊ တာဝန်ရှိသူတွေက ဆက်ပြီးအကောင်အထည် ဖော်ဖို့ ရှိပါလိမ့်မယ်” ဟု အာဆီ ယံညွှ န်ကြားရေးမှူးချုပ် ဦးအောင်လင်းက ဖြေကြားသည်။ သမ္မတဦးသိန်းစိန်ကမူ အာဆီယံအမျိုးသမီးနှင့်ကလေး များ အခွင့်အရေးကာကွယ်မြှင့်တင်ရေး
ကော်မရှင်နှင့် လူမှု အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လာကြရန် ကြိုဆိုကြောင်း ဖွင့်ပွဲအခမ်းအနားတွင် တရားဝင်ဖိတ်ခေါ်ကြေညာခဲ့သည်။သမ္မတ၏ ဖိတ်ခေါ် တိုက် တွန်းချက်များအမှန်ပင် အထ မြောက်လာစေရန် အချိန်မည်မျှ လိုအပ်ဦးမည်ဟု သင်ထင် မြင်မိပါသနည်း။ အမှန်တကယ်ပင် အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံ သမ္မတ ဦး သိန်းစိန်အနေနှင့် ၎င်းအချက်ကို ခေါင်းဆောင်များအကြား တရားဝင် ထုတ်ဖော်တိုက်တွန်းပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် တိုက်တွန်းချက်တစ်ခုအဖြစ်မှ အကောင် အထည်ဖော်လုပ်ဆောင်ချက်တစ်ခုအဖြစ် ပြောင်းလဲရန်မှာမူ ဆက်လက်လေ့လာစောင့်ကြည့်ရမည့် အနေအထားပင် ဖြစ်သည်။
သုတလင်း
Popular Myanmar
ဖုန်းဆိုင်များမှ ဖုန်းနှင့်ပစ္စည်းများခိုးယူခံရသည့် အမှုများပေါ်ပေါက်
ရန်ကုန်၊ မေ ၂၆ ၁၃.၅.၂၀၁၄ရက်နေ့ ၀၉၃၀အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းရှိE Cityဖုန်းအရောင်းဆိုင် မှ ဟန်းဆက်မျိုးစုံ (၂၆)လုံး၊ Hp လက်တော့(၂)လုံး၊ (၁၀၀၀၀)တန်ငွေဖြည့် ကတ်(၁၈)ကတ်၊ (၅၀၀၀)တန်ငွေဖြည့်ကတ်(၃၃)ကတ်၊ ငွေကျပ်(၇၇၂၅၀၀)၊ စုစုပေါင်းတန်ဘိုးငွေကျပ်( ၁၁၅၈၇၅၀၀) မှာ ခိုးယူခံရ၍ စုံစမ်းအရေးယူပေးရန် ဆိုင်မန်နေဂျာ ဒေါ်နန်းရွှေစင်သိန်းမှ တိုင်တန်းမှုအား ဗဟန်း မြို့မရဲစခန်း(ပ)၁၉၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များသည် အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၇.၅.၂၀၁၄ ရက်နေ့ တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် သန့်ဇင်(ခ)ဝေယံ (၂၄)နှစ်၊ (ဘ)ဦးမင်းလွင်၊ စံပြစီမံကိန်း ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူနှင့် ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင် (၃၁)နှစ်၊ (ဘ)ဦးချိုချို၊ (၁)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူတို့ (၂)ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။ ၎င်းတို့(၂)ဦးအား အခြားခိုးမှုများကျူလွန်ထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ဆဲလ်ဗင်း(ခ) ချမ်းမြေ့အောင်သည် ကုလားကြီး(ခ)ဇော်ထူး(စုံစမ်းဆဲ)နှင့်အတူ ၁၀.၄.၂၀၁၄ရက်နေ့ ၂၃၀၀အချိန် ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ DO CO MO ဖုန်းအရောင်းဆိုင် အတွင်းဝင်ရောက်၍ ဟန်းဆက်မျိုးစုံ၊ ဆင်းကတ်နှင့်ငွေဖြည့်ကတ်များ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၀၃၄၆၅၀၀) အားခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့်မြောက်ဥက္ကလာပ မြို့မရဲစခန်း (ပ)၂၇၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့်အမှုဖွင့်စုံစမ်း လျက်ရှိသော အမှုအားဖော်ထုတ်နိုင်ခဲ့ပါသည်။ ထို့ပြင် ဆဲလ်ဗင်း(ခ) ချမ်းမြေ့အောင်သည် သီဟ (၂၁)နှစ်၊ (ဘ)ဦးကျော်ဆန်းနှင့် ရွှေအ(ခ)သိန်းထိုက်(၁၉)နှစ်၊(ဘ)ဦးကျော်ဆန်း၊ (ဇ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတို့ ညီအစ်ကို (၂)ဦးနှင့်အတူ ဖုန်းအရောင်းဆိုင်များမှ ခိုးမှုများကျူးလွန်ထားကြောင်း ပေါ်ပေါက်သဖြင့် သီဟနှင့် ရွှေအ(ခ)သိန်းထိုက် တို့အား ၁၈.၅.၂၀၁၄ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။ ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင်၊ သီဟနှင့် ရွှေအ(ခ)သိန်းထိုက်တို့အား စစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၆.၄.၂၀၁၄ ရက်နေ့ ၀၂၃၀အချိန်ခန့်တွင် လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ စုစုပေါင်းတန်ဘိုးငွေကျပ်(၁၅၇၀၄၀၀၀)ခန့်ရှိဟန်းဆက်များအား ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်လမ်းမတော်မြို့မရဲစခန်း(ပ)၈၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိသောအမှုအားဖော်ထုတ်နိုင်ခဲ့ ပါသည်။ ထို့ပြင်၂၀၁၄ခုနှစ်၊ ဖေဖော်လရီလတွင် ဆဲလ်ဗင်း(ခ)ချမ်းမြေ့အောင်နှင့် သီဟတို့(၂)ဦးသည် တောင်ဥက္ကလာပမြို့နယ်ရှိ UNITEL ဖုန်းအရောင်း ဆိုင်အတွင်းမှ ကွန်ပျူတာလက်တော့(၁)လုံးနှင့် ဖုန်းနှင့်ဆက်စပ်ပစ္စည်များ၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၆၈၈၀၀၀)အား ခိုးယူခဲ့ကြောင်းပေါ်ပေါက် သဖြင့် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၂၂၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း၊ ဧပြီလအတွင်းကကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ စုစုပေါင်းတန်ဘိုး ငွေကျပ် (၃၉၀၀၀၀)ခန့်ရှိ ဟန်းဆက်များခိုးယူခဲ့ကြောင်းပေါ်ပေါက်သဖြင့် ကမာရွတ်မြို့မ ရဲစခန်း(ပ)၂၃၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့် လည်းကောင်း အမှုများအသီးသီး ရေးဖွင့်ကာထပ်မံ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်
ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာအား ထိန်းသိမ်းမှုမှ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း အထက်မှပြောကြား
ဘန်ကောက်၊ မေ-၂၅
ထိုင်ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ထရာအား ထိန်းသိမ်းမှုမှ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာမှ ထိပ်တန်းတာဝန်ရှိသူက
CNN သို့ အတည်ပြုပြောကြားလိုက်သည်။
ယင်လတ်အပါအ၀င် နိုင်ငံရေးသမားများနှင့်တက်ကြွလှုပ်ရှားသူ အယောက်တစ်ရာကျော်အား ပြီးခဲ့သည့်သောကြာနေ့က ထိုင်းအမျိုးသား ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေးကောင်စီမှဆင့်ခေါ် ထိန်း သိမ်းထားခဲ့ရာမှယခုအခါ ပြန်လည်လွှတ်ပေးလိုက်ပြီဟုသိရသည်။
စစ်တပ်သို့အစီရင်ခံရာမှ ပြန်ရောက်လာခဲ့သောယင်လတ်ကလည်း
" ကျွန်မတို့ (ထိုင်းနိုင်ငံသား)တွေကိုကူညီပြီး ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းပေးတာကြောင့် ဘယ်လိုကန့်ကွက်မှုမျိုးနဲ့ ဘယ်လိုလှုပ်။ရှားမှုတွေမှာမှ ကျွန်မပါဝင်မှာမဟုတ်ပါဘူး'' ဟုပြောကြားခဲ့သည်။
ထိုင်းတပ်မတော်ဘက်မှလည်း ယင်လတ်အား ပြန်လွှတ်ပေးလိုက်ပြီဟူသည့် အကြောင်းမှလွဲ၍ နိုင်ငံရေးနှင့်ပတ်သက်သော မည်သည့်အခြေအနေကိုမှ ထုတ်ဖော်ပြောကြားခြင်းမရှိဟုသိရသည်။
အကြောင်းမှာ နိုင်ငံရေးအခြေအနေများသည် ထိလွယ်ရှလွယ်သော အခြေအနေ ဖြစ်နေသောကြောင့်ဟုဆိုသည်။ သို့ရာတွင် စစ်တပ်နှင့်နီး စပ်သောလက်ထောက်တစ်ဦးကမူ ယင်လတ်လွတ်မြောက်သွားမှုနှင့်
ပတ်သက်၍၄င်းအနေနှင့် သေချာမပြောနိုင်ကြောင်း၊ စစ်တပ်မှလည်း ယင်လတ်အားလွှတ်ပေးလိုက်ပြီဟု အတိုက်အခံပြောဆိုကြောင်းပြော
ကြားခဲ့သည်။
" ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ အဖွဲ့အစည်းတွေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားဆက်သွယ်လို့ရမယ်မထင်ဘူး" ဟု ထိုသူကဆိုသည်။
KTZO
Popular Myanmar News Journal
နည်းပညာ ရှုထောင့်အရ အမျိုးသမီး ၇ မျိုး - ဟာသ
၁။ Hard Disk လေဒီ
ဘယ်အရာ မဆို သေးသေး ကြီးကြီး အားလုံး စိတ်ထဲ တေးမှတ် ထားတတ်သူ
၂။ RAM လေဒီ
ပြောတုန်း ခဏသာ မှတ်မိပြီး နောင်တစ်ချိန်ကျ မေ့သွားတတ်သူ
၃။ Screen saver လေဒီ
ကြည့်ရှုရန် သက်သက်သာ
၎။ အင်တာနက် လေဒီ
အသုံးပြုရန်၊ ဝင်ရောက်ရန် ခက်ခဲလှသူ
၅။ Server လေဒီ
လိုအပ်ချိန်ကျ အမြဲ အလုပ်များ မအားပဲ ရှိတတ်သူ
၆။ Multimedia လေဒီ
အမြင်အားဖြင့် လှသည်။ သို့သော် မြင်ရန် ကြည့်ရန် သက်သက်သာ
၇။ ဗိုင်းရက်စ် လေဒီ
Wife ဟု ပြောစမှတ်ပြုပြီး System တစ်ခုလုံးကို ဝင်ရောက် မွေတတ် သောကြောင့် Format ချမှ စိတ်အေးရသည်။
Just for fun!
Ref: comfreak
အောင်ခမ်း (ရိုးရာလေး)
စင်ပေါ်တက်လို့ စကားပြောလျှင် သင်ရှောင်ရမည့် အချက်များ
စင်ပေါ်တက်လို့ စကားပြောမယ်၊ မိန့်ခွန်းပြောမယ် မယ် ဆိုရင် ပြင်ဆင် စရာတွေ အများကြီး ရှိပါတယ်။ ယင်းပြင်စင် စရာတွေထဲမှာ ကာယကံရှင်တို့ မဖြစ် မနေ ရှောင်ရမယ့် အချက် များကို ရေးသား ဖော်ပြ လိုက်ရ ပါတယ်။
၁။ ဟယ်လို တက်စတင် ဝမ်းတူးတွီး၊ မိုက်ချက်ချက်
ဟယ်လို တက်စတင် ဝမ်းတူးတွီး၊ Mic Check (မိုက်ချက်ခ်) အစရှိသဖြင့် တို့ကို မိမိ မဟောပြောခင် အစောမှာ ပြုလုပ်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ကိုယ့်က ပြောဖို့ အလှည့်ကျပြီး စင်ပေါ် ရောက်ရှိတဲ့ အချိန် အများစု Attention ရထားချိန်မှာ ယင်းကဲ့သို့ ပြုမူ မှုများက မိမိ သေချာ မပြင်ဆင် ထားဘူး ဆိုတာကိုလည်း ပြပါတယ်။ ပြီးတော့ ပရိသတ် အာရုံစူးစိုက်မှုလည်း လျော့ကျ သွားနိုင်ပါတယ်။
၂။ အလင်းရောင်များနေလို့ အောက်မှာ ဘယ်တွေသူရှိလဲ မသိဘူး.
အချို့ဟာ စင်ပေါ်တက်ပြီး ပြောရတော့မယ့် အချိန် အောက်မှာ ဘယ်သူတွေ ရှိကြလဲ မသိဘူး။ အလင်းရောင် များနေလို့ ကျနော် ဘာမှ မမြင်ရဘူး အစရှိသဖြင့် ပြောပါတယ်။ အချို့ ဆိုရင် ကျနော့ မိတ်ဆွေတွေ ပါလား မသိဘူး ဆိုတာနဲ့ အစချီပါတယ်။ ယင်းဟာ ပရိတ်သတ် အခြေအနေပေါ် မူတည်ပြီးမှ ကိုယ့်ရဲက Speech က အမျိုးမျိုး ပြောင်းလဲနိုင်တယ် ဆိုတာကို ပြတာ ဖြစ်တာကြောင့် စောင့်ကြည့်ရှု သူများ ကို စိတ်ပျက် သွားစေ နိုင်ပါတယ်။
၃။ ကျနော် အချိန်မရလို့ သိပ်ပြင်မလာ လိုက်ရဘူး
အချို့ ဟောပြောသူတို့ဟာ စင်ပေါ်တက်ပြီးတော့ ပြောမယ်လို့ လုပ်ခါမှ 'ကျနော် အချိန်မရလို သေချာ ပြင်မလာခဲ့ရဘူး။. ကျနော် ခရီးလွန်နေလို့ မနေ့ညကမှ ပြန်ရောက်လို့။ ဘယ်နေရာကို သွားနေရလို့ အစရှိသဖြင့် အကြောင်းပြချက် ပေးပါတယ်။ အချို့ဆိုရင် မဆီမဆိုင် ကိုယ့်ရဲ့ Personal ကိစ္စတွေပါ ထည့်ပြော တတ်ပါသေးတယ်။ ဒါတေါကို ရှောင်ကြဉ်ရန် လိုအပ် ပါတယ်။
၎။ နောက်တစ်ခါမှပဲ ကျနော် ဒီထက်ပို ပြည့်စုံတဲ့....
'နောက်တစ်ခါမှပဲ ဒီထပ် ပိုပြည့်စုံတဲ့ ရှင်းလင်းမှုကို' ထပ်ဖြည့်ဆွက်ထားတဲ့ .. ပရော်ဂျက်တွေကို' အစရှိသဖြင့် ထည့်ပြောတတ်ကြ ပါတယ်။ ဒါဟာလည်း ယခု ဟောပြောချက်၊ ရှင်းလင်း ပြသချက် များက မပြီးပြည့်စုံဘူး။ သို့တည်း မဟုတ် သတင်းအချက်အလက် အပြည့်အစုံ မပါဝင်ဘူးလို့ ပြောတာနဲ့ တူညီ ပါတယ်။ ဒီတော့ မကောင်း ပါဘူး။
၅။ ဟိုလေ....
ပြောနေရင်းက ပြောစရာ မေ့သွားတာမျိုး၊ တွေဝေနေတာမျိုးမှာ ကိုယ်က ဟိုလေ.. အဲ.. ဟိုဒင်း. သိလားမသိဘူး .. အစရှိသဖြင့် ပြောဆိုမှုများက ပရိတ်သတ် အာရုံ စူးစိုက်မှုကို လျော့ကျ သွားစေ ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ဟာ အခြားသော အကြောင်းအရာ တစ်ခုခုနဲ့ အစားထိုး ပြောနေ နိုင်ဖို့ လိုအပ် ပါတယ်။
၆။ စာလုံးသေးနေလို့ ကျနော် ဖတ်ပြမယ်...
Power Point, Slideshow တွေနဲ့ ပြတဲ့အခါ Audience တွေက စာဖတ်ဖို့ လာတာ မဟုတ်ပါဘူး။ မိမိရဲ့ တင်ဆက်မှု၊ သရုပ်ဖော်ပြသမှု နဲ့ ရှင်းလင်းမှုကို လာရောက် ကြည့်ရှုတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်က Slide Show က စာလုံးတွေ အရမ်း သေးနေလို့ ကျနော် ဖတ်ပြမယ် လို့ပြောတာမျိုး။ ပြီးတော့ Slide ကို Zoom ဆွဲပြီး ဖတ်ရှုစေတာမျိုးတို့ လုပ်တာမျိုးတို့က မသင့်တော် ပါဘူး။ မိမိရဲ့ Present ဟာ ဆွဲဆောင်မှု ကျဆင်းသွားမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
ဖြစ်မှဖြစ်ရလေကွယ်
နွေးနွေးဟာ အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ဖွင့်ပေးလိုက်ပါတယ်။
ရုပ်ရည်ခန့်ခန့်ညားညားနဲ့ လူကြီးတစ်ယောက် ကိုတွေ့လိုက်ရလို့
ကြောင်ပြီးကြည့်နေမိပါတယ်။ လူကြီးက နှစ်လိုဖွယ်ပြုံးပြလိုက်ပြီး
ပြောပါတယ်။
”သမီး၊ အိမ်မှာ ဘယ်သူရှိတုန်းကွဲ့”
”ဟုတ်၊ ဦး၊ မေမေရှိပါတယ်”
”အေးကွယ်၊ ဒါဖြင့် ခေါ်ပေးစမ်းပါ”
နွေးနွေးရဲ့မိခင် အိမ်ရှေ့ခန်းထွက်လာပါတယ်။ မအေကလည်း အဲဒီလူကြီးကို
ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လိုက်တာကြောင့် နွေးနွေးဟာ
နားလည်ရခက်သွားပါတယ်။ သူ့အမေကိုတစ်လှည့်၊ ရုပ်ရည်ခန့်ညားလွန်းတဲ့
လူကြီးကိုတစ်လှည့် ကြည့်ရင်း ပဟေဠိဖြစ်နေမိပါတယ်။ မေမေနဲ့
ဒီလူကြီးရဲ့ပတ်သက်မှုဟာ ဘယ်အတိုင်းအတာ အထိများပါလိမ့်။ အဲသလိုတွေဝေ
နေချိန်မှာပဲ သူ့အမေက နွေးနွေးကိုပြောလိုက်ပါတယ်။
”ကဲ သမီး ဖေဖေ ခေါ်လိုက်”
နွေးနွေးက သူမအထင်မှန်သွားပြီဆိုတာ သိလိုက်ပါတယ်။ မေမေဟာ ဖေဖေ့မတိုင်ခင်
ဒီလူကြီးနဲ့ ပတ်သက်ခဲ့တာ သေချာပါပြီ။ ဒီလူကြီးက ငါ့အဖေဆိုပါလား။ အခုမှပဲ
အဖေအရင်းတွေ့ရတယ်။ ဒါဖြင့် အိမ်မှာရှိနေတဲ့ ဖေဖေက တကယ့်အဖေ
အရင်းမဟုတ်ဘူးပေါ့။ အဲသလိုတွေးနေတုန်း မိခင်ဆီက
နောက်တစ်ခွန်းထွက်လာပြန်တယ်။
”သမီး၊ ဖေဖေ ခေါ်လိုက်လို့ပြောနေတယ်လေ။ ဘာငေးနေတာတုန်း”
နွေးနွေးဟာ အဲဒီလူကြီးကို မဝံ့မရဲ ရှက်ရွံ့တဲ့လေသံနဲ့ ခပ်တိုးတိုးခေါ်လိုက်ပါတယ်။
”ဖေ……ဖေ”
”တယ် ဒီကောင်မလေးတော့ နာတော့မယ်။ အခန်းထဲ စာဖတ်နေတဲ့ နင့်အဖေကို
သွားခေါ်ခိုင်းတာဟဲ့ မိနွေးရဲ့၊ ဒီမှာ သူ့မိတ်ဆွေ ရောက်နေတယ်လို့
သွားပြောလိုက်”
ရဲစတိုင်း
The Myanma Age
ဇွန်သင်ဇာနှင့် ဇာဇာထက်တို့ ဖျော်ဖြေသည့် Pool Party ပြည်မြို့တွင် ပြုလုပ်
ပြည်၊ မေ၂၅
မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသည့် Pool Party ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် မေ ၂၄ ရက်နေ့က ညနေပိုင်းမှ ညသန်းခေါင်ယံ အချိန်အထိ ပြုလုပ်ခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦးစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန် လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ရကြောင်း ယင်းပါတီ တက်ရောက်ခဲ့သူများထံမှ သိရသည်။
အဆိုပါ ပါတီကို နွေမိုးဆောင်း ရေကူးကန်တွင် ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီမှ ၁၂ နာရီထိ ကျင်းပခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦး တစ်ဝိုင်းစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန်လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ သတ်မှတ်ထားကာ မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသွားခဲ့သည်။
ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ကိုမိုက်ကိုက “VIP က ၂၀၊ ကျန်တာ လူ ၁၅၀ လောက် တက်တယ်။ မော်ဒယ်လ်တွေက Sexy အသားပေး ဖျော်ဖြေမှု အားနည်းတဲ့အတွက် တက်တဲ့သူတွေ အားရမှု နည်းတယ်။ လူကြီးပိုင်းတွေလည်း လာကြတယ်” ဟု The Voice သို့ ပြောဆိုသည်။
ပြည်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပွဲဖြစ်သည့်အတွက် စားသောက်စရာများ ပေးသည့် အပိုင်းတွင် လိုအပ်ချက် ရှိပြီး လူငယ်သဘာဝ ပျော်ချင်သည့်အတွက် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မော်ဒယ်လ်များမှာ အတွင်းခံသာသာ ဝတ်စားထားကြောင်း ပါတီပွဲကို တက်ရောက်သည့် ကိုကျော်ဝင်းခိုင်က ဆိုသည်။
“ဌာနဆိုင်ရာ လူကြီးတွေလည်း လာတယ်။ လက်မှတ်တွေ သူတို့ကိုပါ ပေးထားရတယ်လို့ ပြောတယ်။ နောက်ပွဲတွေ လုပ်ဖြစ်ရင်လည်း သွားကြည့်မယ်” ဟု ၎င်းက ထပ်မံဆိုသည်။
ယခုကဲ့သို့ ပထမဆုံးအကြိမ် စီးပွားဖြစ် Pool Party ပြုလုပ်ရခြင်းကို လူလတ်ပိုင်း မြို့ခံတစ်ဦးက ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တားဆီးမရနိုင်သော်လည်း ကျောင်းသား လူရွယ်များ ပါဝင်မှု မရှိစေရန် မိဘ၊ ဆရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ထိန်းသိမ်းရန် လိုအပ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။
The Voice
အချိန်လွန် နောင်တ
ပညာသင်ယူခြင်းဆိုတာ မိမိဘ၀ကို မိမိကိုယ်တိုင် တည်ဆောက်ပုံဖော်နေခြင်းလို့ ကျောင်းသူ ကျောင်းသားတိုင်း လေးလေးနက်နက် နားလည်သဘောပေါက်ဖို့ လိုပါတယ်၊
ဒါကြောင့် ပညာသင်ယူဆဲ ကျောင်းသူ ကျောင်းသားတိုင်းဟာ လက်ရှိအချိန်ကို အလေးအနက်ထားပြီး ကိုယ့်ဘ၀ကို အကောင်းဆုံး တည်ဆောက်သင့်ပါတယ်၊ မိဘတို့ရဲ့ မျှော်လင့်ချက်ကို အဆုံးရှုံးမခံဘဲ အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင် ရည်ရွယ်ချက် ရည်မှန်းချက် ခိုင်ခိုင်မာမာတည်ဆောက်ပြီး ကိုယ့်အနာဂတ် လှပအောင် ဖန်တီးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးဌေးအောင် ( ရုက္ခဗေဒ )
နေ့စဉ် ၇ မိနစ်စာ လေ့ကျင့်ခန်း
မိမိရဲ့ ကိုယ်ခန္ဓာ ကျန်းကျန်းမာမာ ရှိနေဖို့ အတွက် အားကစား အနည်းဆုံး တစ်ခု ကတော့ ပုံမှန် လိုက်စား သင့်ပါတယ်။ အကယ်၍ မအားလပ်လို့ နေ့တိုင်း အားကစား မလုပ်နိုင်ဘူး ဆိုရင်တောင် ပုံမှာ ပြထားတဲ့ လေ့ကျင့်ခန်း လေးတော့ ပုံမှန်လေး ပြုလုပ်သင့် ပါတယ်။
တစ်ခါ လုပ်ရင် ၇ နှစ်သာ ကြာတဲ့ ပုံတွင် ပြထားတဲ့ လေကျင့်ခန်းဟာ လူတိုင်း ပြုလုပ် နိုင်ပါဘူး။ ခြေလက်၊ ခါး၊ ကြော၊ ရင်ဘက်၊ ဦးခေါင်း၊ လည်ပင်း အစရှိသဖြင့် စုံစုံလင်လင် ပြုလုပ်ပေးနိုင်တဲ့ ယင်း လေ့ကျင့်ခန်းဟာ ထိုင်ခုံ တစ်လုံး ရှိရုံနဲ့ တစ်နေရာတည်းမှာ လွယ်တကူ ပြုလုပ် နိုင်ပါတယ်။
မနက်တိုင်း သို့မဟုတ်၊ ညနေ တိုင်း ပြုလုပ် သင့်ပြီး ရုံးမှာ အလုပ်လုပ် နေတုန်း အကြော ကိုက်ခဲလာရင် ယင်းထဲမှာ နည်းလမ်း တစ်မျိုးမျိုး နဲ့ ဖြေရှင်း နိုင်ပါတယ်။
.
Ref: dynkow
အောင်ခမ်း
International news for Myanmar
RSO လက်နက်ကိုင်သောင်းကျန်းသူများ မြန်မာလုံခြုံရေးတပ်ဖွဲ့များကိုပင် တိုက်ခိုက်လာခြင်းကြောင့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ရန် ဒေသခံများ လိုလား
နယ်စပ်ခြံစည်းရိုးအနီး လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦး
တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေသည့် လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် မြန်မာလုံခြုံရေး တပ်ဖွဲ့များကိုပင် ပစ်ခိုက်တိုက်ခိုက်မှု ပြုလုပ်လာခြင်းကြောင့် မောင်တောနယ်စပ်ဒေသတွင် လုံခြုံရေးတိုးမြှင့်ပေးရန် လိုလားကြောင်း ဒေသခံများက ပြောကြားသည်။
ယခင်က မောင်တောနယ်စပ်တွင် လက်နက်ကိုင် ဓားပြများသာ ရှိခဲ့ပြီး ယခုကဲ့သို့ အင်အားဖြင့် ဝင်ရောက်လှုပ်ရှားမှုများ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ဝင်ရောက်လှုပ်ရှားလာခြင်းမှာ မောင်တောမြို့နယ်အတွင်း သောင်းကျန်းမှု ခြေကုပ်ရယူရန် စတင်ကြိုးပမ်းလာခြင်းဖြစ်၍ အမြစ်ပြတ် ချေမှုန်းတားဆီးရန် လိုအပ်နေသလို နယ်စပ်လုံခြုံရေးအား အလေးထားရန် လိုအပ်နေကြောင်း ဒေသခံများက ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် (၅၂) အနီးတွင် မေ ၁၇ ရက်က (RSO)အမည်ခံ ဘင်္ဂါလီသောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
နယ်စပ်ဒေသများတွင် နေထိုင်သူများမှာ ဘင်္ဂါလီအများစုဖြစ်ပြီး မူဂျာဟစ် သောင်းကျန်းသူများသည် ၁၉၇၄ ခုနှစ်အထိ လှုပ်ရှားမှုများ ရှိခဲ့ဖူးကြောင်း သိရသည်။ ဘင်္ဂါလီ သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံကို အခြေပြုလှုပ်ရှားနေပြီး အခွင့်အခါရလျှင် ရသလို မောင်တောနယ်သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့ရာ ၁၉၉၅ ခုနှစ် ဝန်းကျင်ကလည်း ပင်လယ်ကမ်းခြေ ကျောက်ပန္ဒူကျေးရွာ အနီးမှ လက်နက်ဖြင့် ဝင်ရောက်ခဲ့ဖူးပြီး တပ်မတော်မှ အမြစ်ပြတ် ချေမှုန်းနှိမ်နင်း ခဲ့ရသည်။
၁၉၄၈ ခုနှစ်မှ ၁၉၅၆ ခုနှစ် ကာလအထိ မူဂျာဟစ် သောင်းကျန်းသူများကြောင့် မောင်တောနယ်စပ်ရှိ ရခိုင်ကျေးရွာများ အားလုံးမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အဆိုပါ ကျေးရွာများတွင် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများ အခြေစိုက် နေထိုင်လာခဲ့ပြီး ရခိုင်တိုင်းရင်းသားပိုင် လယ်မြေများမှာလည်း ၎င်းတို့လက်ဝယ် ရောက်ရှိခဲ့ရကြောင်း ဒေသခံများက ပြောကြသည်။
လက်ရှိ မောင်တောနယ်စပ် ဒေသတစ်လျှောက် ကင်းစခန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှာ သင်တန်းခြောက်လ တက်ရောက်ကာ လာရောက်တာဝန် ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားသည့် အချိန်တွင် အသင့်အနေအထား မရှိကြောင်း၊ လေ့ကျင့်သည့်ကာလ နည်းပါးသည့်အတွက် တိုက်ခိုက်မှုစွမ်းရည် ညံ့ဖျင်းရခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ကြပြီး နယ်စပ်တစ်လျှောက် လုံခြုံရေး ဆောင်ရွက်နေကြရာတွင် တပ်စု၊ တပ်စိတ်များအတွင်း လူအင်အား သဘောမျိုးထက် အတွေ့အကြုံရှိသော ဝါရင့်တပ်ဖွဲ့ဝင်များကို ထားရှိကွပ်ကဲသင့်ကြောင်း အတွေ့အကြုံရှိသည့် ရဲအရာရှိတစ်ဦးက ဆိုသည်။
တပ်စိတ်တစ်စိတ်တွင် ဒုရဲအုပ်၊ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် တပ်သား ၁ဝ ဦးမှ ၁၁ ဦးထိ ပါရှိရမည် ဖြစ်သော်လည်း မေ ၁၇ ရက်ဖြစ်စဉ်တွင် အတွေ့အကြုံရှိသည့် တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ် တစ်ဦးတစ်ယောက်မှ မပါဘဲ ဒုရဲအုပ်တစ်ဦးနှင့် ကျန်တပ်ဖွဲ့ဝင်များမှာ တပ်သားအဆင့်သာ ဖြစ်ကြောင်းလည်း သိရသည်။
“အခု တစ်ဖက်နိုင်ငံမှာ ခိုအောင်းနေတဲ့ သောင်းကျန်းသူတွေနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ ပစ်ခတ်တော့ ရဲတွေသေဆုံးတာ ရှိခဲ့တယ်။ နယ်ခြားစောင့်တပ်က အားရစရာမမြင်တော့ ဒေသခံတွေက စိတ်ချလို့ရမယ့် အခြေအနေ မရှိဘူး ခံစားနေရတယ်။ နယ်ခြားစောင့်တပ် နေရာယူထားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေဖြစ်တယ်။ တိုက်ခိုက်ရေးစွမ်းရည် မရှိဘူး။ ဒေသနယ်မြေ အခြေအနေလည်း ကျွမ်းကျင်မှုမရှိဘူး။ တကယ်ဆို လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးကျွမ်းကျင်ဖို့ လိုသလို ဒေသအခြေအနေကိုလည်း သိဖို့လိုတယ်။ နောက်ပြီး နယ်ခြားစောင့်တပ်ဟာ နယ်စပ်ကင်းစခန်းမှာပဲ စောင့်နေလို့ မရဘူး။ မြို့နယ်အတွင်းက ဘင်္ဂါလီရွာတွေကို သတင်းတွေ အမြဲတမ်းစုံစမ်းနေပြီး သောင်းကျန်းသူတွေ ဝင်ရောက်မှု ရှိ၊ မရှိ ဖော်ထုတ်ဖို့ လိုတယ်။ အခု မောင်တောမြို့နယ်ထဲမှာရှိတဲ့ ဘင်္ဂါလီတွေဟာ မိုဘိုင်းဖုန်းတွေနဲ့အပြင်က အဖွဲ့တွေကို အချိတ်အဆက်လုပ်ပြီး သတင်းတွေ ပို့နေကြတယ်။ စခန်းမှာ အင်အားဘယ်နှယောက် ရှိတယ်။ ဘယ်နေရာမှာ လုံခြုံရေး မရှိဘူးဆိုပြီး အတွင်းက သတင်းပေးတွေနဲ့ ဆက်သွယ်လှုပ်ရှားနေတာ ဖြစ်ပါတယ်” ဟု မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးလှရွှေက ပြောကြားသည်။
“မောင်တောမြို့နယ်ဟာ တောင်နဲ့မြောက် မိုင် ၈ဝ ခန့် ရှည်လျားတယ်။ မိုင် ၈ဝ လုံး လုံခြုံရေးယူရတာ အလွန်ခက်ခဲပါတယ်။ အခု ချပေးထားတဲ့ နယ်စပ်ဒေသလုံခြုံရေးဆိုတဲ့တပ်ဟာ အရင်လုံထိန်းတပ်ရင်းနဲ့ ပြောင်းပစ်လိုက်တဲ့ နစကတပ်ရင်းနဲ့ အတူတူပါပဲ။ နစကကို နိုင်ငံတော်သမ္မတအမိန့်နဲ့ ရုပ်သိမ်းခဲ့သလို အခုတပ်ကိုလည်း ရုပ်သိမ်းနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဒါကြောင့် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ကို အထူးအာဏာ အပ်နှင်းထားတဲ့ ဥပဒေပြု ဖွဲ့စည်းဖို့အတွက် တောင်းဆိုပါတယ်။ ဒီနေရာမှာ နယ်စပ်လုံခြုံရေးနဲ့ စပ်လျဉ်းပြီး ရခိုင်လက်နက်ကိုင် တပ်မတော်များကို နယ်ခြားစောင့်တပ်အဖြစ် ပါဝင်ပြီး ထမ်းရွက်နိုင်အောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်” ဟု မောင်တောမြို့ခံရှေ့နေ ဦးအောင်ကျော်ညွန့်က ဆိုသည်။
ရခိုင်လူမှုကွန်ရက် မောင်တောခရိုင် ပေါင်းစပ်ညှိနှိုင်းရေးမှူး ဦးထွန်းအောင်သိန်းကလည်း ယနေ့အချိန်အထိ တိုင်းရင်းသားများမှာ အလှည့်ကျ ကင်းစောင့်နေရကြောင်း၊ စစ်တပ်မှာ မြို့နှင့်ခပ်လှမ်းလှမ်းတွင် တည်ရှိသော်လည်း လူဦးရေများသည့် ဘင်္ဂါလီများ၏ အကြမ်းဖက်မှုကို တိုင်းရင်းသားများ အနေဖြင့် တပ်အကူ ရောက်လာသည်အထိ တောင့်ခံနိုင်ခြေ မရှိကြောင်း ပြောကြားသည်။
ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ပေးရန်၊ ခေတ်မီလက်နက်များ တပ်ဆင်ပေးရန်၊ ရဲကင်းစခန်းများတွင် ရဲတပ်ဖွဲ့အင်အား၊ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ကိရိယာ၊ ယင်းလက်နက်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မှု၊ အဓိကရုဏ်းနှိမ်နင်းရေး စွမ်းရည်များ ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း ဒုချီးရားတန်းဖြစ်စဉ်များ စစ်ဆေးရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၏ လုံခြုံရေး အနေအထားမှာ အခြားဒေသနှင့်စာလျှင် နှစ်ဆနီးပါးခန့်ဖြစ်ကြောင်း၊ သို့ရာတွင် အပြည့်အဝ လုံခြုံရေးပေးရန် အင်မတန် ခက်ခဲသည့်ကိစ္စ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ သဘာဝ အနေအထားအရ သွားရေးလာရေး ခက်ခဲခြင်း၊ အခြေခံအဆောက်အဦ နည်းပါးခြင်း၊ စားဝတ်နေရေးအတွက် လယ်သွား၊ ယာသွားကိစ္စမှာ လုံခြုံရေးပေးရန် ခက်ခဲကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောကြားသည်။
ယင်းအပြင် မောင်တောနှင့် ဘူးသီးတောင်မြို့တို့တွင် နယ်ခြားဒေသ အုပ်ချုပ်မှုအာဏာ သက်ရောက်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်ရန် အမှတ် (၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ် မတ် ၈ ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး ယင်းနယ်ခြားစောင့် တပ်ဖွဲ့အောက်တွင် အမှတ် (၂)ရဲတပ်ရင်း၊ အမှတ်(၁၃) ရဲတပ်ရင်းနှင့် အမှတ် (၃၇)ရဲတပ်ရင်းများက နယ်မြေအလိုက် တာဝန်ယူထားလျက် ရှိကြောင်းနှင့် ထပ်မံပြီး အမှတ် (၃၉)ရဲတပ်ရင်းအား မောင်တောမြို့နယ်တောင်ပိုင်း မောရဝတီကျေးရွာနှင့် ဒေါင်းကျေးရွာကြားတွင် ချထားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်စပ်လုံခြုံရေး ကင်းစခန်းများအား နယ်စပ်မှတ်တိုင် (၆၄) အထိ တည်ဆောက်ပြီးဖြစ်ကြောင်း အဆိုပါ လုံခြုံရေးကင်းစခန်းများအား မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်/ထွက် အများဆုံး ရှိနေသည့် နေရာများတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ပထမအဆင့် အနေဖြင့် နယ်စပ်ကင်းစခန်း ၂၇ ခု၊ ဒုတိယအဆင့် အနေဖြင့် ကိုးခုတည်ဆောက်ထားပြီး လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားပြီးဖြစ်သည်။
“ရဲတပ်ဖွဲ့ဝင်တွေအားလုံး မောင်းပြန်လက်နက်တွေ ကိုင်ဆောင်တာ မရှိဘူး။ ဒါပေမဲ့ ဖြစ်ပေါ်နေတဲ့ အနေအထားတွေအရ အားလုံးမဟုတ်တောင် တချို့တစ်ဝက်ကိုတော့ ခေတ်မီလက်နက်တွေ တပ်ဆင်ဖို့ လိုလာပြီလို့ တင်ပြထားတာ ရှိပါတယ်။ အရေးရယ်အကြောင်းရယ် ဖြစ်လာပြီဆို ကိုယ့်သေနတ်က အမှန်တကယ် အားကိုးလောက်တဲ့ အနေအထားမရှိရင် ကိုယ့်အတွက် အန္တရာယ်ရှိတာပေါ့” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးက ဇန်နဝါရီလအတွင်းက ပြောကြားသည်။
မောင်တောနယ်စပ်တွင် လက်နက်ကိုင် ရဲတပ်ဖွဲ့အား ဘင်္ဂါလီများက တိုက်ခိုက်မှုမှာ ၂ဝ၁၁ ခုနှစ်နောက်ပိုင်း အနည်းဆုံး ခုနစ်ကြိမ်ခန့် ရှိခဲ့ကြောင်း သိရသည်။ ၂ဝဝ၁ ဇူလိုင် ၁၁ ရက်တွင် မောင်တောမြို့နယ်မြို့ သူကြီးကျေးရွာမှ ဘင်္ဂါလီများ တိုက်ခိုက်ပြီး တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့မှု၊ ၂ဝဝ၁ နိုဝင်ဘာ ၂၃ ရက်တွင် မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံရဲစခန်းတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးကာ ရိုင်ဖယ်ခြောက်လက် ယူဆောင်သွားမှု၊ ၂ဝဝ၄ စက်တင်ဘာ ၂ ရက်တွင် ဒုရဲအုပ်တစ်ဦးအား ဘင်္ဂါလီများတိုက်ခိုက်၍ သေဆုံးခဲ့ပြီး လက်နက်ပျောက်ဆုံးခဲ့မှု၊ ၂ဝဝ၈ စက်တင်ဘာ ၁၈ ရက်ညက ကင်းချောင်းရဲစခန်းမှ တပ်ကြပ်ကြီးနှင့် ရဲသုံးဦးအား ဘင်္ဂါလီများတိုက်ခိုက်၍ ဒဏ်ရာရရှိခဲ့မှု၊ ၂ဝဝ၉ ဧပြီ ၂၂ ရက်တွင် ကင်းလှည့်နေသည့် လုံခြုံရေးတပ်ဖွဲ့အား သက်ချောင်းရွာမှ ဘင်္ဂါလီများတိုက်ခိုက်၍ ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှု၊ ၂ဝ၁၃ မတ် ၂၇ ရက်က တရားခံအား လိုက်လံရှာဖွေနေသည့် ရဲတပ်ဖွဲ့အား ဘင်္ဂါလီအုပ်စုက ဝိုင်းတိုက်ခိုက်၍ ရဲနှစ်ဦး ဒဏ်ရာရရှိခဲ့မှု၊ ၂ဝ၁၄ ဇန်နဝါရီ ၁၃ ရက်က ကင်းလှည့်ရဲတပ်ဖွဲ့အား ဒုချီရားတန်းကျေးရွာမှ ဘင်္ဂါလီများ တိုက်ခိုက်၍ တပ်ကြပ်ကြီးတစ်ဦးနှင့် လက်နက်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်မေ ၂၁ ရက်က ပြုလုပ်သော နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမှတ် (၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက မကြာသေးမီက ဖြစ်ပွားသွားခဲ့သော အကြမ်းဖက်မှုများတွင် အဆိုပါ သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံတွင် အခြေပြု လှုပ်ရှားနေသူများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ သောင်းကျန်းသူများအား ပူးပေါင်းနှိမ်နှင်းပေးစေလိုကြောင်း ပြောကြားရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB တပ်ရင်းမှ တပ်ရင်းမှူးက အဆိုပါ သောင်းကျန်းသူများသည် မိမိနိုင်ငံတွင်ရှိသူများ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ ထို့ကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားလျှင် သောင်းကျန်းသူ နယ်မြေအဖြစ် သတ်မှတ်ကာ တပ်မတော်မှ ရှင်းလင်းဆောင်ရွက်သွားတော့မည်ဟု မြန်မာဘက်မှ ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။
“ပစ်ခတ်မှု ဖြစ်ပြီးနောက်ရော မဖြစ်ခင်ကတည်းက နယ်စပ်ရွာတွေနဲ့ ခြံစည်းရိုးတစ်လျှောက် လုံခြုံရေး ဆောင်ရွက်နေပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့က အဓိက လုံခြုံရေးယူထားပြီး တပ်မတော်က အားဖြည့်ထားပါတယ်” ဟု အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
နောက်ဆုံးသိရသော အချက်အလက်များအရ မောင်တောမြို့နယ်တွင် နယ်မြေရှစ်ခု၊ ရဲကင်းစခန်း ၁ဝ၁ ခု၊ ဘူးသီးတောင်မြို့နယ်တွင် နယ်မြေတစ်ခု ရဲကင်းစခန်းရှစ်ခုဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Eleven Media Group
မြန်မာပြည်သူ ၆သောင်းကို ၂နှစ်အတွင်းကျန်းမာရေး စောင့်ရှောက်ပေးမည်ဟု Ooredoo ကြေညာ
မြန်မာနိုင်ငံမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ပေါ်ပေါက်နေပြီဆိုတဲ့ သတင်းစကားနဲ့ 3G ကွန်ရက် မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို ဇူလိုင်လထဲမှာ စတင်တော့မယ်လို့ သတင်းထွက်နေတဲ့ Ooredoo က မိုဘိုင်းကျန်းမာရေးစနစ်ကို တိုးချဲ့ဖို့ ပြင်ဆင်နေပါပြီ။
အရပ်ဖက်အဖွဲ့အစည်း ၂ခုနဲ့ ပူးပေါင်းပြီး Ooredoo ဟာ ကျန်းမာရေးလှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ မန္တလေးမှာ လုပ်ဆောင်မှာဖြစ်သလို ၄၄ဦးဆန့်တဲ့ ဆေးခန်းကား ၂စီးနဲ့ တစ်နှစ်ကို လူနာ ၃သောင်းကျော် ကုသပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းက ရွာပေါင်း နှစ်ထောင်နီးပါးက ဒေသခံ ပြည်သူ ၆သောင်းကျော်ကို ၂နှစ်အတွင်း ကျန်းမာရေးကုသမှုတွေလုပ်ဖို့ ကားအသေး ၆စီးကို မိခင်နဲ့ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနဲ့ ရောဂါရှာဖွေရေးတွေမှာ အသုံးချသွားမယ်လို့ ရှန်ဂရီလာဟိုတယ်မှာ မေလ ၂၅ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
3G ကွန်ရက်ကို စတင်ဖို့ ရန်ကုန်၊ မန္တလေးမြို့မှာ Data Center တွေ စမ်းသပ်တည်ဆောက်ခဲ့ပြီး တကယ်စတင်ချိန်ကျမှ အချိန်ကပ်ပြီး ကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ Ooredoo ရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုအပေါ် လူအုပ်စုတစ်ခုက ဝေဖန်တိုက်ခိုက်နေမှုတွေကို ရှုတ်ချပြစ်တင်ခဲ့ပြီး သူတို့ကုမ္ပဏီဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အစုစပ်လုပ်ငန်းအဖြစ် ရပ်တည်နေတာလို့ ပြောဆိုခဲ့ပါတယ်။
Kamayut Media
အကျဉ်းကျ အိန္ဒိယငါးဖမ်းလုပ်သား ၁၅၀ ခန့်ကို ပါကစ္စတန် ပြန်လွှတ်
ပါကစ္စတန်နိုင်ငံမှာ အကျဉ်းချခံထားရတဲ့ အိန္ဒိယငါးဖမ်းလုပ်သား အယောက် ၁၅၀ လောက်ကို နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်နဲ့ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
အကျဉ်းသား ၅၂ ဦးကို ပထမအသုတ်အဖြစ် ကရာချီမြို့ အကျဉ်းထောင်တခုက လွှတ်ပေးလိုက်ပြီး ဒုတိယအသုတ်အဖြစ် အကျဉ်းသား ၉၂ ဦးကို ဟိုက်ဒရာဘတ်အကျဉ်းထောင်က လွှတ်ပေးမှာ ဖြစ်ပါတယ်။
အကျဉ်းသားတွေကို လာဟိုးမြို့ကနေတဆင့် နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယအာဏာပိုင်တွေဆီ ဒီနေ့ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ ပင်လယ်ပြင်နယ်နိမိတ် သတ်သတ်မှတ်မှတ်လည်း မရှိတော့ နှစ်နိုင်ငံ ငါးဖမ်းလုပ်သားတွေဟာ နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ အပြန်အလှန် မကြာခဏ အဖမ်းဆီး ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီဘ၀မှာ အိန္ဒိယနဲ့ ပါကစ္စတန် ခွဲထွက်ခဲ့တဲ့ ၁၉၄၇ နောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ ၃ ကြိမ်တိုင်တိုင် စစ်မက် ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ဘုံဘေမြို့ အကြမ်းဖက်မှု နောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှရစ် ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်အဖြစ် တက်လာပြီးနောက်ပိုင်း အိန္ဒိယနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီနှစ် အိန္ဒိယရွေးကောက်ပွဲမှာ ဘီဂျေပီပါတီမှာ ဂူဂျာရတ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း နာရင်းဒရာ မိုဒီ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း ပါကစ္စတန်နိုင်ငံကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဖြစ်လာတဲ့ နာရင်းဒရာ မိုဒီရဲ့ ကျမ်းသစွာ ကျိန်ဆိုပွဲကို ပါကစ္စတန် ၀န်ကြီးချုပ် နာဝပ်ရှရစ် တက်ရောက်ဖို့ မေ ၂၆ ရက် ဒီနေ့မှာ နယူးဒေလီမြို့တော်ကို ရောက်ရှိလာတာကြောင့် နျူးကလီယား ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံရဲ့ သမိုင်းမှာ ပထမဆုံး တက်ရောက်မှုလည်း ဖြစ်ပါတယ်။
DVB Burmese
တရုတ်တောင်ပိုင်းတွင် ရေကြီး၊ ၁၉ ဦး သေဆုံး
တရုတ်နိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့က မိုးသည်းထန်ပြီးနောက် ရေကြီးမှုအတွင်း လူ ၁၉ ဦး သေဆုံးသွားတယ်လို့ နိုင်ငံပိုင်မီဒီယာက အစီရင်ခံပါတယ်။
စီစီတီဗွီရုပ်သံမှာ ကယ်ဆယ်နေတဲ့ပုံတွေကို ပြသထားပြီး မိုးသည်းထန်လွန်းတာကြောင့် ဂွမ်ဇူးမြို့က နှစ် ၈၀ သက်တမ်းရှိတဲ့ တံတား ၁ စင်းလည်း ပြိုကျသွားတယ်လို့ ဆိုပါတယ်။
ဂွမ်ဇူးခရိုင်ထဲက တချို့ ဒေသတွေမှာ ရေ ၂ ပေအထိ မြင့်တက်နေပြီး  လူ ၇ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
ဒီ ၁ ပတ်အတွင်းမှာ နောက်ထပ် မိုးသည်းထန်ဦးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်းထားတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။
DVB Burmese
Google ၏အသစ်ထွက်ရှိလာမည့် tablet တွင် 3D ပုံရိပ်များဖမ်းယူနိုင်ဖွယ်ရှိ
Google မှ 3D နည်းပညာဖြင့် ဓာတ်ပုံများရိုက်ကူးနိုင်သည့် tablet ကွန်ပျူတာပုံစံငယ်များကို မကြာမီထွက်ရှိလာဖွယ် ရှိကြောင်းသိရသည်။
Wall Street Journal ၏ဖော်ပြချက်အရ ၎င်းကိစ္စကို ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များက ယခုအခါ Google သည် ၇ လက်မအရွယ် tablet ပုံစံငယ် ၄,၀၀၀ ခန့်ထုတ်လုပ်ထားပြီး tablet များ၏ကျောဘက်တွင်  အနီအောက်ရောင်ခြည် အသုံးပြုထားသည့် ကင်မရာနှစ်ခုကို အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ tablet ကွန်ပျူတာများသည် Google ကဖုန်းနှင့်အခြား ထုတ်ကုန်များတွင် 3D နည်းပညာအသုံးပြုမည့် Project Tango နှင့်ဆက်စပ်ဖွယ်ရှိကြောင်း သိရသည်။
၎င်း tablet ကွန်ပျူတာများကို နည်းပညာတိုးတက်အောင် ပြုလုပ်လိုသည့် developer များသို့ဖြန့်ချိသွားဖွယ်ရှိကြောင်း Wall Street Journal ကဖော်ပြခဲ့သည်။ Google ၏ Tango Project အဖွဲ့အကြီးအကဲ John Lee ကလူများသည် 3D ကမ္ဘာတစ်ခုတွင် နေထိုင်ကြသည့် ရုပ်ပိုင်းဆိုင်ရာ အစုအဝေးဖြစ်ကြောင်း၊ ယခုအချိန်တွင် မိုဘိုင်းထုတ်ကုန်များသည် မျက်နှာပြင် အကန့်အသတ်များထဲရှိ ရုပ်ကမ္ဘာဖြစ်ကြောင်း၊ Project Tango ၏ရည်မှန်းချက်သည် ဟင်းလင်းပြင်နှင့်ရွေ့လျားမှုကို မိုဘိုင်းထုတ်ကုန်များ လူကဲ့သို့နားလည်မှုရှိစေရန် ပြုလုပ်ပေးသွားမည်ဖြစ်သည်။
-စိုးထက်
Ref: VentureBeat
Internet Journal
အနာဂတ်တွင် တိရစ္ဆာန်များကလည်း အင်္ဂါအစိတ်အပိုင်း အလှူရှင်ဖြစ်လာနိုင်
ကိုယ်လက်အင်္ဂါ အစားထိုးခွဲစိတ်မှုနည်းပညာတွေ  တိုးတက်လာမှုကြောင့် အနာဂတ်မှာ  တိရစ္ဆာန်တွေဟာလည်း လူသားတွေရဲ့  ကိုယ်လက်အင်္ဂါ အစားထိုးမှုတွေမှာ  အလှူရှင် ဖြစ်လာနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက  ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားချက်ဟာ မျိုးဗီဇပြုပြင်ထားတဲ့ ၀က်ရဲ့အစိတ်အပိုင်းကို ဘာဘွန်မျောက်မှာ အောင်မြင်စွာအစားထိုးတပ်ဆင်ပြီး နောက်မှာ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဝက်ရဲ့ နှလုံးကို ဘာဘွန် မျောက်ငယ်လေးကို  အစားထိုးတပ်ဆင်ပေးခဲ့တာ  ရက်ပေါင်း၅၀၀ရှိနေပေမယ့် ခုခံအားစနစ်က  တိုက်ခိုက်မှု တစ်စုံတစ်ရာ  မရှိသေးဘူးလို့ သိရှိရပါတယ်။  လူသားမဟုတ်တဲ့ အခြားသတ္တ၀ါမှ  ကိုယ်အင်္ဂါအစားထိုးမှုကို xenotransplantation  လို့ခေါ်ဆိုပြီး အနာဂတ်မှာ လူသားအချင်းချင်းဆီက ကိုယ်အင်္ဂါအစားထိုးမှုတွေ၊ ကိုယ်လက်အင်္ဂါတရားမ၀င်ရောင်းချမှုတွေကို လျော့ပါးစေဖို့ အဆိုပါနည်းပညာတွေကို မိမိတို့ကြိုးပမ်းလေ့လာနေကြောင်း အမျိုးသားနှလုံးကျန်းမာရေး အင်စတီကျုမှ Dr.Muhammad Mohiuddin က ပြောကြားထားပါတယ်။ အလှူ ရှင်ဝက်ကလေးရဲ့  မျိုးဗီဇပြောင်းလဲထားမှု နည်းပညာဟာ အမျိုးအစား မတူညီတဲ့ သတ္တ၀ါအချင်းချင်း လက်ခံသတ္တ၀ါရဲ့တစ်ရှုးက  တုံ့ပြန်တိုက် ခိုက်မှုမရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ၀က်ကိုရွေးချယ်ရတာကတော့ နို့တိုက်သတ္တ၀ါတွေထဲမှာ လူရဲ့ ခန္ဓာဗေဒနဲ့ တူညီမှုများလို့ဖြစ်ကြောင်း Dr.Muhammad Mohiuddin က ရှင်းပြခဲ့ပါတယ်။
ယခုသုတေသနမှာ ၀က်ရဲ့နှလုံးကို ဘာဘွန်မျောက်ရဲ့ ကိုယ်တွင်းမှာ ထည့်သွင်းပေးမယ့် ဘာဘွန်မျောက် ရဲ့ မူရင်းနှလုံးကိုတော့ ဖယ်ရှားခဲ့ခြင်းမရှိပါဘူး။ ၀က်ကနေ ထည့်သွင်းထားတဲ့နှလုံးကို ဘာဘွန်မျောက်ရဲ့ သွေးလှည့်စနစ်နဲ့ ချိတ်ဆက်ခဲ့ပြီး ခုခံအားစနစ်ကို ချပေးတဲ့ဆေးဝါးတွေကိုတော့ တိုက်ကျွေးခဲ့ပါတယ်။  ရက်ပေါင်း ၅၀၀ကျော် ကြာတဲ့အထိ ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိခဲ့တာကြောင့် တိရစ္ဆာန်များဟာ အနာဂတ် ကိုယ်လက်အင်္ဂါ အလှူရှင်များဖြစ်လာနိုင်ကြောင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယနဲ့ အဆုတ်လို ကိုယ်တွင်း အင်္ဂါတွေဟာ တိရစ္ဆာန်ကနေလူကို အစားထိုးနိုင်ဖို့ အောင်မြင်နိုင်ချေများပြီး နှလုံးကတော့ ပိုခက်ခဲမှုရှိတာကြောင့် ယခုသုတေသနကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Dr.Muhammad Mohiuddin က သုံးသပ်ခဲ့ပါတယ်။
ဒီသုတေသနကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ကျင်းပတဲ့ အမေရိကန် ရင်ခေါင်းခွဲစိတ်မှု အစည်းအရုံးရဲ့ နှစ်ပတ်လည်ညီလာခံမှာ စာတမ်းတင် သွင်းထားတာ ဖြစ်ပါတယ်။
သက်ကို
ref;PTI
Health Updates Journal
Pregnancy - Facts to get pregnant ကိုယ်ဝန်ရအောင် ကြံဆောင်နည်း
ကျွန်တော်တို့ဇနီးမောင်နှံ အိမ်ထောင်ကျတာ ၄ လအတွင်းကိုဝင်ပါပြီ။ အိမ်ထောင်စကျကတည်းက တားဆေးမသုံးပါ။ ကျွန်တော်က အသက် ၃၁ နှစ်၊ ဇနီးသည်က ၂၈ နှစ်ပါ။ ယခုအချိန်ထိကိုယ်ဝန်မရသေးပါခင်ဗျာ။ စိုးရိမ်မိပါတယ်။ ကလေးလည်း လိုချင်လှပါတယ်။ ကျွန်တော်တို့ကို လမ်းညွှန်ပေးပါအုံးဆရာ။ ဘယ်လိုဆေးတွေသောက်ဖို့လိုမလဲ ဆိုတာရယ်၊ ဘယ်လိုနေထိုင်ပြုကျင့်ရမယ်ဆိုတာနဲ့ တခြားလိုအပ်တာလေးတွေလည်း ပြောပြပေးပါအုံးဆရာခင်ဗျာ။
မိန်းကလေး တယောက်ဟာ မွေးလာကာစတုံးက မျိုးဥပေါင်း ၁ သန်းကနေ ၂ သန်းအထိရှိနေခဲ့တာပါ။ အပျိုဖြစ်တဲ့နောက် တလမှာ တဥနှုန်းနဲ့ ထွက်လာတယ်။ သွေးမဆုံးခင်အထိ တွက်ရင် စုစုပေါင်း မျိုးဥအရေအတွက် ၃ဝဝ ကနေ ၄ဝဝ ရှိမယ်။ အိမ်ထောင်ကျလို့ ကလေး ၅ ယောက်အမေဖြစ်ရင် တကယ်တန်း အသုံးပြုခဲ့ရတဲ့ မျိုးဥပေါင်း ၅ ခုသာဖြစ်မယ်။ ကလေး မရသေးသူတွေ ကိုယ်ဝန်ဆောင်စေဘို့ရာ ကိုယ့်ရာသီကိုယ် သိရမယ်။ ရာသီတလကို သွေးစဆင်းနေ့ကနေ တွက်တယ်။ တလဆိုတာ ၂၈ ရက်ကနေ ၃၂ ရက်အထိရှိနိုင်တယ်။ မျိုးဥထွက်တာ လလည်ရက်မှာ အများဆုံးဖြစ်ပေမဲ့ ၁၁ ရက်ကနေ ၂၁ ရက်အတွင်းမှာ ဖြစ်နိုင်တယ်။
ရာသီဆင်းတဲ့နောက် ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ FHS ဟော်မုန်း ထွက်လာလို့ မျိုးဥအိမ်မှာရှိတဲ့ (ဖေါ်လီကယ်လ်) တွေကို နှိုးဆွပေးတယ်။ သားအိမ် အတွင်းဆုံးအလွှာကိုလဲ ထူထဲလာစေတယ်။ အဖို-အမ မျိုးစပ်ပြီးသားဥ Fertilized egg ကို Implantation တွယ်ကပ်ဘို့ ပြင်ဆင်ပေးတာဖြစ်တယ်။
LH ခေါ်တဲ့ နောက်ဟော်မုန်းတမျိုးလဲ ထွက်လာမယ်။ သူကနေ အရင့်မှည့်ဆုံးဥကို (ဖေါ်လီကယ်လ်) ထဲကနေ ထွက်လာစေတယ်။ သားအိမ်ဝမှာရှိတဲ့ အကျိအချွဲကလဲ ချောကျိကျိပိုဖြစ်လာပြီး (ဗဂျိုင်းနား) ကနေ ဝင်လာမဲ့ သုက်ပိုးဝင် ဝင်လာနိုင်အောင် ရေလာမြောင်းပေး လုပ်ပေးတာမယ်။
မျိးဥကလဲ မျိုးဥအိမ်ကနေထွက်၊ သားအိမ်ပြွန်အပေါက်ဝထဲကိုဝင်၊ သားအိမ်ပြွန်တလျှောက် ဝင်လာမယ်။ လမ်းမှာတင် အဖိုသုက်ပိုးနဲ့ မ-မျိုးဥတွေဆုံပေါင်းစပ်မှု ဖြစ်မယ်။ မ-မျိုးဥဟာ မျိုးဥအိမ်ကထွက်ပြီးတဲ့နောက် အဲလို သုက်ပိုးနဲ့ မတွေ့ရရင်တော့ ၁၂-၂၄ နာရီထက်ပိုပြီး ဆက်ရှင်မနေဘူး။ သုက်ပိုးကတော့ ၃-၅ ရက်အထိ ရှင်သန်နေနိုင်တယ်။
ကလေးရချင်သူတွေ မ-မျိုးဥရှင်သန်နေတဲ့ ၂၄ နာရီနဲ့အံကိုက် သုက်ပိုးနဲ့တွေ့အောင် စီမံချက် ကောင်းကောင်းချတတ်ဘို့ လိုတယ်။ အကောင်းဆုံးရက်ဆိုတာ မ-မျိုးဥထွက်မဲ့ရက် မတိုင်ခင် ၁-၂ ရက်တွေဖြစ်တယ်။ ရာသီတလဟာ ၂၈ ရက် ဖြစ်သူတွေမှာ ရာသီစဆင်းတဲ့နေ့ကနေ ရေတွက်ရင် ၁၂-၁၃-၁၄ ရက်နေ့တွေဖြစ်တယ်။
သတိတခုထားစေချင်ပါတယ်။ အဲဒီ ၃ ရက်လုံးလုံး နေနိုင်သလောက် အတူနေမယ်ဆိုတာလဲ သိပ်ကောင်းမယ်မဟုတ်ပါ။ ယောက်ျားမှာ ဆက်ဆံမှုများလို့ သုက်လွှတ်တာဆက်တိုက်များရင် Sperm count သုက်ကောင်ရေ အရေအတွက်ကို နည်းစေနိုင်တယ်။
မိန်းမဘက်ကလဲ တွက်ရအုံးမယ်။ Ovulation မျိုးဥထွက်ရက် အသေအခြာသိချင်ရင် Temperature ကိုယ်ပူချိန်မှတ်တမ်း လုပ်ထားပါ။ မျိုးဥတခု ထွက်သွားပြီး ကျန်နေတဲ့ (ဖေါ်လီကယ်လ်) ကို Corpus luteum (ကောပတ်စ်-လူတီယမ်) လို့ ခေါ်တယ်။ သူကနေ ဟော်မုန်းနောက်တမျိုး ထွက်လာပြန်တယ်။ အဲဒီ Progesterone (ပရိုဂျက်စတီရုံး) ကနေ သားအိမ် နံရံကို ထူထဲလာအောင် လုပ်ပေးမယ်။ ကိုယ်ဝန်အတွက် ပြင်ဆင်ပေးတာပါဘဲ။ ဒီဟော်မုန်းတန်ခိုးကြောင့် ကိုယ်ခန္ဓာ အပူချိန်ကို နဲနဲမြင့်တက်စေမယ်။ မနက်အိပ်ရာနိုးချိန် ဘာတခုမှ မလုပ်ကိုင်သေးခင် အပူချိန်တိုင်းပါ။ အတိအကျ မှတ်သားထားပါ။ Basal thermometer တခုကို ၁ဝ ဒေါ်လာပေးရတယ်။ အကြမ်းဖျင်းတော့ သိနိုင်တယ်ပေါ့။ ဒေါ်လာ ၂ဝ-၅ဝ တတ်နိုင်ရင် Ovulation kits ဝယ်သုံးပါ။ LH ဟော်မုန်း များများလာတာဟာ မျိုးဥထွက်တာမို့ ဆီးထဲပါနေတဲ့ LH levels ကို တိုင်းနိုင်တယ်။ ကောင်းတဲ့ ကရိယာနဲ့ဆို နေ့တိုင်းစစ်နိုင်လို့ ၉၉% မှန်နိုင်တယ်။
သုက်ပိုးနဲ့ မျိုးဥ ရေစက်မဆုံနိုင်ကြရင်တော့ Progesterone ဟော်မုန်းနည်းနည်းလာမယ်။ ၁၂-၁၆ ရက်အကြာမှာ ပျက်စီးသွားတဲ့ သားအိမ်အတွင်းလွှာက သွေးနဲ့ (တစ်ရှူး) တွေထဲမှာ မျိုးမစပ်လိုက်ရတဲ့ မျိုးဥပါရောပြီး Menstruation ရာသီ အဖြစ်ဆင်းတယ်။ နောက်တလ စပြန်ပါလိမ့်မယ်။ သွေးဆင်းနေတာ တချို့မှာ ၃ ရက်၊ တချို့ ၇ ရက်ကြာမယ်။
ကလေးအမေဖြစ်ချင်သူ
• အသက် ၃ဝ အရွယ် ကျန်းမာတဲ့ အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့အခွင့်အလမ်း ၂ဝ% ရှိတယ်။
• အသက် ၂ဝ အရွယ် ကျန်းမာတဲ့ အမျိုးသမီးတိုင်း လတိုင်းလတိုင်းမှာ ကိုယ်ဝန်ဆောင်ဘို့အခွင့်အလမ်း ၅% ရှိတယ်။
• Foods rich in folic acids (ဖေါလစ်-အက်စစ်) များတဲ့အစားအစာ စားပါ။ Folic acids ဆေးသောက်ပါ။
• Organic foods and green products (အော်ဂဲနစ်) အစားအသောက် ရွေးချယ်စားသောက်ပါ။
• Plastics (ပလပ်စတစ်) ထုပ်ပိုးတာမျိုး ရှောင်ရှားပါ။
• အစားအသောက်ဆင်ခြင်တာနဲ့ ကိုယ်လက်လေ့ကျင်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ထိန်းပါ။
• Alcohol and caffeine အရက်၊ ကေဖင်း-ဆေးလိမ် ရှောင်ကျဉ်ပါ။
ကလေးအဖေဖြစ်ချင်သူ
• အသက် ၄၅ ကျော်ရင် အခွင့်အလမ်း နည်းနည်းလာမယ်။
• Managing stress စိတ်ဖိအားလျှော့ချနည်း လုပ်ပါ။
• Alcohol and tobacco အရကိ၊ ဆေးလိပ် ရှောင်ပါ၊ လျှော့ပါ၊ ဖြတ်ပါ။
• Weight ကိုယ်အလေးချိန် ထိန်းပါ။
• Zinc (ဇင့်) ဓါတ်ပါတဲ့ အသား၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ ပင်လယ်စာ နဲ့ ဥတွေ စားပါ။
• Selenium ပါတဲ့ အသား၊ ပင်လယ်စာ၊ မှို၊ ဖြူဖွေးနေအောင် ချွတ်မထားတဲ့ အနှံမျိုးနဲ့လုပ်ထားတဲ့ အစားအစာ၊ အစေ့အဆံတွေ စားပါ။
• Vitamin E (ဗီတာမင် အီး) သောက်ပါ။
• Testicles ကျား-အစိ (တက်စ်တိစ်) ကို အေးနေအောင် သတိထားပါ။
Infertility links ကလေးမရနိုင်သေးခြင်း လင့်ခ်များ
1. Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး http://dts-medicaleducation-adult.blogspot.in/2012/05/clomiphene-citrate.html
2. Fertomid 50 mg မျိုးဥကျွေဆေး http://dts-medicaleducation-adult.blogspot.in/2012/11/fertomid-50-mg.html
3. Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
4. Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
5. Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
6. Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
7. Infertility and TB (1) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-and-tb.html
8. Infertility and TB (2) တီဘီ ဆေးနဲ့ ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/03/tb-and-infertility.html
9. Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ http://dts-medicaleducation-adult.blogspot.in/2014/02/infertility-q-and.html
10. Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
11. Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
Dr. တင့်ဆွေ
ဆိုင်ကယ်ကယ်ရီးများကြောင့် အနှေးယာဉ်လုပ်သားများ ဝမ်းရေးအတွက် အခက်တွေ့နေ
ဖျာပုံ မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဖျာပုံမြို့သည် မြို့တွင်းလမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသော ဆိုင်ကယ် ကယ်ရီများ၊ သုံးဘီးဆိုင်ကယ်များနှင့် အနှေးယာဉ်ဆိုက်ကားများ နေ့စဉ်ဝမ်းရေးအတွက် ဝင်ငွေရရှိစေရန်ဆောင်ရွက်နေရာတွင် အနှေးယာဉ် ဆိုက်ကားများထက် ဆိုင်ကယ် ကယ်ရီသမားများက နေ့စဉ် ပိုမိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။ ဖျာပုံမြို့ တွင် အနှေးယာဉ်ဆိုက်ကားဂိတ် ၅၀ကျော် တရားဝင်သတ်မှတ်ထားပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က တရားဝင် လိုင်စင်ထုတ်ပေးထား သော ဆိုက်ကားစီးရေ ၁၈၀၀ ကျော်ရှိပြီး လူနင်းလိုင်စင် တရားဝင်ထုတ်ပေးပြီး သတ်မှတ်ဂိတ်များတွင်သာ စီး ရေအလိုက်ဂိတ်ထိုး၍ခရီးသည်များ ပို့ဆောင်၍ မိသားစုဝမ်းရေးအ တွက်ဝင်ငွေရှာနေကြသည်ကို တွေ့ရသည်။ သို့ရာတွင် ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်အရဆိုင်ကယ်ကယ်ရီသမားများ ခရီးသည် တင်ပြေးဆွဲနေသည်မှာ ခရီးသွားပြည်သူများ အချိန်ကုန်သက်သာလျင်မြန်စွာ ခရီးသွားနိုင်ပြီဖြစ်သော်လည်း အဆိုပါ ဆိုင်ကယ်ကယ်ရီများမှာတရားဝင်သတ်မှတ်ဂိတ်မရှိခြင်း၊ ခရီးသည် နှစ်ယောက်ထက် ပိုမိုတင် ဆောင်ခြင်းများအပြင် လူစည်ကားရာဆိုက် ကားဂိတ်များတွင် ဆိုင်ကယ် ကယ်ရီများက ဂိတ်ရှေ့ပိတ်၍ ဂိတ် ထိုးခြင်းများကို စည်းကမ်းမဲ့လုပ်ဆောင်ခြင်းများကြောင့် အနှေးယာဉ်ဆိုက်ကားလုပ်သားများ ဝမ်းရေး အတွက် အခက်အခဲတွေ့နေရကြောင်းသိရသည်။
“ ကျွန်တော်က ဆိုက်ကားနင်းပြီးမိသားစုဝမ်းရေးကို နေ့စဉ် ဖြေရှင်းနေ ရတာ နှစ်တော်တော်ကြာနေပါပြီ။ တရားဝင်သတ်မှတ်ဂိတ်မှာ ဂိတ်ထိုးရပါတယ်။ သတ်မှတ်ထားတဲ့ဂိတ် မဟုတ်ရင် ဂိတ်မထိုးရပါဘူး။ ခရီး သည် တစ်ယောက်ရဖို့က မလွယ်ပါဘူး။ ဆိုက်ကားစီးရေကလည်းများပြီး လူတိုင်း ကိုယ်ပိုင်ဆိုင်ကယ်တွေရှိ တော့ ကျေးလက်ဒေသက ခရီးသွားဧည့်သည်တွေကိုပဲ အားကိုးရတာပါ။ကုန်ပစ္စည်းတင်မှသာ လာငှားတာပါ။ ယခုဆို ပိုဆိုးတာက ဆိုင်ကယ်ကယ်ရီတွေ သတ်မှတ်ဂိတ်မရှိဘဲ ဂိတ်ထိုးချင်သလို စိတ်ကြိုက်ထိုးပြီး ဆိုက်ကား ရှေ့က ပိတ်ပြီးလူခေါ်တော့ ဘယ်လိုလုပ်ပြီးခရီးသည်ရတော့မလဲ၊ ဆိုင်ကယ် ကယ်ရီတွေက ခရီးဝေးကျေးရွာ သွားတဲ့လူတွေကို ပို့ဆောင်တာ ဖြစ်သင့်ပါတယ်။ မြို့တွင်းကိုပါ ခရီးသည် ပို့နေတော့ တစ်နေ့ထက်တစ်နေ့ ခရီးသည်ရဖို့ ပိုခက်လာပါတယ်” ဟုနေသူရိန်ဆိုက်ကားဂိတ်မှ အနှေး ယာဉ်လုပ်သားတစ်ဦးက ပြောသည်။
ဖျာပုံမြို့ အနှေးယာဉ်ဆိုက်ကား လုပ်သားများ စည်းကမ်းမဲ့ဂိတ်ထိုးရ ခြင်းမှာ ဆိုင်ကယ်ကယ်ရီများ ဂိတ်လု ထိုးခြင်းများကြောင့် ခရီးသည်ရမည့်နေရာများတွင် တာဝန်ရှိစစ်ဆေးသူများအလစ်ဂိတ်ထိုး၍ ခရီးသည်ခေါ် ယူခြင်းများ တွေ့ရှိနေရပြီး ထိုကဲ့သို့ဖြစ်စဉ်များ မဖြစ်ပေါ်စေရန်အတွက်ဆိုင်ကယ်ကယ်ရီ များကို စည်းကမ်း တကျဖွဲ့စည်းပေး၍ တရားဝင် ဆိုင်ကယ် ကယ်ရီဂိတ်များ သတ်မှတ်ပေး ပြီး ခရီးသည်တစ်ဦးထက် ပိုမိုတင် ဆောင်ခြင်းများ၊ ဆိုက်ကားဂိတ်များ ရှေ့တွင်ပိတ်၍ ဂိတ်ထိုးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက် ပေးမှသာ အနှေးယာဉ်ဆိုက်ကား လုပ်သားများ ဝမ်းရေးအတွက်ဝင်ငွေထိခိုက်မှု ကင်းဝေးစေနိုင်မည်ဖြစ် ကြောင်း သိရသည်။
MOI Webportal Myanmar
ဘာသာပြောင်းသည့် အမျိုးသမီး ၄၀ ဦးကြောင့် ဥပဒေများပြဋ္ဌာန်းသင့်ပါရဲ့လား
အမျိုးစောင့် ဥပဒေအား ကန့်ကွက်ကြစဉ်
မင်းမင်း| တနင်္လာနေ့၊ မေလ ၂၆ ရက် ၂၀၁၄ ခုနှစ်
ဗုဒ္ဓဘာသာအမျိုးသမီးများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရန်ဟု ဆိုကာ ဥပဒေများပြဋ္ဌာန်းပေးရန် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ တိုက်တွန်းမှုကြောင့် ပေါ်ပေါက်လာမည့် ဥပဒေများ မကြာမီ လွှတ်တော်တွင်းသို့ ရောက်လာတော့မည်။
“လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ” ကို ပြဋ္ဌာန်းစေလိုသည်မှာ “ဗုဒ္ဓဘာသာဝင်များသည် ဘာသာမ တူသူများ နှင့် လက်ထပ်ရာ၌ အခွင့်အရေး အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းစေ လိုခြင်း” ဟု သမ္မတထံ မဘသကတိုက်တွန်း ထားသည်။
သို့သော် တိုက်တွန်းချက်သည် ဗုဒ္ဓ ဘာသာအမျိုးသမီး ၄၀ ဦး အခြားဘာသာ သို့ ကူးပြောင်းသွားသည် ဟူသော မှတ်တမ်းကြောင့်ဟု မေလ ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် မဘသက ဆိုသည်။
မဘသက ပြဋ္ဌာန်းစေလိုသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတွင်လည်း “ဘာသာ ကူးပြောင်းမှုနှင့် ပတ်သက်၍ ယုံမှားသံသယ ကင်းစေခြင်း၊ ပွင့်လင်းမြင်သာမှု ရှိစေခြင်းတို့ဖြင့် စည်းကမ်း စနစ်တကျရှိစေရန်” ဟု တိုက်တွန်း ထားသည်။
အခြားတစ်ဖက်တွင်လည်း အရပ်ဘက် အဖွဲ့အစည်းတစ်ရာကျော်က အမျိုးသမီးများ၏ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ကို ပိတ်ပင်ထားသည်ဟုဆိုပြီး ကန့်ကွက်ထားသည်။ ထို့ကြောင့် သမ္မတ၊ သူရဦးရွှေမန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့ ၁၅၄ ဖွဲ့က တောင်းဆိုထားသော်လည်း အကြောင်းပြန် ကြားမှု မရှိသေးပေ။
အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်မှုသည် “ခွေးလေးခုန်လို့ ဖုန်မထပါဘူး” ဟုပင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရန် ဦးဆောင်လှုပ်ရှားသူ ဆရာတော်ဦးဝီရသူ က မိန့်ကြားထားသည်။
မဘသက ပြဋ္ဌာန်းစေလိုသည့် ဥပဒေ များမှာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်သည်။
ယင်းဥပဒေများမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၄ ပါ “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ” ဟူသည့် အချက်ကို အတိအလင်းချိုးဖောက်သည်ဟု အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ကန့်ကွက်ထားကြသည်။
သို့သော် မဘသ၏ လုပ်ဆောင်ချက်များကို ထောက်ခံသည်ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုယ် တိုင်က အတိအလင်း ပြောထားသည်။
“သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးလုပ်ငန်းသုံးမျိုးအနက် တည်တံ့၊ ပြန့်ပွားရေးလုပ်ငန်းနှစ် မျိုးကို အထောက်အကူပြု ဆောင်ရွက် လျက်ရှိသည်ကိုသာ တွေ့ရှိရပါသည်” ဟု မေ ၁၁ ရက်တွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။
ထို့အတူ နိုင်ငံတော်သမ္မတကလည်း ယင်းဥပဒေများ ရေးဆွဲရန် ကော်မရှင် တစ်ရပ်ဖွဲ့စည်းထားပြီး မေလ အပြီး ရေးဆွဲရန် ညွှန်ကြားထားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်သူ အင်ဂျန်းယန် မဲဆန္ဒနယ် မှ ဒေါ်ဒွဲဘူကမူ “ပြဿနာမဖြစ်ချင် လို့လုပ်တဲ့ ကိစ္စ ဖြစ်ပေမယ့် ပြဿနာပိုပြီးတိုးလာ မှာလည်း သတိထားပြီးမှ ပြဋ္ဌာန်းသင့်တယ် လို့ မြင်ပါ တယ်” ဟု ဆိုသည်။
မည်သို့ဆိုစေ ဥပဒေပြုခွင့်သည် ပြည်ထောင်စုလွှတ်တော်၌သာ အာဏာ တည်သည်ဖြစ်၍ ကိုယ်စားလှယ် တို့၏ ရှုမြင်၊ ရပ်တည်ခြင်းသာလျှင် အဖြေဖြစ်ပါ လာပါလိမ့်မည်။ ထို့ကြောင့် မဘသက အကြောင်းပြထား သည့် အမျိုးသမီး ၄၀ ဦးကြောင့် ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်ပါရဲ့လား အဖြေသည် ပြည်ထောင်စုလွှတ်တော် ၌သာ ရှိပါလိမ့်မည်။
Mizzima Burmese
အွန်လိုင်း အောင်ဘာလေထီဖွင့်နိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေ
ဂျွန်ချစ်ငြိမ်း| တနင်္လာနေ့၊ မေလ ၂၆ ရက် ၂၀၁၄ ခုနှစ်
မြန်မာနိုင်ငံတွင် လက်ရှိအောင်ဘာလေထီစနစ်ကို e Lottery (အွန် လိုင်းထီ)စနစ်ဖြင့် တိုးချဲ့ကာ အကောင်အထည်ဖော်နိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောဆိုလိုက်သည်။
တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် မေ၂၄ ရက်က ပြုလုပ်ခဲ့သည့် အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ ကိစ္စရပ်များ တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“e Lottery စနစ်နဲ့ ပတ်သက်တဲ့ နည်းဥပဒေကိုလည်း ရေးဆွဲပြီးတော့ ပြည်ထောင်စုဥပဒေချုပ်ထံ တင်ပြ ထား ပြီးဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
သို့သော် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ e Lottery စနစ်ကျင့် သုံးသွားပါကလည်း လက်ရှိ Paper Lottery အောင်ဘာလေ ထီလက်မှတ်စနစ်ကို ဖျက်သိမ်းသွားမည် မဟုတ်ပေ။
e Lottery စနစ် လုပ်ကိုင်လိုသည့် ကုမ္မဏီများသည် မြို့နယ်အလိုက် လျှောက်လွှာတင်ကာ အခွန်ဦးစီးဌာန ၏ ဘဏ်ငွေစာရင်းတွင်Deposite တင် ထားရမည်ဖြစ်ပြီး စာရင်းရှိ ငွေကြေး ပမာဏအလိုက် ထီထိုးကံ စမ်းသွားနိုင် မည်ဖြစ်သည်။
လက်ရှိတွင် အောင်ဘာလေထီ လက်မှတ်တစ်စောင်၏ အစိုးရရောင်း ဈေးမှာ ၂၀၀ ကျပ်ဖြစ်သည်။
အောင် ဘာလေထီပေါက်စဉ်ကိုwww.myanmarelottery.com မှ တစ်ဆင့်တိုက်နိုင်သည်။
Mizzima Burmese
မက်မွန်သီးက ရင်သားကင်ဆာ ကြီးထွားပျံ့ပွားနှုန်းကို နှေးစေနိုင်
မက်မွန်သီး(peach)မှ ပါဝင်တဲ့ ဓာတ်ပေါင်းများဟာ ရင်သားကင်ဆာဆဲလ်များရဲ့ ကြီးထွားနှုန်းနဲ့ ပျံ့နှံ့နိုင်စွမ်းတွေကို  တားဆီးပေးကြောင်း သုတေသနတစ်ခုမှာ  ဖော်ပြထားပါတယ်။ ဒီသုတေသနကို ၀ါရှင်တန် တက္ကသိုလ်မှ သုတေသနပညာရှင်တွေက  လေ့လာတွေ့ရှိခဲ့တာဖြစ်ပြီး ရင်သားကင်ဆာဝေဒနာရှင်တွေ စားသုံးသင့်တဲ့ အစားအစာတစ်မျိုး တိုးလာစေခဲ့ကြောင်း သိရှိရပါတယ်။
ဝါရှင်တန်တက္ကသိုလ်အစားအစာ သိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ Dr.Giuliana Noratto က ““ကျွန်မ ကိုယ်တိုင် မက်မွန်သီးသုံးလုံး နေ့တိုင်းစားပါတယ်။ လုံလောက်စွာ စားသုံးထားတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကပေးတဲ့ သဘာဝအာနိသင်တွေဟာ အာဟာရဓာတ် မျှတစေရုံသာမ ကပါဘူး။ ရောဂါကာကွယ်နိုင်စွမ်း၊ ကုသနိုင်စွမ်းတွေလည်း ရှိနေပါတယ်””လို့ ပြောကြားထားပါတယ်။
Giulinana    နဲ့ အဖွဲ့ဟာ မက်မွန်သီးပါ ဓာတ်ပေါင်းတွေက ရင်သားကင်ဆာဆဲလ်တွေကို   နှိမ်နင်းနိုင်ကြောင်းကို ဓာတ်ခွဲစမ်းသပ်မှုများစွာ လုပ်ပြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လေ့လာမှုမှာတော့  ရင်သားကင်ဆာ ဆဲလ်တွေ ပျံ့ပွားနေတဲ့ ကြွက်များကို အသုံးပြုခဲ့ပြီး  ၄င်းတို့ကို မက်မွန်သီး ကရတဲ့ ပေါ်လီဖီနော်ပါဝင်တဲ့ ဆေးဝါးတွေကို ကျွေးခဲ့ပါတယ်။ အဲဒီပေါ် လီဖီနော်မှာ နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ကာ ကွယ်နိုင်စွမ်းလည်း ရှိပါသေးတယ်။ ဆေးဝါးတွေကျွေးအပြီး ၁၂ရက်ကြာ တဲ့အခါမှာ ကြွက်များမှာ ကြီးထွား နှုန်းမြင့်နေတဲ့ ကင်ဆာကျိတ်တွေဟာ ကြီးထွားနှုန်းလျော့ကျလာပြီး ကင်ဆာကျိတ်ကို အထောက်အပံ့ပေးနေတဲ့ သွေးကြောဖြစ်ပေါ်မှုနှုန်းကို ပျက်စီးလာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ အပြင် ရင်သားကင်ဆာဖြစ်ပြီဆိုရင် ပျံ့နှံ့မှုအမြန်ဆုံးဖြစ်တဲ့ အဆုတ်ကိုလည်း စစ်ဆေးတဲ့အခါ ပုံမှန်အခြေအနေမှာထက် ကင်ဆာပျံ့နှံ့နှုန်းလျော့ ပါးနေတာကို တွေ့ရှိရပါတယ်။
Dr.Giuliana Noratto    က ““ကြွက်တွေကို အသုံးပြုခဲ့တဲ့ မက်မွန်သီးပမာဏကို ၆၀ကီလိုဂရမ် အလေးချိန်ရှိတဲ့ အမျိုးသမီးတစ်ဦးကို စကေး ကိုက်ပေးမယ်ဆိုရင် အဲဒီအမျိုးသမီးဟာ တစ်နေ့ကို မက်မွန်သီး နှစ်လုံးကနေ သုံးလုံးအထိ စားသုံးပေးရမှာ ဖြစ်ပါတယ်။ မိမိတို့တွေ့ရှိမှုဟာ နို့ တိုက်သတ္တ၀ါတစ်မျိုးဖြစ်တဲ့ ကြွက်တွေ မှာ အောင်မြင်ပြီးဖြစ်တာကြောင့် လူတွေမှာပါ စမ်းသပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် အကြံပေးလိုတာ ကတော့ ရင်သားကင်ဆာ ဖြစ်ပွားနေသူ အမျိုးသမီးတွေအတွက် စားသုံးသင့်တဲ့ သစ်သီးထဲမှာ မက်မွန်သီး ပါဝင်လာတယ်ဆိုတာပါပဲ””လို့ ပြော ကြားထားပါတယ်။
ဒီသုတေသနကို Journal of Nutritional Biochemistry မှာ ဖော်ပြထားပါတယ်။
သက်ကို
ref;PTI
Health Updates Journal
ဇွန်နှင့်စက်တင်ဘာအကြား အော်ရီဒူးက ဖုန်းဆင်းကတ် စရောင်းမည်
ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရပြီး လုပ်ငန်း အကောင်အထည် ဖော်နေတဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ မူလ မှန်းထားတာထက် နည်းနည်း နောက်ကျပြီး အခုနှစ် ဇွန်လကုန်ကနေ စက်တင်ဘာလအကြား ဆင်းကတ်တွေကို စပြီး ရောင်းပေးနိုင်မယ်လို့ အော်ရီဒူးရဲ့ မြန်မာပြည်ရုံးခွဲမှာ အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့်စ် ကော်လ်မတ် (Mr.Ross Cormack) က ပြောပါတယ်။
ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ မေ ၂၅ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပြီး အဓိကအားဖြင့် ဆက်သွယ်ရေးတာဝါ တိုင် ဆောက်တဲ့ကိစ္စ မြေနေရာ ပြဿ     နာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ဆင်းကတ်တွေကို ၁ ကဒ် ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးမှာ ဖြစ်ပြီး နိုင်ငံတကာ ဆက်သွယ်ရေး ဥပေဒတွေနဲ့အညီ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အစိုးရက တောင်းရင်တောင် ပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အော်ရီဒူးဟာ လက်ရှိ တာဝါတိုင် ၁၀၀ ကျော် တည်ဆောက်ပြီးစီးနေပြီး ၄၀၀ ကျော် ဆောက်လက်စ ဖြစ်ကာ နောက်ထပ် ၁ ထောင်ကျော် ဆက်ပြီး တည်ဆောက်သွားမယ်လို့ မစ္စတာ ရော့်စ် ကော်လ်မတ်က ပြောပါတယ်။
DVB Burmese
လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့က သြစတေးလျမှ ရရှိခဲ့သော အနုပညာကြေး များအား ကော့မှူး မြို့နယ်သို့ သွားရောက်လှူဒါန်း
တေးသံရှင် လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ရဲ့ ဖေဖော်ဝါရီလက တစ်လ ကြာသွားခဲ့ ကြတဲ့ သြစတြေးလျ ရန်ပုံငွေ ဖျော်ဖြေရေး ခရီးစဉ်မှ ရရှိခဲ့တဲ့ အလှူငွေ များထဲမှ အနုပညာရှင် များအား ချီးမြှင့်သော ဂုဏ်ပြု အနုပညာကြေးသိန်း ၁၈ဝ ကျော်ကို မေလ ၂၅ရက်နေ့ က ကော့မှူးမြို့နယ် မှာရှိတဲ့ နွမ်းပါးတဲ့ ကျောင်း ၇ကျောင်း ကို တေးသံ ရှင် လင်းလင်း ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပါတယ်။
“ဒါက ကျွန်တော် တို့ရဲ့ အနုပညာကြေး နဲ့ ဆုကြေးငွေ ရရှိတဲ့ငွေ တွေကို လှူဒါန်းတာပါ။ အတိအကျ ဆိုရင် သိန်း ၁၈ဝ နဲ့ ၄သောင်းပါ။ တခြားရတဲ့ အလှူငွေတွေ က ကျန်းမာရေး နဲ့ ပညာရေး လိုအပ်တဲ့ နေရာတွေကို ခွဲလှူတယ်။ အခု ဒီ သိန်း ၁၈ဝကို ကော့မှူးမြို့နယ် ထဲက နွမ်းပါးတဲ့ ကျောင်းတွေ ၇ကျောင်း ကိုလှူဖြစ်မယ်”လို့ ကိုယ် တိုင် သွားရောက် လှူဒါန်းသူ လင်းလင်းကပြော ပါတယ်။
ရဲရဲ
Popular Myanmar
ယူကရိန်းရွေးကောက်ပွဲရလဒ် ဒီနေ့ ထုတ်ပြန်မည်
ကျင်းပပြီးစီးခဲ့တဲ့ ယူကရိန်းရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့အထိ မဲရလဒ်တွေအရ ယူကရိန်း ဘီလီယံနာက မဲရလဒ် ၅၅ ရာခိုင်နှုန်းကျော်နဲ့ ဦးဆောင်နေပါတယ်။
ဒုတိယနေရာကနေ အနီးကပ်ဆုံးလိုက်နေတဲ့ ယခင် ၀န်ကြီးချုပ်ဟောင်းကတော့ မဲရလဒ် ၁၂ ရာခိုင်နှုန်းကျော်ပဲ ရရှိတာကြောင့် ဒုတိယအဆင့် ရွေးကောက်ပွဲ ကျင်းပစရာမလိုတော့တာ ဖြစ်ပြီး ရလဒ်တွေကို ဒီနေ့ တရားဝင်ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။
အခု ရွေးကောက်ခံရတဲ့ သမ္မတသစ်က ၆ လကြာ ဖြစ်ပွားနေတဲ့ ယူကရိန်း နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေကနေ ကယ်တင်နိုင်လိမ့်မယ်လို့ ယူကရိန်းပြည်သူတွေက မျှော်လင့်နေကြပါတယ်။
ယူကရိန်းအရှေ့ပိုင်း ပြည်နယ်တွေရဲ့ ခွဲထွက်ရေး ကြိုးစားမှုတွေကြောင့် သမ္မတ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။
DVB Burmese
ဖွဲ့စည်းပုံပြင်ရေးအပေါ် စစ်တပ်ဗီတိုအာဏာသုံးမည်ကို ကုလကိုယ်စားလှယ် စိုးရိမ်
မစ္စတာ ကင်တားနား (ဓာတ်ပုံ – ဒီဗွီဘီ)
ကုလသမဂ္ဂရဲ့   မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်  သောမတ်စ်အိုဟေး ကင်တားနားက အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် စစ်တပ်ရဲ့ ဗီတိုအာဏာ သုံးနိုင်တဲ့ အခြေအနေကို စိုးရိမ်ပူပန်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ပိုပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံအဖြစ် ပြောင်းလဲ ဖို့ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံဥပဒေ ပြောင်းလဲရေးဟာ အရေးပါတယ်လို့ သူက ပြီးခဲ့တဲ့ မေ၂၄ ရက်နေ့က ကြေညာချက် ထုတ်ပြန် ပြောပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် စစ်တပ်က အာဏာနဲ့ ပိတ်ဆို့တာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကောင်းတဲ့ နိမိတ်လက္ခဏာမဟုတ်သလို စစ်တပ်ကို အရပ်သားတွေက  ကြီးကြပ်ရမယ်လို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး အခြေခံဥပဒေ ပြောင်းလဲရေးကို ဗီတိုအာဏာသုံး ပယ်ချလို့ ရနေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တာဝန် ရယူထားတဲ့ ကင်တားနားရဲ့ တာဝန်ဟာ ဒီလကုန် ပြီးဆုံးမှာ ဖြစ်ပါတယ်။
DVB Burmese
တောင်ကိုရီးယား ဘတ်စ်ကားဂိတ်တခုတွင် မီးလောင်၊ ၆ ဦး သေဆုံး ဒီဗွီဘီ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က ဘတ်စ်ကားဂိတ်တခုမှာ ဒီနေ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။
ဘတ်စ်ကားဂိတ်ရဲ့ မြေအောက်ဆောက် လုပ်ရေးဆိုက်မှာ ဂဟေဆော်ရင်း မနက် ၉ နာရီကျော်မှာ မီးထလောင်ခဲ့တာလို့ အာဏာပိုင်တွေက ယူဆကြပြီး မီးသတ်သမားတွေ ရောက်မလာခင် မိနစ် ၂၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုးလ်မြို့တော် မီးသတ်တပ်ဖွဲ့မှူးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ  ၃၃ ဦးမှာ ၆ ဦးက သေဆုံးခဲ့ပြီး တဦးကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
DVB Burmese
ထိန်းသိမ်းခံထားရသည့် ထိုင်း နိုင်ငံရေးသမားအချို့ ပြန်လွတ်
ပြန်လွတ်လာသည့် ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက် သောင်ဆုဘန်
ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ အချိန်မှာပဲ စစ်တပ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိပ်တန်း နိုင်ငံရေးသမား တချို့ ပြန်လွတ်လာပါတယ်။
ဝန်ကြီး ချုပ်ဟောင်း ယင်းလပ်ကို ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ညပိုင်းမှာ အိမ် ပြန်ခွင့်ပေး လိုက်သလို၊ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက် သောင်ဆုဘန်နဲ့ အကြီးတန်းခေါင်းဆောင် ၄ ဦးကိုလည်း ဒီနေ့မနက်ပိုင်း မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို မေ ၂၃ ရက်နေ့မှာ ထိန်းသိမ်းခဲ့တာ ဖြစ်ပြီး ထိုင်းတပ်မတော်စစ်ဦးစီးချုပ်နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ် ပရာယုဒ် ချန်အိုချာရဲ့ အမိန့်နဲ့ လွှတ်ပေးလိုက်တာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။
အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဆူသက် သောင်ဆုဘန်ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ထောက်ခံချက်နဲ့ပဲ ပြန်လွှတ်ပေးလိုက်တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဆူသက်နဲ့ ပီဒီအာစီ ခေါင်းဆောင်တွေကို ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်တဲ့ မေ ၂၂ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပြီး ပြန်လွှတ်ချိန် နိုင်ငံတော် ရှေ့နေချုပ်ရုံးကို သတင်း ပို့ရပြီး သူတို့ကို အာဏာဖီဆန်မှုနဲ့ တရားစွဲထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် ပရာယုဒ် ချန်အိုချာက ပါတီစုံရွေးကောက်ပွဲကို စောနိုင်သမျှ စောစော ကျင်းပသွားမယ်လို့ ဒီနေ့ ပြောဆိုလိုက်ပေမယ့် အချိန်အတိအကျကို မပြောဘဲ အခြေအနေအပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။
တိုက်ခိုက်ဖို့အတွက် အာဏာသိမ်းတာ မဟုတ်ဘဲ အခြေအနေကို တည့်မတ်ထိန်းသိမ်းဖို့ အာဏာသိမ်းတာလို့လည်း ပြောပါတယ်။
ထိန်းသိမ်းနိုင်ဖို့ လိုအပ်တာတွေ ဘာမဆို လုပ်သွားမယ်လို့ ပြောဆိုပြီး အေးအေးချမ်းချမ်း နေကြဖို့နဲ့ မီဒီယာတွေကလည်း ပဋိပက္ခတွေကို ပုံကြီးမချဲ့ကြဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။
DVB Burmese