အနုပညာဝါသနာပါတဲ့ ညီမဖြစ်သူ ငွေမှုံရတီ အကြောင်းပြောပြတဲ့ ရွှေမှုံရတီ

ပို့စ်တင်ချိန် - 5/26/2014 01:39:00 PM



၈ တန်းကျောင်းသူအရွယ်ကနေ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ ရွှေမှုံရတီက အခုအချိန်မှာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားပြီဖြစ်ပါတယ်။ အခုဆိုရင် ညီမဖြစ်သူ ငွေမှုံရတီကလည်း အနုပညာဝါသနာပါတဲ့အတွက် အနုပညာအလုပ်တွေကို လုပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

” ညီမလေးက အဆိုတော် ဝါသနာပါတာ။ အသံကောင်းတော့ သီချင်းဆိုချင်နေတာလေ။ ရွှေမှုံတုန်းက မေမေက train လုပ်ပေးသလိုပဲ။ ညီမလေး ကို လုပ်ပေးနေတယ်။ အခု အဆိုသင်တန်းအနေနဲ့ IC ဦးကိုကိုလွင်ဆီမှာ တက်နေတယ်။ မော်ဒယ်သင်တန်းကို Star& Model International ဆရာဂျွန်လွင်ဆီမှာ တက်နေတယ်။ သူက အရပ်လည်းရှည်တယ်လေ။ ရွှေမှုံရဲ့ဆရာအရင်းဆီမှာပေါ့” လို့ ညီမဖြစ်သူနဲ့ ပတ်သက်ပြီး ရွှေမှုံရတီက ပြောပြပါတယ်။

လန်ဒန်မြို့ ဗုဒ္ဓဘာသာစင်တာ ဖြစ်မြောက်ရေး ရန်ပုံငွေပွဲတော်မှာလည်း ရွှေမှုံရတီနဲ့အတူ ငွေမှုံရတီက ပါဝင်သီဆိုဖျော်ဖြေ ခဲ့ဖူးပါတယ်။ ညီမဖြစ်သူအတွက် အကောင်းဆုံး ပံ့ပိုးသွားမယ်ဆိုတဲ့ ရွှေမှုံရတီက ” တတ်နိုင်သမျှတော့ ရွှေမှုံပံ့ပိုးပေးသွားမှာပါ။ တစ်ခုပဲ သူဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် ဖြစ်အောင်လုပ်ပေါ့။ အကောင် ဆုံးကြိုးစားရမယ်ဆိုတာကိုတော့ သူ့ကိုပြောပြထားတယ်။ မလုပ်နိုင်ဘူးဆိုရင် အစထဲက မလုပ်နဲ့။ လုပ်ပြီးခါမှ ပေါ့ပေါ့ရွတ်ရွတ်လုပ်တာတွေ မလုပ်ဖို့ပေါ့။

သူက ကြိုးစားတော့ လုပ်ပေးရကျိုးနပ်တာပေါ့။ အခုနည်းနည်းငယ်သေးတယ်လေ။ ၁၃ နှစ်ပဲရှိတော့ ၁၅၊ ၁၆ နှစ်လောက်မှာ စီးရီးထုတ် ပေးဖို့ လုပ် မယ်။ ရွှေမှုံ ကိုယ် တိုင် သေသေချာချာလုပ်ပေးဖို့ စိတ်ကူးထားတယ်။ မေမေကတော့ သူ့ကို နောက်က ပံ့ပိုးပေးသလို ရွှေမှုံကလည်းကိုယ်ပံ့ပိုးပေးလို့ရတဲ့ အနုပညာပိုင်းနဲ့ ပတ်သက် တာတွေပံ့ပိုးပေးသွားမှာပါ။ အခုတော့သီချင်းဆိုတာကိုပွဲကြီးတွေဆို ၂ ယောက်တွဲ ဆိုတာတော့ လုပ်ဖြစ်နေပြီ။ ပရိသတ်အတွက် ရွှေမှုံ ကြိုးစားသ လိုပဲသူ့ကိုကြိုး စားစေချင်တယ်။ ပရိသတ်အားပေးရကျိုးနပ်အောင်၊ ပရိသတ်ဆိုတာ ဘယ်လိုတန်ဖိုးထားရတယ်။ ဘယ်လိုပေးဆပ် ရတယ်ဆိုတာ အကောင်းဆုံး သင်ပေးသွားမှာပါ။ အနုပညာလောကထဲကို ရောက်လာရင် အားပေးစေချင်ပါ တယ်။ ရွှေမှုံရော၊ အမေရော၊ အကောင်းဆုံးသင်ပေးမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Myanmar