ဘီယာနဲ့ ချက်ပြုတ်ထားတဲ့ အသားဟင်းများက ကင်ဆာမှ ကာကွယ်ပေးနိုင်

ပို့စ်တင်ချိန် - 5/26/2014 10:20:00 PM



No. 118
ဘီယာကို အသား၊ ငါးနယ်နှပ်ရာမှာ အသုံးပြုပြီး ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေဟာ ကင်ဆာရောဂါတွေကနေ ကာကွယ်ပေး နိုင်ကြောင်း  သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဘီယာ၊ ၀ိုင်တွေကို အချိန်တစ်ခု ပေးပြီး နယ်နှပ်ထားတဲ့ အသားတွေဟာ အချို့သောကင်ဆာဖြစ်စေတဲ့ carcinogen  တွေကို လျော့နည်းစေကြောင်း ယခုလေ့လာမှုမှာ ဖော်ပြထားပါတယ်။ စပိန်နိုင်ငံရှိ Vigo တက္ကသိုလ်နဲ့ ပေါ် တူဂီနိုင်ငံရှိ Porto တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ထားတဲ့ ဒီသုတေသနမှာ အယ်ကိုဟောမပါတဲ့ Pilsner  ဘီယာ အမျိုးအစားကိုအသုံးပြုပြီး ဟင်းလျာများကို နယ်နှပ်ထားခြင်းဟာ အူမကြီးကင်ဆာလို အစာအိမ်နဲ့  အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေကို ဖြစ်စေနိုင်တဲ့ (PAH,polycyclic arom- atic hydrocarbons) တွေကို ကိုယ်ခန္ဓာကနေ လျော့နည်းသွားစေတယ်လို့ သိရပါတယ်။ Pilsner  ဘီယာနဲ့ နယ်ထားတဲ့ ၀က်ကင်ရယ်၊ ရိုးရိုးဝက်ကင်ရယ်ကို နှိုင်းယှဉ်ခဲ့ရာမှာ ဘီယာနဲ့ နယ်ထားတဲ့ ၀က်ကင်ဟာ PAH  ကို နှစ်ဆလျော့ပါးစေတယ်လို့  တွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာမှုကို  အမေရိကန် ဓာတုဗေဒ အစည်းအရုံးမှထုတ်ဝေတဲ့ Journal of Agricultural and Food Chemistry မှာ ဖော်ပြထားပါတယ်။
သက်နှင်း
ref;PTI

Health Updates Journal