အမှိုက်သိမ်းယာဉ်မှ လမ်းဘေး၌ရပ်ထားသော ထော်လာဂျီအမှိုက်သိမ်း ယာဉ်နှင့် သန့်ရှင်းရေးဝန်ထမ်း (၂)ဦးတို့အား တိုက်မိသဖြင့်သေဆုံး

ပို့စ်တင်ချိန် - 5/26/2014 01:39:00 PM




ရန်ကုန်၊ မေ ၂၆

၂၆.၅.၂၀၁၄ရက်နေ့ ၀၄၀၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်း အတိုင်း ဒဂုံမြို့သစ်(တောင်းပိုင်း)မြို့နယ်ဘက်မှ မြို့တွင်းဘက်သို့ ယာဉ်မောင်း ရဲအောင် (၂၁)နှစ်၊ စည်ပင်ဝန်ထမ်း၊ (ဘ)ဦးမြင့်နိုင်
မောင်းနှင်လာသော ၇ခ/----၊ နစ်ဆန်းကင်တာအပြာရောင် အမှိုက်သိမ်းယာဉ်သည် ဆင်မင်းသင်္ကန်းတိုက်အရှေ့အရောက် ယာဘက်လမ်းစပ်တွင်ရပ်ထားသော ၉ဌ/---- ထော်လာဂျီ
အမှိုက်သိမ်းယာဉ်နှင့်ထော်လာဂျီယာဉ်နောက်တွင်ရပ်နေသူများ
ဖြစ်သည့် စည်ပင်သန့်ရှင်းရေးကြီး ကြပ်ရေးမှူး ဦးတင်ထွန်းအောင်နှင့် သန့်ရှင်းရေးလုပ်သား ကိုကျော်သန်းတို့အား တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့်ယာဉ်(၂)စီးပျက်စီးကာ ကိုကျော်သန်း
မှာ ရင်ဘတ်ဖူးရောင်၊ ပါစပ်သွေး ထွက်ဒဏ်ရာများရရှိ၍
မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံးသွားခဲ့ပြီး
ဦးတင်ထွန်းအောင်မှာ ၀မ်းဗိုက်ဖူးရောင်ဒဏ်ရာဖြင့် စံပြဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ရဲအောင် အား သုဝဏ္ဏနယ်မြေရဲစခန်းယာဉ် (ပ)၂၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
yangon police