ဆိုင်ကယ်ကယ်ရီးများကြောင့် အနှေးယာဉ်လုပ်သားများ ဝမ်းရေးအတွက် အခက်တွေ့နေ

ပို့စ်တင်ချိန် - 5/26/2014 04:31:00 PM


ဖျာပုံ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဖျာပုံမြို့သည် မြို့တွင်းလမ်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသော ဆိုင်ကယ် ကယ်ရီများ၊ သုံးဘီးဆိုင်ကယ်များနှင့် အနှေးယာဉ်ဆိုက်ကားများ နေ့စဉ်ဝမ်းရေးအတွက် ဝင်ငွေရရှိစေရန်ဆောင်ရွက်နေရာတွင် အနှေးယာဉ် ဆိုက်ကားများထက် ဆိုင်ကယ် ကယ်ရီသမားများက နေ့စဉ် ပိုမိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။ ဖျာပုံမြို့ တွင် အနှေးယာဉ်ဆိုက်ကားဂိတ် ၅၀ကျော် တရားဝင်သတ်မှတ်ထားပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က တရားဝင် လိုင်စင်ထုတ်ပေးထား သော ဆိုက်ကားစီးရေ ၁၈၀၀ ကျော်ရှိပြီး လူနင်းလိုင်စင် တရားဝင်ထုတ်ပေးပြီး သတ်မှတ်ဂိတ်များတွင်သာ စီး ရေအလိုက်ဂိတ်ထိုး၍ခရီးသည်များ ပို့ဆောင်၍ မိသားစုဝမ်းရေးအ တွက်ဝင်ငွေရှာနေကြသည်ကို တွေ့ရသည်။ သို့ရာတွင် ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်အရဆိုင်ကယ်ကယ်ရီသမားများ ခရီးသည် တင်ပြေးဆွဲနေသည်မှာ ခရီးသွားပြည်သူများ အချိန်ကုန်သက်သာလျင်မြန်စွာ ခရီးသွားနိုင်ပြီဖြစ်သော်လည်း အဆိုပါ ဆိုင်ကယ်ကယ်ရီများမှာတရားဝင်သတ်မှတ်ဂိတ်မရှိခြင်း၊ ခရီးသည် နှစ်ယောက်ထက် ပိုမိုတင် ဆောင်ခြင်းများအပြင် လူစည်ကားရာဆိုက် ကားဂိတ်များတွင် ဆိုင်ကယ် ကယ်ရီများက ဂိတ်ရှေ့ပိတ်၍ ဂိတ် ထိုးခြင်းများကို စည်းကမ်းမဲ့လုပ်ဆောင်ခြင်းများကြောင့် အနှေးယာဉ်ဆိုက်ကားလုပ်သားများ ဝမ်းရေး အတွက် အခက်အခဲတွေ့နေရကြောင်းသိရသည်။

“ ကျွန်တော်က ဆိုက်ကားနင်းပြီးမိသားစုဝမ်းရေးကို နေ့စဉ် ဖြေရှင်းနေ ရတာ နှစ်တော်တော်ကြာနေပါပြီ။ တရားဝင်သတ်မှတ်ဂိတ်မှာ ဂိတ်ထိုးရပါတယ်။ သတ်မှတ်ထားတဲ့ဂိတ် မဟုတ်ရင် ဂိတ်မထိုးရပါဘူး။ ခရီး သည် တစ်ယောက်ရဖို့က မလွယ်ပါဘူး။ ဆိုက်ကားစီးရေကလည်းများပြီး လူတိုင်း ကိုယ်ပိုင်ဆိုင်ကယ်တွေရှိ တော့ ကျေးလက်ဒေသက ခရီးသွားဧည့်သည်တွေကိုပဲ အားကိုးရတာပါ။ကုန်ပစ္စည်းတင်မှသာ လာငှားတာပါ။ ယခုဆို ပိုဆိုးတာက ဆိုင်ကယ်ကယ်ရီတွေ သတ်မှတ်ဂိတ်မရှိဘဲ ဂိတ်ထိုးချင်သလို စိတ်ကြိုက်ထိုးပြီး ဆိုက်ကား ရှေ့က ပိတ်ပြီးလူခေါ်တော့ ဘယ်လိုလုပ်ပြီးခရီးသည်ရတော့မလဲ၊ ဆိုင်ကယ် ကယ်ရီတွေက ခရီးဝေးကျေးရွာ သွားတဲ့လူတွေကို ပို့ဆောင်တာ ဖြစ်သင့်ပါတယ်။ မြို့တွင်းကိုပါ ခရီးသည် ပို့နေတော့ တစ်နေ့ထက်တစ်နေ့ ခရီးသည်ရဖို့ ပိုခက်လာပါတယ်” ဟုနေသူရိန်ဆိုက်ကားဂိတ်မှ အနှေး ယာဉ်လုပ်သားတစ်ဦးက ပြောသည်။

ဖျာပုံမြို့ အနှေးယာဉ်ဆိုက်ကား လုပ်သားများ စည်းကမ်းမဲ့ဂိတ်ထိုးရ ခြင်းမှာ ဆိုင်ကယ်ကယ်ရီများ ဂိတ်လု ထိုးခြင်းများကြောင့် ခရီးသည်ရမည့်နေရာများတွင် တာဝန်ရှိစစ်ဆေးသူများအလစ်ဂိတ်ထိုး၍ ခရီးသည်ခေါ် ယူခြင်းများ တွေ့ရှိနေရပြီး ထိုကဲ့သို့ဖြစ်စဉ်များ မဖြစ်ပေါ်စေရန်အတွက်ဆိုင်ကယ်ကယ်ရီ များကို စည်းကမ်း တကျဖွဲ့စည်းပေး၍ တရားဝင် ဆိုင်ကယ် ကယ်ရီဂိတ်များ သတ်မှတ်ပေး ပြီး ခရီးသည်တစ်ဦးထက် ပိုမိုတင် ဆောင်ခြင်းများ၊ ဆိုက်ကားဂိတ်များ ရှေ့တွင်ပိတ်၍ ဂိတ်ထိုးခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ ခရိုင်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက် ပေးမှသာ အနှေးယာဉ်ဆိုက်ကား လုပ်သားများ ဝမ်းရေးအတွက်ဝင်ငွေထိခိုက်မှု ကင်းဝေးစေနိုင်မည်ဖြစ် ကြောင်း သိရသည်။

MOI Webportal Myanmar