ရထား စင်းလုံးငှား ခရီးစဉ်သစ်များ ပြေးဆွဲမည်

ပို့စ်တင်ချိန် - 5/26/2014 03:31:00 PM


မြန်မာနိုင်ငံထဲ နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု များလာပြီး ရထားစီးနင်းမှုလည်း ပိုများလာတဲ့အတွက် ပြည်တွင်း လမ်းပိုင်းတချို့မှာ စင်းလုံးငှား ခရီးစဉ် အသစ်တွေ ဖော်ထုတ်ပေးသွားမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးသန်းဌေးက ပြောပါတယ်။

မေ ၂၄ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရာမှာ သူက ခုလိုပြောလိုက်တာဖြစ်ပြီး ရထားစင်းလုံးငှား ခရီးစဉ် လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ထားတယ်လို့ သူက ပြောပါတယ်။

အထူးသဖြင့် နိုင်ငံခြားသား ခရီးသည်တွေ အသွားများတဲ့ ပုဂံ- ကျောက်ပန်းတောင်း လမ်းပိုင်းလိုမျိုးမှာ ခွင့်ပြုပေးသွားမယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာ့မီးရထားဟာ ပုဂံ-ကျောက်ပန်းတောင်း လမ်းပိုင်းမှာ စင်းလုံးငှား ပြေးဆွဲဖို့ ရှေးဟောင်း ရေနွေးငွေ့သုံး စက်ခေါင်းတခု အဆင်သင့်ပြင်ဆင်ထားပြီလို့လည်း ၀န်ကြီးကပြောပါတယ်။

DVB Burmese