WHO မှ အရက်ကြောင့် အသက်ဆုံးရှုံးသူ ၁၀ စက္ကန့်တိုင်း တစ်ယောက်ရှိကြောင်း သတိပေး

ပို့စ်တင်ချိန် - 5/26/2014 09:49:00 PM



No. 118
ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း WHO  မှ အရက်ကြောင့် သေဆုံးသည့်နှုန်းမှာ ကမ္ဘာတစ်ဝန်း၌ တစ်နှစ်လျှင် ၃.၃ သန်း ခန့်ရှိပြီး ယင်းပမာဏမှာ AIDS ၊ တီဘီနှင့် အကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်ပမာဏ အားလုံးပေါင်းသည်ထက်များနေကြောင်း ပြောကြားခဲ့သည်။ ယင်း ၃.၃သန်းအား ပြန်၍ တွက်ကြည့်ပါက ကမ္ဘာပေါ်၌ အရက်ကြောင့် သေဆုံးသူ ဆယ်စက္ကန့်လျှင် တစ်ယောက်နှုန်းရှိကြောင်း သိရသည်။ အရက်ကြောင့် သေဆုံးသူမှာ ၂၀၁၂ တွင် ၃.၃သန်းရှိခဲ့ပြီး  တစ်ကမ္ဘာလုံးသေဆုံးသည့် လူဦးရေ၏ ၅.၉%ရှိ(အမျိုးသား ၇.၆% နှင့် အမျိုးသမီး ၄%)ကြောင်းသိရသည်။ တစ်နှစ်လျှင် HIV  ကြောင့်  သေဆုံးသည့်ပမာဏမှာ ၂.၈% ရှိပြီး တီဘီ နှင့် သေဆုံးသည့်နှုန်းမှာ  ၁.၇%ရှိ၍ အခြားအကြမ်းဖက်မှုတို့ကြောင့် သေဆုံးသည့်နှုန်းမှာ ၀.၉% သာရှိ ကြောင်းတွေ့ရသည်။ တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများတွင်
အရက်သောက်မှုပမာဏမှာ နည်းနေသေးသော်လည်း ကြွယ်ဝမှုပမာဏ မြင့်တက်လာသည်နှင့်အမျှ သောက်သုံးသည့်နှုန်းမှာလည်း မြင့်တက် လာကြောင်း တွေ့ရသည်။ အရက်သောက်ခြင်းက အသည်းရောဂါအပါအ၀င် တခြားသော ရောဂါပေါင်း ၂၀၀ ကျော်နှင့်ဆက်စပ်နေပြီး တီဘီ၊ HIV၊ နှင့် အခြားသော ကူးစက်ရောဂါများလည်း ကူးနိုင်ကြောင်း သိရသည်။ ကမ္ဘာတွင် လက်ရှိအရက် သောက်အများဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် အရက်ချည်း သက်သက် (Pure alcohal)  ၃၂ လီတာခန့်ပျှမ်းမျှသောက်ပြီး ယင်းနောက်မှာ ဥရောပ၊ ကနေဒါ၊ အမေရိ ကန်၊ သြစတေးလျနှင့်တောင်အာဖရိ ကတို့ အသီးသီးလိုက်ကြလေသည်။ ပျှမ်းမျှအားဖြင့် ကမ္ဘာ့တစ်ဝန်းတွင် လူတိုင်း ပျှမ်းမျှတစ်နှစ်လျှင် အရက်ချည်းသက်သက် ၁၇ လီတာသောက်ကြောင်း သိရသည်။ သို့သော်လည်း အရွယ်ရောက်ပြီးသော်လည်း အရက်အားလုံးဝမထိတွေ့ဖူးသူမှာ ထက်ဝက်ခန့်ရှိကြောင်း အားတက်ဖွယ် သိရသည်။
အပိန်လေး
ref:Medinidia

Health Updates Journal