ယူကရိန်းရွေးကောက်ပွဲရလဒ် ဒီနေ့ ထုတ်ပြန်မည်

ပို့စ်တင်ချိန် - 5/26/2014 03:34:00 PM


ကျင်းပပြီးစီးခဲ့တဲ့ ယူကရိန်းရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့အထိ မဲရလဒ်တွေအရ ယူကရိန်း ဘီလီယံနာက မဲရလဒ် ၅၅ ရာခိုင်နှုန်းကျော်နဲ့ ဦးဆောင်နေပါတယ်။

ဒုတိယနေရာကနေ အနီးကပ်ဆုံးလိုက်နေတဲ့ ယခင် ၀န်ကြီးချုပ်ဟောင်းကတော့ မဲရလဒ် ၁၂ ရာခိုင်နှုန်းကျော်ပဲ ရရှိတာကြောင့် ဒုတိယအဆင့် ရွေးကောက်ပွဲ ကျင်းပစရာမလိုတော့တာ ဖြစ်ပြီး ရလဒ်တွေကို ဒီနေ့ တရားဝင်ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။

အခု ရွေးကောက်ခံရတဲ့ သမ္မတသစ်က ၆ လကြာ ဖြစ်ပွားနေတဲ့ ယူကရိန်း နိုင်ငံရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေကနေ ကယ်တင်နိုင်လိမ့်မယ်လို့ ယူကရိန်းပြည်သူတွေက မျှော်လင့်နေကြပါတယ်။

ယူကရိန်းအရှေ့ပိုင်း ပြည်နယ်တွေရဲ့ ခွဲထွက်ရေး ကြိုးစားမှုတွေကြောင့် သမ္မတ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။

DVB Burmese