မလေးရောက် မြန်မာများသို့ ဖုန်းခေါ်ဆိုခွင့် ယခုလကုန်အထိ အခမဲ့ပေးမည်

ပို့စ်တင်ချိန် - 6/20/2013 04:56:00 PM


မလေးရောက် မြန်မာများကို ဖုန်း ဆက်သွယ်လိုပါက ယခုလကုန်အထိ အခမဲ့ ခေါ်ဆိုခွင့်ပေးမည်ဟု VMG TELECOMS ကုမ္ပဏီမှ သိရသည်။အခမဲ့ ဖုန်းခေါ်ဆိုခွင့်ကို Y-Talk Calling Center များမှ တစ်ဆင့်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို မလေးရှားမှ မြန်မာများအား နေ့စဉ် နံနက် ၉ နာရီမှ ည ၁ဝ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။”အကြောင်းအမျိုးမျိုးကြောင့် မလေးမှာ ရှိတဲ့မြန်မာတွေ သူတို့ မိသား စုနဲ့ ဖုန်းပြောဆိုနိုင်ဖို့အတွက် အလှူ သဘောမျိုးနဲ့ ကူညီပေးတာပါ။ ဒီအစီ အစဉ်က လုပ်ပေးတာ ၃ ရက်လောက်ပဲ ရှိပါသေးတယ်”ဟု VMG TELECOMS မှ မဖြိုးမီမီရှိန်က ပြောသည်။အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့်နေရာ များမှာ ဗဟန်းမြို့နယ်ရေတာရှည်လမ်းသစ်ရှိ့ Y-Talk Calling Center နှင့် ကျောက်မြောင်း သတိပဌာန်လမ်းရှိ့  Y-Talk Calling Center တို့ ဖြစ်သည်။
”ဖုန်း ခေါ်ဆိုဖို့အတွက် ဆိုင်က ဝန်ထမ်းတွေ ဆောင်ရွက်ပေးမှာပါ။ ဆိုင် တစ်ဆိုင်မှာဖုန်း ၁ဝ လုံး အခန်း ၁ဝ ခန်း ထားပေးထားတယ်။ နှစ်ဆိုင်ပေါင်း အလုံး ၂ဝ ရှိပါတယ်။
ကြိုက်သလောက် ဖုန်းပြောနိုင်ပါတယ်” ဟု ၎င်းက ဆက် ပြောသည်။Y-Talk စနစ်တွင် ပုံမှန်ကောက် ခံသည့် နိုင်ငံခြားခေါ်ဆိုခမှာ မလေးရှား နိုင်ငံဆိုလျှင် တစ်မိနစ် ၅၁ ကျပ် ကောက် ခံကြောင်း သိရသည်။VMG TELCOMS Y-Talk ဖုန်းခေါ်ဆိုသည့် စနစ်ကို မြန်မာ့ဆက် သွယ်ရေးနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီတို့ ပူးပေါင်းဝန်ဆောင်မှု ပေးခြင်း ဖြစ်ပြီး လက်ရှိတွင် Y-Talk စနစ်ကို ရတနာပုံတယ်လီပို့ ဝက်ဘ်ပို့တယ်နှင့် မိုဘိုင်းဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာများတွင် ငွေဖြည့်ကတ်ဝယ်၍ အသုံးပြုနိုင်ကြောင်း သိရသည်။
Popular Myanmar