ဂဏန်းမပါ ကြိုတင်ငွေဖြည့် ကတ်များ E-lite ဆိုင်များတွင် လဲလှယ်နိုင်

ပို့စ်တင်ချိန် - 6/20/2013 04:38:00 PM



မိုဘိုင်း ကြိုတင်ငွေဖြည့်ကတ် အချို့တွင် ငွေဖြည့်သွင်းမည့် ဂဏန်းများ မပါရှိက E-lite ဆိုင်များမှ ဖြေရှင်း ပေးမည်ဟု ယင်းကုမ္ပဏီမှ သိရ သည်။

လက်ရှိတွင် MPTတံဆိပ်ဖြင့် ဈေးကွက်ထဲ၌ ရောင်းချလက်ရှိသည့် ကြိုတင်ငွေဖြည့်ကတ်အချို့တွင် ငွေ ဖြည့်သွင်းရမည့် ခဲခြစ်ရာ နေရာများတွင် မည်သည့်ဂဏန်းမှ ပါဝင်ခြင်း မရှိဘဲ MPT စလုံးများသာ ပါရှိပြီး
ငွေဖြည့် သွင်း မရသည့် ပြဿနာများ ပေါ်ပေါက် လျက်ရှိသည်။

''တစ်သောင်းတန် ဂျီငွေဖြည့်ကတ် ဝယ်လိုက်တာပါ။ ငွေဖြည့်မလို့ ခဲခြစ် တော့ ဘာမှ မပါဘူး။
ဝယ်တဲ့ဆိုင်ကို သွားပြောတော့ ကျွန်မတို့နဲ့ မဆိုင်ဘူး။ ကုမ္ပဏီကို သွားပြောပါ။ လိပ်စာပေးမယ် ပြောတယ်။
ကုမ္ပဏီက ဘယ်မှာရှိမှန်း တောင်မသိဘူး''ဟု အင်းတကော်မြို့နယ် မှ ကိုမင်းထွန်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ငွေဖြည့်ကတ်များ ထုတ်လုပ်သည့် E-lite Tech ကုမ္ပဏီမှ ကိုဒေးဗစ်က ငွေဖြည့်ကတ်များ ထုတ်ရာတွင် ကတ် တွင် ပါရှိသည့် ဂဏန်းများအား ခဲအုပ်ရ ကြောင်း၊ ယင်းနောက် MPT Seal တံ ဆိပ်ရိုက် ရကြောင်း ယခုဖြစ်နေသည့် ကတ်များ၌ ငွေဖြည့်သွင်းမည့် ဂဏန်း
များ မပါရှိခြင်းမှာ မူလခဲအုပ်ထားသည့် နေရာအား ဒုတိယအကြိမ် ခဲထပ်မံအုပ် ခြင်းကြောင့် ဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ၄င်းက ၄င်းငွေဖြည့် ကတ်များမှာ ငွေဖြည့်သွင်းနိုင်သေးသည်ဟုဆိုကာ သုံးစွဲသူ ပြုလုပ်ပါက ပျက်စီးသွားနိုင်ကြောင်းပြောသည်

လဲလှယ်လိုသူများအနေဖြင့် မင်းဓမ္မလမ်းရှိ E-lite ရုံးသို့ သွား
ရောက်အကြောင်းကြားလျှင် လဲလှယ်မှု ပြုလုပ်နိုင်ကြောင်း ၄င်းက ပြောသည်။

အောင်ဇော်

Popular Myanmar News Journal